Petri I 2
Clementine Vulgate, 1598Translation
Clementine Vulgate, 1598
Judson Burmese Bible (1840)
1Deponentes igitur omnem malitiam, et omnem dolum, et simulationes, et invidias, et omnes detractiones,
1ထိုကြောင့် ၊ သင်တို့သည် သခင် ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်း ကြသည်ဖြစ်၍ ၊
2sicut modo geniti infantes, rationabile, sine dolo lac concupiscite: ut in eo crescatis in salutem:
2အမျိုးမျိုး သော မနာလို ခြင်း၊ လှည့်ဖြား ခြင်း၊ လျှို့ဝှက် ခြင်း၊ ငြူစူ ခြင်း၊ ကဲ့ရဲ့ ခြင်းရှိသမျှ ကို ပယ်ရှား ၍၊ ကယ်တင် ခြင်းအလိုငှာ နှုတ်ကပတ် တရား၏ နို့ စစ် အားဖြင့် ကြီးပွား မည်အကြောင်း ၊
3si tamen gustastis quoniam dulcis est Dominus.
3ဘွားစ သောသူငယ် ကဲ့သို့ ၊ ထိုတရားနို့ကို အလွန် လိုချင် သော စိတ်ရှိကြလော့။
4Ad quem accedentes lapidem vivum, ab hominibus quidem reprobatum, a Deo autem electum, et honorificatum:
4လူတို့ ပယ် ထား၍ ဘုရားသခင် ရွေးချယ် တော်မူသော အသက် ကျောက် မြတ် တည်းဟူသောထိုသခင် ထံသို့ သင်တို့သည်ရောက် ၍၊
5et ipsi tamquam lapides vivi superædificamini, domus spiritualis, sacerdotium sanctum, offerre spirituales hostias, acceptabiles Deo per Jesum Christum.
5အသက် ကျောက် များကဲ့သို့ အဆင့်ဆင့်အထပ်ထပ်တည်ဆောက် လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှု ခရစ် အားဖြင့် ဘုရားသခင် နှစ်သက် တော်မူရာ ဓမ္မ ယဇ် ကိုပူဇော် ရသော သန့်ရှင်း သော ယဇ် ပုရောဟိတ်မျိုး လည်း ဖြစ် ကြ၏။
6Propter quod continet Scriptura: Ecce pono in Sion lapidem summum angularem, electum, pretiosum: et qui crediderit in eum, non confundetur.
6ထိုသို့ နှင့်အညီ ကျမ်းစာ လာသည်ကား၊ ရွေးချယ် သော တိုက်ထောင့် အမြစ်ကျောက် မြတ် ကို ဇိအုန် တောင်ပေါ်မှာ ငါချိတ် ထား၏။ ထိုကျောက် ကို အမှီပြု သောသူ သည် ရှက်ကြောက် ခြင်းမ ရှိနိုင်ရာဟု လာသတည်း။
7Vobis igitur honor credentibus: non credentibus autem lapis, quem reprobaverunt ædificantes: hic factus est in caput anguli,
7သို့ဖြစ်၍ ယုံကြည် ခြင်းရှိသော သင် တို့၌ကားဘုန်း အသရေရှိ၏။ နားမထောင် သောသူတို့၌ကား ၊ တိုက်ကိုတည်လုပ် သောသူ များ ပယ် ထားသော ကျောက် သည် နောက်တဖန်တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။
8et lapis offensionis, et petra scandali, his qui offendunt verbo, nec credunt in quo et positi sunt.
8နားမထောင် ဘဲ နှုတ်ကပတ် တရားတော်ကို ထိမိ ၍ လဲ သောသူ တို့သည် ထိမိ ၍ လဲစရာကျောက် ၊ မှားယွင်းစရာကျောက် လည်း ဖြစ်၏။ ထိုအမှု နှင့် တွေ့စေခြင်းငှာ ထိုသူတို့ကို ခန့်ထား တော်မူသတည်း။
9Vos autem genus electum, regale sacerdotium, gens sancta, populus acquisitionis: ut virtutes annuntietis ejus qui de tenebris vos vocavit in admirabile lumen suum.
9သင် တို့မူကား ၊ မှောင်မိုက် ထဲမှ အံ့ဘွယ် သော အလင်း တော်သို့ ခေါ်သွင်း တော်မူသော သူ ၏ဂုဏ် ကျေးဇူးများကို ဖေါ်ပြ စေခြင်းငှာ ၊ ရွေးချယ် တော်မူသော အမျိုး ဖြစ်ကြ၏။ မင်း စည်းစိမ်ရှိသော ယဇ် ပုရောဟိတ်မျိုး၊ သန့်ရှင်း သောလူမျိုး ၊ ပိုင်ထိုက် တော်မူသော အပေါင်း အသင်းဖြစ်ကြ၏။
10Qui aliquando non populus, nunc autem populus Dei: qui non consecuti misericordiam, nunc autem misericordiam consecuti.
10အထက် ကအပေါင်း အသင်းမ ဟုတ်၊ ယခု တွင် ဘုရားသခင် အပေါင်း အသင်းဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမ ခံရသော်လည်း ယခု တွင် ခံရ ကြ၏။
11Carissimi, obsecro vos tamquam advenas et peregrinos abstinere vos a carnalibus desideriis, quæ militant adversus animam,
11ချစ်သူ တို့၊ ဝိညာဉ် နှင့်စစ် ပြိုင် တတ်သော ကိုယ် ကာယတပ်မက် ခြင်းတို့ကို ရှောင် မည်အကြောင်း၊ ဧည့်သည် အာဂန္တုကဲ့သို့သောသင်တို့ကို ငါတောင်းပန် ၏။
12conversationem vestram inter gentes habentes bonam: ut in eo quod detrectant de vobis tamquam de malefactoribus, ex bonis operibus vos considerantes, glorificent Deum in die visitationis.
12သာသနာပ လူတို့သည် သင် တို့ကိုကဲ့ရဲ့ ပြစ်တင်ကြသည်အမှု မှာ၊ ဘုရားသခင် ကြည့်ရှု စီရင်တော်မူသော နေ့ရက် ၌ ၊ သင်တို့၏ ကောင်း သောအကျင့် ကို သူ တို့သည် ထောက်ရှု ၍ ဘုရားသခင်ကိုချီးမွမ်း မည်အကြောင်း၊ သူတို့ ရှေ့၌တင့်တယ် လျောက်ပတ်စွာ ကျင့် နေကြလော့။
13Subjecti igitur estote omni humanæ creaturæ propter Deum: sive regi quasi præcellenti:
13သခင် ဘုရား၏မျက်နှာတော်ကို ထောက်လျက်၊ အထွဋ်အမြတ်တည်းဟူသောရှင်ဘုရင် ဖြစ်စေ ၊ လူဆိုး တို့ကို ဒဏ်စီရင် စေခြင်းငှာ၎င်း၊ လူကောင်း တို့ကို ချီးမွမ်းစေခြင်းငှာ၎င်း၊
14sive ducibus tamquam ab eo missis ad vindictam malefactorum, laudem vero bonorum:
14ရှင်ဘုရင်ခန့်ထားသော ဝန်မင်း ဖြစ်စေ ၊ လူ တို့တွင် စီရင် ခန့်ထားသမျှ သောမင်း၏အုပ်စိုးခြင်းကို ဝန်ခံ ကြလော့။
15quia sic est voluntas Dei, ut benefacientes obmutescere faciatis imprudentium hominum ignorantiam:
15အကြောင်းမူကား ၊ သင်တို့သည် ကောင်းသောအကျင့်ကို ကျင့် သောအားဖြင့်လူမိုက် တို့၏ မိုက်မဲ သောစကားကို ချေ စေခြင်းငှာ၊ ဘုရားသခင် သည် ထိုသို့သော အလို တော်ရှိ ၏။
16quasi liberi, et non quasi velamen habentes malitiæ libertatem, sed sicut servi Dei.
16လူ လွတ်ဖြစ်သော်လည်း၊ လွတ် ခြင်းအကြောင်းဖြင့် မကောင်း သောအမှုတို့ကို ဖုံးအုပ် သောသူကဲ့သို့ မ ကျင့် ၊ ဘုရားသခင် ၏ ကျွန် ကဲ့သို့ ကျင့်နေကြလော့။
17Omnes honorate: fraternitatem diligite: Deum timete: regem honorificate.
17ခပ်သိမ်း သောသူတို့ကို ရိုသေ ကြလော့။ ညီအစ်ကို များကို ချစ် ကြလော့။ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင် ကိုရိုသေ ခြင်း ရှိကြလော့။
18Servi, subditi estote in omni timore dominis, non tantum bonis et modestis, sed etiam dyscolis.
18အစေခံငယ်သား တို့၊ အလွန် ကြောက်ရွံ့ ခြင်းနှင့်တကွကိုယ်သခင် တို့၏ အုပ်စိုးခြင်းကို ဝန်ခံ ကြလော့။ သခင်သည်စိတ်ကောင်း ၍ ဖြည်းညှင်း သောသဘောရှိသည်ဖြစ်စေ၊ ကြမ်းတမ်း သောသဘောရှိသည်ဖြစ်စေဝန်ခံကြလော့။
19Hæc est enim gratia, si propter Dei conscientiam sustinet quis tristitias, patiens injuste.
19အကြောင်းမူကား ၊ ဘုရားသခင် ၏မျက်နှာ တော်ကိုထောက်၍ ၊ မတရား သောညှဉ်းဆဲ ခြင်းကို နာကျင် စွာခံရလျှင် ကျေးဇူး ရှိ၏။
20Quæ enim est gloria, si peccantes, et colaphizati suffertis? sed si bene facientes patienter sustinetis, hæc est gratia apud Deum.
20ကိုယ်အပြစ် ကြောင့် ဒဏ် ခံရသောအခါသည်းခံ လျှင် ၊ အဘယ် ချီးမွမ်း စရာရှိသနည်း။ ကောင်းမွန် စွာပြု၍ ဆင်းရဲ ခံရသောအခါသည်းခံ လျှင် ၊ ဘုရားသခင့် ရှေ့တော်၌ ကျေးဇူး ရှိ၏။
21In hoc enim vocati estis: quia et Christus passus est pro nobis, vobis relinquens exemplum ut sequamini vestigia ejus:
21အကြောင်းမူကား ၊ ထိုသို့ အလိုငှာ သင်တို့ကိုခေါ် တော်မူပြီ၊ ခရစ်တော် သည် ငါ တို့အတွက် ခံ တော်မူသည်ဖြစ်၍ ၊ ခြေ တော်ရာကို ရှောက်လိုက် စေခြင်းငှာ ပုံ သက်သေကိုထား တော်မူပြီ။
22qui peccatum non fecit, nec inventus est dolus in ore ejus:
22ထိုသခင် သည် ဒုစရိုက် ကိုမ ပြု ၊ နှုတ် တော်၌ လည်း မုသာ ကိုရှာ မ တွေ့၊ ကဲ့ရဲ့ ခြင်းကို ခံရသောအခါပြန် ၍မ ကဲ့ရဲ့။
23qui cum malediceretur, non maledicebat: cum pateretur, non comminabatur: tradebat autem judicanti se injuste:
23အသေခံ ရသောအခါခြိမ်းချောက် ခြင်းကိုမ ပြု။ တရား သဖြင့် စီရင် တော်မူသောသူ ၌ ကိုယ်ကိုကိုယ်အပ်နှံ တော်မူ၏။
24qui peccata nostra ipse pertulit in corpore suo super lignum; ut peccatis mortui, justitiæ vivamus: cujus livore sanati estis.
24ငါတို့သည်အပြစ် နှင့်ဆိုင်သောအရာ၌ အသေ ဖြစ်၍၊ ဖြောင့်မတ် ခြင်းအရာ၌ အသက် ရှင်စေမည် အကြောင်း ၊ ငါ တို့အပြစ် များကို ကိုယ်တော် တိုင် သစ် တိုင်မှာ ခံတော်မူပြီ။ ဒဏ်ချက် တော်များအားဖြင့် သင်တို့သည် အနာ ပျောက်လျက်ရှိကြ၏။
25Eratis enim sicut oves errantes, sed conversi estis nunc ad pastorem, et episcopum animarum vestrarum.
25သင်တို့သည် အထက်ကလမ်းလွဲ ၍ ပျောက်သောသိုး ကဲ့သို့ ဖြစ်ကြ ၏။ ယခု မူကား ၊ သိုးထိန်း တည်းဟူသောသင် တို့၏ဝိညာဉ် တို့ကို အုပ်စိုး ကြည့်ရှုတော်မူသောအရှင်ထံသို့ ပြန်ရောက် ကြပြီ။
Tip: use the ← and → keys to turn chapters.