ဒံယေလ 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (フリーダム・バイブル)
1နေဗုခဒ်နေဇာ မင်းသည် နန်းစံနှစ် နှစ် တွင် ၊ အိပ်မက် ကို မြင် တော်မူ၍ ထိတ်လန့် ခြင်း စိတ် ရှိသောကြောင့် ၊ စက်တော် မခေါ်နိုင်သည်ဖြစ်၍၊
1ネブカドネザルの治世の第二年に、王は夢を見た。その霊は騒ぎ、眠りは彼から去った。
2အိပ်မက် တော်ကို ပြန်ပြော စေခြင်းငှါ မာဂု ပညာရှိ၊ ဗေဒင် တတ်၊ သူပြု ဆရာ၊ ခါလဒဲ ဆရာတို့ကို ခေါ် ချေဟု အမိန့် တော်ရှိသည်အတိုင်း ၊ သူတို့သည် အထံ တော်သို့ ရောက် လာကြသည်ရှိသော် ၊
2そこで王は、王にその夢を告げさせるため、呪術師、まじない師、魔術師、カルデア人を呼び集めるよう命じた。彼らは来て、王の前に立った。
3ရှင်ဘုရင် က၊ ငါသည် အိပ်မက် ကိုမြင် ပြီ။ ထိုအိပ်မက် ကိုမသိ ၊ နားမလည်သည်ဖြစ်၍စိတ် မအီမသာ ရှိသည်ဟု မိန့် တော်မူ၏။
3王は彼らに言った。「私は夢を見た。その夢を知りたくて、心が騒いでいる。」
4ခါလဒဲ ပညာရှိတို့ကလည်း ၊ အရှင် မင်းကြီး၊ အသက် တော်အစဉ် အမြဲရှင်ပါစေ။ အကျွန်ုပ်တို့အား အိပ်မက် တော်ကို မိန့် တော်မူပါ။ အကျွန်ုပ်တို့သည် အနက် ကို ဘော်ပြ ပါမည်ဟု၊ ရှုရိ ဘာသာဖြင့် လျှောက် ကြ၏။
4するとカルデア人たちはアラム語で王に言った。「王よ、永遠に生きられますように。しもべたちに夢をお話しください。そうすれば、私たちはその解き明かしをお示しします。」
5ရှင် ဘုရင်ကလည်း၊ ငါအမိန့် တော်ရှိပြီ။ ထိုအိပ်မက် နှင့် အနက် ကို သင်တို့မ ဘော် မပြလျှင် ၊ သင်တို့ကို အပိုင်းပိုင်း စဉ်း မည်။ သင် တို့အိမ် များကိုလည်း နောက်ချေးပုံ ဖြစ် စေမည်။
5王はカルデア人たちに答えた。「私の命令は決まっている。もし夢とその解き明かしを私に知らせないなら、あなたがたは手足を切り刻まれ、家々は汚物の山にされる。
6အိပ်မက် နှင့်အနက် ကို ဘော်ပြ လျှင် ၊ ဆုလပ် သပ်ပကာ၊ ဂုဏ် အသရေများကို ငါပေးမည်။ သို့ဖြစ်၍ ၊ အိပ်မက် နှင့်အနက် ကို ငါ့အားဘော်ပြ ကြဟု၊ ခါလဒဲ ပညာရှိတို့ကို မိန့် တော်မူ၏။
6しかし、夢とその解き明かしを示すなら、私から贈り物と報酬と大きな栄誉を受けることになる。だから、夢とその解き明かしを私に示せ。」
7ထိုသူတို့က၊ အရှင် မင်းကြီး၊ မြင်မက် တော်မူချက် ကို အမိန့် ရှိတော်မူပါ။ အကျွန်ုပ်တို့သည် အနက် ကို ဘော်ပြ ပါမည်ဟု တဖန် လျှောက် ကြပြန်လျှင်၊
7彼らはもう一度答えた。「王がしもべたちに夢をお話しくだされば、私たちはその解き明かしをお示しします。」
8ရှင် ဘုရင်က၊ ငါ့အမိန့်တော်ရှိပြီးသောကြောင့် ၊ သင် တို့သည် နေ့ရက် အချိန်ကာလကြာစေခြင်းငှါ ရွှေ့ချင် သည်ကို ငါ အမှန် သိ ၏။
8王は答えた。「あなたがたが時を稼ごうとしていることは、私にはよく分かっている。私の命令が決まっていると見て取ったからだ。
9အိပ်မက် ကို ငါ့ အားမ ဘော် မပြလျှင် ၊ သင်တို့သည် အကြံတခု တည်းသာရှိသည်ဖြစ်၍၊ ကာလ ပြောင်းလဲ သည်တိုင်အောင် ၊ ငါ့ ရှေ့ ၌ လျှောက် စရာဘို့ ကောက်ကျစ် လိမ် လစ်သောစကား ကို ပြင်ဆင် နှင့်ကြပြီ။ အိပ်မက် ကို ပြန်ပြော ကြ။ ထိုသို့ပြောလျှင်၊ အိပ်မက်အနက် ကို ဘော်ပြ နိုင်သည်ကို ငါသိ မည်ဟု ပြန်၍ မိန့်တော်မူ၏။
9もし夢を私に知らせないなら、あなたがたに対する判決は一つしかない。あなたがたは、状況が変わるまで、偽りと欺きの言葉を私の前で語ろうと示し合わせている。だから夢を私に告げよ。そうすれば、その解き明かしも示せると分かる。」
10ခါလဒဲ ဆရာတို့ကလည်း၊ အရှင် မင်းကြီး၏ အမှု အရာကို ဖြေ နိုင် မည်သူ ၊ မြေကြီး ပေါ် မှာ တယောက်မျှ မ ရှိ ပါ။ အဘယ်မည်သော ရှင် ဘုရင်သည် ဘုန်း တန်ခိုးကြီးသော်လည်း၊ မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာတို့ကို ဤသို့ မေးမြန်း လေ့မ ရှိပါ။
10カルデア人たちは王に答えた。「王のお求めになることを示せる者は地上に一人もいません。どのような王、君主、支配者であっても、このようなことを呪術師、まじない師、カルデア人に求めたことはありません。
11အရှင် မင်းကြီးမေးမြန်း တော်မူသော အရာ သည် ခက်ခဲ သော အရာဖြစ်ပါ၏။ လူ ပကတိနှင့် မ ဆက်ဆံ သော ဘုရား မှတပါး အဘယ်သူမျှအရှင် မင်းကြီးရှေ့ တော်၌ မထုတ် မ ဘော်နိုင်ပါဟု တဖန်ပြန်ကြား လျှောက်ထားကြ၏။
11王がお求めになることはあまりにも難しく、肉なる者とともに住まない神々のほかに、それを王の前に示せる者はいません。」
12ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက် တော်ထွက်၍၊ ဗာဗုလုန် မြို့၌ ရှိသမျှ သော ပညာရှိ တို့ကို ပယ်ရှင်း စေဟုအမိန့် တော်ရှိ၏။
12これを聞いて王は怒り、激しく憤って、バビロンの知者をすべて滅ぼすよう命じた。
13ထိုအမိန့် တော်ဆင့် ၍ ဒံယေလ နှင့် သူ ၏ အပေါင်း အဘော်တို့ကို သတ် ခြင်းငှါ ရှာ ကြသော်၊
13命令が出され、知者たちは殺されることになった。人々はダニエルとその仲間たちも殺そうと捜した。
14ဒံယေလ က၊ ရှင် ဘုရင်၏အမိန့် တော်သည် အဘယ်ကြောင့် ဤမျှလောက်လျင်မြန် သနည်းဟု၊
14その時ダニエルは、バビロンの知者たちを殺すために出て来た王の護衛隊長アリオクに、思慮と慎重さをもって問いかけた。
15ဗာဗုလုန် ပညာရှိ တို့ကို ပယ်ရှင်း ခြင်းငှါ ထွက်သွား သော ကိုယ်ရံတော် မှူးအာရုတ် ကို သတိ ပညာနှင့် မေးမြန်း၍၊ အာရုတ် သည် ထိုအကြောင်း ကို ကြား ပြောလျှင် ၊
15彼は王の隊長アリオクに尋ねた。「なぜ王の命令はこれほど厳しいのですか。」そこでアリオクは事情をダニエルに知らせた。
16ဒံယေလ သည် နန်းတော်သို့ ဝင် ၍ အိပ်မက် တော်ကို ဖြေရသော နေ့ ရက်အချိန်ကိုပေး တော်မူမည် အကြောင်း အသနား တော်ခံပြီးမှ၊
16ダニエルは王のもとへ行き、解き明かしを王に示すための時間を与えてほしいと願った。
17မိမိ အိမ် သို့ ပြန် သွား၍ ၊ ထိုအကြောင်း ကို မိမိ အပေါင်း အဘော်ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့အား ကြား ပြော၍၊
17それからダニエルは家に帰り、仲間のハナニヤ、ミシャエル、アザリヤにこのことを知らせた。
18ငါတို့သည် အခြား သောဗာဗုလုန် ပညာရှိ တို့နှင့်အတူ မ သေ မပျောက်စေခြင်းငှါ ၊ ဤ နက်နဲ သောအရာ၌ ကရုဏာ ကျေးဇူးတော်ကိုခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင် ဘုရားသခင် ကို ဆုတောင်း ကြကုန်အံ့ဟု ပြောဆို၏။
18そして、この秘密について天の神のあわれみを願い、ダニエルと仲間たちがバビロンのほかの知者たちとともに滅ぼされないよう祈ることを求めた。
19ညဉ့် အခါ ဗျာဒိတ် တော်အားဖြင့် ထိုနက်နဲ သော အရာကို ဒံယေလ အား ဘုရားသခင်ဘော်ပြ တော်မူ၏။
19すると、その秘密が夜の幻のうちにダニエルに示された。そこでダニエルは天の神をほめたたえた。
20ထိုအခါ ဒံယေလ သည် ကောင်းကင် ဘုံရှင် ဘုရား သခင်၏ ကျေးဇူး တော်ကို ချီးမွမ်းလျက်၊ ဘုရား သခင် ၏ နာမ တော်သည် ထာဝရ မင်္ဂလာ ရှိ ပါစေသတည်း။ ပညာ နှင့်၎င်း ၊ အစွမ်း သတ္တိနှင့်၎င်း ပြည့်စုံတော်မူ၏။
20ダニエルは言った。 「神の御名は、世々限りなくほめたたえられよ。 知恵と力は神のもの。
21ကာလ အချိန် ဥတု များကို ပြောင်းလဲ စေတော်မူ ၏။ ရှင် ဘုရင်တို့ကိုလည်း နှိမ့်ချ ချီးမြှောက် တော်မူ၏။ ပညာရှိ တို့အား ပညာ ကို ပေး တော်မူ၏။ ဉာဏ် ရှိသောသူတို့ သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည် တတ်ကြ၏။
21神は時と季節を変え、 王を退け、王を立てる。 知恵ある者に知恵を与え、 悟りある者に知識を与える。
22နက်နဲ ခက်ခဲသော အရာတို့ကို ထင်ရှား စွာ ပြတော်မူ၏။ မှောင်မိုက် ၌ ရှိသမျှတို့ကို သိမြင် ၍ အလင်း ၏တည် ရာဖြစ်တော်မူ၏။
22神は深いこと、隠されたことを明らかにし、 闇の中にあるものを知っておられる。 光は神とともに住む。
23အကျွန်ုပ် ဘိုးဘေး တို့၏ ဘုရား သခင်၊ အကျွန်ုပ် အား ပညာ အစွမ်း သတ္တိကို ပေး သနား၍ ၊ အကျွန်ုပ်တို့ ဆုတောင်း သည်အတိုင်း၊ ရှင် ဘုရင်၏ အိပ်မက် ကို ဖွင့်ပြ တော်မူ သောကျေးဇူး တော်ကို ချီးမွမ်းထောမနာ ပြုပါ၏ဟု ဒံယေလ မြွက်ဆို ပြီးမှ၊
23私の父祖たちの神よ、 私はあなたに感謝し、あなたをほめたたえる。 あなたは私に知恵と力を与え、 私たちが願い求めたことを、今、私に知らせてくださった。 王の求めたことを、私たちに明らかにしてくださった。」
24ဗာဗုလုန် ပညာရှိ တို့ကို ပယ်ရှင်း စေခြင်းငှါ ၊ ရှင် ဘုရင်ခန့် ထားတော်မူသော အာရုတ် ထံ သို့သွား ၍ ၊ ဗာဗုလုန် ပညာရှိ တို့ကို မ လုပ်ကြံ ပါနှင့်။ အကျွန်ုပ် ကို အထံ တော်သို့ခေါ် သွင်းပါ။ အကျွန်ုပ်သည် အိပ်မက်တော်နှင့် အနက် ကိုဘော်ပြ ၍ လျှောက်ပါမည်ဟုဆို ၏။
24そこでダニエルは、王がバビロンの知者たちを滅ぼすために任命したアリオクのもとへ行き、彼に言った。「バビロンの知者たちを滅ぼしてはなりません。私を王の前に連れて行ってください。私が王に解き明かしを示します。」
25ထိုအခါ အာရုတ်သည် ဒံယေလကို အလျင် တဆောအထံတော်သို့ ခေါ်သွင်းပြီးလျှင်၊ အိပ်မက်တော် နှင့်အနက်ကို အရှင်မင်းကြီးအား ဘော်ပြနိုင်သော သူတယောက်ကို ယုဒအမျိုး လက်ရလူတို့တွင် အကျွန်ုပ် တွေ့ပါပြီဟု လျှောက်လေ၏။
25そこでアリオクは急いでダニエルを王の前に連れて行き、こう言った。「ユダから捕囚となった者たちの中に、王に解き明かしを知らせることのできる一人の者を見つけました。」
26ရှင် ဘုရင်ကလည်း၊ ငါမြင် မက်သော အိပ်မက် ကို ပြန်ပြော၍ အနက် ကို ဘော်ပြ နိုင် သလောဟု၊ ဗေလတရှာဇာ အမည် ရှိသောဒံယေလ ကို မေး တော်မူလျှင်၊
26王は、ベルテシャツァルという名のダニエルに言った。「私が見た夢とその解き明かしを、私に知らせることができるのか。」
27ဒံယေလ က၊ အရှင် မင်းကြီးမေးမြန်း တော်မူသော အရာကို ပညာရှိ ၊ ဗေဒင် တတ်၊ မာဂု ဆရာ၊ အနာဂတ္တိ ဆရာတို့သည် အရှင် မင်းကြီးအား ဘော် ခြင်းငှါ မ တတ်နိုင် ကြပါ။
27ダニエルは王の前で答えた。「王がお求めになった秘密は、知者、まじない師、呪術師、占い師のだれにも、王に示すことはできません。
28နက်နဲ သော အရာတို့ကို ဖွင့်ပြ ၍၊ နောင် ကာလ ၌ ဖြစ် လတံ့သော အရာတို့ကို နေဗုခဒ်နေဇာ မင်းကြီး အား ကြား ပြောတော်မူသောဘုရား သခင်တဆူသည် ကောင်းကင် ဘုံမှာ ရှိ တော်မူ၏။
28しかし、天には秘密を明らかにされる神がおられ、後の日々に起こることをネブカドネザル王に知らせてくださいました。寝床でご覧になった夢と幻は、次のとおりです。
29အရှင် မင်းကြီး၊ နောင်၌ ဖြစ်လတံ့သော အရာတို့ ကို ကိုယ်တော်သည် စက်တော်ခေါ်၍ မြော်လင့်တော်မူ ၏။ နက်နဲ သောအရာကိုဖွင့်ပြ တော်မူသောဘုရား သည် နောင်ကာလ၌ ဖြစ် လတံ့သော အရာတို့ကို ကိုယ်တော် အားပြ တော်မူ၏။
29王よ、あなたが寝床におられた時、これから後に何が起こるのかという思いが心に浮かびました。そして、秘密を明らかにされる方が、これから起こることをあなたに知らせてくださったのです。
30ဤ နက်နဲ သောအရာကိုကား၊ အခြားသော သတ္တဝါ အပေါင်း တို့ထက် အကျွန်ုပ် သာ၍ပညာ ရှိ သောကြောင့် ၊ အကျွန်ုပ် အား ဘုရားသခင်ဖွင့်ပြ တော်မူသည် မ ဟုတ်ပါ။ ကိုယ်တော်သည် စိတ် နှလုံးတော်၏ အထင် ကို နားလည် မည်အကြောင်း၊ ထို အနက် ကို အကျွန်ုပ်ပြန်ကြား လျှောက်ထားစိမ့်သောငှါသာ ဘုရားသခင်ဖွင့်ပြတော်မူ ၏။
30この秘密が私に明らかにされたのは、私が生きているほかのだれよりも知恵を持っているからではありません。それは、その解き明かしが王に知らされ、王がご自分の心の思いを知るためです。
31အရှင် မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော်မူ သောရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု ၍ ရုပ်တု ကြီးကို မြင် တော်မူ၏။ ထူးမြတ် သော အရောင် အဝါ နှင့် ပြည်စုံ၍ ၊ ကြီး မြင့်သော ထို ရုပ်တု သည် ကြောက်မက် ဘွယ်သော ပုံသဏ္ဌာန် ကိုဆောင်လျက် ကိုယ်တော် ရှေ့ ၌ တည်ရှိ ၏။
31王よ、あなたが見ておられると、見よ、 一つの巨大な像がありました。非常に大きく、まばゆい輝きを放つその像が、あなたの前に立っていました。その姿は恐ろしいものでした。
32သူ ၏ ဦးခေါင်း သည် ရွှေ စင် ဖြစ်၏။ ရင်ပတ် နှင့် လက် နှစ်ဘက်သည် ငွေ ဖြစ်၏။
32その像の頭は純金、胸と両腕は銀、腹と両ももは青銅、
33ဝမ်း နှင့် ပေါင် နှစ်ဘက်သည် ကြေးဝါ ဖြစ်၏။ ခြေသလုံး နှစ်ဘက်သည် သံ ဖြစ်၏။ ခြေဘဝါး နှင့် ဖမိုး သည် သံ တပိုင်းသရွတ်တပိုင်းဖြစ်၏။
33すねは鉄、足は一部が鉄、一部が粘土でした。
34ကိုယ်တော်သည် ကြည့်ရှု တော်မူစဉ် ၊ လက် ဖြင့် မ ထု မလုပ်ဘဲ အလိုလိုဖြစ်သော ကျောက် တလုံးသည် သံ နှင့် သရွတ် ဖြစ်သော ရုပ်တု ၏ခြေ ကို ထိခိုက်၍ ချိုးဖဲ့ သည်ရှိသော်၊
34あなたが見ておられるうちに、一つの石が人の手によらずに切り出され、鉄と粘土でできた像の足を打って、粉々に砕きました。
35သံ ၊ သရွတ် ၊ ကြေးဝါ ၊ ငွေ ၊ ရွှေ တို့သည် ကျိုးပဲ့ ကြေမွလျက်၊ နွေ ကာလ၌ ကောက်နယ် တလင်း အမုန့် ကဲ့သို့ ဖြစ် သဖြင့်၊ လေ တိုက် လွှင့်၍ သူ တို့နေရာ မ ရှိ ၊ ပျောက်လေ၏။ ရုပ်တု ကို ထိခိုက် သော ကျောက် မူကား၊ တိုးပွားသဖြင့် တောင် ကြီး ဖြစ်၍၊ မြေကြီး တပြင်လုံး ကို ဖုံးလွှမ်း သည်ဟု မြင်မက်တော်မူ၏။
35その時、鉄、粘土、青銅、銀、金はすべて一緒に砕け、夏の脱穀場のもみ殻のようになりました。風がそれらを吹き払い、跡形もなくなりました。しかし、像を打った石は大きな山となり、全地に満ちました。
36ယခုတွင် အိပ်မက် တော်၏အနက် ကို ဘော်ပြ၍ နားတော်လျှောက် ပါမည်။
36これが夢です。今、その解き明かしを王の前で申し上げます。
37အရှင် မင်းကြီး၊ ကိုယ်တော် သည် ဘုရင် တို့၏ ဘုရင် ဖြစ်တော်မူ၏။ ကောင်းကင် ဘုံရှင် ဘုရား သခင်သည် နိုင်ငံ နှင့်တကွတန်ခိုး အာနုဘော်အစွမ်း သတ္တိ ဘုန်း အသရေကို ကိုယ်တော် အား ပေး တော်မူပြီ။
37王よ、あなたは王の王です。天の神があなたに王国と権力と力と栄光をお与えになりました。
38လူ နေရာ ရှိသမျှ တို့နှင့် မြေကြီး သား တိရစ္ဆာန် ၊ မိုဃ်း ကောင်းကင်ငှက် များတို့ကို ကိုယ်တော် လက် ၌ အပ် ပေး ၍၊ ကိုယ်တော် သည် အလုံးစုံ တို့ကို အုပ်စိုး ရသောအခွင့်ရှိတော်မူ၏။ ကိုယ်တော် သည် ရုပ်တု၏ ရွှေ ဦးခေါင်း ဖြစ်တော်မူ၏။
38人々が住む所ではどこでも、神は野の獣と空の鳥をあなたの手に渡し、そのすべてを支配させられました。あなたこそ金の頭です。
39ကိုယ်တော် နောက် ၌ ကိုယ်တော်၏ နိုင်ငံ လောက်မမြတ်သော နိုင်ငံ တခုသည် တည်ထောင် လိမ့်မည် ။ ထိုနောက်၊ မြေကြီး တပြင်လုံး ကို အုပ်စိုး သော ကြေးဝါ နိုင်ငံတည်းဟူသောတတိယ နိုင်ငံတည်ထောင်လိမ့်မည်။
39あなたの後に、あなたより劣る別の王国が起こります。次に、青銅の第三の王国が起こり、全地を支配します。
40စတုတ္ထ နိုင်ငံ သည် သံ ကဲ့သို့ ခိုင်မာ သော နိုင်ငံဖြစ် လိမ့်မည်။ သံ သည် အခြားသောအရာရှိသမျှ တို့ကို ချိုးဖဲ့ ၍ နိုင် သကဲ့သို့ ၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့ နှိပ်စက် ခြင်း ကို ပြုလိမ့်မည်။
40第四の王国は鉄のように強いものとなります。鉄はすべてのものを打ち砕き、打ち倒すからです。鉄がすべてを粉砕するように、その王国も打ち砕き、粉砕します。
41ရုပ်တု၏ခြေ နှင့် ခြေချောင်း တို့သည် သရွတ် တပိုင်း သံ တပိုင်းရှိသည်ကို မြင် တော်မူသည်အတိုင်း ၊ အချင်းချင်းကွဲပြား သော နိုင်ငံ ဖြစ် လိမ့်မည်။ သို့သော်လည်းဖုတ်သောသရွတ် နှင့် သံ ရောနှော သည်ကို မြင် တော်မူသည်ဖြစ်၍ ၊ သံ သည်ခိုင်မာ ခြင်း သတ္တိရှိ လိမ့်မည်။
41足と足の指が、一部は陶器師の粘土、一部は鉄であったのをご覧になったように、それは分裂した王国となります。しかし、鉄と泥のような粘土が混じっているのをご覧になったように、鉄の強さもその中にあります。
42ခြေချောင်း တို့သည် သံ တပိုင်းသရွတ် တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံ သည် ခိုင်မာ ခြင်းနှင့်၎င်း ၊ ကျိုးပဲ့ ခြင်းနှင့်၎င်း ဆက်ဆံ လိမ့်မည်။
42足の指が一部は鉄、一部は粘土であったように、その王国は一部は強く、一部はもろいものとなります。
43ဖုတ်သောသရွတ် နှင့် သံ ရောနှော သည်ကို မြင် တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြား သော လူမျိုး သား တို့နှင့် ပေါင်းဘော် ကြလိမ့်မည်။ သို့သော်လည်း၊ သရွတ် နှင့် သံ မ ရောနှော နိုင်သကဲ့သို့ ၊ သူတို့သည် အချင်းချင်းပေါင်းဘော် ၍ မ သင့်နိုင်ကြ။
43鉄と泥のような粘土が混じっているのをご覧になったように、彼らは人の子孫と混じり合います。しかし、鉄が粘土と混じり合わないように、互いに固く結びつくことはありません。
44လက် နှင့် မ ထုမလုပ်ဘဲ ကျောက် တလုံးသည် တောင် ပေါ်က အလိုလိုပဲ့ကွာ ၍၊ သံ ၊ ကြေးဝါ ၊ သရွတ် ၊ ငွေ ၊ ရွှေ တို့ကိုချိုးဖဲ့ သည် ကိုမြင် တော်မူသည်အကြောင်းအရာမှာ ၊ ပျက်စီး ခြင်းသို့မ ရောက်နိုင်သော နိုင်ငံ တခုကို ထို မင်းကြီး များလက်ထက် ၌ ကောင်းကင်ဘုံ ရှင်ဘုရားသခင် သည်တည်ထောင် စေတော်မူမည်။
44これらの王たちの時代に、天の神は決して滅ぼされることのない王国を立てられます。その王国がほかの民に渡されることもありません。その王国はこれらすべての王国を打ち砕いて滅ぼし、永遠に立ち続けます。
45ထို နိုင်ငံ သည်အခြား သောလူမျိုး လက်သို့မ ရောက် ရဘဲ၊ အထက် ဆိုခဲ့ပြီးသောနိုင်ငံ ရှိသမျှ တို့ကိုချိုးဖဲ့ ဖျက်ဆီး ၍ အစဉ်အမြဲ တည် လိမ့်မည်။ ထိုသို့ နောင် ၌ဖြစ်လတံ့ သော အရာ တို့ကိုကြီးမြတ် တော်မူသောဘုရားသခင် သည် အရှင် မင်းကြီးအား ကြားပြော တော်မူ၏။ အိပ်မက် တော်ရွေ့လျော့ ခြင်းမရှိ။ အနက် သည်လည်း မှန် ပါ၏ဟု ဒံယေလသည် အထံတော်၌လျှောက်ထား၏။
45一つの石が人の手によらずに山から切り出され、鉄、青銅、粘土、銀、金を打ち砕いたのをご覧になったとおりです。偉大な神が、これから後に起こることを王に知らせてくださいました。この夢は確かであり、その解き明かしは確実です。」
46ထိုအခါ နေဗုခဒ်နေဇာ မင်းကြီး သည် ပြပ်ဝပ် ၍ ဒံယေလ ကို ရှိခိုး ကိုးကွယ်ပြီးလျှင်၊ ပူဇော် သက္ကာပြုခြင်းငှါ၎င်း ၊ နံ့သာမျိုး ကို မီးရှို့၍ ဆပ်ကပ် ခြင်းငှါ ၎င်း စီရင် တော်မူလျက်၊
46するとネブカドネザル王はひれ伏してダニエルを拝み、供え物と香を彼にささげるよう命じた。
47ကိုယ်တော်သည် ဤနက်နဲ သောအရာကို ဖွင့်ပြ နိုင်သည်ဖြစ်၍၊ အကယ် စင်စစ်ကိုယ်တော် ၏ ဘုရား သခင်သည် ဘုရား တို့၏ဘုရား ၊ ဘုရင် တို့၏ အရှင် ၊ နက်နဲ သော အရာကိုဖွင့်ပြ တော်မူသောသခင်ဖြစ် တော်မူ၏ဟု မိန့် တော်မူ၍၊
47王はダニエルに言った。「あなたがこの秘密を明らかにできたのだから、まことに、あなたがたの神は神々の神、王たちの主、秘密を明らかにされる方である。」
48ဒံယေလ ကို ချီးမြှောက် လျက်၊ များစွာ သော ဆုလပ် သပ်ပကာတို့ကိုပေး ၍၊ ဗာဗုလုန် နိုင်ငံ တွင် ဝန်ကြီး အရာ၌၎င်း ၊ ဗာဗုလုန် ပညာရှိ တို့ကို အုပ်စိုး သော ဝန် အရာ၌၎င်း ခန့်ထားတော်မူ၏။
48それから王はダニエルを高い地位に上げ、多くのすばらしい贈り物を与えた。そして彼をバビロン州全体の支配者とし、バビロンのすべての知者たちを治める長官とした。
49ထိုအခါ ဒံယေလ သည် သံတော်ဦး တင်သောကြောင့် ၊ မင်းကြီး သည် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ဗာဗုလုန် နိုင်ငံ တွင် ဝန်အရာ၌ ခန့် ထားတော်မူ ၏။ ဒံယေလ သည် နန်း တော်ဦး၌ နေရလေ၏။
49ダニエルが王に願ったので、王はシャデラク、メシャク、アベデ・ネゴをバビロン州の行政に任命した。ダニエル自身は王の門に仕えた。
Tip: use the ← and → keys to turn chapters.