၆ ရာဇဝင်

Old Testament

Chapter 23
Judson Burmese Bible (18…
vs Freedom Bible (フリー…
Aa
Text size
Line width
Verse numbers

၆ ရာဇဝင် 23

Judson Burmese Bible (1840)
Freedom Bible (フリーダム・バイブル)
1ခုနစ် နှစ် မြောက် သောအခါ ၊ ယောယဒ သည် ကိုယ်ကိုခိုင်ခံ့ စေ၍ တပ်မှူး များ၊ ယေရောဟံ သား အာဇရိ ၊ ယောဟနန် သား ဣရှမေလ ၊ ဩဗက် သား အာဇရိ ၊ အဒါယ သား မာသေယ ၊ ဇိခရိ သား ဧလိရှဖတ် တို့နှင့် သင်းဖွဲ့ လေ၏။
1第七年に、エホヤダは決意を固め、百人の長たち、すなわちエロハムの子アザルヤ、エホハナンの子イシュマエル、オベドの子アザルヤ、アダヤの子マアセヤ、ジクリの子エリシャファテと契約を結んだ。
2ထိုသူတို့သည် ယုဒ ပြည်၌ လှည့်လည် သဖြင့် ၊ ယုဒ မြို့ အရပ်ရပ် ထဲက လေဝိ သားများနှင့် ဣသရေလ အဆွေအမျိုး သူကြီး များကို စုဝေး စေ၍ ၊ ယေရုရှလင် မြို့ သို့ ပြန် လာကြ၏။
2彼らはユダを巡り歩き、ユダのすべての町々からレビ人を、またイスラエルの父祖の家々の長たちを集めた。そして彼らはエルサレムに来た。
3စည်းဝေး သောသူ အပေါင်း တို့သည် ဗိမာန် တော်၌ ရှင်ဘုရင် နှင့် ပဋိညာဉ် ဖွဲ့ ကြ၏။ ယောယဒ ကလည်း၊ ရှင်ဘုရင် သားတော် ကို ကြည့်ရှု ကြလော့။ ထာဝရဘုရား သည် ဒါဝိဒ် အမျိုး ကို မိန့် တော်မူသည် အတိုင်း ၊ ရှင်ဘုရင်သားတော် စိုးစံ ရမည်။
3全会衆は神の家で王と契約を結んだ。エホヤダ は彼らに言った。「見よ。主がダビデの子らについて語られたとおりに、王の子が治めなければならない。
4သင်တို့ပြု ရသော အမှု ဟူမူကား ၊ ဥပုသ် နေ့၌ ဝင် သောယဇ်ပုရောဟိတ် လေဝိ သားသုံးစု တစုသည် တံခါး စောင့် လုပ်ရမည်။
4あなたがたがしなければならないことは、これである。安息日に入って来るあなたがた、すなわち祭司とレビ人の三分の一は、入口の門衛となりなさい。
5တစု သည် နန်းတော် ကို စောင့်ရမည်။ တစု သည် သုရတံခါး ကို စောင့်ရမည်။ လူ အပေါင်း တို့သည် ဗိမာန် တော်တန်တိုင်း တို့အတွင်း ၌ နေရကြမည်။
5三分の一は王の家に、三分の一は礎の門にいなさい。すべての民は主の家の庭にいなさい。
6ယဇ် ပုရောဟိတ်များနှင့် အမှု တော်စောင့် လေဝိ သားများမှတပါး ၊ အဘယ်သူမျှဗိမာန် တော်ထဲသို့ မ ဝင် စေနှင့်။ သူ တို့သည်သန့်ရှင်း သောကြောင့် ဝင် ရကြမည်။ အခြားသောသူ အပေါင်း တို့သည် ထာဝရဘုရား ဘက်၌စောင့် နေရကြမည်။
6しかし、祭司たちと、仕えるレビ人のほかは、だれも主の家に入ってはならない。彼らは聖なる者であるから入ることができる。しかし、すべての民は主の定めを守らなければならない。
7လေဝိ သားတိုင်း မိမိ လက်နက် ကို ကိုင် လျက် ၊ ကိုယ်တော် မြတ်ကို ဝိုင်း၍ အိမ် တော်ထဲသို့ ဝင် သမျှသောသူတို့ ကိုသတ် ရမည်။ ရှင်ဘုရင် ထွက် ဝင် တော်မူသောအခါ ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ၏။
7レビ人はおのおの手に武器を持ち、王を取り囲みなさい。家に入って来る者はだれでも殺されなければならない。王が入って来るときも、出て行くときも、王とともにいなさい。」
8ထိုသို့ ယဇ်ပုရောဟိတ် ယောယဒ မှာထား သမျှ အတိုင်း ၊ လေဝိ သားများနှင့် ယုဒ အမျိုးသားအပေါင်း တို့ သည်ပြု ၍ ၊ ယဇ်ပုရောဟိတ် ယောယဒ သည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မ ဖျက် သောကြောင့် ၊ ဥပုသ် နေ့၌ ထွက် ရ သောသူ နှင့် ဝင် ရသောသူ အသီးအသီး တို့ကို ခေါ် ထား ကြ၏။
8こうしてレビ人と全ユダは、祭司エホヤダが命じたすべてのことに従って行った。おのおの自分の部下たち、すなわち安息日に入って来る者たちと、安息日に出て行く者たちを連れて行った。祭司エホヤダがその組を解散させなかったからである。
9ဗိမာန် တော်၌ရှိသောဒါဝိဒ် မင်းကြီး ၏ လှံ များနှင့် ဒိုင်း လွှားများကို၊ ယဇ်ပုရောဟိတ် ယောယဒ သည် ထုတ် ၍ ၊ လူတရာ အုပ် တို့အား အပ်လေ၏။
9祭司エホヤダは、神の家にあったダビデ王の槍、小盾、大盾を百人の長たちに渡した。
10အသီးအသီး လက်နက် ကိုင် သော သူ အပေါင်း တို့ကို ရှင်ဘုရင် ပတ်လည် ၊ ယဇ် ပလ္လင်အနား နှင့် ဗိမာန် တော် အနား၌ ၊ လက်ျာ ထောင့် မှစ၍ လက်ဝဲ ထောင့် တိုင်အောင် နေရာ ချထားလေ၏။
10彼はすべての民を、おのおの手に武器を持たせ、家の右側から家の左側まで、祭壇と家のそばに沿って王の周囲に配置した。
11ထိုအခါ ရှင်ဘုရင် သားတော် ကို ပြင် သို့ထုတ်၍ ၊ ရာဇ သရဖူနှင့် ပညတ္တိကျမ်း ကိုတင် လျက် ၊ ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယောယဒ နှင့် သူ ၏သား တို့ သည် ဘိသိက် ပေး၍ ၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် ကြ၏။
11それから彼らは王の子を連れ出し、彼に冠をかぶらせ、契約の書を授け、彼を王とした。エホヤダとその子らは彼に油を注ぎ、「王万歳」と言った。
12အာသလိ သည် လူ များပြေး ၍ ၊ ရှင်ဘုရင် ထံ၌ ချီးမွမ်း သံ ကိုကြား လျှင် ၊ လူ များရှိရာ ဗိမာန် တော်သို့ သွား ၍၊
12アタルヤは、民が走り回り、王を賛美している音を聞いて、主の家にある民のところへ行った。
13ရှင် ဘုရင်သည် ဗိမာန် တော်ဝင် ဝ၊ တိုင် နား မှာ ရပ် လျက် ၊ မှူး တော်မတ်တော်များနှင့် တံပိုး မှုတ်သော သူများတို့သည် ရှင်ဘုရင် အနား တော်၌ ရပ်လျက်၊ ပြည်သူ ပြည်သားများတို့သည် ဝမ်းမြောက် ၍ ၊ တံပိုး မှုတ် လျက် သီချင်း သည်တို့သည် တုရိယာအမျိုးမျိုးကိုကိုင်၍၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိ အဝတ် ကိုဆုတ် ၍ ပုန်ကန် မှုပါတကား၊ ပုန်ကန် မှုပါ တကားဟု အော်ဟစ် လေ၏။
13彼女が見ると、見よ、王は入口にある王の柱のそばに立っており、王のそばには長たちとラッパを吹き鳴らす者たちがいた。この地のすべての民は喜び、ラッパを吹き鳴らしていた。歌うたいたちも楽器を奏でて、賛美の歌を導いていた。そこでアタルヤは自分の衣を引き裂き、「反逆だ、反逆だ」と言った。
14ယဇ်ပုရောဟိတ် ယောယဒ ကလည်း ၊ ဗိမာန် တော် ထဲမှာ မ သေ စေနှင့်။ တပ် ပြင် သို့ ထုတ် ကြ။ သူ့ဘက်မှာ နေသောသူကိုထားနှင့် သတ်ကြ ဟုလူ တရာအုပ်တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊
14祭司エホヤダは軍隊の上に立てられた百人の長たちを引き出し、彼らに言った。「彼女を隊列の間に引き出しなさい。彼女に従う者はだれでも剣で殺しなさい。」祭司が「主の家で彼女を殺してはならない」と言ったからである。
15အာသလိ ကို ဘမ်းဆီး လျက် ၊ နန်းတော် သို့ သွားသော မြင်း လမ်းဝ သို့ ရောက် သောအခါ သတ် ကြ၏။
15そこで彼らは彼女のために道を開いた。彼女は王の家の馬の門の入り口に行き、彼らはそこで彼女を殺した。
16ရှင်ဘုရင် နှင့် လူ အပေါင်း တို့သည် ထာဝရဘုရား ၏ လူ ဖြစ် ရမည်အကြောင်း ၊ ယောယဒ သည် မိမိ ထံ၌ ပဋိညာဉ် ဖွဲ့ စေ၏။
16エホヤダは、自分とすべての民と王との間に、彼らが主の民となるという契約を結んだ。
17လူ အပေါင်း တို့သည် ဗာလ ကျောင်း သို့သွား ၍ ဖြိုဖျက် ကြ၏။ ယဇ် ပလ္လင်များနှင့် ရုပ်တု များကိုချိုးဖဲ့ ၍ ၊ ယဇ် ပလ္လင်တို့ရှေ့ မှာ ဗာလ ယဇ်ပုရောဟိတ် မဿန် ကိုသတ် ကြ၏။
17すべての民はバアルの家に行き、それを打ち壊した。彼らはその祭壇と像を粉々に砕き、祭壇の前でバアルの祭司マタンを殺した。
18မောရှေ ပညတ္တိ ကျမ်း၌ ပါ သည်အတိုင်း ၊ ထာဝရ ဘုရား အား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ် စီရင် သည်အတိုင်း ၊ ရွှင်လန်း စွာသီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဗိမာန် တော်၌ ဒါဝိဒ် ခွဲထား သော ယဇ်ပုရောဟိတ် လေဝိ သားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည် အကြောင်း၊ ယောယဒစီရင်လေ၏။
18エホヤダは、主の家の務めをレビ族の祭司たちの手に委ねた。彼らはダビデが主の家に割り当てた者たちで、モーセの律法に記されているとおりに主の全焼のささげ物をささげ、ダビデの定めに従って喜びと歌をもって仕えるためであった。
19မ သန့်ရှင်းသော လက္ခဏာတစုံ တခုရှိသောသူကို မ ဝင် စေခြင်းငှါ။ဗိမာန် တော်တံခါး စောင့် တို့ကိုလည်း ခန့်ထား လေ၏။
19彼は主の家の門に門衛を置き、何事においても汚れた者が入ってこないようにした。
20လူ တရာအုပ်၊ မှူးမတ် ၊ အကြီးအကဲ ၊ ပြည်သူ ပြည်သားအပေါင်း တို့ကို ခေါ်လျက်၊ မြင့် သော တံခါး လမ်း ဖြင့် ၊ ရှင် ဘုရင်ကို ဗိမာန် တော်မှ နန်းတော် သို့ပို့ဆောင် ၍ ၊ ရာဇ ပလ္လင်တော်ပေါ် မှာ တင် ကြ၏။
20彼は百人の長たち、有力者たち、民の支配者たち、およびこの地のすべての民を連れて、王を主の家から連れ下った。彼らは上の門を通って王の家に入り、王を王国の王座に座らせた。
21နန်းတော်နားမှာ အာသလိ ကို သတ် ပြီးမှ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ဝမ်းမြောက် ၍ ၊ တမြို့လုံး ၌လည်း ငြိမ်ဝပ် ခြင်းရှိ၏။
21こうしてこの地のすべての民は喜び、町は静かであった。アタルヤは剣で殺された。

Tip: use the ← and → keys to turn chapters.