Hosea 4
JPS Tanakh (Jewish Publication Society, 1917)
Judson Burmese Bible (1840)
1Hear the word of the LORD, ye children of Israel! for the LORD hath a controversy with the inhabitants of the land, because there is no truth, nor mercy, nor knowledge of God in the land.
1အိုဣသရေလ အမျိုးသား တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ ထာဝရဘုရား သည် ပြည်သူ ပြည်သားတို့နှင့် တရား တွေ့မှုရှိတော်မူ၏။ အကြောင်း မူကား၊ သူတို့သည် သစ္စာ မ ရှိ၊ ကရုဏာ မ ရှိ၊ ဘုရား သခင်ကို မ သိ ကြ။
2Swearing and lying, and killing, and stealing, and committing adultery! they break all bounds, and blood toucheth blood.
2ကျိန်ဆဲ ခြင်း၊ မုသာ စကားကို ပြောခြင်း၊ လူအသက် ကို သတ် ခြင်း၊ သူ့ဥစ္စာကိုခိုး ခြင်း၊ သူ့ မယားကို ပြစ်မှားခြင်းတို့၌ အဆီး အတားမရှိ။ လူအသက်ကိုသတ် သောအပြစ် အထပ်ထပ်ရှိကြ၏။
3Therefore doth the land mourn, and every one that dwelleth therein doth languish, with the beasts of the field, and the fowls of heaven; yea, the fishes of the sea also are taken away.
3ထိုကြောင့် ၊ ပြည် သည် ငြိုငြင် လိမ့်မည်။ ပြည်သား အပေါင်း တို့နှင့်တကွ ၊ တော သားရဲ ၊ မိုဃ်း ကောင်းကင်ငှက် တို့သည် အားလျော့ ကြလိမ့်မည်။ ပင်လယ် ငါး တို့ သည်လည်း ကုန် ကြလိမ့်မည်။
4Yet let no man strive, neither let any man reprove; for thy people are as they that strive with the priest.
4သို့ရာတွင် ၊ အဘယ် သူမျှမ ဆီးတား စေနှင့်။ အဘယ် သူမျှမ ဆုံးမ စေနှင့်။ အကြောင်း မူကား၊ သင် ၏ အမျိုးသား ချင်းတို့သည် ယဇ်ပုရောဟိတ် နှင့် ဆန့်ကျင်ဘက် ပြုသောသူကဲ့သို့ ဖြစ်ကြ၏။
5Therefore shalt thou stumble in the day, and the prophet also shall stumble with thee in the night; and I will destroy thy mother.
5ထိုကြောင့် ၊ နေ့ အချိန်၌ သင်သည်လဲ ရလိမ့်မည်။ ညဉ့် အချိန်၌ သင် နှင့်အတူ ပရောဖက် သည်လည်း လဲ ရ လိမ့်မည်။ သင့် အမိ ကိုလည်း ငါဖျက်ဆီး မည်။
6My people are destroyed for lack of knowledge; because thou hast rejected knowledge, I will also reject thee, that thou shalt be no priest to Me; seeing thou hast forgotten the law of thy God, I also will forget thy children.
6ငါ့ လူ တို့သည် ပညာ နည်း သောကြောင့် ဆုံးရှုံး ကြ၏။ သင်သည် ပညာ ကိုပယ် သောကြောင့် ၊ ငါ့ ယဇ် ပုရောဟိတ်အဖြစ်သို့ မရောက်စေခြင်းငှါ သင့် ကို ငါပယ် မည်။ သင် ၏ ဘုရား သခင့်တရား ကို သင်မေ့လျော့ သောကြောင့် ၊ သင် ၏ သားသမီး တို့ကို ငါ့မေ့လျော့ မည်။
7The more they were increased, the more they sinned against Me; I will change their glory into shame.
7သူ တို့သည် ဘုန်းတိုးပွား သည်အတိုင်း ငါ့ ကို ပြစ်မှား ကြပြီ။ သို့ဖြစ်၍ ၊ သူ တို့၏ ဘုန်း ကို ငါအရှက်ကွဲ စေမည်။
8They feed on the sin of My people, and set their heart on their iniquity.
8ငါ့ လူ တို့၏ အပြစ် ဖြေရာ ယဇ်တို့ကို စား လျက် နှင့် ပင်၊ ထို အပြစ် ကို စိတ် စွဲလမ်းတတ်ကြ၏။
9And it is like people, like priest; and I will punish him for his ways, and will recompense him his doings.
9ထိုကြောင့် ၊ လူ တို့၌ ဖြစ်သကဲ့သို့ ယဇ်ပုရောဟိတ် ၌ ဖြစ် လိမ့်မည်။ သူ တို့အကျင့် များကို ငါစစ်ကြော ၍ ၊ အသီးအသီး ပြုမူ သမျှအတိုင်းအကျိုး အပြစ်ကိုပေးမည်။
10And they shall eat, and not have enough, they shall commit harlotry, and shall not increase; because they have left off to take heed to the LORD.
10သူတို့သည် စား ၍ မ ဝ ရကြ။ မ တရားသောမေထုန် ကိုပြု၍ သားသမီး ကို မ ဘွားမြင်ရကြ။
11Harlotry, wine, and new wine take away the heart.
11အကြောင်း မူကား စိတ် နှလုံးကို ယစ်မူး စေတတ် သော ကာမ ဂုဏ်၌ ပျော်မွေ့ခြင်း၊ စပျစ်ရည် နှင့် သေရည် သေရက်ကို သောက် ခြင်း၌ မှီဝှဲသောကြောင့် ၊ ထာဝရဘုရား ကို စွန့်ပစ် ကြပြီ။
12My people ask counsel at their stock, and their staff declareth unto them; for the spirit of harlotry hath caused them to err, and they have gone astray from under their God.
12ငါ့ လူ တို့သည် သစ်သား နှင့် တိုင်ပင် တတ်ကြ၏။ သူ တို့၏တောင်ဝေး သည် အကြံ ပေးတတ်၏။ ကိလေသာ စိတ် အားကြီးသောကြောင့် ၊ သူတို့သည် လမ်းလွှဲ ၍ မိမိ တို့ ဘုရား သခင့်ထံမှာ မနေ၊ မှားယွင်း တတ်ကြ၏။
13They sacrifice upon the tops of the mountains, and offer upon the hills, under oaks and poplars and terebinths, because the shadow thereof is good; therefore your daughters commit harlotry, and your daughters-in-law commit adultery.
13တောင် ထိပ် ပေါ် ၊ ကုန်း ပေါ် မှာ၎င်း ၊ အရိပ် ကောင်း သောသပိတ် ပင်မျိုး၊ လိဗနော ပင် အောက် မှာ၎င်း ၊ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ တတ်ကြ၏။ ထိုကြောင့် ၊ သင် တို့သမီး တို့သည် ယောက်ျား နှင့် မှားယွင်း၍ ၊ ချွေးမ တို့သည် မျောက်မထား တတ်ကြ၏။
14I will not punish your daughters when they commit harlotry, nor your daughters-in-law when they commit adultery; for they themselves consort with lewd women, and they sacrifice with harlots; and the people that is without understanding is distraught.
14သင် တို့သမီး တို့သည် ယောက်ျား နှင့် မှားယွင်း၍ ၊ ချွေးမ တို့သည် မျောက်မထား သော်လည်း ငါမ စစ်ကြော ၊ အကြောင်း မူကား၊ ယောက်ျားတို့သည် ကိုယ့်မယားကို စွန့်ပစ်၍ ပြည်တန်ဆာတို့နှင့် ပေါင်းဘော်တက်ကြ၏။ မိန်းမရွှင်တို့နှင့်အတူယဇ်ပူဇော်တတ်ကြ၏။ သို့ဖြစ်၍၊ပညာမရှိသောသူတို့ သည် ဆုံးရှုံးကြလိမ့်မည်။
15Though thou, Israel, play the harlot, yet let not Judah become guilty; and come not ye unto Gilgal, neither go ye up to Beth-aven, nor swear: 'As the LORD liveth.'
15အိုဣသရေလ အမျိုး၊ သင် သည် ပြည်တန်ဆာ လုပ်သော်လည်း ၊ ယုဒ အမျိုးကို မ မှားယွင်း ပါစေနှင့်။ ဂိလဂါလ မြို့သို့ မ ချဉ်းကပ် ကြနှင့်။ ဗေသဝင် မြို့သို့ မ သွား ကြနှင့်။ ထာဝရဘုရား အသက်ရှင် တော်မူသည် အတိုင်းဟူ၍မ ကျိန်ဆို ကြနှင့်။
16For Israel is stubborn like a stubborn heifer; now shall the LORD feed them as a lamb in a large place?
16ဣသရေလ အမျိုးသည် ရုန်း တတ်သော နွား မပျိုကဲ့သို့ ဆန့်ကျင် ဘက်ပြုတတ်၏။ ယခုမှာထာဝရဘုရား သည် ကျယ် သောအရပ်၌ သိုးသငယ် ကိုထိန်း သကဲ့သို့ ၊ ဣသရေလ အမျိုးကို ပြုတော်မူမည်။
17Ephraim is joined to idols; let him alone.
17ဧဖရိမ် သည်ရုပ်တု တို့၌စွဲကပ် လျက်ရှိ၏။ သူ့ ကို တတ် တိုင်းရှိစေလော့။
18When their carouse is over, they take to harlotry; her rulers deeply love dishonour.
18သူ တို့စားသောက် ပွဲခံချိန်လွန် ပြီ။ မင်း လုပ်သောသူတို့သည် အထပ်ထပ်မတရား သောမေထုန် ကိုပြုကြပြီ။ ရှက်ဘွယ် သောအမှုကိုတပ်မက် ကြပြီ။
19The wind hath bound her up in her skirts; and they shall be ashamed because of their sacrifices.
19လေ သည် မိမိ အတောင် တို့နှင့် တိုက် ၍ ပါသွားမည်။ သူ တို့သည် မိမိ တို့ ပူဇော်သောယဇ် များကြောင့် ရှက် ကြလိမ့်မည်။
Tip: use the ← and → keys to turn chapters.