ထွက်မြောက် 18
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ဘုရား သခင်သည် မောရှေ မှစ၍ ကိုယ်တော် ၏လူ ဣသရေလ အမျိုးအဘို့ ပြု တော်မူသမျှ ကို ၎င်း၊ ထာဝရဘုရား သည် ဣသရေလ အမျိုးကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူကြောင်းကို၎င်း၊ မိဒျန် ယဇ် ပုရောဟိတ်ဖြစ်သောမောရှေ ၏ယောက္ခမ ယေသရော ကြား သည်ရှိသော်၊
1וישמע יתרו כהן מדין חתן משה את כל אשר עשה אלהים למשה ולישראל עמו כי הוציא יהוה את ישראל ממצרים׃
2မောရှေလွှတ်ခဲ့သောမယားနှင့်
2ויקח יתרו חתן משה את צפרה אשת משה אחר שלוחיה׃
3သူ ၏သား နှစ် ယောက်ကို ယူ၍ သွားလေ၏။ သားတယောက် ကား၊ ဂေရရှုံ အမည် ရှိ၏။ အကြောင်းမူကား ၊ ငါသည် တကျွန်း တနိုင်ငံ၌ ဧည့်သည် အာဂန္တုဖြစ် ရပြီဟု အဘဆို သတည်း။
3ואת שני בניה אשר שם האחד גרשם כי אמר גר הייתי בארץ נכריה׃
4သားတယောက်ကား၊ ဧလျေဇာ အမည် ရှိ၏။ အကြောင်း မူကား၊ ငါ့ ဘိုးဘေး တို့၏ ဘုရားသခင် သည် ငါ့ ကို မစ ၍ ဖာရော ဘုရင်၏ ထား မှ ကယ်လွှတ် တော်မူပြီဟု ဆိုသတည်း။
4ושם האחד אליעזר כי אלהי אבי בעזרי ויצלני מחרב פרעה׃
5မောရှေ ၏ ယောက္ခမ ယေသရော သည် မောရှေ မယား နှင့် သား တို့ကို ယူ၍၊ တော ၌ ဘုရား သခင်၏ တောင် တော်နား၊ မောရှေ တပ်ချ ရာအရပ်သို့ ရောက် လာလျှင် ၊
5ויבא יתרו חתן משה ובניו ואשתו אל משה אל המדבר אשר הוא חנה שם הר האלהים׃
6ကိုယ်တော် ၏ယောက္ခမ ယေသရော နှင့် ကိုယ်တော် ၏ မယား ၊ သား နှစ် ယောက်တို့သည် ကိုယ်တော် ထံ သို့ရောက် လာပါပြီဟု မောရှေ အား ကြား ပြောသော် ၊
6ויאמר אל משה אני חתנך יתרו בא אליך ואשתך ושני בניה עמה׃
7မောရှေ သည် ယောက္ခမ ကို ခရီးဦးကြိုပြု ခြင်းငှာ ထွက် ၍ ဦးချ နမ်း ရှုပ်လျက် ၊ ကျန်းမာ ကြောင်း ကို တ ယောက်နှင့်တယောက် မေးမြန်း လျက် တဲ သို့ ဝင် ကြ၏။
7ויצא משה לקראת חתנו וישתחו וישק לו וישאלו איש לרעהו לשלום ויבאו האהלה׃
8ထာဝရဘုရား သည် ဣသရေလ အမျိုးအတွက် ဖာရော ဘုရင်နှင့် အဲဂုတ္တု လူတို့၌ ပြု တော်မူသမျှ ကို ၎င်း၊ လမ်းခရီး တွင် ခံ ရသောဆင်းရဲ ဒုက္ခအလုံးစုံ ကို၎င်း၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ် တော်မူကြောင်းကို၎င်း၊ မောရှေ သည် ယောက္ခမ အား ကြားပြော လေ၏။
8ויספר משה לחתנו את כל אשר עשה יהוה לפרעה ולמצרים על אודת ישראל את כל התלאה אשר מצאתם בדרך ויצלם יהוה׃
9ထာဝရဘုရား သည် ဣသရေလ အမျိုးကို အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍၊ ပြု တော်မူသောကျေးဇူး ကြောင့် ယေသရော သည် ဝမ်းမြောက် လျက် ၊
9ויחד יתרו על כל הטובה אשר עשה יהוה לישראל אשר הצילו מיד מצרים׃
10အဲဂုတ္တု လူတို့လက် မှ၎င်း ၊ ဖာရော ဘုရင်လက် မှ ၎င်း၊ သင့် ကို ကယ်နှုတ် တော်မူထသော ၊ လူ များတို့ကို အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် တော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
10ויאמר יתרו ברוך יהוה אשר הציל אתכם מיד מצרים ומיד פרעה אשר הציל את העם מתחת יד מצרים׃
11ထာဝရဘုရားသည် အခြားသောဘုရား ရှိသမျှ တို့ထက် သာ၍ကြီးမြတ် တော်မူကြောင်းကို ယခု ငါသိ ၏။ အကြောင်း မူကား၊ လူတို့သည် မာန ထောင်လွှားသော အမှု အရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟု ဆိုပြီးမှ ၊
11עתה ידעתי כי גדול יהוה מכל האלהים כי בדבר אשר זדו עליהם׃
12မောရှေ ၏ ယောက္ခမ ယေသရော သည်၊ မီးရှို့ စရာယဇ်နှင့် ဘုရား သခင်အဘို့ ယဇ် များကို ဆောင် ခဲ့၍ ၊ အာရုန် နှင့် ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့သည်၊ မောရှေ ၏ ယောက္ခမ နှင့် အတူဘုရား သခင့်ရှေ့ တော်၌ အစာ စား ခြင်းငှာ လာ ကြ၏။
12ויקח יתרו חתן משה עלה וזבחים לאלהים ויבא אהרן וכל זקני ישראל לאכל לחם עם חתן משה לפני האלהים׃
13နက်ဖြန် နေ့၌ မောရှေ သည်၊ လူ များကို တရား စီရင်ခြင်းငှာ ထိုင် လေ၏။ နံနက် မှစ၍ ညဦး တိုင်အောင် ၊ လူ များတို့သည် မောရှေ ရှေ့ မှာ နေ ကြ၏။
13ויהי ממחרת וישב משה לשפט את העם ויעמד העם על משה מן הבקר עד הערב׃
14မောရှေ သည် လူ များတို့အား ပြု သမျှ ကို ယောက္ခမ မြင် လျှင် ၊ ဤ လူ များတို့အား ပြု သောအမှု အဘယ် သို့နည်း။ သင် သည် တယောက်တည်းထိုင် လျက် ၊ လူ အပေါင်း တို့သည် နံနက် မှစ၍ ညဦး တိုင်အောင် သင့် ရှေ့ မှာ အဘယ် ကြောင့်နေ ရကြသနည်းဟု ဆို ၏။
14וירא חתן משה את כל אשר הוא עשה לעם ויאמר מה הדבר הזה אשר אתה עשה לעם מדוע אתה יושב לבדך וכל העם נצב עליך מן בקר עד ערב׃
15မောရှေ ကလည်း ၊ ဤသူတို့သည် ဘုရား သခင်၏ အယူ တော်ကိုခံ လို၍ ကျွန်ုပ် ထံ သို့လာ သောကြောင့် ဤသို့ဖြစ်၏။
15ויאמר משה לחתנו כי יבא אלי העם לדרש אלהים׃
16သူ တို့သည် အမှု ရှိ လျှင် အကျွန်ုပ် ထံ သို့လာ ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ် ရ၏။ ဘုရား သခင်၏ ပညတ် တရား များကို သင် ချရ၏ဟု ယောက္ခမ အား ပြော လျှင် ၊
16כי יהיה להם דבר בא אלי ושפטתי בין איש ובין רעהו והודעתי את חקי האלהים ואת תורתיו׃
17ယောက္ခမ က၊ သင် ပြု သော အမှု သည် မ တော် မသင့်ဖြစ်၏။
17ויאמר חתן משה אליו לא טוב הדבר אשר אתה עשה׃
18သင် မှစ၍ သင် ၌ ပါသော ဤ လူ များတို့သည် အမှန် အားလျော့ ကြလိမ့်မည်။ ဤအမှုသည် သင်၌ အလွန် လေး၏။ တယောက်တည်း မ တတ် နိုင်သောအမှု ဖြစ်၏။
18נבל תבל גם אתה גם העם הזה אשר עמך כי כבד ממך הדבר לא תוכל עשהו לבדך׃
19ငါ့ စကား ကို နားထောင် လော့။ ငါအကြံ ပေးမည်။ ဘုရား သခင်သည်လည်း သင့် ဘက်၌ ရှိ တော်မူလိမ့်မည်။ သင် သည် ဘုရား သခင်နှင့်ဆိုင် သော အမှု ၌ လူများတို့၏ အမှုကို စောင့်လျက် ဘုရား သခင်အထံ တော်သို့ ဝင်၍ လျှောက်ရမည်။
19עתה שמע בקלי איעצך ויהי אלהים עמך היה אתה לעם מול האלהים והבאת אתה את הדברים אל האלהים׃
20သူ တို့အားလည်း ပညတ် တရား တော်များကို သင် ချရမည်။ သူ တို့သွား ရာလမ်း ၊ ပြု ရသော အမှု ကိုလည်း ပြ ရမည်။
20והזהרתה אתהם את החקים ואת התורת והודעת להם את הדרך ילכו בה ואת המעשה אשר יעשון׃
21ထိုမှတပါး ဘုရား သခင်ကို ကြောက်ရွံ့ လျက်၊ သစ္စာ နှင့်ပြည့်စုံလျက်၊ လောဘ ကို ရွံရှာ လျက် ၊ တတ်စွမ်း နိုင်သောသူ တို့ကို လူ အပေါင်း တို့အထဲ က ရွေးကောက် ၍၊ တထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် အရာ၌ ခန့် ထားရမည်။
21ואתה תחזה מכל העם אנשי חיל יראי אלהים אנשי אמת שנאי בצע ושמת עלהם שרי אלפים שרי מאות שרי חמשים ושרי עשרת׃
22ထိုသူတို့သည် ခပ်သိမ်း သောအချိန် ၌ လူ များတို့ကို တရား စီရင်ကြစေ။ ကြီး သောအမှု ၌ သင် ၏အယူ ကို ခံကြစေ။ ငယ် သောအမှု ကို အလိုလို စီရင် ကြစေ။ သို့ဖြစ်လျှင် သူတို့သည် ဝိုင်းညီ၍ အမှုထမ်း သဖြင့် သင် သည် သက်သာ လိမ့်မည်။
22ושפטו את העם בכל עת והיה כל הדבר הגדל יביאו אליך וכל הדבר הקטן ישפטו הם והקל מעליך ונשאו אתך׃
23ထိုသို့ ဘုရား သခင်အခွင့် နှင့် ပြု လျှင် သင်သည် ခိုင်ခံ့ လိမ့်မည်။ ဤ လူ အပေါင်း တို့သည် မိမိ နေရာ ပြည် သို့ ငြိမ်ဝပ် စွာ သွား ကြလိမ့်မည်ဟု ပြော ဆို၏။
23אם את הדבר הזה תעשה וצוך אלהים ויכלת עמד וגם כל העם הזה על מקמו יבא בשלום׃
24မောရှေ သည်လည်း ယောက္ခမ ၏စကား ကို နားထောင် ၍ စကား ရှိသည်အတိုင်း ပြု လျက်၊
24וישמע משה לקול חתנו ויעש כל אשר אמר׃
25တတ်စွမ်း နိုင်သောသူ တို့ကို ဣသရေလ အမျိုးထဲက ရွေးကောက် ၍ လူတထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် အသီးအသီးခေါင်း အရာ၌ ခန့် ထားလေ၏။
25ויבחר משה אנשי חיל מכל ישראל ויתן אתם ראשים על העם שרי אלפים שרי מאות שרי חמשים ושרי עשרת׃
26ထိုသူတို့သည် ခပ်သိမ်း သောအချိန် ၌ လူ တို့ကို တရား စီရင်ကြ၏။ ခက် သောအမှု ၌ မောရှေ ၏အယူ ကို ခံကြ၏။ လွယ် သောအမှု ကို အလိုလို စီရင် ကြ၏။
26ושפטו את העם בכל עת את הדבר הקשה יביאון אל משה וכל הדבר הקטן ישפוטו הם׃
27ထိုနောက် မောရှေ သည် ယောက္ခမ သွားရသောအခွင့် ကိုပေး ၍ ၊ သူသည် မိမိ နေရာ သို့ သွား လေ၏။
27וישלח משה את חתנו וילך לו אל ארצו׃
Tip: use the ← and → keys to turn chapters.