Genesis
Chapter 19
Clementine Vulgate, 1598
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Genesis 19

Clementine Vulgate, 1598
Judson Burmese Bible (1840)
1Veneruntque duo angeli Sodomam vespere, et sedente Lot in foribus civitatis. Qui cum vidisset eos, surrexit, et ivit obviam eis: adoravitque pronus in terram,
1ကောင်းကင် တမန်နှစ် ပါးတို့သည် ညဦး အချိန်၌ သောဒုံ မြို့သို့ ရောက် လာ၏။ လောတ သည် မြို့ တံခါးဝ ၌ ထိုင် လျက် သူ တို့ကိုမြင် လျှင် ၊ ခရီးဦးကြိုပြု ခြင်းငှါ ထ ၍ မြေ ၌ ဦးညွှတ် ချလျက်၊
2et dixit: Obsecro, domini, declinate in domum pueri vestri, et manete ibi: lavate pedes vestros, et mane proficiscemini in viam vestram. Qui dixerunt: Minime, sed in platea manebimus.
2အကျွန်ုပ် သခင် တို့၊ ကိုယ်တော် တို့ ကျွန် ၏အိမ် သို့ ဝင် ၍ တညဉ့် လုံးနေကြပါ။ ခြေ ကိုဆေး ကြပါ။ နံနက်စောစော ထ၍ ကြွ သွားကြပါလော့ဟု ဆို လေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့် လုံးလမ်း ၌ နေတော့မည်ဟု ဆို သော်လည်း၊
3Compulit illos oppido ut diverterent ad eum: ingressisque domum illius fecit convivium, et coxit azyma, et comederunt.
3ကျပ်ကျပ် သွေးဆောင် သောကြောင့် တဖန် လောတနေရာသို့ လှည့်၍ သူ ၏အိမ် သို့ ဝင် ကြ၏။ လောတ လည်း သူ တို့အဘို့ ပွဲ လုပ်၍ တဆေးမပါသော မုန့် ကို ပေါင်း ပြီးမှသူတို့သည်စား ကြ၏။
4Prius autem quam irent cubitum, viri civitatis vallaverunt domum a puero usque ad senem, omnis populus simul.
4ထိုသူတို့သည် မ အိပ် မှီ သောဒုံ မြို့ သား ယောက်ျား အကြီးအငယ်၊ အရပ်ရပ်ကလာသော သူ အပေါင်း တို့သည် အိမ် ကို ဝိုင်း ၍၊
5Vocaveruntque Lot, et dixerunt ei: Ubi sunt viri qui introierunt ad te nocte? educ illos huc, ut cognoscamus eos.
5လောတ ကို ဟစ် ခေါ်လျက် ယနေ့ည မှာ သင့် အိမ်သို့ ဝင် သော လူ တို့သည် အဘယ် မှာရှိသနည်း။ ထိုသူ တို့နှင့်ငါတို့သည် ဆက်ဆံ လိုသည် ဖြစ်၍ ငါ တို့ထံသို့ ထွက် စေလော့ဟု ဆို ကြ၏။
6Egressus ad eos Lot, post tergum occludens ostium, ait:
6လောတ သည်လည်း၊ တံခါး ပြင် မှာ သူ တို့ထံသို့ ထွက် ၍ ၊ မိမိ နောက် ၌ တံခါးကို ပိတ် ပြီးလျှင်၊
7Nolite, quæso, fratres mei, nolite malum hoc facere.
7ညီအစ်ကို တို့၊ အဓမ္မ အမှုကို ဤ မျှလောက်မ ပြုကြပါနှင့်။
8Habeo duas filias, quæ necdum cognoverunt virum: educam eas ad vos, et abutimini eis sicut vobis placuerit, dummodo viris istis nihil mali faciatis, quia ingressi sunt sub umbra culminis mei.
8အကျွန်ုပ် ၌ ယောက်ျား နှင့် မ ဆက်ဆံ သော သမီး နှစ် ယောက်ရှိပါ၏။ သူ တို့ကို သင် တို့ထံသို့ ထုတ် ရသောအခွင့်ကိုပေးကြပါလော့။ သူ တို့၌ ပြု ချင် သမျှပြုကြပါလော့။ ဤလူ တို့ ၌ အလျှင်မ ပြု ကြပါနှင့်။ အကြောင်းမူကား၊ သူ တို့သည် အကျွန်ုပ် အိမ် မိုးအရိပ် ကို ခို နေပါ၏ဟု တောင်းပန်သော်လည်း၊
9At illi dixerunt: Recede illuc. Et rursus: Ingressus es, inquiunt, ut advena; numquid ut judices? te ergo ipsum magis quam hos affligemus. Vimque faciebant Lot vehementissime: jamque prope erat ut effringerent fores.
9သူတို့က ဆုတ် လော့ဟုဆို ကြ၏။ တဖန် ကား၊ သင်သည် တည်းခို ခြင်းငှာ သာရောက် လာသည်နှင့် တရားသူကြီး လုပ်ရမည်လော။ ယခု မှာ ထို သူတို့၌ ပြု သည်ထက် ၊ သင် ၌ သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတ ကို ကျပ်ကျပ် ဖိ ၍ တံခါး ကိုလည်း ပေါက် ခွဲချိုးဖဲ့ ခြင်းငှါ ချဉ်း လာကြ၏။
10Et ecce miserunt manum viri, et introduxerunt ad se Lot, clauseruntque ostium:
10ထိုအခါ ကောင်းကင်တမန်တို့သည် လက် ကိုဆန့် ၍ လောတ ကို မိမိ တို့နေရာအိမ် အတွင်း သို့ ဆွဲ သွင်း ပြီးလျှင် တံခါး ကို ပိတ် ကြ၏။
11et eos, qui foris erant, percusserunt cæcitate a minimo usque ad maximum, ita ut ostium invenire non possent.
11အိမ် တံခါး နားမှာ ရှိသောသူ အကြီး အငယ် တို့ကို မျက်စိ ကန်းစေခြင်းငှါ ဒဏ်ခတ် သဖြင့် သူတို့သည် တံခါး ကိုရှာ ၍ ပင်ပန်း ခြင်းသို့ ရောက်ကြ၏။
12Dixerunt autem ad Lot: Habes hic quempiam tuorum? generum, aut filios, aut filias, omnes, qui tui sunt, educ de urbe hac:
12ကောင်းကင်တမန်တို့ကလည်း၊ ဤ အရပ်၌ သင် နှင့် ဆိုင်သောသူ ရှိ သေးသလော။ သားသမီး ၊ သမက် ၊ မြို့ ထဲမှာ သင် ၌ ရှိသမျှ ကို ဤအရပ် က ထုတ် ဆောင် လော့။
13delebimus enim locum istum, eo quod increverit clamor eorum coram Domino, qui misit nos ut perdamus illos.
13ဤ အရပ် ကို ငါ တို့သည် ဖျက်ဆီး ရမည်။ အကြောင်းမူကား ၊ အရပ်သားတို့သည် ထာဝရဘုရား ရှေ့ တော်မှာ အလွန် ကြွေးကြော် ခြင်းရှိသည်ဖြစ်၍ ၊ ဖျက်ဆီး စေခြင်းငှါ ထာဝရဘုရား သည် ငါ တို့ကို စေလွှတ် တော်မူပြီဟု လောတ အား ပြော ဆိုကြ၏။
14Egressus itaque Lot, locutus est ad generos suos qui accepturi erant filias ejus, et dixit: Surgite, egredimini de loco isto: quia delebit Dominus civitatem hanc. Et visus est eis quasi ludens loqui.
14လောတ ထွက် ၍ သမီး နှင့်စုံဘက် သောသူ၊ မိမိ သမက် တို့အား ထကြ ၊ ဤ အရပ် မှ ထွက်သွား ကြ၊ ဤ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မူမည်ဟုဆို သော်လည်း ၊ ကျီစား ဟန် သည်ဟု သမက် တို့ ထင် ကြ၏။
15Cumque esset mane, cogebant eum angeli, dicentes: Surge, tolle uxorem tuam, et duas filias quas habes: ne et tu pariter pereas in scelere civitatis.
15မိုဃ်းသောက် သောအခါ ၊ ကောင်းကင် တမန် တို့သည် လောတ ကို ဆော် လျက် ၊ သင် သည်ထ ၍ ဤအရပ်၌ရှိသောမယား နှင့် သမီး နှစ် ယောက်တို့ကို ယူ သွားလော့။ သို့မဟုတ် ၊ မြို့ ၏အပြစ် ၌ ဆုံး ခြင်းသို့ ရောက် လိမ့်မည်ဟု ဆိုသော်လည်း၊
16Dissimulante illo, apprehenderunt manum ejus, et manum uxoris, ac duarum filiarum ejus, eo quod parceret Dominus illi.
16သူသည်ဖင့်နွှဲ သောအခါ ထာဝရဘုရား သနား တော်မူသောကြောင့် ကောင်းကင်တမန်တို့သည် သူ နှင့် သူ ၏ မယား ၊ သူ ၏သမီး နှစ် ယောက်တို့ကို လက် ဆွဲ ၍ မြို့ ပြင် သို့ ထုတ် ဆောင်ကြ၏။
17Eduxeruntque eum, et posuerunt extra civitatem: ibique locuti sunt ad eum, dicentes: Salva animam tuam: noli respicere post tergum, nec stes in omni circa regione: sed in monte salvum te fac, ne et tu simul pereas.
17ပြင် သို့ ရောက် သောအခါ၊ သင် သည် အသက် ချမ်းသာ ရခြင်းငှါ ပြေးလော့။ နောက် သို့လှည့်၍ မ ကြည့် နှင့် မြေညီသောအရပ် ၌ အလျှင်း မ နေ နှင့်။ တောင် ပေါ်သို့ ပြေး လော့။ သို့မဟုတ် ဆုံး လိမ့်မည်ဟု ဆိုလေ၏။
18Dixitque Lot ad eos: Quæso, domine mi,
18လောတ ကလည်း ၊ အကျွန်ုပ် သခင် ထိုသို့မ ဆိုပါနှင့်။
19quia invenit servus tuus gratiam coram te, et magnificasti misericordiam tuam quam fecisti mecum, ut salvares animam meam, nec possum in monte salvari, ne forte apprehendat me malum, et moriar:
19ယခု မှာ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ မျက်နှာ ရပါပြီ။ အကျွန်ုပ် အသက် ချမ်းသာစေ သဖြင့်၊ အကျွန်ုပ်၌ ပြု တော်မူသောကရုဏာ ကျေးဇူးများပြား လှပါ၏။ ဘေးလွတ်၍ တောင် ပေါ် သို့ မ ပြေး နိုင်ပါ။ ဘေး တစုံတခု တွေ့ ၍ သေ မည်ကို စိုးရိမ် ပါ၏။
20est civitas hæc juxta, ad quam possum fugere, parva, et salvabor in ea: numquid non modica est, et vivet anima mea?
20ကြည့် ပါ။ ထို မြို့ နီး ပါ၏၊ပြေး သာပါ၏။ ငယ် သောမြို့လည်း ဖြစ်ပါ၏။ ဘေးလွတ်၍ ထို အရပ်သို့ ပြေး ပါရစေ။ ထို မြို့သည် ငယ် သောမြို့မ ဟုတ်လော။ သို့ပြေးလျှင် အသက် ချမ်းသာရပါမည်ဟု လျှောက်ဆို၏။
21Dixitque ad eum: Ecce etiam in hoc suscepi preces tuas, ut non subvertam urbem pro qua locutus es.
21ထိုသူ ကလည်း ၊ ကြည့် ပါ။ ဤ အမူအရာ၌လည်း သင်၏ စကား ကို ငါနား ထောင်စေခြင်းငှါ ထိုမြို့ အတွက် တောင်းပန် သောကြောင့် ငါမ ဖျက်ဆီး။
22Festina, et salvare ibi: quia non potero facere quidquam donec ingrediaris illuc. Idcirco vocatum est nomen urbis illius Segor.
22ဘေးလွတ်ခြင်းငှါထို မြို့သို့ အလျင်အမြန် ပြေး လော့။ ထို မြို့သို့ မ ရောက် မှီ ငါသည် အဘယ်အမှု ကိုမျှ မ ပြု နိုင်ဟုဆို လေ၏။ ထိုကြောင့် ထိုမြို့ ကို ဇောရ မြို့ဟု သမုတ် ကြ၏။
23Sol egressus est super terram, et Lot ingressus est Segor.
23လောတ သည် ဇောရ မြို့သို့ ဝင် သောအခါ ၊ မြေကြီး ပေါ် မှာ နေ ထွက် ချိန်ဖြစ်သတည်း။
24Igitur Dominus pluit super Sodomam et Gomorrham sulphur et ignem a Domino de cælo:
24ထိုအခါ ထာဝရဘုရား သည် ကောင်းကင် ထက် ၊ အထံတော်မှ သောဒုံ မြို့နှင့် ဂေါမောရ မြို့အပေါ် သို့ ကန့် နှင့် မီး မိုဃ်း ကို ရွာစေတော်မူ၏။
25et subvertit civitates has, et omnem circa regionem, universos habitatores urbium, et cuncta terræ virentia.
25ထို မြို့ တို့ကို၎င်း ၊ ချိုင့်အရပ် တရှောက်လုံး ကို၎င်း၊ မြို့ သား အပေါင်း တို့ကို၎င်းမြေ ၌ ပေါက် သမျှကို၎င်း၊ မှောက် လဲတော်မူ၏။
26Respiciensque uxor ejus post se, versa est in statuam salis.
26လောတ ၏ မယား မူကား နောက် သို့ လှည့်ကြည့် ၍ ဆား တိုင် ဖြစ် လေ၏။
27Abraham autem consurgens mane, ubi steterat prius cum Domino,
27နံနက် စောစောအာဗြဟံ သည် ထ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေသောအရပ် သို့ သွားပြီးလျှင်၊
28intuitus est Sodomam et Gomorrham, et universam terram regionis illius: viditque ascendentem favillam de terra quasi fornacis fumum.
28သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစသော ချိုင့် အရပ် တရှောက်လုံး ကို ကြည့်ရှု ၍ ၊ မီးဖို ၌ အခိုး ကဲ့သို့ ၊ တပြည် လုံးအခိုး တက် သည်ကို မြင် လေ၏။
29Cum enim subverteret Deus civitates regionis illius, recordatus Abrahæ, liberavit Lot de subversione urbium in quibus habitaverat.
29ထိုသို့ ဘုရား သခင်သည် ချိုင့်ထဲမှာ ရှိ သောမြို့ တို့ကို ဖျက်ဆီး သောအခါ အာဗြံဟံ ကို အောက်မေ့ တော်မူ ၏။ လောတ နေ သောမြို့ တို့ကို မှောက် လှဲသောအခါ မှောက် လှဲရာထဲက လောတ ကို လွှတ် လိုက်တော်မူ၏။
30Ascenditque Lot de Segor, et mansit in monte, duæ quoque filiæ ejus cum eo (timuerat enim manere in Segor) et mansit in spelunca ipse, et duæ filiæ ejus cum eo.
30လောတ သည် ဇောရ မြို့မှ ထွက် ၍ ၊ သမီး နှစ် ယောက်နှင့်တကွ တောင် ပေါ် မှာနေ ၏။ ဇောရ မြို့၌ မ နေ ဝံ့၍ ၊ သမီး နှစ် ယောက်နှင့်တကွ ဥမှင် ၌ နေ ၏။
31Dixitque major ad minorem: Pater noster senex est, et nullus virorum remansit in terra, qui possit ingredi ad nos juxta morem universæ terræ.
31သမီးအကြီး က၊ ငါ တို့အဘ အို ပြီး မြေကြီး သား အပေါင်း တို့၏ ဘာသာအတိုင်း ငါ တို့ထံသို့ဝင်ရသောယောက်ျား တယောက် မျှ မြေပေါ်မှာ မရှိ။
32Veni, inebriemus eum vino, dormiamusque cum eo, ut servare possimus ex patre nostro semen.
32လာကြ။ ငါ တို့အဘ ကိုစပျစ်ရည် တိုက် ကြစို့။ ငါ တို့အဘ ၏ အမျိုးအနွယ် ကို စောင့် မ၍ သူ နှင့် အိပ် ကြ စို့ဟု ညီမ ကို ပြောဆို ၏။
33Dederunt itaque patri suo bibere vinum nocte illa. Et ingressa est major, dormivitque cum patre; at ille non sensit, nec quando accubuit filia, nec quando surrexit.
33ထို နေ့ညမှာ သူ တို့သည် အဘ ကို စပျစ်ရည် တိုက် ပြီးလျှင် ၊ သမီးအကြီး သည် ဝင် ၍ အဘ နှင့် အိပ် လေ ၏။ သူ အိပ် ကြောင်းကို၎င်း ၊ ထ ကြောင်းကို၎င်း အဘ မ သိ။
34Altera quoque die dixit major ad minorem: Ecce dormivi heri cum patre meo, demus ei bibere vinum etiam hac nocte, et dormies cum eo, ut salvemus semen de patre nostro.
34နက်ဖြန် နေ့တွင် အကြီး ကလည်း မနေ့ ညမှာ ငါသည် အဘ နှင့် အိပ် လေပြီ။ ယနေ့ည တဖန် သူ့ ကို စပျစ်ရည် တိုက် ကြစို့။ သင်သည်ဝင် ၍ အဘ ၏အမျိုးအနွယ် ကို စောင့် မခြင်းငှါ ၊ သူ နှင့် အိပ် လော့ဟု ညီမ ကို ပြော ဆို၏။
35Dederunt etiam et illa nocte patri suo bibere vinum, ingressaque minor filia, dormivit cum eo: et ne tunc quidem sensit quando concubuerit, vel quando illa surrexerit.
35ထို နေ့ည၌လည်း သူ တို့သည် အဘ ကို စပျစ်ရည် တိုက် ပြီးလျှင်၊ အငယ် သည်ဝင် ၍ အဘ နှင့် အိပ် လေ၏။ အိပ် ကြောင်းကို၎င်း ၊ ထ ကြောင်းကို၎င်း အဘမ သိ။
36Conceperunt ergo duæ filiæ Lot de patre suo.
36ထိုသို့ လောတ ၏ သမီး နှစ် ယောက်တို့သည်၊ မိမိ အဘ အားဖြင့် ပဋိသန္ဓေ စွဲနေ၏။
37Peperitque major filium, et vocavit nomen ejus Moab: ipse est pater Moabitarum usque in præsentem diem.
37သမီးအကြီး သည် သား ကို ဘွား ၍ မောဘ အမည် ဖြင့် မှည့် လေ၏။ ထိုသူ သည် ယနေ့ တိုင်အောင်ရှိသောမောဘ အမျိုးသားတို့၏ အဘ ဖြစ်သတည်း။
38Minor quoque peperit filium, et vocavit nomen ejus Ammon, id est, Filius populi mei: ipse est pater Ammonitarum usque hodie.
38သမီးအငယ် သည်လည်း သား ကိုဘွား ၍ ဗေနမ္မိ အမည် ဖြင့် မှည့် လေ၏။ ထိုသူ သည် ယနေ့ တိုင်အောင်ရှိသောအမ္မုန် အမျိုးသား တို့၏ အဘ ဖြစ်သတည်း။

Tip: use the ← and → keys to turn chapters.