創世記 35
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1神はヤコブに言われた。「立ち上がってベテルへ上り、そこに住め。兄エサウから逃げたとき、あなたに現れた神のために、そこで祭壇を造れ。」
1ထိုနောက် ဘုရားသခင် က၊ သင်ထ ၍ ဗေသလ အရပ်သို့ သွားနေ လော့။ သင် သည် အစ်ကို ဧသော ထံ မှ ပြေး သောအခါ ၊ သင့် အား ထင်ရှား သော ဘုရား သခင်အဘို့ ၊ ထို အရပ်၌ ယဇ် ပလ္လင်ကို တည် လော့ဟု၊ ယာကုပ် အား မိန့် တော်မူ၏။
2そこでヤコブは自分の家族と、彼と一緒にいるすべての者に言った。「あなたがたの中にある外国の神々を捨て去り、身をきよめ、衣を着替えなさい。
2ထိုအခါ ယာကုပ် သည် အိမ်သူ အိမ်သားများနှင့် ၊ မိမိ ၌ ရှိသောသူ အပေါင်း တို့ကို ခေါ် ၍၊ သင် တို့တွင် ပါ သော၊ တပါး အမျိုးသားတို့၏ ဘုရား တို့ကို ပယ် ပစ် ကြလော့။ အဝတ် ကို လဲ ၍ သန့်ရှင်း ခြင်း ရှိစေကြလော့။
3さあ立ち上がり、ベテルへ上って行こう。私の苦難の日に私に答え、私の行く道で私と共におられた神に、私はそこで祭壇を造る。」
3ယခုထ ၍ ဗေသလ အရပ်သို့သွား ကြစို့။ ငါသည် ဆင်းရဲ ခံရသောကာလ ငါ့ ကိုထူး ၍၊ ငါသွား သော လမ်း ၌ ကြွတော်မူသောဘုရား သခင်အဘို့ ထို အရပ်၌ ယဇ် ပလ္လင်ကို ငါတည် မည်ဟု ဆိုလေ၏။
4彼らは、自分たちの手にあるすべての外国の神々と、耳にある輪をヤコブに渡した。ヤコブはそれらを、シェケムのそばにある樫の木の下に隠した。
4သူတို့သည်လည်း၊ မိမိ တို့၌ ပါ သောတပါး အမျိုးသားတို့၏ ဘုရား အပေါင်း တို့နှင့်၊ နား ၌ ပန်သော နား ပန်တန်ဆာရှိသမျှတို့ကို၊ ယာကုပ် အား ပေး ၍ ၊ ယာကုပ် လည်း၊ ရှေခင် မြို့နား တွင် ရှိသော သပိတ် ပင် အောက် ၌ မြှုပ် ထားလေ၏။
5彼らが旅立つと、神への恐怖が周囲の町々を襲い、人々はヤコブの息子たちを追わなかった。
5သူတို့ပြောင်း သွား ကြသောအခါ ၊ ပတ်ဝန်းကျင် မြို့ သားတို့သည်၊ ဘုရားသခင် ကို ကြောက်ရွံ့ ၍ ၊ ယာကုပ် သား တို့ကို မ လိုက် ဝံ့ဘဲနေကြ၏။
6こうして、ヤコブと彼と一緒にいたすべての民は、カナンの地にあるルズ、すなわちベテルに着いた。
6ယာကုပ် သည် မိမိ ၌ ပါသောသူ အပေါင်း နှင့်တကွ ၊ ခါနာန် ပြည် လုဇ မြို့တည်းဟူသော၊ ဗေသလ အရပ်သို့ ရောက် ကြသော်၊
7彼はそこに祭壇を築き、その場所をエル・ベテルと呼んだ。兄から逃げたとき、そこで神が彼に現れたからである。
7ယဇ် ပလ္လင်ကိုတည် ၍ ၊ ထိုအရပ် ကို ဗေသလ အမည်ဖြင့် တဖန် သမုတ် ပြန်လေ၏။ အကြောင်း မူကား၊ အစ်ကို ထံ မှ ပြေး သောအခါ ၊ ထို အရပ်၌ ဘုရားသခင် ထင်ရှား တော်မူသတည်း။
8リベカの乳母デボラが死に、ベテルの下の方にある樫の木の下に葬られた。その名はアロン・バクテと呼ばれた。
8ရေဗက္က ၏အထိန်း ဒေဗောရ သေ ၍ ၊ ဗေသလ အရပ်၌ သပိတ် ပင်အောက် တွင် သင်္ဂြိုဟ် ခြင်းကို ခံရလေ ၏။ ထို အပင်ကို အာလုမ္ဘာကုတ် ဟူ၍တွင် သတည်း။
9ヤコブがパダン・アラムから来たとき、神は再び彼に現れ、彼を祝福された。
9ယာကုပ် သည် ပါဒနာရံ အရပ်မှ ပြန် လာသောနောက် ၊ တဖန်ဘုရားသခင် ထင်ရှား ၍ ကောင်းကြီး ပေး တော်မူပြီးလျှင်၊
10神は彼に言われた。「あなたの名はヤコブである。あなたの名はもはやヤコブとは呼ばれず、あなたの名はイスラエルとなる。」神は彼をイスラエルと名付けられた。
10သင် သည် ယခု ယာကုပ် အမည် ရှိ၏။ နောင်၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ။ ဣသရေလ ဟူ၍ခေါ်ရမည်ဟု မိန့် တော်မူလျက် ဣသရေလ အမည် ဖြင့် သမုတ် တော်မူ၏။
11神は彼に言われた。「わたしは全能の神である。生めよ、増えよ。一つの民族と、多くの民族の集まりがあなたから出て、王たちがあなたの体から出る。
11တဖန် ဘုရားသခင် က၊ ငါ သည် အနန္တ တန်ခိုးရှင်ဘုရား သခင်ဖြစ်၏။ တိုးပွါး များပြားလော့။ လူ တမျိုး မက၊ အမျိုးမျိုးတို့သည် သင် ၌ ဖြစ် ကြလိမ့်မည်။ ရှင် ဘုရင်တို့သည် သင် ၏ အမျိုးအနွယ်၌ ဖြစ် ကြလိမ့်မည်။
12わたしがアブラハムとイサクに与えた地を、わたしはあなたに与え、あなたの後に続くあなたの子孫にその地を与える。」
12အာဗြဟံ နှင့် ဣဇာက် အား ငါပေး သော မြေ ကို သင် နှင့် သင် ၏ အမျိုးအနွယ် အား ငါပေး မည်ဟု မိန့် တော်မူ ၏။
13神は、彼と語られた場所から、彼を離れて上って行かれた。
13ထိုသို့ ယာကုပ် နှင့် နှုတ်ဆက်၍ မိန့် မြွက်တော်မူရာအရပ် မှ ၊ ဘုရားသခင် တက် ကြွတော်မူ၏။
14ヤコブは、神が彼と語られた場所に一本の柱、石の柱を立てた。彼はその上に飲み物のささげ物を注ぎ、その上に油を注いだ。
14ဘုရားသခင်နှုတ်ဆက်၍ မိန့် မြွက်တော်မူရာ အရပ် ၌ ၊ ယာကုပ် သည် ကျောက်တိုင် ကို စိုက် ၍ ၊ ကျောက်ဖျာ ပေါ် ၌ သွန်းလောင်း ရာ ပူဇော် သက္ကာကို၎င်း၊ ဆီ ကို ၎င်း လောင်း လေ၏။
15ヤコブは、神が彼と語られた場所の名をベテルと呼んだ。
15ဗျာဒိတ် တော်ကို ခံရသောထိုအရပ် ကိုလည်း၊ ဗေသလ ဟူ၍တဖန် သမုတ် ပြန်လေ၏။
16彼らはベテルから旅立った。エフラテに着くまでにはまだ少し距離があったが、ラケルは産気づいた。彼女は難産であった。
16ထိုနောက် တဖန် ဗေသလ အရပ်မှ ခရီး သွားပြန်၍ ၊ ဧဖရတ် မြို့နှင့် နီးသောအခါ၊ ရာခေလ သည် သားဘွား အံ့သောအချိန် ရောက်၍၊ ပြင်းစွာသော ဝေဒနာကို ခံရ၏။
17難産で苦しんでいる彼女に、助産婦は言った。「恐れないでください。この子も男の子です。」
17ထိုသို့ ပြင်းစွာခံနေရစဉ်တွင်၊ ဝမ်းဆွဲ က၊ မ စိုးရိမ် နှင့်၊ သား ယောက်ျားကို ရပြီဟုဆို လေ၏။
18彼女は息を引き取ろうとする中で、その子をベン・オニと名付けた。しかし父は、ベニヤミンと名付けた。
18ရာခေလ သည် သေ အံ့ဆဲဆဲရှိ၍ ၊ နံ ဝိညာဉ် ထွက် စဉ် အခါ၊ ထို သားကို ဗေနောနိ အမည် ဖြင့် မှည့် လေ ၏။ အဘ မူကား ဗင်္ယာမိန် အမည် ဖြင့် မှည့်သတည်း။
19ラケルは死に、エフラテ、すなわちベツレヘムへの道に葬られた。
19ရာခေလ သေ ၍ ၊ ဗက်လင် အမည်ရှိသောဧဖရတ် မြို့သို့ သွား သော လမ်းခရီးတွင်၊ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။
20ヤコブは彼女の墓の上に柱を立てた。これは今日に至るまで、ラケルの墓の柱である。
20ယာကုပ် လည်း သင်္ချိုင်း အပေါ် မှာ မှတ်တိုင် ကို စိုက် လေ၏။ ထို မှတ်တိုင် ကား၊ ယနေ့ တိုင်အောင် ရာခေလ ၏ သင်္ချိုင်း မှတ်တိုင်ဖြစ်သတည်း။
21イスラエルは旅立ち、エデルの塔の向こうに天幕を張った。
21ဣသရေလ သည် တဖန် ခရီး သွားပြန်၍ ၊ ဧဒါလင့်စင် ကို လွန် ပြီးမှတဲ ကိုဆောက် လေ၏။
22イスラエルがその地に住んでいたとき、ルベンは行って、父のそばめであるビルハと寝た。イスラエルはそれを聞いた。 さて、ヤコブの息子は十二人であった。
22ထိုအရပ် ၌ နေ သောအခါ ၊ ရုဗင် သည်သွား ၍ အဘ ၏မယားငယ် ၊ ဗိလဟာ နှင့် အိပ် လေ၏။ ထို သတင်း ကို ဣသရေလ ကြား ၏။
23レアの息子たちは、ヤコブの長男ルベン、シメオン、レビ、ユダ、イッサカル、ゼブルン。
23ယာကုပ် သား တကျိပ် နှစ် ပါးရှိ ၏။ လေအာ တွင် မြင်သော သား ကား၊ ယာကုပ် ၏သားဦး ရုဗင် ၊ အစရှိ သော ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန် တည်း။
24ラケルの息子たちは、ヨセフ、ベニヤミン。
24ရာခေလ သား ကား၊ ယောသပ် နှင့် ဗင်္ယာမိန် တည်း။
25ラケルの女のしもべビルハの息子たちは、ダン、ナフタリ。
25ရာခေလ ၏ ကျွန်မ ဗိလဟာ သား ကား၊ ဒန် နှင့် နဿလိ တည်း။
26レアの女のしもべジルパの息子たちは、ガド、アシェル。これらは、パダン・アラムでヤコブに生まれた息子たちである。
26လေအာ ၏ ကျွန်မ ဇိလပ သား ကား၊ ဂဒ် နှင့် အာရှာ တည်း။ ဤ သူတို့ကား၊ ပါဒနာရံ ပြည်၌ ဘွားမြင် သော ယာကုပ် ၏သား များတည်း။
27ヤコブは、アブラハムとイサクが寄留していたマムレ、キルヤト・アルバ、すなわちヘブロンにいる父イサクのところへ行った。
27ထိုနောက် ယာကုပ် သည် အာဗြဟံ နှင့် ဣဇာက် တည်းခို ရာ၊ မံရေ အရပ်၊ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့၌နေ သော၊ အဘ ဣဇာက် ထံ သို့ရောက် လေ၏။
28イサクの生涯は百八十年であった。
28ဣဇာက် အသက် သည် အနှစ် တရာ ရှစ်ဆယ် နှင့် ပြည့်စုံ သည်ရှိသော်၊
29イサクは息を引き取って死に、老いて長寿を全うし、自分の民に加えられた。息子のエサウとヤコブが彼を葬った。
29အသက် ကြီးရင့်ရာ၊ ကာလ ပြည့်စုံ ရာ၌ အသက်ချုပ် ၍ အနိစ္စ ဖြစ်သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက် လေ၏။ သား ဧသော နှင့် ယာကုပ် တို့သည် သင်္ဂြိုဟ် ကြ၏။
Tip: use the ← and → keys to turn chapters.