創世記
Chapter 43
Freedom Bible (フリーダム・バイブル)
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1その地では飢饉が激しかった。
1ခါနာန်ပြည် ၌ အလွန် အစာခေါင်းပါး သည် ဖြစ်၍၊
2彼らがエジプトから持ち帰った穀物を食べ尽くしたとき、父は彼らに言った。「また行って、私たちのために少し食物を買って来なさい。」
2အဲဂုတ္တု ပြည်မှ ဆောင် ခဲ့သောစပါး ကို စား ကုန် ပြီးမှ၊ အဘ က၊ တဖန်သွား ၍ ငါ တို့စား စရာအနည်း ငယ်ကို ဝယ် ကြပါဦးဟုဆို ၏။
3ユダは彼に言った。「あの人は私たちに厳しく警告し、『弟が一緒でなければ、私の顔を見てはならない』と言いました。
3ယုဒ ကလည်း၊ ထိုသူ သည် ကျွန်ုပ် တို့ကို ကျပ်ကျပ်ခြိမ်းချောက် လျက်၊ သင် တို့ညီ မ ပါ လျှင် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြော ထားပြီ။
4もしあなたが弟を私たちと一緒に遣わしてくださるなら、私たちは下って行って、あなたのために食物を買って来ます。
4ကျွန်ုပ် တို့ညီ ကို ထည့် လျှင် သွား ၍ အဘ စား ဘို့ရာ ဝယ် ပါမည်။
5しかし、もしあなたが彼を遣わさないなら、私たちは下って行きません。あの人が私たちに、『あなたがたの弟が一緒にいない限り、私の顔を見てはならない』と言ったからです。」
5ညီကို မ ထည့် လျှင် မသွား ပါ၊ အကြောင်း မူကား၊ ထိုသူ က သင် တို့ညီ မ ပါ လျှင် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြော ထားပြီဟု အဘအား ပြန်ဆိုလေ၏။
6イスラエルは言った。「なぜあなたがたは、もう一人弟がいるなどと言って、私にそんな悪いことをしたのか。」
6ဣသရေလ ကလည်း ၊ သင် တို့၌ ညီ ရှိမှန်းကို ထိုသူ အား ပြော ၍ အဘယ်ကြောင့် ငါ့ ကို ညှဉ်းဆဲ ကြ သနည်းဟုဆိုသော်၊
7彼らは言った。「あの人が、私たちのことや私たちの親族について詳しく尋ね、『あなたがたの父はまだ生きているか。あなたがたにはもう一人兄弟がいるか』と言ったのです。私たちはただ、その質問に答えただけです。彼が『弟を連れて下って来い』と言うと、どうして知ることができたでしょうか。」
7သူတို့က၊ ထိုသူ သည် ကျွန်ုပ် တို့၏အကြောင်း အရာ အမျိုးအနွယ် တို့ကို ကျပ်ကျပ်မေး လျက် ၊ သင် တို့အဘ အသက် ရှင်သေး သလော၊ ညီ ရှိ သေးသလောဟုမေးသောအခါ၊ ကျွန်ုပ်တို့သည် သူ ၏စကား သဘောသို့ လိုက်၍ ပြန် ပြောရပါ၏။ သင် တို့ညီ ကို ဆောင် ခဲ့ကြဟု သူပြော မည် ကို ကျွန်ုပ်တို့သည် အမှန်သိ နိုင်ပါသလောဟု ဆို ကြ၏။
8ユダは父イスラエルに言った。「あの子を私と一緒に遣わしてください。私たちは直ちに出発します。私たちも、あなたも、幼い子どもたちも、死なずに生き延びるためです。
8ယုဒ ကလည်း၊ သူငယ် ကို ကျွန်ုပ် နှင့်အတူ လွှတ် ပါ။ သို့ပြုလျှင်အဘမှစ၍ကျွန်ုပ် တို့နှင့် သူငယ် များတို့ သည် မ သေ ၊ အသက် ရှင်မည်အကြောင်း ၊ ကျွန်ုပ်တို့ ထ ၍ သွား ကြပါမည်။
9私が彼の保証人になります。私の手から彼を求めてください。もし私が彼をあなたのもとに連れ帰り、あなたの前に立たせなかったなら、私に一生その罪を負わせてください。
9ကျွန်ုပ်သည် သူ ၏အာမခံ ဖြစ်ပါမည်။ ကျွန်ုပ် တွင် သူ့ ကို တောင်း ပါ။ သူ့ ကိုပြန်၍မ ဆောင် အဘ ရှေ့ မှာ မထား လျှင် ၊ အစဉ် မပြတ်အပြစ် ကိုခံ ပါစေ။
10これほどためらっていなければ、今頃は二度も往復できていたでしょう。」
10ဤမျှလောက်မ ဖင့်နွှဲ့ လျှင်၊ အကယ်၍ ဒုတိယ အကြိမ်တွင် ပြန် ရောက်ပါပြီဟု အဘ ဣသရေလ အား ဆို ၏။
11彼らの父イスラエルは彼らに言った。「どうしてもそうしなければならないのなら、こうしなさい。この地の最も良い産物を器に入れ、あの人への贈り物として持って下りなさい。少しの香油、少しの蜂蜜、香料、没薬、ピスタチオ、アーモンドだ。
11အဘ ဣသရေလ ကလည်း၊ သို့ဖြစ်လျှင် ဤသို့ ပြု ကြလော့။ ထိုသူ အား ဆက် စရာဘို့ သင် တို့အိတ် ဝတို့တွင် ခါနာန်ပြည် ၏ အသီးမျိုးအကောင်းဆုံး တည်းဟူသောဗလစံစေး အနည်းငယ် ၊ ပျားရည် အနည်းငယ် ၊ နံ့သာ မျိုး၊ မုရန်စေး ၊ သစ်အယ်သီး ၊ ဗာတံသီး တို့ကို ယူ ကြလော့။
12手には二倍の銀を持って行きなさい。袋の口に戻されていた銀も、手に持って帰りなさい。それは何かの間違いだったのかもしれない。
12သင် တို့လက် ၌ ငွေ နှစ်ဆ ကိုလည်း ယူ ကြလော့။ အိတ် ဝ တွင် ဆောင် ခဲ့သောငွေ ကို တဖန်လက် ၌ ဆောင် သွား ကြဦးလော့။ ထို အမှုသည် သတိ လစ်သောအမှု ဖြစ် ဟန်ရှိ၏။
13あなたがたの弟も連れて、立ち上がり、再びあの人のところへ行きなさい。
13သင် တို့ညီ ကိုလည်း ယူ ၍ တဖန် ထိုသူ ထံ သို့ ထ သွား ကြလော့။
14全能の神が、あの人の前であなたがたにあわれみを与え、もう一人の兄弟とベニヤミンを返してくださるように。私が子を失うのなら、失うしかない。」
14ထိုသူသည် သင် တို့အစ်ကိုတယောက်နှင့် ဗင်္ယာမိန် ကို လွှတ် လိုက်မည်အကြောင်း ၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တ တန်ခိုးရှင်ဘုရား သခင် ပေး တော်မူပါစေသော။ သို့ရာတွင် ငါ သည် သား ဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း၊
15彼らはその贈り物を取り、手に二倍の銀を持ち、ベニヤミンも連れた。彼らは立ち上がってエジプトへ下り、ヨセフの前に立った。
15သူ တို့သည် ထိုလက်ဆောင် ကို၎င်း၊ မိမိ လက် ၌ ငွေ နှစ် ဆကို၎င်း ၊ ဗင်္ယာမိန် ကို၎င်း ၊ ယူ ၍ထ ပြီးလျှင် ၊ အဲဂုတ္တု ပြည်သို့သွား ၍ ယောသပ် ရှေ့မှာ ရပ် နေကြ၏။
16ヨセフは彼らと一緒にベニヤミンを見ると、自分の家の管理人に言った。「この人たちを家の中に連れて行き、動物を屠って準備しなさい。この人たちは昼に私と一緒に食事をするからだ。」
16သူ တို့နှင့်အတူ ဗင်္ယာမိန် ပါလာသည်ကို ယောသပ် မြင် လျှင် ၊ ဝန် စာရေးကိုခေါ် ၍ ၊ ဤသူ တို့ကို အိမ် သို့ ခေါ် သွားလော့။ အကောင် များကိုသတ် ၍ စားစရာကို ပြင်ဆင် လော့။ သူတို့သည် ငါ နှင့်အတူ မွန်းတည့် စာကို စား ရကြလိမ့်မည်ဟု မှာ ထားသည် အတိုင်း၊
17その人はヨセフが命じたとおりに行い、人々をヨセフの家へ連れて行った。
17ဝန် စာရေးပြု ၍ ၊ သူ တို့ကို ယောသပ် အိမ် သို့ ခေါ် သွား၏။
18彼らはヨセフの家に連れて行かれたので恐れて、言った。「私たちが連れて来られたのは、最初に袋に戻されていた銀のためだ。私たちに言いがかりをつけて襲いかかり、私たちを奴隷にし、私たちのろばも奪うつもりなのだ。」
18ယောသပ် အိမ် သို့ ခေါ်သွား သောအခါ ၊ သူတို့ သည် ငါ တို့အိတ် ၌ ယမန် ပြန်ပေး သောငွေ ကြောင့် ခေါ်သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြု သဖြင့် ကျွန်ခံ စေ၍ ၊ မြည်း တို့ကို သိမ်း လိမ့်မည်ဟု ဆို ကြပြီးလျှင်၊
19彼らはヨセフの家の管理人に近づき、家の戸口で彼に話しかけて、
19ယောသပ် ၏ ဝန်စာရေး အနီးသို့ ချဉ်းကပ် ၍ အိမ် တံခါး နားမှာ နှုတ်ဆက် လျက်၊
20言った。「ご主人様、私たちは確かに、最初は食物を買うために下って来たのです。
20သခင် ၊ ယမန် က အကျွန်ုပ် တို့သည် အစာ ကို ဝယ် ခြင်းငှါ အမှန်လာ ပါ၏။
21私たちが宿泊所に着いて袋を開けると、見よ、各々の銀が袋の口にありました。私たちの銀が全額そのままありました。私たちはそれを手に持って再び来ました。
21စားခန်း သို့ ရောက် ၍ အိတ် များကိုဖွင့် သောအခါ ၊ လူ တိုင်းဆိုင်သောငွေ သည် အလျှင်းမလျော့ဘဲ အိတ် ဝ တွင် ရှိပါ၏။ ထို ငွေ ကို တဖန် ဆောင် ခဲ့ကြပါပြီ။
22また、食物を買うための別の銀も手に持って下って来ました。誰が私たちの銀を袋に入れたのか、私たちにはわかりません。」
22ယခုလည်းအစာ ကို ဝယ် ခြင်းငှါ အခြား သော ငွေ ကို ကိုယ် ၌ ဆောင် ခဲ့ကြပါ၏။ ထိုငွေ ကို အကျွန်ုပ် တို့ အိတ် များ၌ အဘယ်သူ ထား သည်ကို မ သိ နိုင်ပါဟု ဆို ကြသော်၊
23彼は言った。「安心してください。恐れることはありません。あなたがたの神、父祖の神が、袋の中に宝を与えてくださったのです。銀は確かに私が受け取りました。」そして彼はシメオンを連れ出して来た。
23ဝန်စာရေးက၊ ချမ်းသာ ပါစေ၊ မ စိုးရိမ် ကြနှင့်။ သင် တို့ဘုရားသခင် ၊ သင် တို့၏အဘ ဘုရားသခင် သည် သင် တို့အိတ် များ၌ ဘဏ္ဍာ ကိုသနား တော်မူပြီ။ သင် တို့ငွေ ကို ငါ ခံရ ပြီဟုဆို သဖြင့် ၊ ရှိမောင် ကိုထုတ် ၍ အပ်လိုက် လေ၏။
24その人は彼らをヨセフの家に入れ、水を与えたので、彼らは足を洗った。彼は彼らのろばに餌を与えた。
24ယောသပ် အိမ် သို့ သွင်းပြီးမှ ၊ ဝန်စာရေးသည် ရေ ကို ပေး ၍ ခြေ ဆေး စေ၏။ မြည်း တို့ကိုလည်း ကျွေး လေ၏။
25彼らは昼にヨセフが来るまでに、贈り物を準備した。彼らがそこで食事をすると聞いていたからである。
25မွန်းတည့် ချိန်၌ ယောသပ် လာ လိမ့်မည်ဟု သူတို့သည် မြော်လင့်၍ လက်ဆောင် ကို ပြင် နှင့်ကြ၏။ ထိုအိမ်၌ သူတို့သည် အစာ ကိုစား ရလိမ့်မည်ဟု သူတို့ သည် ကြား လေသတည်း။
26ヨセフが家に帰って来ると、彼らは手にしていた贈り物を家の中にいる彼のもとに持って行き、地に向かって彼にお辞儀をした。
26ယောသပ် သည် အိမ် သို့ ရောက် သောအခါ ၊ သူတို့သည် ကိုယ် ၌ ပါ သောလက်ဆောင် ကို အိမ် ထဲ ယောသပ် ထံ သို့သွင်း ၍ သူ့ရှေ့ မှာဦးညွှတ် ချလျက် နေကြ၏။
27ヨセフは彼らの安否を尋ねた。「あなたがたが話していた年老いた父親は無事か。まだ生きているか。」
27ယောသပ်သည် နှုတ်ဆက်ပြီးလျှင်၊ သင် တို့အဘ တည်းဟူသောသင်တို့အရင်ပြော သော အသက်ကြီး သူ သည် ကျန်းမာ ပါ၏လော။ အသက် ရှင်သေး၏လောဟု မေး လျှင်၊
28彼らは言った。「あなたのしもべである私たちの父は無事です。まだ生きています。」彼らは頭を下げてお辞儀をした。
28သူတို့က၊ ကိုယ်တော် ကျွန် ၊ ကျွန်တော် တို့အဘ သည် ကျန်းမာ ပါ၏၊ အသက် ရှင်ပါသေး၏ဟု လျှောက် လျက်၊ ဦးညွှတ် ချ၍ ရှိခိုးလျက် နေကြ ၏။
29ヨセフは目を上げ、同じ母から生まれた弟ベニヤミンを見ると、言った。「これが、あなたがたの話していた末の弟か。」さらに言った。「わが子よ、神があなたを恵まれるように。」
29ထိုအခါ ယောသပ် သည် မြော် ကြည့် ၍ မိမိ အမိ ၏သား ၊ မိမိ ညီ ရင်းဗင်္ယာမိန် ကိုမြင် လျှင် ၊ ဤ သူကား သင်တို့အရင်ပြော သော သင် တို့ညီ ဖြစ်သလောဟုမေး လျက်၊ သင့် ကို ဘုရားသခင် ကယ် မသနားတော်မူပါစေသော ငါ့ သား ဟု ဆို ပြီးမှ၊
30弟への愛情が込み上げて来たため、ヨセフは急いで泣く場所を探した。彼は自分の部屋に入り、そこで泣いた。
30ညီ ရင်းကိုမြင်ရ၍ ကြင်နာ သောစိတ် ရှိသောကြောင့် အလျင်အမြန် ထသွား လေ၏။ ငို ရာအရပ်ကို ရှာ သဖြင့် ၊ အိပ် ခန်းထဲ သို့ဝင် ၍ ငို လေ၏။
31彼は顔を洗い、外に出て来た。そして自分を抑えて、「食事を出しなさい」と言った。
31တဖန် မျက်နှာ ကိုသစ် ၍ ဣန္ဒြေချုပ်တည်း လျက် ပြင်သို့ထွက် ပြီးလျှင် ၊ စားပွဲ ကို ပြင် ကြဟု အမိန့် ရှိ၏။
32人々はヨセフに一席、兄弟たちに一席、また共に食べるエジプト人たちにも別の席を設けた。エジプト人はヘブライ人と食卓を共にしなかった。それは彼らにとって忌まわしいことだったからである。
32ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ် နှင့် စား သော အဲဂုတ္တု လူတို့ ဘို့တပွဲ အသီးအသီးတို့ကို ပြင် ကြ၏။ အဲဂုတ္တု လူတို့သည် ဟေဗြဲ လူတို့နှင့်အတူ မ စား ရ၊ ထို အမှုကို အဲဂုတ္တု လူတို့သည် ရွံ့ တတ်ကြ၏။
33兄弟たちはヨセフの前で、長男から末の弟まで年齢順に座らされたので、互いに驚いて顔を見合わせた。
33ညီအစ်ကိုတို့သည် အကြီး မှစ၍ အငယ် တိုင်အောင်အရွယ် အလိုက် ယောသပ် ရှေ့ မှာ ထိုင် နေကြ၏။ သူတို့သည် အချင်းချင်း ကြည့်ရှု၍ အံ့ဩ ခြင်းရှိကြ၏။
34ヨセフは自分の前から彼らに分け前を送ったが、ベニヤミンの分け前は彼らの誰の分け前よりも五倍も多かった。彼らは飲み、ヨセフと共に楽しんだ。
34ယောသပ်သည်လည်း သူ တို့စားရန်အဘို့ အသီးအသီး တို့ကို မိမိ ထံ မှပေး လိုက်၏။ ဗင်္ယာမိန် ရသောအဘို့ သည် အစ်ကို တို့ရသောအဘို့ ထက် ငါး ဆ များ သတည်း။ သူတို့သည်သောက် ၍ ပျော်မွေ့ ခြင်းသို့ ရောက်ကြ၏။

Tip: use the ← and → keys to turn chapters.