ထွက်မြောက် 30
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1တနည်းကား၊ နံ့သာ ပေါင်းကို မီးရှို့ စရာ ယဇ်ပလ္လင် ကို အကာရှ သား နှင့် လုပ် ရမည်။
1ועשית מזבח מקטר קטרת עצי שטים תעשה אתו׃
2ထိုပလ္လင်သည် အလျား တတောင် ၊ အနံ တတောင် ၊ စတုရန်း လေးထောင့်ဖြစ်၍ ၊ အမြင့် နှစ်တောင် ရှိ ရမည်။ ဦးချို တို့ကိုလည်း အကာရှသား ဖြင့် ပြီး စေရမည်။
2אמה ארכו ואמה רחבו רבוע יהיה ואמתים קמתו ממנו קרנתיו׃
3ပလ္လင်ထိပ် ၊ နံရံ ၊ ဦးချို တို့ကို ရွှေ စင် နှင့် မွမ်းမံ ၍ ၊ အပေါ်နားပတ်လည် ၌ ကွပ်သော ရွှေ တန်ဆာ ကိုလည်း လုပ် ရမည်။
3וצפית אתו זהב טהור את גגו ואת קירתיו סביב ואת קרנתיו ועשית לו זר זהב סביב׃
4ရွှေတန်ဆာ အောက်၊ ပလ္လင် တဘက် တချက်ထောင့်၌ ရွှေ ကွင်း နှစ် ကွင်းကို လုပ် ၍၊ ပလ္လင် ထမ်း စရာ ထမ်းဘိုး နေရာ ဖြစ် ရမည်။
4ושתי טבעת זהב תעשה לו מתחת לזרו על שתי צלעתיו תעשה על שני צדיו והיה לבתים לבדים לשאת אתו בהמה׃
5ထမ်းဘိုး တို့ကို အကာရှ သား နှင့် လုပ် ၍ ရွှေ နှင့်မွမ်းမံ ရမည်။
5ועשית את הבדים עצי שטים וצפית אתם זהב׃
6ငါသည် သင် နှင့် တွေ့ ရာအရပ် ၊ သက်သေခံ ချက် ထားသောသေတ္တာ ကို၊ ကာသော ကုလားကာ ရှေ့ ၌ ထိုပလ္လင် ကို ထား ရမည်။
6ונתתה אתו לפני הפרכת אשר על ארן העדת לפני הכפרת אשר על העדת אשר אועד לך שמה׃
7အာရုန် သည် နံနက် တိုင်း မီးခွက် တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေး သော နံ့သာ ပေါင်းကို ရှို့ ရမည်။
7והקטיר עליו אהרן קטרת סמים בבקר בבקר בהיטיבו את הנרת יקטירנה׃
8ညဦး ယံ၌ လည်း မီးခွက် တို့ကို ထွန်း သောအခါ ၊ ထိုပလ္လင်ပေါ်မှာ နံ့သာ ပေါင်းကို ရှို့ ရမည်။ ထိုသို့ သင် တို့သား စဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ အစဉ်အမြဲ ပြုရသော နံ့သာပေါင်းရှို့ခြင်း ဖြစ်သတည်း။
8ובהעלת אהרן את הנרת בין הערבים יקטירנה קטרת תמיד לפני יהוה לדרתיכם׃
9ထိုပလ္လင် ပေါ် မှာ ထူးခြား သော နံ့သာ ပေါင်းကို မရှို့ရ။ မီးရှို့ သော ယဇ်ကို မပြုရ။ ဘောဇဉ်ပူဇော်သက္ကာ ကိုလည်း မပြုရ။ သွန်းလောင်း ရာ ပူဇော်သက္ကာကိုလည်း မ ပြု ရ။
9לא תעלו עליו קטרת זרה ועלה ומנחה ונסך לא תסכו עליו׃
10အာရုန် သည် တနှစ် တခါ အပြစ် ဖြေ ရာယဇ် ကောင်အသွေး ကိုယူ၍၊ ထိုပလ္လင် ၏ ဦးချို တို့၌ အပြစ် ဖြေခြင်း မင်္ဂလာကို ပြုရမည်။ သင် တို့သား စဉ်မြေးဆက်တို့သည် တနှစ် တခါ ထိုသို့ ပြုရ ကြမည်။ ထာဝရဘုရား အား အလွန်သန့်ရှင်း သော ယဇ်ပလ္လင်ဖြစ်သည်။
10וכפר אהרן על קרנתיו אחת בשנה מדם חטאת הכפרים אחת בשנה יכפר עליו לדרתיכם קדש קדשים הוא ליהוה׃
11တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
11וידבר יהוה אל משה לאמר׃
12ဣသရေလ အမျိုးသား တို့ကို ရေတွက် ၍ စာရင်းယူသောအခါ ၊ ဘေး လွတ် မည်အကြောင်းရှိသမျှတို့ သည် အသီးအသီးမိမိ အသက် ရွေးရန် အဘိုး ကို ထာဝရဘုရား အား ဆက်ကပ် ရမည်။
12כי תשא את ראש בני ישראל לפקדיהם ונתנו איש כפר נפשו ליהוה בפקד אתם ולא יהיה בהם נגף בפקד אתם׃
13ရေတွက် ၍ စာရင်းဝင် သော သူအပေါင်း တို့သည် အကျပ် တော်အလိုက် ၊ ငွေအကျပ် တဝက် စီ ထာဝရဘုရား အား ဆက်ကပ် ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ် ဖြစ်သတည်း။
13זה יתנו כל העבר על הפקדים מחצית השקל בשקל הקדש עשרים גרה השקל מחצית השקל תרומה ליהוה׃
14အသက် နှစ်ဆယ် မှစ၍ ၊ ပိုလွန် သောသူ အပေါင်း တို့သည် စာရင်း ဝင်၍၊ ထိုသို့သော ပူဇော် သက္ကာကို ထာဝရဘုရား အားပြု ရမည်။
14כל העבר על הפקדים מבן עשרים שנה ומעלה יתן תרומת יהוה׃
15ကိုယ် အသက် ကို ရွေး ခြင်းငှါ ၊ ထာဝရဘုရား အား ပူဇော် သက္ကာကို ပြု သောအခါ၊ ငွေ ရတတ်သောသူတို့ သည် မ ပို ၊ ဆင်းရဲ သောသူတို့ သည် မ လျှော့ ဘဲ၊ လူတိုင်း အကျပ် တဝက် စီ ပေးရမည်။
15העשיר לא ירבה והדל לא ימעיט ממחצית השקל לתת את תרומת יהוה לכפר על נפשתיכם׃
16ဣသရေလ အမျိုးသား တို့၏ အရွေး ငွေ ကို ယူ ၍ သူ တို့အသက် ကို ရွေး ခြင်းငှာ ၊ ထာဝရဘုရား ရှေ့ တော်၌ ဣသရေလ အမျိုးသား တို့၏ သက်သေ ဖြစ် ရမည်အကြောင်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်စရိတ် အဘို့ အလိုငှာ ထား ရမည်ဟု မိန့် တော်မူ၏။
16ולקחת את כסף הכפרים מאת בני ישראל ונתת אתו על עבדת אהל מועד והיה לבני ישראל לזכרון לפני יהוה לכפר על נפשתיכם׃
17တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
17וידבר יהוה אל משה לאמר׃
18အာရုန်နှင့် သူ၏သားတို့ လက်ခြေဆေး စရာဘို့ ကြေးဝါ ခြေထောက် ပါသောကြေးဝါ အင်တုံ ကို လုပ် ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်နှင့် ယဇ်ပလ္လင် စပ်ကြား ၌ ထား ရမည်။
18ועשית כיור נחשת וכנו נחשת לרחצה ונתת אתו בין אהל מועד ובין המזבח ונתת שמה מים׃
19သူ တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ဝင် သော် ၎င်း၊
19ורחצו אהרן ובניו ממנו את ידיהם ואת רגליהם׃
20အမှုတော် ကို ထမ်း၍ ထာဝရဘုရား အား မီးရှို့ သောယဇ်ကို ပူဇော် ခြင်းငှာ ၊ ယဇ်ပလ္လင် အနားသို့ ချဉ်းကပ် သော် ၎င်း၊
20בבאם אל אהל מועד ירחצו מים ולא ימתו או בגשתם אל המזבח לשרת להקטיר אשה ליהוה׃
21သေ ဘေးနှင့် ကင်းလွတ် မည်အကြောင်း ၊ မိမိတို့လက်ခြေကို ဆေး ရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုးအနွယ် အစဉ်အဆက်တို့သည် စောင့်ရသောပညတ်တော်ဖြစ်သတည်းဟု မိန့် တော်မူ၏။
21ורחצו ידיהם ורגליהם ולא ימתו והיתה להם חק עולם לו ולזרעו לדרתם׃
22တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူပြန်သည်ကား၊
22וידבר יהוה אל משה לאמר׃
23သင် သည် မြတ်သောနံ့သာ မျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ် သော မုရန် စေး အကျပ်ငါးရာ ၊ မွှေး သော သစ်ကြံပိုး နှစ်ရာ ငါးဆယ် ၊ မွှေး သောကြံ နှစ်ရာ ငါးဆယ် ၊
23ואתה קח לך בשמים ראש מר דרור חמש מאות וקנמן בשם מחציתו חמשים ומאתים וקנה בשם חמשים ומאתים׃
24သစ်ကြံပိုး တမျိုးငါးရာ ၊ သံလွင် ဆီ တဟိန် ကို ယူ၍၊
24וקדה חמש מאות בשקל הקדש ושמן זית הין׃
25ဆေးသမားအတတ် နှင့် ဖယောင်း ဆီကို ဘော်တတ်သည်အတိုင်း၊ လိမ်း ရန်ဆီ တည်းဟူသောသန့်ရှင်း သော နံ့သာ ဆီကို ဘော် ပြီးမှ ၊
25ועשית אתו שמן משחת קדש רקח מרקחת מעשה רקח שמן משחת קדש יהיה׃
26ပရိသတ်စည်းဝေး ရာ တဲ တော်နှင့် သက်သေခံ ချက်သေတ္တာ ကို၎င်း၊
26ומשחת בו את אהל מועד ואת ארון העדת׃
27စားပွဲ နှင့် စားပွဲတန်ဆာ ရှိသမျှ ကို၎င်း၊ မီးခုံ နှင့် မီးခုံတန်ဆာ ကို၎င်း ၊ နံ့သာ ပေါင်းရှို့သောပလ္လင် ၊
27ואת השלחן ואת כל כליו ואת המנרה ואת כליה ואת מזבח הקטרת׃
28မီးရှို့ ရာ ယဇ်ပူဇော်သောပလ္လင် နှင့် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်း ၊ အင်တုံ နှင့် အင်တုံခြေထောက် ကို၎င်း၊ ထိုနံ့သာ ဆီနှင့် လိမ်း သဖြင့် ၊
28ואת מזבח העלה ואת כל כליו ואת הכיר ואת כנו׃
29ထို အရာတို့ကို အလွန်သန့်ရှင်း စေ ခြင်းငှာ ၊ ထိုသို့ သန့်ရှင်း စေရမည်။ ထို အရာတို့နှင့် တွေ့ သမျှသော အရာသည် သန့်ရှင်း သောအရာဖြစ်ရမည်။
29וקדשת אתם והיו קדש קדשים כל הנגע בהם יקדש׃
30အာရုန် နှင့် သူ ၏သား တို့ကို လိမ်း ၍ ၊ သူ တို့သည် ငါ့ ရှေ့ ၌ ယဇ်ပုရောဟိတ် အမှုကို ဆောင်စေခြင်းငှာ ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား ရမည်။
30ואת אהרן ואת בניו תמשח וקדשת אתם לכהן לי׃
31ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သား စဉ်မြေးဆက်အပေါင်းတို့၌ ဤဆီ သည်၊ ငါ့ အဘို့ သန့်ရှင်း သော လိမ်း ရန်ဆီ ဖြစ် ရမည်။
31ואל בני ישראל תדבר לאמר שמן משחת קדש יהיה זה לי לדרתיכם׃
32လူ ၏ကိုယ် ပေါ် မှာ မ လောင်း ရ။ ထိုဆီကို ဘော်သည်နည်းတူ ၊ အခြားသောဆီကို မ ဘော် ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည် မှတ်ရမည်။
32על בשר אדם לא ייסך ובמתכנתו לא תעשו כמהו קדש הוא קדש יהיה לכם׃
33ထိုဆီနှင့်တူ အောင် ဘော် သော သူ ၊ မ ဆိုင်သောလူ၌ လိမ်း သောသူ မည်သည်ကား၊ မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်ဟု မိန့် တော်မူ၏။
33איש אשר ירקח כמהו ואשר יתן ממנו על זר ונכרת מעמיו׃
34တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသောနတပ်စေး ၊ မွှေး သော ငါးခွံ ၊ ဂါလဗန် စေး၊ စင် သော လောဗန် စေးတို့ကို အညီအမျှ ချိန် ယူ၍ ၊
34ויאמר יהוה אל משה קח לך סמים נטף ושחלת וחלבנה סמים ולבנה זכה בד בבד יהיה׃
35ဆေးသမားအတတ် နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူရောနှော၍၊ သန့်ရှင်း စင်ကြယ် သော နံ့သာ ပေါင်းကို ဘော် ရမည်။
35ועשית אתה קטרת רקח מעשה רוקח ממלח טהור קדש׃
36အချို့ ကိုလည်း ညက်ညက်ထောင်း ပြီးမှ ၊ ငါသည် သင် နှင့် တွေ့ ရာအရပ် ၊ ပရိသတ်စည်းဝေး ရာတဲ တော်၌ သက်သေခံ ချက်ရှေ့ မှာ ထား ရမည်။ သင် တို့တွင် အလွန်သန့်ရှင်း ရမည်။
36ושחקת ממנה הדק ונתתה ממנה לפני העדת באהל מועד אשר אועד לך שמה קדש קדשים תהיה לכם׃
37ထိုသို့ သောနံ့သာ ပေါင်းကို ဘော် သည်နည်းတူ၊ အခြားသော နံ့သာပေါင်းကို ကိုယ် သုံးဘို့ မ ဘော် ရ။ သင် တို့တွင် ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
37והקטרת אשר תעשה במתכנתה לא תעשו לכם קדש תהיה לך ליהוה׃
38အကြင် သူ သည် မိမိရှူ စရာဘို့ ထိုနံ့သာပေါင်း နှင့် တူ အောင်ဘော် ၏။ ထိုသူသည် မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်ဟု မိန့် တော်မူ၏။
38איש אשר יעשה כמוה להריח בה ונכרת מעמיו׃
Tip: use the ← and → keys to turn chapters.