I Samuelis
Chapter 21
Clementine Vulgate, 1598
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

I Samuelis 21

Clementine Vulgate, 1598
Judson Burmese Bible (1840)
1Venit autem David in Nobe ad Achimelech sacerdotem: et obstupuit Achimelech, eo quod venisset David. Et dixit ei: Quare tu solus, et nullus est tecum?
1ဒါဝိဒ် သည် ယဇ်ပုရောဟိတ် အဟိမလက် ရှိရာ နောဗ မြို့သို့ ရောက် ၍ ၊ အဟိမလက် သည် ဒါဝိဒ် နှင့် တွေ့ သောအခါ ကြောက် ၍၊ သင် သည် လူ တယောက်မျှ မ ပါဘဲ အဘယ်ကြောင့် တကိုယ်တည်း လာသနည်းဟုမေး သော်၊
2Et ait David ad Achimelech sacerdotem: Rex præcepit mihi sermonem, et dixit: Nemo sciat rem propter quam missus es a me, et cujusmodi præcepta tibi dederim: nam et pueris condixi in illum et illum locum.
2ဒါဝိဒ် က၊ ရှင်ဘုရင် အမှု တော်တခုကို အပ် ၍၊ ငါ စေခိုင်း မှာ ထားသော အမှု ကို အဘယ်သူမျှမ သိ စေနှင့်ဟု မိန့် တော်မူသောကြောင့် ၊ ငါ့ကျွန် တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှါ အရင်စေလွှတ်လေပြီ။
3Nunc ergo si quid habes ad manum, vel quinque panes, da mihi, aut quidquid inveneris.
3သို့ဖြစ်၍ ကိုယ်တော် လက် ၌ ရှိ သော မုန့် ငါး လုံးကိုသော်၎င်း၊ တွေ့ သမျှကို သော်၎င်း၊ ကျွန်ုပ် လက် သို့ အပ် ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက် အား တောင်း ၏။
4Et respondens sacerdos ad David, ait illi: Non habeo laicos panes ad manum, sed tantum panem sanctum: si mundi sunt pueri, maxime a mulieribus?
4ယဇ် ပုရောဟိတ်က၊ ငါ့ လက် ၌ လူတိုင်းစားရသောမုန့် မ ရှိ။ လုလင် တို့သည် မိန်းမ ကိုသာ ရှောင် လျှင် ၊ သန့်ရှင်း သော မုန့် ရှိ သည်ဟု ဒါဝိဒ် အားဆို ၏။
5Et respondit David sacerdoti, et dixit ei: Equidem, si de mulieribus agitur: continuimus nos ab heri et nudiustertius quando egrediebamur, et fuerunt vasa puerorum sancta. Porro via hæc polluta est, sed et ipsa hodie sanctificabitur in vasis.
5ဒါဝိဒ် ကလည်း ၊ ကျွန်ုပ် ထွက် ကတည်းကအဘယ်သူမျှမိန်းမ နှင့် မ ပေါင်းဘော်၊ လုလင် တန်ဆာ တို့သည် သန့်ရှင်း ပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသောမုန့်ကဲ့သို့ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်း သောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ် အား ပြန် ပြောသော်၊
6Dedit ergo ei sacerdos sanctificatum panem: neque enim erat ibi panis, nisi tantum panes propositionis, qui sublati fuerant a facie Domini, ut ponerentur panes calidi.
6ယဇ် ပုရောဟိတ်သည် ရှေ့ တော်မုန့် မှတပါး အခြားသော မုန့် မ ရှိ သောကြောင့် သန့်ရှင်း သော မုန့်ကိုပေး ၏။ ထိုရှေ့တော်မုန့်အစား၌ မုန့် သစ်ကို တင် ထားအံ့သောငှါ ထာဝရဘုရား ရှေ့ တော်မှ နှုတ်ပယ် နှင့်ပြီ။
7Erat autem ibi vir quidam de servis Saul in die illa, intus in tabernaculo Domini: et nomen ejus Doëg Idumæus, potentissimus pastorum Saul.
7ထို နေ့၌ အမှု တော်ထမ်းအဝင် သိုး တော်ထိန်းအုပ် ဧဒုံ အမျိုးသား၊ ဒေါဂ အမည် ရှိသောသူသည် ထာဝရဘုရား ရှေ့ တော်၌ စောင့် နေရ၏။
8Dixit autem David ad Achimelech: Si habes hic ad manum hastam aut gladium? quia gladium meum et arma mea non tuli mecum: sermo enim regis urgebat.
8ဒါဝိဒ် ကလည်း ၊ ကိုယ်တော် ၌ ထား လှံ ရှိ သလော။ အမှု တော်ကို အလျင်အမြန် ဆောင်ရသောကြောင့် ၊ ထား အစရှိသော လက်နက် တစုံတခု မျှ မ ပါ ဟု အဟိမလက် အား ပြော လေသော်၊
9Et dixit sacerdos: Ecce hic gladius Goliath Philisthæi, quem percussisti in Valle terebinthi: est involutus pallio post ephod: si istum vis tollere, tolle: neque enim hic est alius absque eo. Et ait David: Non est huic alter similis: da mihi eum.
9ယဇ် ပုရောဟိတ်က၊ ဧလာချိုင့် ၌ သင်လုပ်ကြံ ခဲ့သော ဖိလိတ္တိ လူ ဂေါလျတ် ၏ ထား သည် အဝတ် နှင့် ထုပ်ရစ် လျက် သင်တိုင်း တော်နောက် မှာ ရှိ၏။ ယူ ချင်လျင် ယူ တော့။ အခြား သော ထားမ ရှိဟု ဆိုလျှင်၊ ဒါဝိဒ် က ထိုထားနှင့် တူသော ထားမ ရှိ။ ပေး ပါတော့ဟု ဆို ၏။
10Surrexit itaque David, et fugit in die illa a facie Saul: et venit ad Achis regem Geth.
10ထို နေ့၌ ဒါဝိဒ် သည် ရှောလု ကို ကြောက်သောကြောင့်ထ ၍ ဂါသ မင်းကြီး အာခိတ် ထံသို့ ပြေး သွား ၏။
11Dixeruntque servi Achis ad eum cum vidissent David: Numquid non iste est David rex terræ? nonne huic cantabant per choros, dicentes: [Percussit Saul mille, et David decem millia?]
11အာခိတ် မင်း၏ ကျွန် တို့က၊ ဤ ဒါဝိဒ် သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မ ဟုတ်လော။ ရှောလု အထောင်ထောင် ၊ ဒါဝိဒ် အသောင်းသောင်း သတ် လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်က လျက် သီချင်း ဆိုကြသည် မ ဟုတ်လော ဟု လျှောက် ကြ၏။
12Posuit autem David sermones istos in corde suo, et extimuit valde a facie Achis regis Geth.
12ထို စကား ကို ဒါဝိဒ် သည် မှတ်မိ၍၊ ဂါသ မင်းကြီး အာခိတ် ကို အလွန် ကြောက် သောကြောင့်၊
13Et immutavit os suum coram eis, et collabebatur inter manus eorum: et impingebat in ostia portæ, defluebantque salivæ ejus in barbam.
13ရူးသွပ်ဟန်ဆောင်၍ သူ တို့ရှေ့ မှာ အရူး ကဲ့သို့ပြုလျက် ၊ တံခါးရွက် ပေါ် ၌ ရေးသား ၍ မိမိ တံထွေး ကို မုတ်ဆိတ် တွင် ယို စေ၏။
14Et ait Achis ad servos suos: Vidistis hominem insanum: quare adduxistis eum ad me?
14အာခိတ် မင်းကလည်း ကြည့် ကြလော့။ ဤသူ သည် အရူး ဖြစ်၏။ အဘယ်ကြောင့် ငါ့ ထံသို့ သွင်း ကြသနည်း။
15an desunt nobis furiosi, quod introduxistis istum, ut fureret me præsente? hiccine ingredietur domum meam?
15အရူး ကို ငါ အသုံးလို သည်ဟု သင်တို့သည် ထင်လျက် ငါ့ ရှေ့ မှာ အရူး လုပ်စေခြင်းငှါ ဤ သူကို သွင်း ကြသလော။ ဤ သူသည် နန်းတော် ထဲသို့ ဝင် ရမည်လော ဟု ကျွန် တို့အား ဆို ၏။

Tip: use the ← and → keys to turn chapters.