၁ ဓမ္မရာဇဝင် 5
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ဖိလိတ္တိ လူတို့သည် ဘုရား သခင်၏ သေတ္တာ တော်ကို ယူ ၍ ဧဗနေဇာ မြို့မှ အာဇုတ် မြို့သို့ ဆောင် သွားကြ၏။
1ชาวฟีลิสเตียยึดหีบของพระเจ้าได้แล้ว ก็นำจากเอเบนเอเซอร์ไปยังอัชโดด
2ဘုရား သခင်၏ သေတ္တာ တော်ကို ဒါဂုန် ကျောင်း ထဲသို့ သွင်း ၍ ဒါဂုန် အနား မှာထား ကြ၏။
2พวกเขานำหีบเข้าไปไว้ในวิหารของดาโกน ตั้งไว้ข้างรูปดาโกน
3အာဇုတ် မြို့သားတို့သည် နံနက်စောစောထ ကြသောအခါ ၊ ဒါဂုန် သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၌ မြေ ပေါ်မှာလဲ ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေ့သဖြင့်၊ သူ့ကိုယူ ၍ သူ ၏နေရာ ၌ တင် ထား ပြန်ကြ၏။
3เช้าวันต่อมา ชาวอัชโดดเห็นดาโกนล้มหน้าคว่ำอยู่บนพื้นต่อหน้าหีบของพระยาห์เวห์ พวกเขาจึงยกรูปนั้นขึ้นตั้งไว้ที่เดิม
4တဖန် နက်ဖြန် နံနက် စောစောထ ကြသောအခါ ၊ ဒါဂုန် သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၌ မြေ ပေါ် မှာ လဲ ၍ ပြပ်ဝပ်လျက်၊ ခေါင်း နှင့် လက်ဝါး နှစ် ဘက်ပြတ် ၍ တံခါးခုံ ပေါ် မှာတင်လျက်၊ ဒါဂုန် ၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။
4เช้าถัดมา ดาโกนล้มหน้าคว่ำอยู่บนพื้นต่อหน้าหีบของพระยาห์เวห์อีก แต่คราวนี้ศีรษะและฝ่ามือทั้งสองข้างของดาโกนถูกตัดขาดอยู่บนธรณีประตู เหลือเพียงลำตัวที่ยังสมบูรณ์
5ထိုကြောင့် ဒါဂုန် ၏ ယဇ် ပုရောဟိတ်များ၊ ဒါဂုန် ကျောင်း သို့ ဝင် သောသူများတို့သည်၊ အာဇုတ် မြို့၌ ရှိသောဒါဂုန် ကျောင်းတံခါးခုံ ကို ယနေ့ တိုင်အောင် ကျော် နင်းလေ့မ ရှိကြ။
5ด้วยเหตุนี้ จนถึงทุกวันนี้ปุโรหิตของดาโกนและทุกคนที่เข้าไปในวิหารดาโกนที่อัชโดดจึงไม่เหยียบธรณีประตูนั้น
6အာဇုတ် မြို့နှင့် မြို့နယ် ၌နေသောသူတို့ အပေါ် မှာ၊ ထာဝရဘုရား သည် လေး သောလက် တော်နှင့် ဖျက် တော်မူ၏။ မြင်းသရိုက် အနာနှင့် လည်း ဒဏ်ခတ် တော်မူ၏။
6พระหัตถ์ของพระยาห์เวห์กดทับชาวอัชโดดอย่างหนัก ทรงทำลายพวกเขาและให้เกิดเนื้องอกทั้งในเมืองอัชโดดและเขตโดยรอบ
7အာဇုတ် မြို့သား တို့သည် ထိုအမှုကို မြင် လျှင် ၊ ဣသရေလအမျိုး၏ ဘုရားသခင် သည် ငါ တို့နှင့် ငါ တို့ဘုရား ဒါဂုန် အပေါ် မှာ လေး သောလက် တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရား သခင်၏ သေတ္တာ တော်ကို ငါ တို့တွင် မ ရှိ စေရဟု ဆို လျက်၊
7เมื่อชาวอัชโดดเห็นเช่นนั้นก็พูดว่า “หีบของพระเจ้าแห่งอิสราเอลอยู่กับเราต่อไปไม่ได้ เพราะพระหัตถ์ของพระองค์กดทับทั้งเราและดาโกนเทพเจ้าของเราอย่างหนัก”
8လူကိုစေလွှတ် ၍ ဖိလိတ္တိ မင်း အပေါင်း တို့ကို စုဝေး စေပြီးလျှင် ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်ကို အဘယ်သို့ ပြု ရပါမည်နည်းဟုမေး ကြ၏။ မင်းများကလည်း၊ ဣသရေလ အမျိုး၏ ဘုရား သခင့်သေတ္တာ တော်ကို ဂါသ မြို့သို့ ဆောင် သွားစေဟု စီရင်သည်အတိုင်း ဆောင် သွားကြ၏။
8พวกเขาจึงส่งคนไปเรียกเจ้าเมืองทั้งหมดของชาวฟีลิสเตียมาประชุมและถามว่า “เราจะทำอย่างไรกับหีบของพระเจ้าแห่งอิสราเอล?” พวกเจ้าเมืองตอบว่า “ส่งหีบของพระเจ้าแห่งอิสราเอลไปเมืองกัท” พวกเขาจึงส่งหีบไปที่นั่น
9ထိုမြို့သို့ ဆောင် သွားသောနောက် ၊ ထာဝရဘုရား ၏ လက် တော်သည် ထိုမြို့ ၌ ကြီးစွာ သော ဖျက်ဆီး ခြင်းကို ပြု ၍၊ မြို့သူ မြို့သားအကြီး အငယ် တို့ကို ဒဏ်ခတ် တော်မူသဖြင့် ၊ ကိုယ်အတွင်း၌ မြင်းသရိုက် အနာကို ခံရကြ၏။
9แต่หลังจากนำหีบไป พระหัตถ์ของพระยาห์เวห์ลงหนักต่อเมืองกัทจนเกิดความแตกตื่นอย่างหนัก และทรงทำให้คนในเมืองทั้งคนเล็กคนใหญ่เป็นเนื้องอก
10တဖန် ဘုရား သခင်၏ သေတ္တာ တော်ကို ဧကြုန် မြို့သို့ ပို့ လိုက်သဖြင့်၊ ထိုမြို့သို့ ရောက် သောအခါ ၊ မြို့သူမြို့သားတို့က၊ ငါ တို့နှင့် ငါ တို့လူ များကိုသတ် စေခြင်းငှါ ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်ကို ဆောင် ခဲ့ပါသည်တကားဟု ဟစ်ကြော် လျက်၊
10พวกเขาจึงส่งหีบของพระเจ้าไปเอโครน เมื่อหีบมาถึง ชาวเอโครนร้องว่า “พวกเขานำหีบของพระเจ้าแห่งอิสราเอลมาหาเราเพื่อฆ่าเราและคนของเรา!”
11လူကိုစေလွှတ် ၍ ဖိလိတ္တိ မင်း အပေါင်း တို့ကို စုဝေး စေပြီးလျှင် ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်သည် ငါ တို့နှင့် ငါ တို့လူ များကို မ သတ် စေခြင်းငှါလွှတ် လိုက်ကြကုန်အံ့၊ မိမိ နေရင်း အရပ် သို့ သွား ပါလေစေဟု ဆို ကြ၏။ အကြောင်း မူကား၊ ဘုရား သခင်သည် အလွန် လေး သော လက် တော်ကို တင်တော်မူသဖြင့်၊ တမြို့လုံး သေ စေတတ်သော အနာ ရောဂါနှံ့ပြားလေ၏။
11พวกเขาจึงส่งคนไปเรียกเจ้าเมืองทั้งหมดของชาวฟีลิสเตียมาประชุม และกล่าวว่า “ส่งหีบของพระเจ้าแห่งอิสราเอลกลับไปที่เดิมเถอะ มิฉะนั้นหีบนั้นจะทำให้เราและคนของเราตาย” ทั้งเมืองแตกตื่นด้วยความกลัวตาย เพราะพระหัตถ์ของพระเจ้ากดทับที่นั่นอย่างหนัก
12သေ ဘေးနှင့်လွတ် သော်လည်းမြင်းသရိုက်နာ ဖြင့် ဒဏ်ခတ် ခြင်းကိုခံရ၍ ၊ ထိုမြို့ အော်ဟစ် သော အသံ သည် မိုဃ်း ကောင်းကင်သို့ တက် လေ၏။
12คนที่ไม่ตายก็เป็นเนื้องอก เสียงร้องของชาวเมืองดังขึ้นไปถึงสวรรค์
Tip: use the ← and → keys to turn chapters.