ထွက်မြောက် 15
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ထိုအခါ မောရှေ နှင့် ဣသရေလ အမျိုးသား တို့သည်၊ ထာဝရဘုရား အား သီချင်း ဆို သော စကား ဟူမူကား ၊ ထာဝရဘုရားသည် ဘုန်းပွင့် လျက် အောင်ပွဲ ခံတော်မူသည်ဖြစ်၍ ၊ ကိုယ်တော် အား သီချင်း ဆိုပါအံ့။ မြင်း နှင့် မြင်းစီး သူရဲကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီ။
1אז ישיר משה ובני ישראל את השירה הזאת ליהוה ויאמרו לאמר אשירה ליהוה כי גאה גאה סוס ורכבו רמה בים׃
2ထာဝရ ဘုရားသည် ငါ့ အစွမ်း သတ္တိ၊ ငါသီချင်း ဆိုကြောင်း၊ ငါ့ ကို ကယ်တင် သော အရှင်ဖြစ် တော်မူ၏။ ထို ဘုရား သည် ငါကိုးကွယ်သော ဘုရားသခင်ဖြစ်တော်မူ၍၊ ထောမနာ ပြုပါမည်။ ငါ့ ဘိုးဘေး တို့၏ ဘုရား သခင်ဖြစ်တော်မူ၍ ၊ ငါချီးမြှောက် ပါမည်။
2עזי וזמרת יה ויהי לי לישועה זה אלי ואנוהו אלהי אבי וארממנהו׃
3ထာဝရဘုရား သည် စစ်သူရဲ ဖြစ်တော်မူ၏။ ထာဝရ ဘုရားတည်းဟူသောနာမ တော်ရှိတော်မူ၏။
3יהוה איש מלחמה יהוה שמו׃
4ဖာရော ဘုရင်၏ ရထား နှင့် ဗိုလ်ခြေ တို့ကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီ။ ရွေး သော ဗိုလ် မင်းတို့သည်၊ ဧဒုံ ပင်လယ် ထဲ၌ မြုပ် လျက်ရှိကြ၏။
4מרכבת פרעה וחילו ירה בים ומבחר שלשיו טבעו בים סוף׃
5နက် စွာသောအရပ်၌ လွှမ်းမိုး လျက်ရှိကြ၏။ ကျောက် ကဲ့သို့ အောက် သို့ ဆင်း ကြ၏။
5תהמת יכסימו ירדו במצולת כמו אבן׃
6အို ထာဝရဘုရား ၊ လက်ျာ လက်တော်သည် တန်ခိုး အားဖြင့် ဘုန်းကြီး တော်မူ၏။ အို ထာဝရဘုရား ၊ လက်ျာ လက်တော်သည် ရန်သူ တို့ကို ချိုးဖဲ့ ဖျက်ဆီးတော်မူ၏။
6ימינך יהוה נאדרי בכח ימינך יהוה תרעץ אויב׃
7ကိုယ်တော် တဘက်၌ ထ သောသူတို့ကို၊ ဘုန်း တန်ခိုးအာနုဘော်တော်တို့နှင့် လှဲ တော်မူ၏။ အမျက် တော်ကို လွှတ် ၍၊ သူ တို့ကို အမှိုက် ကဲ့သို့ မီးလောင် စေတော်မူ၏။
7וברב גאונך תהרס קמיך תשלח חרנך יאכלמו כקש׃
8နှာခေါင်း တော်လေ အားဖြင့် ရေ သည် စုဝေး ၍ ၊ စီး သောရေသည် ပုံ့ပုံ့ကြွ ၍၊ ပင်လယ် ၏အထဲ ၌ ပင် နက် သောရေသည် တောင့်မာ လျက်နေရ၏။
8וברוח אפיך נערמו מים נצבו כמו נד נזלים קפאו תהמת בלב ים׃
9ရန်သူ က၊ ငါလိုက် မည်။ သူတို့ကို မှီ လိမ့်မည်။ လုယူသောဥစ္စာ ကို ဝေ ၍ သူ တို့၌ ငါ ချင်ရဲပြေ လိမ့်မည်။ ထား ကို အိမ်မှ ထုတ် ၍ သူ တို့ကို ငါ့ လက် နှင့် ဖျက်ဆီး မည်ဟု ဆို သတည်း။
9אמר אויב ארדף אשיג אחלק שלל תמלאמו נפשי אריק חרבי תורישמו ידי׃
10ကိုယ်တော် သည် လေ ကို မှုတ် တော်မူသဖြင့် ၊ ပင်လယ် သည် သူ တို့ကို လွှမ်းမိုး ၍ သူတို့သည် အားကြီး သောရေ ထဲ မှာ ခဲ ကဲ့သို့ ဆင်း ကြလေ၏။
10נשפת ברוחך כסמו ים צללו כעופרת במים אדירים׃
11အို ထာဝရဘုရား ၊ ဘုရား များတို့တွင် အဘယ်မည် သော ဘုရားသည် ကိုယ်တော် နှင့်တူ ပါသနည်း။ သန့်ရှင်း ခြင်းအားဖြင့် ဘုန်းကြီး တော်မူထသော၊ ချီးမွမ်းခြင်းကိုခံ စဉ်တွင်၊ ကြောက်မက် ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ် သောအမှုတို့ကို ပြု တော်မူသော၊ ကိုယ်တော် နှင့် အဘယ် ဘုရား တူ ပါသနည်း။
11מי כמכה באלם יהוה מי כמכה נאדר בקדש נורא תהלת עשה פלא׃
12လက်ျာ လက်တော်ကို ဆန့် တော်မူသဖြင့်၊ သူ တို့ကို မြေ မြှုပ် လေ၏။
12נטית ימינך תבלעמו ארץ׃
13ရွေး တော်မူသော လူ မျိုးကို ကရုဏာ တော်အားဖြင့် ပို့ဆောင် တော်မူ၏။ သန့်ရှင်း သော နေ တော်မူရာသို့ တန်ခိုး တော်အားဖြင့် လမ်းပြ တော်မူ၏။
13נחית בחסדך עם זו גאלת נהלת בעזך אל נוה קדשך׃
14လူမျိုး တို့သည် သိတင်းကြား ၍ ကြောက်လန့် ကြလိမ့်မည်။ ပါလေတ္တိန ပြည်သူ ပြည်သားတို့သည် ပူပန် ခြင်းသို့ ရောက် ကြလိမ့်မည်။
14שמעו עמים ירגזון חיל אחז ישבי פלשת׃
15ဧဒုံ ဗိုလ် တို့သည် မိန်းမော တွေဝေခြင်း၊ မောဘ သူရဲ တို့သည် တုန်လှုပ် ခြင်း၊ ခါနာန် ပြည်သား အပေါင်း တို့ သည် စိတ်ပျက် ခြင်းသို့ ရောက် ကြလိမ့်မည်။
15אז נבהלו אלופי אדום אילי מואב יאחזמו רעד נמגו כל ישבי כנען׃
16အို ထာဝရဘုရား ၊ ကိုယ်တော် ၏လူ တို့သည် လွန် သွားသောအခါ ၊ ရွေး တော်မူသော ကိုယ်တော်၏လူ တို့ သည် လွန်သွား သောအခါ ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံး တော်တန်ခိုး ကြောင့် ၊ သူတို့သည် ကျောက် ကဲ့သို့ ငြိမ်ငြိမ် နေကြလိမ့်မည်။
16תפל עליהם אימתה ופחד בגדל זרועך ידמו כאבן עד יעבר עמך יהוה עד יעבר עם זו קנית׃
17အို ထာဝရ ဘုရား၊ အမွေခံ တော်မူရာ တောင် တည်းဟူသောကျိန်းဝပ် တော်မူရာ ဘို့ ဖန်ဆင်း တော်မူသော အရပ်ထဲသို့ ကိုယ်တော်၏လူ တို့ကို သွင်း တော်မူလိမ့်မည်။ အို ထာဝရဘုရား ၊ လက် တော်နှင့် တည် တော်မူသော သန့်ရှင်း ရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။
17תבאמו ותטעמו בהר נחלתך מכון לשבתך פעלת יהוה מקדש אדני כוננו ידיך׃
18ထာဝရဘုရား သည် ကာလ အစဉ်အမြဲ စိုးစံ တော်မူစေသတည်းဟု သီချင်းဆို ကြလေ၏။
18יהוה ימלך לעלם ועד׃
19အကြောင်းမူကား၊ ဖာရော ဘုရင်၏ မြင်း များ၊ ရထား များ၊ မြင်းစီးသူရဲ များတို့သည် ပင်လယ် ထဲသို့ ဝင် ၍ ၊ ထာဝရဘုရား သည် သူ တို့အပေါ် မှာ ပင်လယ် ရေ ကို လွှမ်းမိုး စေတော်မူ၏။ ဣသရေလ အမျိုးသား တို့မူကား ၊ ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက်သွား ကြ၏။
19כי בא סוס פרעה ברכבו ובפרשיו בים וישב יהוה עלהם את מי הים ובני ישראל הלכו ביבשה בתוך הים׃
20အာရုန် ၏ အစ်မ ဖြစ်သော ပရောဖက်မ မိရိအံ သည် ပတ်သာ ကို ကိုင် ၍ ၊ မိန်းမ အပေါင်း တို့သည် ပတ်သာ တီးလျက် က လျက် လိုက် သွားကြ၏။
20ותקח מרים הנביאה אחות אהרן את התף בידה ותצאן כל הנשים אחריה בתפים ובמחלת׃
21မိရိအံ ကလည်း ၊ ထာဝရဘုရားသည် ဘုန်းပွင့် လျက် အောင်ပွဲ ကို ခံတော်မူသည်ဖြစ်၍ ၊ ကိုယ်တော် အား သီချင်း ဆိုကြလော့။ မြင်း နှင့် မြင်းစီး သူရဲကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီဟု သူ တို့နှင့် အသံပြိုင်၍ ဆို လေ၏။
21ותען להם מרים שירו ליהוה כי גאה גאה סוס ורכבו רמה בים׃
22ထိုနောက် မောရှေ သည် ဣသရေလ လူတို့ကို၊ ဧဒုံ ပင်လယ် မှ ဆောင်သွား ၍ ၊ သူတို့သည် ရှုရ တော သို့ ရောက် ကြ၏။ ထိုတော ၌ သုံး ရက် ခရီးသွား ၍ ရေ ကို မ တွေ့ မရကြ။
22ויסע משה את ישראל מים סוף ויצאו אל מדבר שור וילכו שלשת ימים במדבר ולא מצאו מים׃
23မာရ အရပ်သို့ ရောက် သောအခါ ၊ မာရ ရေ သည် ခါး သောကြောင့် မ သောက် နိုင် ကြ။ ထိုကြောင့် ထိုအရပ်ကို မာရ ဟု သမုတ် ကြသတည်း။
23ויבאו מרתה ולא יכלו לשתת מים ממרה כי מרים הם על כן קרא שמה מרה׃
24လူ များတို့သည် မောရှေ ကို အပြစ်တင် ၍ မြည်တမ်းလျက်၊ အဘယ်သို့ သောက် ရပါမည်နည်းဟု ဆို ကြ၏။
24וילנו העם על משה לאמר מה נשתה׃
25မောရှေသည် ထာဝရဘုရား အား အော်ဟစ် ၍ ထာဝရဘုရား သည် သစ်ပင် တပင်ကို ပြ တော်မူ၏။ ထိုအပင်ကို ရေ ထဲသို့ ချ ပြီးလျှင် ၊ ရေ သည် ချို လေ၏။ ထို အရပ်၌ သူ တို့ကို စုံစမ်း ၍ စီရင် ထုံးဖွဲ့ တော်မူသည်ကား၊
25ויצעק אל יהוה ויורהו יהוה עץ וישלך אל המים וימתקו המים שם שם לו חק ומשפט ושם נסהו׃
26သင်တို့သည် သင်တို့၏ ဘုရား သခင်ထာဝရဘုရား ၏ စကား ကို စေ့စေ့နားထောင် ၍ နှစ်သက် တော်မူသောအကျင့်ကို ကျင့် လျှင်၎င်း၊ ပညတ် တရားတော်အလိုသို့ လိုက် ၍ စီရင် တော်မူချက်တို့ကို စောင့်ရှောက် လျှင် ၎င်း၊ ငါသည် အဲဂုတ္တု လူတို့၌ စွဲ စေသော ရောဂါ တစုံ တခုကိုမျှ သင် တို့၌ မ စွဲ စေ။ ငါ သည် သင် တို့၏ ရောဂါ ကို ငြိမ်းစေသော ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
26ויאמר אם שמוע תשמע לקול יהוה אלהיך והישר בעיניו תעשה והאזנת למצותיו ושמרת כל חקיו כל המחלה אשר שמתי במצרים לא אשים עליך כי אני יהוה רפאך׃
27ထိုနောက်မှ ရေတွင်း ဆယ် နှစ် တွင်း၊ စွန်ပလွံ ပင် ခုနစ်ဆယ် နှင့် ပြည့်စုံရာ ဧလိမ် ရွာသို့ ရောက် ၍ ၊ ထို အရပ်တွင် ရေ ရှိရာအနား မှာ တပ်ချ ကြ၏။
27ויבאו אילמה ושם שתים עשרה עינת מים ושבעים תמרים ויחנו שם על המים׃
Tip: use the ← and → keys to turn chapters.