Genesis
Chapter 26
Clementine Vulgate, 1598
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Genesis 26

Clementine Vulgate, 1598
Judson Burmese Bible (1840)
1Orta autem fame super terram post eam sterilitatem, quæ acciderat in diebus Abraham, abiit Isaac ad Abimelech regem Palæstinorum in Gerara.
1အာဗြဟံ လက်ထက် ထိုပြည် ၌ ဖြစ် ဘူးသော အစာခေါင်းပါး ခြင်းမှတပါး ၊ နောက်တဖန်အစာခေါင်းပါး ခြင်း ရှိပြန်သည်ဖြစ်၍ ၊ ဣဇာက် သည် ဖိလိတ္တိ မင်းကြီးအဘိမလက် နေရာဂေရာ မြို့သို့ သွား လေ၏။
2Apparuitque ei Dominus, et ait: Ne descendas in Ægyptum, sed quiesce in terra quam dixero tibi,
2ထာဝရဘုရား သည်လည်း သူ့ အား ထင်ရှား ၍ ၊ သင်သည် အဲဂုတ္တု ပြည်သို့ မ သွား နှင့်၊ ငါပြော လတံ့သော ပြည် ၌ နေ လော့။
3et peregrinare in ea: eroque tecum, et benedicam tibi: tibi enim et semini tuo dabo universas regiones has, complens juramentum quod spopondi Abraham patri tuo.
3ယခု ဤပြည် ၌ တည်းခို ၍နေလော့။ သင့် ဘက် မှာ ငါနေ ၍ ကောင်းကြီး ပေးမည်။ အကြောင်းမူကား ၊ သင် နှင့် သင် ၏အမျိုးအနွယ် အား ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အဘ အာဗြဟံ အား ငါကျိန်ဆို သော စကားရှိသည်အတိုင်း ငါပြု မည်။
4Et multiplicabo semen tuum sicut stellas cæli: daboque posteris tuis universas regiones has: et benedicentur in semine tuo omnes gentes terræ,
4သင် ၏အမျိုးအနွယ် ကို ကောင်းကင် ကြယ် ကဲ့သို့ များပြား စေမည်။ သင် ၏အမျိုးအနွယ် အား လည်း ၊ ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အမျိုးအနွယ် အားဖြင့် လည်း ၊ လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
5eo quod obedierit Abraham voci meæ, et custodierit præcepta et mandata mea, et cæremonias legesque servaverit.
5အကြောင်းမူကား ၊ အာဗြဟံ သည် ငါ့ စကား ကို နားထောင် ၍ ၊ ငါ စီရင် မှာထားသော ပညတ် တရား အမျိုးမျိုးတို့ကို စောင့်ရှောက် သတည်းဟုမိန့်တော်မူ၏။
6Mansit itaque Isaac in Geraris.
6ဣဇာက် သည် ဂေရာ မြို့၌ နေ စဉ်တွင် ၊ - မြို့သားတို့သည် သူ၏မယားအကြောင်းကို မေးသောအခါ၊ ရေဗက္ကသည် လှသောအဆင်းအရောင်ရှိသောကြောင့်၊
7Qui cum interrogaretur a viris loci illius super uxore sua, respondit: Soror mea est: timuerat enim confiteri quod sibi esset sociata conjugio, reputans ne forte interficerent eum propter illius pulchritudinem.
7ဤပြည် သားယောက်ျား တို့သည် သူ့ အကြောင်းကြောင့် ငါ့ ကိုသတ် မည်ဟုစိုးရိမ် ၍၊ သူသည် ငါ့ မယား ဖြစ်သည်ဟု မ ပြော မဆိုဝံ့၊ ငါ့ နှမ ဖြစ်သည် ဟု ပြော ဆို၏။
8Cumque pertransissent dies plurimi, et ibidem moraretur, prospiciens Abimelech rex Palæstinorum per fenestram, vidit eum jocantem cum Rebecca uxore sua.
8ထို မြို့၌ ကာလအတန်ကြာ နေပြီးမှ ၊ တနေ့သ၌၊ ဣဇာက် သည် မိမိ မယား ရေဗက္က နှင့် ကစား သည်။ ဖိလိတ္တိ မင်းကြီး အဘိမလက် သည် ပြတင်းပေါက် ဝက ကြည့် မြင်လျှင်၊
9Et accersito eo, ait: Perspicuum est quod uxor tua sit: cur mentitus es eam sororem tuam esse? Respondit: Timui ne morerer propter eam.
9ဣဇာက် ကို ခေါ် ၍ ၊ ထို မိန်းမသည်၊ အကယ်စင်စစ် သင် ၏မယား ဖြစ်၏။ သို့ရာတွင် ၊ သူသည် ငါ့ နှမ ဖြစ်၏ဟု အဘယ် ကြောင့်သင်ပြော ရ သနည်းဟုမေး သော်၊ ဣဇာက် က၊ သူ့ အတွက် ကြောင့် ကျွန်ုပ်သေ မည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို ၏။
10Dixitque Abimelech: Quare imposuisti nobis? potuit coire quispiam de populo cum uxore tua, et induxeras super nos grande peccatum. Præcepitque omni populo, dicens:
10အဘိမလက် မင်းကလည်း ၊ ငါ တို့၌ သင်ပြု သောအမှု ကား အဘယ်သို့ နည်း။ တစုံတယောက် သောသူသည်၊ သင် ၏မယား နှင့် အမှတ်တမဲ့ သင့် နေလျှင်၊ ငါ တို့ ခေါင်းပေါ် မှာ သင်သည် အပြစ် ရောက် စေလိမ့်မည် တကားဟု ဆိုပြီးမှ၊
11Qui tetigerit hominis hujus uxorem, morte morietur.
11ဤ လင် မယားကို ပြစ်မှား သောသူသည် ဆက်ဆက်အသေ ခံရမည်ဟု မိမိလူ အပေါင်း တို့ကို မှာ ထားသနည်း။
12Sevit autem Isaac in terra illa, et invenit in ipso anno centuplum: benedixitque ei Dominus.
12ထို ပြည် ၌ ဣဇာက် သည် မျိုးစေ့ကိုကြဲ ၍ ၊ တနှစ် ခြင်းတွင် အဆ တရာ သော အသီးအနှံ ကို ရလေ၏။ ထာဝရဘုရား သည်လည်း ၊ ကောင်းကြီး ပေးတော်မူသဖြင့်၊
13Et locupletatus est homo, et ibat proficiens atque succrescens, donec magnus vehementer effectus est:
13သူ သည်ကြီးပွါး ၍ ၊ အလွန် စည်းစိမ် ကြီး သည် တိုင်အောင် တိုးတက် လျက် ၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ၏။
14habuit quoque possessiones ovium et armentorum, et familiæ plurimum. Ob hoc invidentes ei Palæstini,
14သိုးစု ၊ နွားစု များ၊ ကျွန် များ နှင့် ပြည့်စုံ ကြွယ်ဝ၏။ ထိုကြောင့် ၊ ဖိလိတ္တိ လူတို့သည် သူ့ ကိုငြူစူ ကြ၏။
15omnes puteos, quos foderant servi patris illius Abraham, illo tempore obstruxerunt, implentes humo:
15အဘ အာဗြဟံ လက်ထက် ၌ ၊ အဘ ၏ကျွန် တို့ တူး သော ရေတွင်း ရှိသမျှ တို့ကို မြေ နှင့် ဖို့ ပိတ်ကြ၏။
16in tantum, ut ipse Abimelech diceret ad Isaac: Recede a nobis, quoniam potentior nobis factus es valde.
16အဘိမလက် မင်းကလည်း ၊ သင်သည် ငါ့ တို့ထက် တန်ခိုး ကြီး၏။ ငါ တို့ထံမှ ထွက် သွားလော့ဟု၊ ဣဇာက် ကို အမိန့် ရှိသောကြောင့်၊
17Et ille discedens, ut veniret ad torrentem Geraræ, habitaretque ibi,
17ဣဇာက် သည် ထို မြို့မှ ထွက်သွား ပြီးလျှင် ၊ ဂေရာ ချိုင့် ၌ တဲ ကို ဆောက်၍ နေ လေ၏။
18rursum fodit alios puteos, quos foderant servi patris sui Abraham, et quos, illo mortuo, olim obstruxerant Philisthiim: appellavitque eos eisdem nominibus quibus ante pater vocaverat.
18ထိုအခါ ဣဇာက် သည်၊ အဘ အာဗြဟံ ကျွန်တို့ တူး ၍ ၊ အဘသေ သောနောက် ၊ ဖိလိတ္တိ လူတို့ဖို့သော ရေ တွင်း တို့ကို တူး ဘော်ပြန်၍ ၊ အထက်က အဘ သမုတ် သော အမည် ဖြင့် သမုတ် လေ၏။
19Foderuntque in torrente, et repererunt aquam vivam.
19ဣဇာက် ကျွန် တို့လည်း ၊ ချိုင့် ထဲ၌ တူး ၍ စမ်း ရေ တွင်း ကို တွေ့ ကြ၏။
20Sed et ibi jurgium fuit pastorum Geraræ adversus pastores Isaac, dicentium: Nostra est aqua, quam ob rem nomen putei ex eo, quod acciderat, vocavit Calumniam.
20ဂေရာ အမျိုးသားနွား ကျောင်းတို့ကလည်း ၊ ဤရေ သည် ငါ တို့ရေဖြစ်၏ဟု၊ ဣဇာက် ၏နွား ကျောင်းတို့ နှင့် လုယက် ပြော ဆိုကြ၏။ ထိုသို့ အချင်းချင်းလုယက် ကြသောကြောင့် ၊ ထိုရေတွင်း ကို ဧသက် အမည် ဖြင့်မှည့် လေ၏။
21Foderunt autem et alium: et pro illo quoque rixati sunt, appellavitque eum Inimicitias.
21နောက် တဖန် အခြား သောရေတွင်း ကို တူး ပြန် ကြ၏။ ထို ရေတွင်းကို လည်း တဖန် လု ကြသောကြောင့် ၊ သိတန အမည် ဖြင့် မှည့် လေ၏။
22Profectus inde fodit alium puteum, pro quo non contenderunt: itaque vocavit nomen ejus Latitudo, dicens: Nunc dilatavit nos Dominus, et fecit crescere super terram.
22ထို အရပ်မှ နေရာ ပြောင်း၍ ၊ အခြား သော ရေတွင်း ကို တူး ကြ၏။ ထို ရေတွင်းကို အဘယ်သူမျှမ လုယက် သောကြောင့် ၊ ငါတို့ နေစရာအခွင့်ကို ယခု ထာဝရဘုရား ပေး တော်မူပြီ ဖြစ်၍ ၊ ဤပြည် ၌ ငါ တို့သည် စီးပွါး များကြလိမ့်မည်ဟုဆို လျက် ၊ ထို ရေတွင်းကို ရဟောဘုတ် အမည် ဖြင့် မှည့် သတည်း။
23Ascendit autem ex illo loco in Bersabee,
23တဖန် ထို အရပ်မှ ဗေရရှေဘ အရပ်သို့ ပြောင်း လေ၏။
24ubi apparuit ei Dominus in ipsa nocte, dicens: Ego sum Deus Abraham patris tui: noli timere, quia ego tecum sum: benedicam tibi, et multiplicabo semen tuum propter servum meum Abraham.
24ထို နေ့ည မှာ ထာဝရဘုရား သည် ထင်ရှား ၍ ၊ ငါ သည် သင် ၏အဘ အာဗြဟံ ၏ ဘုရား ဖြစ်၏။ မ စိုးရိမ် နှင့်။ ငါ သည်သင့် ဘက် မှာရှိ၏။ ငါသည်ကောင်းကြီး ပေး မည်။ ငါ ၏ကျွန် အာဗြဟံ အတွက် ၊ သင် ၏အမျိုးအနွယ် ကို ငါများပြား စေမည်ဟု မိန့် တော်မူ၏။
25Itaque ædificavit ibi altare: et invocato nomine Domini, extendit tabernaculum, præcepitque servis suis ut foderent puteum.
25ထို အရပ်၌ ယဇ် ပုလ္လင်ကို တည် ၍ ၊ ထာဝရ ဘုရား ၏ နာမတော် ကို ပဌနာ ပြု၏။ တဲ ကိုလည်း တည်ဆောက် ၍ ၊ ကျွန် တို့သည် ရေတွင်း ကို တူး ကြ၏။
26Ad quem locum cum venissent de Geraris Abimelech, et Ochozath amicus illius, et Phicol dux militum,
26ထိုအခါ အဘိမလက် မင်းသည်၊ အဆွေ တော် အဟုဇာတ် နှင့် ဗိုလ်ချုပ် မင်းဖိကောလ တို့ကို ခေါ်၍၊ ဂေရာ မြို့မှ ဣဇာက် ရှိရာသို့ သွား ၏။
27locutus est eis Isaac: Quid venistis ad me, hominem quem odistis, et expulistis a vobis?
27ဣဇာက် ကလည်း ၊ သင် တို့သည် ငါ့ ကို မြင်ပျင်း ၍ နှင်ထုတ် ပြီးမှ ၊ အဘယ်ကြောင့် လာ ကြသနည်းဟုမေး လျှင်၊
28Qui responderunt: Vidimus tecum esse Dominum, et idcirco nos diximus: Sit juramentum inter nos, et ineamus fœdus,
28ထိုသူတို့က၊ ထာဝရဘုရား သည် သင့် ဘက် မှာ ရှိ တော်မူကြောင်း ကို၊ ငါ တို့အမှန် သိမြင် သည်ဖြစ်၍၊
29ut non facias nobis quidquam mali, sicut et nos nihil tuorum attigimus, nec fecimus quod te læderet: sed cum pace dimisimus auctum benedictione Domini.
29ငါ တို့သည် သင့် ကိုမ ထိ မခိုက်၊ ကျေးဇူး ကိုသာ ပြု ၍ ၊ ငြိမ်ဝပ် စွာလွှတ် လိုက်သည်နည်းတူ ၊ သင် သည်ငါတို့ကို အပြစ် မ ပြုရဟု၊ ငါ တို့တစ်ဖက် ၊ သင့် တစ်ဖက် ၊ နှစ်ဘက်သား တို့သည်၊ သစ္စာ ဂတိထား၍ မိဿဟာယ ဖွဲ့ ကြစို့။ သင် သည် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူဖြစ် ပါ၏ဟု ဆိုကြလေသော်၊
30Fecit ergo eis convivium, et post cibum et potum
30ဣဇာက်သည်၊ သူ တို့အဘို့ စားသောက်ပွဲ ကို လုပ် ၍ ၊ အတူစား သောက် ကြ၏။
31surgentes mane, juraverunt sibi mutuo: dimisitque eos Isaac pacifice in locum suum.
31နံနက် စောစော ထ၍ ၊ အချင်းချင်း တ ဦးနှင့် တဦးသစ္စာ ပြုလိုက်ပြီးမှ ၊ ဣဇာက် သည် သူ့ တို့ကို လွှတ် လိုက်၍ ၊ သူတို့သည် ငြိမ်ဝပ် စွာသွား ရကြ၏။
32Ecce autem venerunt in ipso die servi Isaac annuntiantes ei de puteo, quem foderant, atque dicentes: Invenimus aquam.
32ထိုနေ့ ၌ ပင် ဣဇာက် ကျွန် တို့သည် လာ ၍ ၊ မိမိတို့ တူး သောတွင်း ၌ ရေ တွေ့ ကြောင်းကို ပြော ဆိုကြလျှင်၊
33Unde appellavit eum Abundantiam: et nomen urbi impositum est Bersabee, usque in præsentem diem.
33ထို ရေတွင်းကို ရှေဘ အမည် ဖြင့် မှည့် လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ ကို ဗေရရှေဘ မြို့ဟု ယနေ့ တိုင်အောင် တွင်လေသတည်း။
34Esau vero quadragenarius duxit uxores, Judith filiam Beeri Hethæi, et Basemath filiam Elon ejusdem loci:
34ဧသော သည် အသက် လေးဆယ် ရှိ သောအခါ ၊ ဟိတ္တိ အမျိုးသားဗေရိ ၏သမီး ယုဒိတ် ၊ ဟိတ္တိ အမျိုးသားဧလုန် ၏သမီး ဗာရှမတ် တို့နှင့် အိမ်ထောင် လေ၏။
35quæ ambæ offenderant animum Isaac et Rebeccæ.
35ထိုမိန်းမတို့သည် ဣဇာက် နှင့် ရေဗက္က ၌ စိတ် နှလုံး ပူပန် စရာအကြောင်း ဖြစ် သတည်း။

Tip: use the ← and → keys to turn chapters.