申命記
Chapter 9
Freedom Bible (フリーダム・バイブル)
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1聞きなさい、イスラエルよ。あなたは今日ヨルダン川を渡り、あなたよりも大きくて力強い国々、天にまで届く城壁のある大きな町々を所有するために入って行く。
1အို ဣသရေလ အမျိုး၊ နားထောင် လော့။ သင့် ထက် အားကြီး ၍ များပြား သော လူမျိုး တို့ကို၎င်း၊ မိုဃ်း ကောင်းကင်ကို ထိသော မြို့ရိုး နှင့် ပြည့်စုံသော မြို့ ကြီး တို့ကို၎င်း၊
2その民は大きくて背が高く、あなたが知っているアナクの子孫であり、「だれがアナクの子らの前に立つことができようか」と、あなたが聞いたことのある者たちである。
2အာနက အမျိုးသား ရှေ့ မှာ အဘယ်သူ ရပ် နိုင် သနည်းဟူသောစကားကို သင် ကြား ၍ ၊ သင် သိ သော အာနက အမျိုးသား တည်းဟူသောအလွန် ကြီးမြင့်သော လူမျိုး ကို၎င်းတိုက်ယူ ခြင်းငှာ ၊ ယခု ယော်ဒန် မြစ် တဘက် သို့ ကူး လုပြီ။
3それゆえ今日、あなたの神、主ご自身が、焼き尽くす火としてあなたの先頭に立って渡って行かれることを知りなさい。主は彼らを滅ぼし、あなたの前に彼らを打ち倒される。こうしてあなたは、主があなたに語られたとおりに、彼らを追い払い、彼らを速やかに滅ぼす。
3သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ရှေ့ မှာ ကြွ သဖြင့်၊ လောင် သောမီး ကဲ့သို့ဖြစ်လျက် သူ တို့ကို ဖျက်ဆီး ၍ ၊ သင့် မျက်မှောက် ၌ နှိမ့်ချ တော်မူမည်အကြောင်းကို ယခု သဘော ကျလော့။ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း ၊ သင် သည် သူ တို့ကို နှင်ထုတ် ၍ အလျင် အမြန်ဖျက်ဆီး ရလိမ့်မည်။
4あなたの神、主があなたの前から彼らを追い払われた後、あなたは心の中で、「私の義のゆえに、主は私を導き入れてこの地を所有させてくださったのだ」と言ってはならない。これらの国々の悪のゆえに、主はあなたの前から彼らを追い払われるからである。
4သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သူ တို့ ကို သင့် ရှေ့ မှ နှင်ထုတ် တော်မူသောနောက် ၊ သင်က၊ ငါ့ ကုသိုလ် ကြောင့် ထာဝရဘုရား သည် ငါ့ ကိုသွင်း ၍၊ ဤ ပြည် ကို အပိုင် ပေးတော်မူသည်ဟူ၍မ အောက်မေ့ ရ။ ထို လူမျိုး တို့၏ မ ကောင်းမှုကြောင့် ထာဝရဘုရား သည် သူ တို့ကို ငါ့ ရှေ့ မှ နှင်ထုတ် တော်မူသည်ဟူ၍စိတ် ထဲမှာ အောက်မေ့ ရမည်။
5あなたが彼らの地を所有するために入って行くのは、あなたの義のゆえでも、あなたの心の正しさのゆえでもない。これらの国々の悪のゆえに、あなたの神、主はあなたの前から彼らを追い払われるのであり、あなたの父祖アブラハム、イサク、ヤコブに誓われた言葉を主が確立されるためである。
5သင် ပြုသောကုသိုလ် ကြောင့် ၎င်း၊ ဖြောင့်မတ် သော သဘော ကြောင့် ၎င်း၊ ထို ပြည် ကို သွား ၍ ဝင်စား ရမည် မ ဟုတ်။ ထို လူမျိုး တို့၏ မကောင်းမှု ကြောင့် ၎င်း၊ ထာဝရဘုရား သည် သင် ၏အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော စကား တော်ကို တည် စေလိုသောငှာ ၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သူ တို့ကို သင့် ရှေ့ မှ နှင်ထုတ် တော်မူ၏။
6それゆえ、あなたの神、主がこの良い地をあなたに与えて所有させてくださるのは、あなたの義のゆえではないことを知りなさい。あなたはうなじの強い民だからである。
6သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ၏ကုသိုလ် ကြောင့် ၊ ထို ကောင်းမွန် သော ပြည် ကိုပေး တော်မူသည်မ ဟုတ်။ သင် သည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်၏။
7荒野であなたがあなたの神、主を激しく怒らせたことを思い起こし、忘れてはならない。あなたがエジプトの地から出てきた日から、この場所に来るまで、あなたがたは主に対して反逆し続けてきた。
7သင်သည်၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို အမျက် တော်ထွက်စေခြင်းငှာ၊ တော ၌ ပြုမိသည်ကို မ မေ့ နှင့်၊ အောက်မေ့ လော့။ သင်သည် အဲဂုတ္တု ပြည် ထဲက ထွက် သော နေ့ မှစ၍ ဤ အရပ် သို့ ရောက် သည် တိုင်အောင် ထာဝရဘုရား ကို ပုန်ကန် ပြီ။
8ホレブにおいても、あなたがたは主を激しく怒らせたので、主はあなたがたに対して怒り、あなたがたを滅ぼそうとされた。
8ဟောရပ် အရပ်၌ ထာဝရဘုရား ကို အမျက် တော်ထွက်စေသဖြင့် ၊ သင့် ကို ဖျက်ဆီး လောက်အောင် အမျက် ထွက်တော်မူ၏။
9わたしが山に登って石の板、すなわち主があなたがたと結ばれた契約の板を受け取ったとき、わたしは山に四十日四十夜とどまった。わたしはパンも食べず、水も飲まなかった。
9ထာဝရဘုရား သည် သင် တို့နှင့် ဖွဲ့ သော ပဋိညာဉ် တရားကို ရေးထားသော ကျောက်ပြား တို့ကိုခံ ယူခြင်းငှာ ၊ တောင် ပေါ်သို့ ငါ တက် သောအခါ ၊ အရက် လေးဆယ် ပတ်လုံးမုန့် ကိုမ စား ၊ ရေ ကို မ သောက် ဘဲ တောင် ပေါ် မှာနေ လေ၏။
10主は神の指で書き記された二枚の石の板をわたしに渡された。その上には、集まりの日に山で火のただ中から主があなたがたに語られたすべての言葉があった。
10သင် တို့သည် စည်းဝေး ကြသောနေ့ ၌ ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ထဲက မြွက်ဆို တော်မူသော စကား တော်အလုံးစုံ တို့ကို လက်ညှိုး တော်ဖြင့် ရေးထား သော ကျောက်ပြား နှစ် ပြားတို့ကို ထာဝရဘုရား သည် ငါ့ အား အပ် ပေးတော်မူ၏။
11四十日四十夜の終わりに、主はわたしに二枚の石の板、すなわち契約の板を与えられた。
11အရက် လေးဆယ် စေ့ သောအခါ ၊ ထိုပဋိညာဉ် ကျောက် ပြား နှစ် ပြား ကို ထာဝရဘုရား သည် ငါ့ အား ပေး တော်မူလျှင်၊
12そして主はわたしに言われた。「立ち上がり、ここから急いで下りなさい。あなたがエジプトから導き出したあなたの民が、自らを堕落させたからである。彼らはわたしが命じた道から速やかにそれて、自分たちのために鋳造した偶像を造った。」
12သင်သည် ထ ၍ အလျင် အမြန်ဆင်း သွားလော့။ အဲဂုတ္တု ပြည်မှ သင်နှုတ်ဆောင် ခဲ့သောသင် ၏ လူ တို့သည် ဖောက်ပြန် ၍ ၊ ငါမှာထား သော လမ်း မှ အလျင် အမြန်လွှဲ ၍၊ ရုပ်တု ကို သွန်း ကြပြီဟု မိန့် တော်မူ၏။
13さらに主はわたしに言われた。「わたしはこの民を見たが、見よ、彼らはうなじの強い民である。
13တဖန် ထာဝရဘုရား က၊ ဤ လူမျိုး ကို ငါကြည့် မြင်ပြီ။ လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်၏။
14わたしに任せておきなさい。わたしは彼らを滅ぼし、天の下から彼らの名を消し去る。そして、わたしはあなたを彼らよりも力強く大きな国民とする。」
14သို့ဖြစ်၍ ငါ့ ကို ရှိ စေလော့။ သူ တို့ကို ငါဖျက်ဆီး မည်။ သူ တို့နာမ ကိုလည်း ကောင်းကင် အောက် မှာ ငါချေ မည်။ သင့်ကိုမူကား၊ သူ တို့ထက် အားကြီး ၍ များပြား သော အမျိုး ဖြစ် စေမည်ဟု ငါ့ အား မိန့် တော်မူ၏။
15そこでわたしは向きを変えて山から下りた。山は火で燃え上がっており、二枚の契約の板はわたしの両手にあった。
15ထိုအခါ ငါ သည် ပဋိညာဉ် ကျောက်ပြား နှစ် ပြား ကို ကိုင် လျက် ၊ လှည့် ၍ မီး လောင် သော တောင် ပေါ်က ဆင်း လာ၏။
16わたしが見ると、見よ、あなたがたはあなたがたの神、主に対して罪を犯していた。あなたがたは自分たちのために鋳造した子牛を造っていた。あなたがたは主が命じられた道から速やかにそれていた。
16သင်တို့သည် သင် တို့ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား ၍ ၊ နွားသငယ် ရုပ်တု ကို သွန်း ကြောင်း နှင့် ထာဝရဘုရား မှာထား တော်မူသော လမ်း မှ အလျင်အမြန် လွှဲ သွားကြောင်းကို ငါသည် ကြည့် မြင်လျှင်၊
17わたしは二枚の板を握り、それを両手から投げ捨てて、あなたがたの目の前で砕いた。
17လက် နှစ် ဘက်နှင့် ကိုင် သော ကျောက်ပြား တို့ကို ချ ၍၊ သင် တို့မျက်မှောက် ၌ ငါချိုးဖဲ့ ၏။
18それからわたしは、以前のように四十日四十夜、主の前にひれ伏した。わたしはパンも食べず、水も飲まなかった。それはあなたがたが主の御目に悪であることを行い、主を怒らせたすべての罪のためであった。
18သင် တို့သည် ထာဝရဘုရား ကို အမျက် တော် ထွက်စေခြင်းငှာ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မိသောအပြစ် ရှိသမျှ တို့ကြောင့် ၊ ငါသည် အရင်ပြုသကဲ့သို့ထာဝရဘုရား ရှေ့ တော်၌ ပြပ်ဝပ် ၍ အရက် လေးဆယ် ပတ်လုံးမုန့် ကိုမ စား ၊ ရေ ကို မ သောက် ဘဲနေရ၏။
19主があなたがたに対して怒り、あなたがたを滅ぼそうとされるその怒りと激しい憤りを、わたしは恐れたからである。しかし主はその時もわたしの願いを聞き入れられた。
19အကြောင်း မူကား၊ ထာဝရဘုရား သည် သင် တို့ကို ဖျက်ဆီး ခြင်းငှာ အလွန် ပြင်းစွာထွက် သော အမျက် တော်အရှိန်ကို ငါကြောက် ၏။ သို့ရာတွင် ထာဝရဘုရား သည် ငါ့ စကားကို တဖန် နားထောင် တော်မူ၏။
20主はアロンに対しても非常に怒り、彼を滅ぼそうとされた。わたしはその時、アロンのためにも祈った。
20ထာဝရဘုရား သည်လည်း ၊ အာရုန် ကို ဖျက်ဆီး ခြင်းငှါ အလွန် အမျက် ထွက်တော်မူသောကြောင့် ၊ အာရုန် အဘို့ ကိုလည်း ဆုတောင်း လေ၏။
21わたしはあなたがたが犯した罪、すなわちあの造られた子牛を取り、それを火で燃やして砕き、細かなちりのようになるまでよくすりつぶした。そしてそのちりを、山から流れ下る川に投げ捨てた。
21သင် တို့ဒုစရိုက် တည်းဟူသော သင်တို့လုပ် သော နွားသငယ် ကို ငါယူ သဖြင့် အရည်ကျို ၍၊ အမှုန့် ဖြစ် အောင် ညက်ညက် ချေပြီးလျှင်၊ တောင် ထဲက ထွက် သော ချောင်း ရေပေါ် မှာ ချပစ် လေ၏။
22タベラで、マサで、そしてキブロト・ハタアワでも、あなたがたは主を激しく怒らせた。
22တဗေရ အရပ်၊ မဿာ အရပ်၊ ကိဗြုတ် ဟတ္တဝါအရပ်၌ လည်း ၊ သင်တို့သည် ထာဝရဘုရား ကို အမျက် တော်ထွက်အောင် ပြု ကြ၏။
23主があなたがたをカデシュ・バルネアから遣わし、「上って行き、わたしがあなたがたに与えた地を所有しなさい」と言われたとき、あなたがたはあなたがたの神、主の命令に背き、主を信じず、主の御声に聞き従わなかった。
23ကာဒေရှဗာနာ အရပ်၌ လည်း ၊ ထာဝရဘုရား က၊ သွား ၍ ငါပေး သော ပြည် ကို သိမ်းယူ ကြလော့ဟု သင် တို့ကို စေခိုင်း တော်မူသောအခါ ၊ သင် တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား အမိန့် တော်ကို ငြင်းဆန် ကြ၏။ ကိုယ်တော် ကို မ ယုံ ၊ စကား တော်ကို နား မ ထောင်ဘဲနေကြ၏။
24わたしがあなたがたを知った日から、あなたがたは主に対して反逆し続けてきた。
24ငါ သိ ကျွမ်းသောနေ့ မှစ၍ ၊ သင် တို့သည် ထာဝရဘုရား ကို ပုန်ကန် လျက်နေ ကြပြီ။
25主があなたがたを滅ぼすと言われたので、わたしは四十日四十夜、主の前にひれ伏していた。その間、わたしはひれ伏していたのである。
25ထာဝရဘုရား သည် သင် တို့ကို ဖျက်ဆီး မည်ဟု မိန့် တော်မူသောကြောင့် ၊ ငါသည် အရင်ပြပ်ဝပ် သကဲ့သို့၊ အရက် လေးဆယ် ပတ်လုံးပြပ်ဝပ် လျက်နေရ၏။
26わたしは主に祈って言った。「主なる神よ、あなたの偉大さによって贖い、力強い御手によってエジプトから導き出されたあなたの民、あなたの受け継ぐ民を滅ぼさないでください。
26ထာဝရဘုရား အား လည်း ၊ အိုအရှင် ဘုရားသခင်၊ တန်ခိုး တော်အားဖြင့် ရွေး တော်မူ၍ ၊ အားကြီး သော လက် တော်နှင့် အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသော ကိုယ်တော် ၏အမွေ ဥစ္စာဖြစ်သော ဤလူ တို့ ကို ဖျက်ဆီး တော်မ မူပါနှင့်။
27あなたのしもべたち、アブラハム、イサク、ヤコブを思い起こしてください。この民の頑なさや、その悪や、その罪に目を向けないでください。
27ကိုယ်တော် ၏ကျွန် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့ကို အောက်မေ့ တော်မူပါ။ ဤ လူမျိုး သည် ခိုင်မာ သော သဘောရှိ၍၊ ပြစ်မှားမိသော ဒုစရိုက် အပြစ် ကို မှတ် တော် မ မူပါနှင့်။
28そうでなければ、あなたがわたしたちを導き出されたあの地の人々が、『主は彼らに約束した地へ彼らを導き入れることができず、また彼らを憎んでいたので、荒野で彼らを殺すために導き出したのだ』と言うでしょう。
28သို့မဟုတ် အကျွန်ုပ် တို့ကို နှုတ်ဆောင် တော်မူသော ပြည်သား တို့က၊ ထာဝရဘုရား သည် ဂတိ ထားသော ပြည် သို့ သူ တို့ကို ဆောင် သွင်းခြင်းငှာ မ တတ် နိုင်သောကြောင့် ၎င်း၊ သူ တို့ကို မုန်း သောကြောင့် ၎င်း၊ တော ၌ သတ် လိုသောငှာ ထုတ် သွားပြီဟု ဆို ကြပါ လိမ့်မည်တကား။
29しかし彼らはあなたの民であり、あなたの大いなる力と伸ばされた腕によって導き出された、あなたの受け継ぐ民なのです。」
29ဤလူ တို့သည်ကား ၊ မဟာတန်ခိုး တော်နှင့် လက်ရုံး တော်ကို ဆန့် သဖြင့် နှုတ်ဆောင် တော်မူသော ကိုယ်တော် ၏ အမွေ လူဖြစ်ကြပါသည်ဟု ငါသည် ဆုတောင်းလေ၏။

Tip: use the ← and → keys to turn chapters.