၁ ဓမ္မရာဇဝင် 16
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Traditional)
1တဖန် ထာဝရဘုရား က၊ ရှောလုကို ဣသရေလ ရှင် ဘုရင်အရာမှ ငါ ပယ် သောကြောင့် ၊ သင် သည် အဘယ် မျှ ကာလပတ်လုံး စိတ် မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင် ၏ဘူး ကို ဆီ နှင့် ပြည့် စေလော့။ ဗက်လင် မြို့သားယေရှဲ ရှိရာသို့ ငါစေလွှတ် မည်။ သူ ၏သား တို့တွင် ငါ့ အဘို့ ရှင် ဘုရင်တပါးကို ငါပြင်ဆင် ပြီဟု ရှမွေလ အား မိန့် တော်မူ၏။
1耶和華對 撒母耳 說:「我既厭棄 掃羅 作 以色列 的王,你為他悲傷要到幾時呢?你將膏油盛滿了角,我差遣你往 伯利恆 人 耶西 那裏去;因為我在他眾子之內,預定一個作王的。」
2ရှမွေလ က၊ အကျွန်ုပ်သည် အဘယ်သို့ သွား နိုင်ပါမည်နည်း။ ရှောလု ကြား လျှင် သတ် ပါလိမ့်မည်ဟု လျှောက် သော် ၊ ထာဝရဘုရား က၊ နွားမတန်း ကိုယူ ၍ ငါသည် ထာဝရဘုရား အား ယဇ် ပူဇော်ခြင်းငှါ လာ ပြီဟု ပြော လော့။
2撒母耳 說:「我怎能去呢? 掃羅 若聽見,必要殺我。」耶和華說:「你可以帶一隻牛犢去,就說:『我來是要向耶和華獻祭。』
3ယေရှဲ ကို လည်း ယဇ် ပွဲသို့ ခေါ်ဘိတ် လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြု ရမည်ကို ငါ ပြ မည်။ ငါသည် နာမဖြင့် ထုတ်ပြ သော သူကို ငါ့ အဘို့ ဘိသိက် ပေးရမည်ဟု မိန့် တော်မူသည်အတိုင်း၊
3你要請 耶西 來吃祭肉,我就指示你所當行的事。我所指給你的人,你要膏他。」
4ရှမွေလ ပြု၍ ဗက်လင် မြို့သို့ သွား လေ၏။ ဗက်လင်မြို့သားအသက်ကြီး သူတို့သည် ရှမွေလနှင့် တွေ့ သောအခါ တုန်လှုပ် ၍ ၊ ကိုယ်တော်သည် ချမ်းသာ ပေးလျက် လာ တော်မူသလောဟု မေးလျှောက် ကြသော်၊
4撒母耳 就照耶和華的話去行。到了 伯利恆 ,那城裏的長老都戰戰兢兢地出來迎接他,問他說:「你是為平安來的嗎?」
5ချမ်းသာ ပေးလျက် ထာဝရဘုရား အား ယဇ် ပူဇော်ခြင်းငှါ ငါလာ ပြီ။ မိမိတို့ကို သန့်ရှင်း စေပြီးမှ ငါ နှင့်အတူ ယဇ် ပွဲသို့ လာ ကြဟု ဆို သဖြင့် ၊ ယေရှဲ နှင့် သူ ၏သား တို့ကို သန့်ရှင်း စေ၍ ယဇ် ပွဲသို့ ခေါ် လေ၏။
5他說:「為平安來的,我是給耶和華獻祭。你們當自潔,來與我同吃祭肉。」 撒母耳 就使 耶西 和他眾子自潔,請他們來吃祭肉。
6သူတို့သည် ရောက် လာသောအခါ ဧလျာဘ ကို ကြည့်ရှု ၍ ၊ စင်စစ် ထာဝရဘုရား အခွင့်နှင့် ဘိသက် ခံရသောသူသည် ငါ့ရှေ့ မှာရှိ ၏ဟု ဆို လေသော်၊
6他們來的時候, 撒母耳 看見 以利押 ,就心裏說,耶和華的受膏者必定在他面前。
7ထာဝရဘုရား က၊ သူ ၏မျက်နှာ ၊ သူ ၏အရပ် ကို မ ကြည့် မရှုနှင့်။ သူ့ ကို ငါပယ် ပြီ။ ထာဝရဘုရားသည် လူ မြင်သကဲ့သို့ မြင် တော်မူသည် မ ဟုတ်။ လူ သည် အဆင်း သဏ္ဌာန်ကို ကြည့်ရှု တတ်၏။ ထာဝရဘုရား မူကား နှလုံး ကို ကြည့်ရှု တတ်သည်ဟု ရှမွေလ အား မိန့် တော်မူ၏။
7耶和華卻對 撒母耳 說:「不要看他的外貌和他身材高大,我不揀選他。因為, 耶和華 不像人看人:人是看外貌;耶和華是看內心。」
8တဖန် ယေရှဲ သည် အဘိနဒပ် ကို ခေါ် ၍ ရှမွေလ ရှေ့ မှာ သွား စေသဖြင့် ၊ ရှမွေလက၊ ဤ သူကို လည်း ထာဝရဘုရား ရွေး တော်မ မူဟုဆို ၏။
8耶西 叫 亞比拿達 從 撒母耳 面前經過, 撒母耳 說:「耶和華也不揀選他。」
9တဖန် ယေရှဲ သည် ရှိမာ ကို သွား စေသဖြင့် ၊ ဤ သူကို လည်း ထာဝရဘုရား ရွေး တော်မ မူဟု ဆို ၏။
9耶西 又叫 沙瑪 從 撒母耳 面前經過, 撒母耳 說:「耶和華也不揀選他。」
10တဖန် ယေရှဲ သည် သား ခုနစ် ယောက်တို့ကို ရှမွေလ ရှေ့ မှာ သွား စေသဖြင့် ၊ ရှမွေလ က၊ ဤ သူတို့ကို လည်း ထာဝရဘုရား ရွေး တော်မ မူ။
10耶西 叫他七個兒子都從 撒母耳 面前經過, 撒母耳 說:「這都不是耶和華所揀選的。」
11သင်၌ သား မ ရှိပြီလောဟု ယေရှဲ အား မေး လျှင် ၊ ယေရှဲက အငယ်ဆုံး သော သားရှိ ပါသေး၏။ သိုး တို့ကို ထိန်း ကျောင်းလျက် နေပါသည်ဟု ပြော ဆိုသော် ၊ ရှမွေလ က သူ့ ကို ခေါ် စေခြင်းငှါလူကို စေလွှတ် ပါ။ သူ မ ရောက် မှီ ပွဲသို့ ဝင်၍ မ ထိုင် ရဟု ဆို သည်အတိုင်း၊
11撒母耳 對 耶西 說:「你的兒子都在這裏嗎?」他回答說:「還有個小的,現在放羊。」 撒母耳 對 耶西 說:「你打發人去叫他來;他若不來,我們必不坐席。」
12စေလွှတ် ၍ သူ့ ကို ခေါ် ခဲ့၏။ သူ သည် နီ သောဆံပင်ရှိ၏။ လှ သောအဆင်း နှင့် ချစ် ဘွယ်သော မျက်နှာလည်းရှိ၏။ ထာဝရဘုရား က ဤ သူ ပေတည်း။ ထ ၍ ဘိသိက် ပေးလော့ဟု မိန့် တော်မူ၏။
12耶西 就打發人去叫了他來。他面色光紅,雙目清秀,容貌俊美。耶和華說:「這就是他,你起來膏他。」
13ရှမွေလ သည်လည်း ၊ ဆီ ဘူး ကိုယူ ၍ သူ ၏ အစ်ကို စုထဲမှာ သူ့ ကို ဘိသိက် ပေးလေ၏။ ထို နေ့မှစ၍ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ဒါဝိဒ် အပေါ် မှာ သက်ရောက် လေ၏။ ရှမွေလ သည် ထ ၍ ရာမ မြို့သို့ ပြန်သွား ၏။
13撒母耳 就用角裏的膏油,在他諸兄中膏了他。從這日起,耶和華的靈就大大感動 大衛 。 撒母耳 起身回 拉瑪 去了。
14ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ရှောလု မှ ထွက်သွား ၍ ၊ ထာဝရဘုရား ထံ တော်က ဆိုး သော ဝိညာဉ် သည် နှောင့်ရှက် တတ်၏။
14耶和華的靈離開 掃羅 ,有惡魔從耶和華那裏來擾亂他。
15ရှောလု ၏ ကျွန် တို့ကလည်း ၊ ယခု မှာ ဘုရား သခင်ထံတော်က ဆိုး သော ဝိညာဉ် သည် ကိုယ်တော် ကို နှောင့်ရှက် တတ်ပါ၏။
15掃羅 的臣僕對他說:「現在有惡魔從上帝那裏來擾亂你。
16ခစားသော ကိုယ်တော် ၏ ကျွန် တို့သည်၊ သာယာစွာ စောင်း တီး တတ် သောသူ ကို ရှာဖွေ ရမည် အကြောင်းအရှင် အမိန့် ရှိတော်မူပါ။ ဘုရား သခင့်ထံတော်က ဆိုး သောဝိညာဉ် လာ သောအခါ ၊ သူသည်စောင်းတီး သဖြင့် ကိုယ်တော် သည် ချမ်းသာ ရတော်မူမည်ဟု လျှောက် လျှင်၊
16我們的主可以吩咐面前的臣僕,找一個善於彈琴的來,等上帝那裏來的惡魔臨到你身上的時候,使他用手彈琴,你就好了。」
17ရှောလု က၊ သာယာ စွာ တီး တတ်သောသူ ကို ငါ့ အဘို့ ရှာဖွေ၍ ငါ့ ထံသို့ ခေါ် ခဲ့ကြဟု ကျွန် တို့အား မိန့် တော်မူသော်၊
17掃羅 對臣僕說:「你們可以為我找一個善於彈琴的,帶到我這裏來。」
18ကျွန် တယောက် က၊ ကျွန်တော်တွေ့ ဘူးသော ဗက်လင် မြို့သားယေရှဲ သား သည် စောင်းတီး သောအတတ်၊ ရဲရင့် ခြင်းအစွမ်း သတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု ၌၎င်း၊ ပညာ စကား ၌၎င်း လေ့ကျက်ပါ၏။ အဆင်း လည်း လှပါ၏။ ထာဝရဘုရား သည်သူ နှင့်အတူ ရှိတော်မူ၏ဟု လျှောက် သောကြောင့်၊
18其中有一個少年人說:「我曾見 伯利恆 人 耶西 的一個兒子善於彈琴,是大有勇敢的戰士,說話合宜,容貌俊美,耶和華也與他同在。」
19ရှောလု က၊ ယေရှဲ ရှိရာသို့ လူကိုစေလွှတ် ၍ ၊ သိုးထိန်းဖြစ်သောသင် ၏သား ဒါဝိဒ် ကို ငါ့ ထံသို့ စေလွှတ် ရမည်ဟု အမိန့် တော်ရှိ၏။
19於是 掃羅 差遣使者去見 耶西 ,說:「請你打發你放羊的兒子 大衛 到我這裏來。」
20ယေရှဲ သည် မုန့် တင်သော မြည်း ၊ စပျစ်ရည် ဘူး ၊ ဆိတ် သငယ်ကို ယူ ၍ မိမိ သား ဒါဝိဒ် တွင် ရှောလု ထံသို့ ပေး လိုက်လေ၏။
20耶西 就把幾個餅和一皮袋酒,並一隻山羊羔,都馱在驢上,交給他兒子 大衛 ,送與 掃羅 。
21ဒါဝိဒ် သည် ရှောလု ထံသို့ ရောက် ၍ ခစား သဖြင့် ၊ ရှောလုသည် အလွန် ချစ် ၍ လက်နက် တော်ဆောင် အရာ၌ ခန့်ထား၏။
21大衛 到了 掃羅 那裏,就侍立在 掃羅 面前。 掃羅 甚喜愛他,他就作了 掃羅 拿兵器的人。
22ရှောလု သည်လည်း ယေရှဲ ရှိရာသို့ လူကိုစေလွှတ် ၍၊ ဒါဝိဒ် ကို ငါ့ စိတ် နှင့်တွေ့သောကြောင့် ငါ့ ထံ၌ ခစား ပါစေဟု အခွင့် တောင်းလေ၏။
22掃羅 差遣人去見 耶西 ,說:「求你容 大衛 侍立在我面前,因為他在我眼前蒙了恩。」
23ဘုရား သခင့်ထံတော်က ဆိုးသောဝိညာဉ် သည် ရှောလု အပေါ် မှာ ရောက် သောအခါ ၊ ဒါဝိဒ် သည် စောင်း ကိုယူ ၍ တီး သဖြင့် ဆိုး သောဝိညာဉ် ထွက် သွား၍ ၊ ရှောလု သည် သက်သာ လျက် ပကတိ ကျန်းမာလျက်ရှိတတ်၏။
23從上帝那裏來的惡魔臨到 掃羅 身上的時候, 大衛 就拿琴,用手而彈, 掃羅 便舒暢爽快,惡魔離了他。
Tip: use the ← and → keys to turn chapters.