申命記 11
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1それゆえ、あなたはあなたの神、主を愛し、主の訓戒、掟、法、および命令を常に守れ。
1သို့ဖြစ်၍ သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် ရမည်။ စီရင် ထုံးဖွဲ့တော်မူချက်၊ မှာထား တော်မူသောပညတ် တော်တို့ကို အစဉ် စောင့်ရှောက် ရမည်။
2今日、あなたがたは知れ。わたしが語っているのは、あなたがたの神、主の懲らしめ、その偉大さ、力強い御手、伸ばされた腕を知らず、見たこともない子供たちにではない。
2သင် ၏ဘုရားသခင် ထာဝရဘုရား ဆုံးမ တော်မူခြင်း ကို၎င်း၊ ဘုန်း အာနုဘော်တော်ကို၎င်း၊ အားကြီး သော လက်ရုံး ဆန့် တော်မူခြင်းကို၎င်း၊
3また、主がエジプトのただ中で、エジプトの王ファラオとその全土に行われたしるしと御業、
3ထူးဆန်း သော တန်ခိုးတော်ကို၎င်း ၊ အဲဂုတ္တု ပြည် ၌ ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းနှင့် ပြည်သူ ပြည်သားများတို့အား ပြု တော်မူသော အမှု ကို၎င်း၊
4主がエジプトの軍隊、その馬と戦車に行われたこと、彼らがあなたがたを追いかけてきたとき、主が紅海の水を彼らの上に溢れさせ、今日に至るまで主が彼らを滅ぼされたこと、
4အဲဂုတ္တု စစ်သူရဲ အလုံးအရင်းတည်းဟူသောမြင်း စီးသူရဲ၊ ရထား စီးသူရဲတို့အား ပြု တော်မူသောအမှု ကို ၎င်း ၊ သင် တို့ကိုလိုက် သောသူ တို့ ကို ဧဒုံ ပင်လယ် ရေ လွှမ်းမိုး စေ၍ ၊ ယနေ့ တိုင်အောင် ဖျက်ဆီး တော်မူကြောင်း ကို၎င်း၊
5あなたがたがこの場所に来るまで、主が荒野であなたがたに行われたこと、
5ဤ အရပ် သို့ မ ရောက် မှီ၊ တော ၌ လှည့်လည်စဉ်တွင် သင် တို့အား ပြု တော်မူသောအမှု ကို၎င်း၊
6ルベンの子エリアブの子であるダタンとアビラムに行われたこと、すなわち全イスラエルのただ中で、地がその口を開き、彼らとその家族、天幕、そして彼らに従っていたすべての生き物を飲み込んだことを見たのは、あなたがたの子供たちではない。
6ရုဗင် အမျိုး ၊ ဧလျာဘ သား ဒါသန် နှင့် အဘိရံ တို့ အား ပြု တော်မူသောအမှု ကို၎င်း ၊ မြေကြီး သည် မိမိ ခံတွင်း ကို ဖွင့် ၍ သူ တို့နှင့် အိမ်သူ အိမ်သားများ၊ တဲ များ၊ သူ တို့၌ ရတတ်သမျှ သော ဥစ္စာ ပစ္စည်းများကို၊ ဣသရေလ အမျိုးသားတို့ အလယ် ၌ ၊ မျို ကြောင်းကို၎င်း မ သိ မမြင် သော သင် တို့၏ သားသမီး တို့အား ငါမပြော၊ သင်တို့ကိုယ်တိုင် သိမှတ် ကြလော့။
7しかし、主が行われたすべての大いなる御業を見たのは、あなたがたの目である。
7ထာဝရဘုရား ပြု တော်မူသော အမှု ကြီး အလုံးစုံ တို့ကို သင် တို့သည် ကိုယ်တိုင် မြင် ကြပြီ။
8それゆえ、あなたがたは今日わたしが命じるすべての命令を守れ。それはあなたがたが強くなり、渡って行って所有しようとしているその地に入ってそれを所有するため、
8ထို့ကြောင့် ၊ သင်တို့သည်သွား ၍ ဝင်စား လတံ့ သောပြည် ကို ကြီးစွာသောခွန်အား နှင့် ဝင်စား မည် အကြောင်း၊
9また、主があなたがたの父祖たちに、彼らとその後の子孫に与えると誓われたその地、乳と蜜の流れる地で、あなたがたの日々が長く続くためである。
9ထာဝရဘုရား သည် သင် တို့၏ ဘိုးဘေး တို့နှင့် သူ တို့အမျိုးအနွယ် အား ပေး ခြင်းငှာ ကျိန်ဆို တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် ၌ သင်တို့အသက်တာ ရှည် မည်အကြောင်း ၊ ယနေ့ ငါ မှာ ထားသမျှ သောပညတ် တို့ကို စောင့်ရှောက် ရကြမည်။
10あなたが所有するために入って行くその地は、あなたがたが出てきたエジプトの地とは異なる。そこではあなたがたは種を蒔き、野菜畑のように足で水を引いていた。
10သင် တို့သွား ၍ ဝင်စားလတံ့သော ပြည် သည် ကား ၊ ယာ လုပ်သကဲ့သို့ မျိုးစေ့ ကြဲ ၍ ခြေ ဖြင့် ရေ လောင်း ရသောပြည်တည်းဟူသောသင်တို့ထွက် လာသော အဲဂုတ္တု ပြည် နှင့် တူသည်မ ဟုတ်။
11しかし、あなたがたが渡って行って所有しようとしている地は、山と谷のある地であり、天の雨の水を飲む。
11သင် တို့သွား ၍ ဝင်စား လတံ့သော ပြည် သည် တောင် များ၊ ချိုင့် များနှင့် ပြည့်စုံ၍ မိုဃ်း ရေကို သောက် သောပြည်၊
12それはあなたの神、主が顧みてくださる地であり、年の初めから終わりまで、あなたの神、主の目が常にそこにある。
12သင် တို့၏ဘုရားသခင် ထာဝရဘုရား ပြုစု ၍ တနှစ် ပတ်လုံးကြည့်ရှု တော်မူသော ပြည် ဖြစ်၏။
13もしあなたがたが、わたしが今日命じる命令に熱心に聞き従い、あなたがたの神、主を愛し、心を尽くし、魂を尽くして主に仕えるなら、
13သင် တို့ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် ၍ အမှုတော် ကို ဆောင်ရွက်မည် အကြောင်း ၊ ယနေ့ ငါ မှာ ထားသမျှသော ပညတ် တို့ကို စေ့စေ့နားထောင် လျှင်၊
14わたしはあなたがたの地に季節ごとの雨、すなわち秋の雨と春の雨を与える。あなたは穀物、新しいぶどう酒、油を集めることができる。
14သင် တို့သည် စပါး ၊ စပျစ် ရည်၊ ဆီ တို့ကို စုသိမ်း စေခြင်းငှာ အရင်မိုဃ်း ၊ နောက် မိုဃ်း တည်းဟူသောသင် တို့ပြည် နှင့်ဆိုင်သော မိုဃ်း ရေကို ငါပေး မည်။
15わたしはあなたの家畜のために野に草を与える。あなたは食べて満ち足りる。
15သင်တို့သည် ဝ စွာစား ရမည်အကြောင်း ၊ သင် တို့တိရစ္ဆာန် များအဘို့ လွင်ပြင် ၌ မြက်ပင် ကို ငါပေါက် စေမည်။
16あなたがたは心を惑わされて横道にそれ、他の神々に仕えて、それらを拝むことのないように気をつけなさい。
16သင် တို့သည် မိစ္ဆာဒိဌိ အယူကိုစွဲ၍ လမ်းမလွဲ ၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ၊ ကိုးကွယ် ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း ၊ ကိုယ် ကိုကိုယ်သတိ ပြုကြ လော့။
17さもないと、主の怒りがあなたがたに向かって燃え上がり、主が天を閉ざして雨が降らなくなり、地がその産物をもたらさなくなる。そして、主があなたがたに与えられるあの良い地から、あなたがたは速やかに滅び去る。
17သို့မဟုတ်ထာဝရဘုရား သည် အမျက် တော် ထွက် ၍ မိုဃ်း မ ရွာ ၊ မြေ ၏အသီးအနှံ ကို မ ဖြစ် စေခြင်းငှာ။ မိုဃ်းကောင်းကင် ကို ပိတ် တော်မူမည်။ ထာဝရဘုရား ပေး တော်မူသော ကောင်းမွန် သောပြည် ၌ သင်တို့သည် အလျှင် အမြန် ပျောက် ပျက်ကြလိမ့်မည်။
18それゆえ、わたしのこれらの言葉を心と魂に刻め。しるしとして手に結び、額飾りとして目の間につけよ。
18သို့ဖြစ်၍ ငါ ဟောပြောသော ဤ စကား ကို စိတ် နှလုံး၌ သွင်း ထား၍ ၊ လက် ၌ လက္ခဏာ သက်သေဘို့ ရာ၎င်း၊ မျက်စိ ကြား မှာ သင်းကျစ် ကဲ့သို့ ၎င်း ချည် ထားရကြမည်။
19これを子供たちに教えよ。家に座っているときも、道を歩くときも、寝るときも、起きるときも、これを語れ。
19ထို စကားကို သင် တို့သည် အိမ် ၌ ထိုင် လျက် နေသည်ဖြစ်စေ၊ ခရီး သွား သည်ဖြစ်စေ ၊ အိပ် လျက် ထ လျက် ရှိသည်ဖြစ်စေဟောပြော ၍ ၊ သားသမီး တို့အား သွန်သင် ရကြမည်။
20これを家の戸口の柱と門に書き記せ。
20အိမ် တံခါး မြို့တံခါး ၌ လည်း ရေး ထားရကြမည်။
21それは、主があなたがたの父祖たちに与えると誓われたその地において、天が地の上にある限り、あなたがたの日々と、あなたがたの子供たちの日々が多くなるためである。
21သို့ပြုလျှင် ထာဝရဘုရား သည် ဘိုးဘေး တို့အား ပေး ခြင်းငှာ ကျိန်ဆို တော်မူသော ပြည် ၌ သင် တို့အသက် ၊ သားသမီး များ အသက်တာ သည်၊ ကောင်းကင် ၌ အသက်တာ ရှည် သကဲ့သို့ ၊ မြေကြီး ပေါ် မှာ တာရှည် ရလိမ့်မည်။
22あなたがたの神、主を愛し、主のすべての道を歩み、主にすがりつくために、わたしがあなたがたに行うように命じるこのすべての命令を、あなたがたが熱心に守るなら、
22သင် တို့သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ကို ချစ် သောစိတ်နှင့် လမ်း တော်သို့ လိုက် ၍၊ ကိုယ်တော် ၌ ဆည်းကပ်မှီဝဲ မည် အကြောင်း၊ ငါ မှာ ထားသမျှသော ဤ ပညတ် တို့ကို ကျင့် အံ့သောငှာ သတိနှင့် စောင့်ရှောက် လျှင်၊
23主はこれらのすべての国々の民をあなたがたの前から追い払われる。あなたがたは、自分たちよりも大きくて力強い国々の民の地を所有する。
23ထာဝရဘုရား သည် ဤ လူမျိုး ခပ်သိမ်း တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မူသဖြင့် ၊ သင် တို့သည် ကိုယ်ထက် အားကြီး ၍ များပြား သော လူမျိုး တို့ကို အစိုးရ ကြ လိမ့်မည်။
24あなたがたの足の裏が踏むあらゆる場所は、あなたがたのものとなる。荒野とレバノンから、大河ユーフラテス川から西の海に至るまでが、あなたがたの境界となる。
24သင် တို့သည် ခြေ နှင့်နင်း သမျှ သောအရပ် ကို ပိုင်သဖြင့်၊ တော မှစ၍ လေဗနုန် တောင်တိုင်အောင်၎င်း၊ ဥဖရတ် မြစ် ကြီးမှစ၍ ပင်လယ် ကမ်းနားတိုင်အောင် ၎င်း၊ မြေတရှောက်လုံးသည် သင် တို့၏ နိုင်ငံ အဝင် ဖြစ် လိမ့်မည်။
25だれ一人としてあなたがたの前に立つことはできない。あなたの神、主は、あなたに語られたとおり、あなたが踏む全地に、あなたに対する恐れと恐怖を置かれる。
25သင် တို့ရှေ့ မှာ အဘယ်သူ မျှမ ရပ် မနေနိုင် အောင်၊ သင်တို့နင်း သော မြေ အရပ်၌ ရှိသောသူအပေါင်း တို့သည် သင် တို့ကို ကြောက်ရွံ့ ထိတ်လန့် မည် အကြောင်း၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ ဂတိ တော်ရှိသည်အတိုင်း ပြု တော်မူမည်။
26見よ、わたしは今日、あなたがたの前に祝福と呪いを置く。
26ယနေ့ ကောင်းကြီး ပေးခြင်းနှင့် ကျိန် ခြင်းတည်းဟူသောဤနှစ်ပါးကို သင် တို့ရှေ့ မှာ ငါ ထား ၏။
27わたしが今日あなたがたに命じる、あなたの神、主の命令に聞き従うなら、祝福がある。
27ယနေ့ ငါ ဆင့်ဆို သော သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်တို့ကို နားထောင် လျှင် မူကား၊ ကောင်းကြီး ပေးခြင်း၊
28もしあなたの神、主の命令に聞き従わず、わたしが今日あなたがたに命じる道からそれて、あなたがたの知らなかった他の神々に従うなら、呪いがある。
28သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်တို့ကို နား မ ထောင်၊ ယနေ့ ငါ မှာ ထားသော လမ်း မှ လွှဲ ရှောင်၍ ၊ မ သိ ဘူးသော အခြား တပါးသောဘုရား ကို မှီဝဲဆည်းကပ်လျှင်မူကား ကျိန် ခြင်းကို ငါထား၏။
29あなたの神、主が、所有しようとしている地にあなたを導き入れられたとき、ゲリジム山には祝福を、エバル山には呪いを置け。
29သင် တို့သည်သွား ၍ ဝင်စား လတံ့သောပြည် သို့ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် ဆောင် သွင်း တော်မူပြီးမှ ၊ ကောင်းကြီး မင်္ဂလာကို ဂေရဇိမ် တောင် ပေါ် ၌၎င်း၊ ကျိန် ခြင်းကို ဧဗလ တောင် ပေါ် ၌၎င်း တင် ထားရကြမည်။
30それらはヨルダン川の向こう側、日の沈む道の背後、ギルガルの近く、モレの樫の木のそばにある、アラバに住むカナン人の地にあるではないか。
30ထိုတောင်တို့သည် ယော်ဒန် မြစ်အနောက် ၊ နေ ဝင် ရာဘက် မှာ ခါနနိ လူတို့နေရာ အရပ်တည်းဟူသော၊ မောရေ သပိတ် တောအနား ၊ ဂိလဂါလ မြို့နှင့် ဆိုင်သော လွင်ပြင် ၌ ရှိသည်မ ဟုတ်လော။
31あなたがたはヨルダン川を渡り、あなたの神、主が与えられる地に入ってそれを所有しようとしている。あなたがたはそれを所有し、そこに住む。
31သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူ သော ပြည် ကို ဝင်စား ခြင်းငှာ ၊ ယော်ဒန် မြစ်တဘက်သို့ ကူး သွား၍၊ ထိုပြည်ကို ဝင်စား လျက် နေ ရကြမည်။
32わたしが今日あなたがたの前に置く、すべての掟と法を注意して行え。
32ယနေ့ ငါ ထား သမျှ သော စီရင် ထုံးဖွဲ့ချက်တို့ကို ကျင့် အံ့သောငှာ စောင့်ရှောက် ရကြမည်။
Tip: use the ← and → keys to turn chapters.