創世記 25
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1アブラハムはもう一人の妻をめとった。彼女の名はケトラであった。
1တဖန် အာဗြဟံ သည်၊ ကေတုရ အမည် ရှိသောမိန်းမ နှင့် စုံဘက် ၍၊
2彼女は彼に、ジムラン、ヨクシャン、メダン、ミディアン、イシュバク、シュアを産んだ。
2ထိုမိန်းမ သည် ဇိမရံ ၊ ယုတ်ရှန် ၊ မေဒန် ၊ မိဒျန် ၊ ဣရှဗက် ၊ ရှုအာ တို့ကို ဘွားမြင် လေ၏။
3ヨクシャンはシバとデダンの父となった。デダンの息子たちは、アシュリ人、レトシ人、レウミ人であった。
3ယုတ်ရှန် သား ကား ၊ ရှေဘ နှင့် ဒေဒန် တည်း။ ဒေဒန် သား ကား ၊ အာရှုရိမ် လူ၊ လေတုရှိမ် လူ၊ လုမ်မိမ် လူတည်း။
4ミディアンの息子たちは、エファ、エフェル、ハノク、アビダ、エルダアであった。これらは皆、ケトラの子どもたちであった。
4မိဒျိန် သား ကား ၊ ဧဖါ ၊ ဧဖေရ ၊ ဟာနုတ် ၊ အဘိဒ ၊ ဧလဒါ တည်း။ ထို သူအပေါင်း တို့ကား ကေတုရ အနွယ် ဖြစ်ကြသတည်း။
5アブラハムは自分のすべての持ち物をイサクに与えた。
5အာဗြဟံ သည်၊ မိမိ ဥစ္စာရှိသမျှ ကို ဣဇာက် အား ပေး လေ၏။
6しかし、アブラハムのそばめたちの息子たちには、アブラハムは贈り物を与えた。彼はまだ生きている間に、彼らを息子イサクから離して、東の方、東の国へ送り出した。
6မယားငယ် တို့၌ ရသောသား တို့အား လည်း ၊ မိမိ အသက် ရှင်စဉ်တွင်ဆုလပ် များကိုဝေပေး ၍ ၊ သား ဣဇာတ် ထံမှ အရှေ့ ပြည် သို့ လွှတ် လိုက်လေ၏။
7アブラハムが生きた年数は百七十五年であった。
7ထိုနောက် အာဗြဟံ သည် အသက် ကြီးရင့်၍ ၊ အိုမင်း ခြင်း၊ နေ့ရက် ကာလပြည့်စုံ ခြင်းနှင့်တကွ ၊ အသက် ပေါင်း တရာ ခုနစ် ဆယ်ငါး နှစ် ရှိသော်၊
8アブラハムは息を引き取って死んだ。長寿を全うし、老いて満ち足り、自分の民に加えられた。
8အသက်ချုပ် ၍ အနိစ္စ ဖြစ်သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။
9息子たちであるイサクとイシュマエルは、彼をマクペラの洞穴に葬った。そこはマムレの前にある、ヘト人ツォハルの子エフロンの畑であった。
9သား ဣဇာက် နှင့် ဣရှမေလ တို့သည်၊ မံရေ မြို့ ရှေ့မှာ ၊ ဟိတ္တိ အမျိုးသား၊ ဇောရ သား ဧဖရုန် ၏လယ်ပြင် တွင် ၊ မပ္ပေလ မြေတွင်း ၌ အဘကို သင်္ဂြိုဟ် ကြ၏။
10その畑は、アブラハムがヘトの人々から買い取ったものである。そこにアブラハムと妻サラが葬られた。
10ဟေသ အမျိုးသား တို့အား အဘိုးပေး၍ အာဗြဟံ ဝယ် သောလယ်ပြင် ၌ ၊ အာဗြဟံ နှင့် မယား စာရာ တို့ကို သင်္ဂြိုဟ် ကြသတည်း။
11アブラハムの死後、神はその息子イサクを祝福された。イサクはベエル・ラハイ・ロイの近くに住んだ。
11အာဗြဟံ သေ သောနောက် ၊ သား ဣဇာက် ကို ဘုရားသခင် ကောင်းကြီး ပေးတော်မူ၏။ ဣဇာက် သည် ဗေရလဟဲရော မြို့မှာ နေ သတည်း။
12これは、サラのしもべであるエジプト人ハガルがアブラハムに産んだ、アブラハムの息子イシュマエルの系図である。
12စာရာ ၏ကျွန်မ ၊ အဲဂုတ္တု ၊ အမျိုးသားဟာဂရ ဘွားမြင် သော အာဗြဟံ သား ဣရှမေလ ၏ သားစဉ်မြေးဆက် တည်းဟူသော၊
13これらは、それぞれの名によるイシュマエルの息子たちの名である。イシュマエルの長子ネバヨト、次にケダル、アドベエル、ミブサム、
13မိမိ အမျိုးအနွယ် အလိုက် ၊ ဣရှမေလ သား များအမည် ဟူမူကား ၊ သား အကြီး နဗာယုတ်။ ထိုနောက် ကေဒါ ၊ အာဒဗေလ ၊ မိဗသံ၊
14ミシュマ、ドマ、マサ、
14မိရှမ ၊ ဒုမာ ၊ မာစ ၊
15ハダド、テマ、エツル、ナフィシュ、ケデマである。
15ဟာဒဒ် ၊ တေမ ၊ ယေတုရ ၊ နာဖိရှ ၊ ကေဒမာ တည်းဟူသော၊
16これらがイシュマエルの息子たちであり、その村々、その宿営地に付けられた名である。彼らは部族ごとの十二人の族長であった。
16ဣရှမေလ သား တည်း။ ထို သို့အမည် ရှိသောသူ တို့ သည်၊ မိမိ မြို့ ၊ မိမိ ရဲတိုက် အလိုက် ၊ အမျိုးမျိုး သော မင်း ဆယ် နှစ် ပါးဖြစ်သတည်း။
17イシュマエルの生涯は百三十七年であった。彼は息を引き取って死に、自分の民に加えられた。
17ဣရှမေလ သည် အသက် တရာ သုံး ဆယ်ခုနစ် နှစ် ရှိသော်၊ အသက် ချုပ်၍ သေ သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။
18彼らは、エジプトの前にあるハビラから、アッシリアへ行く道にあるシュルに至るまで住んだ。彼はすべての兄弟たちと対立して住んだ。
18သူတို့သည်လည်း၊ အာရှုရိ ပြည်သို့ သွား ရာလမ်း အရှေ့၊ ရှုရ မြို့ တိုင်အောင် နေ ကြ၏။ ထိုသို့ ဣရှမေလ၏ နေရာသည်၊ မိမိ ညီအစ်ကို အပေါင်း အနား ၌ ကျ သတည်း။
19これはアブラハムの息子イサクの系図である。アブラハムはイサクの父となった。
19အာဗြဟံ သား ဣဇာက် ၏အဆက်အနွှယ် ဟူမူကား ၊ အာဗြဟံ သား ကား ဣဇာက် တည်း။
20イサクは四十歳のとき、パダン・アラムのアラム人ベトエルの娘であり、アラム人ラバンの妹であるリベカを妻にめとった。
20ဣဇာက် သည်၊ အသက် လေးဆယ် ရှိ သောအခါ၊ ပါဒနာရံ အရပ်သူ၊ ရှုရိ အမျိုးဗေသွေလ ၏သမီး ၊ ရှုရိ လူ လာဗန် ၏ နှမ ရေဗက္က နှင့် အိမ်ထောင် လေ၏။
21イサクは妻のために主に願い求めた。彼女が不妊であったからである。主は彼の願いを聞き入れ、妻リベカは身ごもった。
21ဣဇာက် သည်၊ မိမိ မယား ရေဗက္က မြုံ သောကြောင့် ၊ ထာဝရဘုရား ကို တောင်းပန် ၍ ၊ ထာဝရဘုရား နားထောင် တော်မူသဖြင့် ၊ သူ ၏မယား သည် ပဋိသန္ဓေ စွဲယူလေ၏။
22子どもたちが彼女の胎内で激しくぶつかり合ったので、彼女は言った。「こんなことなら、私はどうなるのだろう。」そして主に尋ねに行った。
22ဝမ်းအတွင်း ၌ တည်သောသူငယ် တို့သည်၊ အချင်းချင်းတိုက်ခိုက် ကြ၏။ အမိကလည်း၊ ထိုသို့ ဖြစ်၍ငါ ၌အဘယ် အမှုရောက်ပါလိမ့်မည်နည်းဟု ဆို သဖြင့် ၊ ထာဝရဘုရား ကို မေးလျှောက် ခြင်းငှါ သွား လေ၏။
23主は彼女に言われた。 「二つの民族があなたの胎内にあり、 二つの民があなたの体から分かれ出る。 一つの民はもう一つの民より強くなり、 兄が弟に仕える。」
23ထာဝရဘုရား ကလည်း ၊ သင် ၏ ဝမ်းအတွင်း ၌ လူမျိုး နှစ် မျိုးရှိ၏။ သင် ၏ဝမ်း ထဲက ခြားနား သော လူစု နှစ် စုကို ဘွားရလိမ့်မည်။ လူ တမျိုးသည် တမျိုး ထက် အားကြီး လိမ့်မည်။ အကြီး သည်အငယ် ၌ ကျွန် ခံရလိမ့်မည်ဟု မိန့် တော်မူ၏။
24彼女の出産の日が満ちたとき、見よ、彼女の胎内には双子がいた。
24ဘွား ချိန် စေ့ သောအခါ ၊ သူ ၏ဝမ်း ၌ သား အမွှာ ရှိ သဖြင့်၊
25最初の男の子が出て来た。彼は赤く、全身が毛衣のようであった。彼らはその名をエサウと名付けた。
25အဦး ဘွား သောသားသည်၊ အမွေး ပါသောအဝတ် ကဲ့သို့ ဖြစ်၍ ၊ တကိုယ်လုံး အဆင်းနီ ၏။ သူ့ ကို ဧသော ဟူသောအမည် ဖြင့် မှည့် ကြ၏။
26その後、弟が出て来た。彼の手はエサウのかかとをつかんでいた。彼らはその名をヤコブと名付けた。彼らが生まれたとき、イサクは六十歳であった。
26ထိုနောက်မှ သူ့ ညီ သည်၊ အစ်ကိုဧသော ၏ ဖနှောင့် ကို ကိုင် လျက် ဘွား လာ၏။ သူ့ ကိုကား၊ ယာကုပ် အမည် ဖြင့် မှည့် ကြ၏။ ထို သားနှစ်ယောက်ကို ဘွား သောအခါ ၊ ဣဇာက် သည် အသက် ခြောက် ဆယ်ရှိသတည်း။
27少年たちは成長した。エサウは熟練した狩人となり、野の人となった。ヤコブは物静かな人で、天幕に住んでいた。
27သူငယ် တို့သည် ကြီးပွား ၍ ၊ ဧသော ကား လိမ္မာ သော တော သား မုဆိုး ဖြစ် လေ၏။ ယာကုပ် ကားတဲ ၌ နေ တတ်၍ စိတ်ကောင်း သောသူ ဖြစ်၏။
28イサクはエサウを愛した。エサウの獲物が好みだったからである。しかし、リベカはヤコブを愛した。
28ဣဇာက် သည်၊ ဧသော ပေးသောအမဲသား ကို စားလေ့ရှိသောကြောင့် သူ့ ကိုချစ် ၏။ ရေဗက္က မူကား ယာကုပ် ကို ချစ် ၏။
29ヤコブが煮物を煮ているとき、エサウが野から帰って来た。彼は疲れ果てていた。
29တနေ့သ၌၊ ယာကုပ် သည် စားစရာကို ချက်ပြုတ်စဉ်တွင် ၊ ဧသော သည် တော မှ လာ ၍ မော သောကြောင့်၊
30エサウはヤコブに言った。「どうか、その赤いものを、あの赤いものを私に食べさせてくれ。私は疲れ果てているからだ。」それゆえ、彼の名はエドムと呼ばれた。
30ယာကုပ် အား ၊ ထို နီ သောစားစရာနှင့် ငါ့ ကို ကျွေး ပါလော့၊ ငါ မော ပါသည်ဟုဆို လေ၏။ ထိုကြောင့် သူ ၏နာမည် ကို ဧဒုံ ဟုတွင် သတည်း။
31ヤコブは言った。「まず、あなたの長子の権利を私に売ってください。」
31ယာကုပ် ကလည်း ၊ ယနေ့ ပင် သင် ၏သားဦး အရာကို၊ ငါ့ အား ရောင်း ပါဟုဆိုလျှင်၊
32エサウは言った。「見よ、私は死にそうだ。この長子の権利が私にとって何になるというのか。」
32ဧသော က၊ ငါ သေ လုပြီ။ သားဦး အရာအားဖြင့် အဘယ် အကျိုး ရှိပါလိမ့်မည်နည်းဟုဆို ၏။
33ヤコブは言った。「まず、私に誓ってください。」 エサウは彼に誓い、自分の長子の権利をヤコブに売った。
33ယာကုပ် ကလည်း ၊ ယနေ့ပင် ငါ့ အား ကျိန်ဆို ခြင်းကို ပြုပါဟုဆိုသော် ၊ သူသည်ကျိန်ဆို သဖြင့် ၊ ယာကုပ် အား မိမိ သားဦး အရာကို ရောင်း လေ၏။
34ヤコブはエサウにパンとレンズ豆の煮物を与えた。エサウは食べて飲み、立ち上がって去って行った。このようにして、エサウは自分の長子の権利を軽んじた。
34ထိုအခါ ယာကုပ် သည်၊ မုန့် နှင့် ပဲဟင်း ကို ဧသော အား ပေး သဖြင့်၊ သူသည် စားသောက် ပြီးမှ ထ ၍ သွား လေ ၏။ ထိုသို့ ဧသော သည်၊ မိမိနှင့် ဆိုင်သောသားဦး အရာကို မထီမဲ့မြင် ပြုသတည်း။
Tip: use the ← and → keys to turn chapters.