申命記 8
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1今日わたしが命じるすべての命令を注意して行え。そうすれば、あなたがたは生きて増え広がり、主が父祖たちに誓われた地に入って、それを所有することができる。
1သင်သည် အသက်ရှင် ၍ များပြား မည်အကြောင်း ၊ ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သော ပြည် သို့ သွား ၍ ဝင်စား မည်အကြောင်း၊ ယနေ့ ငါ မှာထား သော ပညတ် အလုံးစုံ တို့ကို ကျင့်ဆောင် အံ့သောငှာ သတိပြု ရမည်။
2あなたの神、主がこの四十年の間、荒野で導かれた全道程を思い起こせ。主があなたをへりくだらせ、試み、命令を守るかどうか、あなたの心にあるものを知るためであった。
2သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှိမ့်ချ စုံစမ်း ၍ ၊ ပညတ် တော်တို့ကို ကျင့် ချင်သောစိတ် ရှိသည် မ ရှိသည်ကို သိ မည်အကြောင်း ၊ လွန်ခဲ့ပြီး သော အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် တော်မူသော လမ်း ခရီးတရှောက်လုံး ကို အောက်မေ့ ရမည်။
3主はあなたを低くし、あなたを飢えさせ、あなたもあなたの父祖たちも知らなかったマナであなたを養われた。それは、人はパンだけで生きるのではなく、主の口から出るすべての言葉によって生きることをあなたに知らせるためであった。
3ထိုသို့ သင့် ကိုနှိမ့်ချ ၍ အငတ် အမွတ်ခံစေတော်မူ သောအခါ ၊ သင် သည် ကိုယ်တိုင်မ သိ ၊ သင် ၏ဘိုးဘေး မ သိ ဘူးသော မန္န နှင့် ကျွေးမွေး တော်မူသဖြင့် ၊ လူ သည် မုန့် အားဖြင့် သာ အသက် ကို မွေးရသည်မ ဟုတ်။ ဘုရားသခင် မိန့် တော်မူသမျှ အားဖြင့် အသက် မွေးရသည် ကို သိ စေတော်မူ၏။
4この四十年間、あなたの着物はすり切れず、あなたの足は腫れなかった。
4လွန်ခဲ့ပြီးသော အနှစ် လေးဆယ် ပတ်လုံးသင် ဝတ်သောအဝတ် မ ဟောင်း မနွမ်း၊ သင့် ခြေ လည်း မ ပွန်း မရောင်။
5あなたは、人がその子を懲らしめるように、あなたの神、主があなたを懲らしめられることを心に留めなさい。
5အဘ သည် သား ကိုဆုံးမ သကဲ့သို့ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် အား ဆုံးမ တော်မူသည် ကို စိတ် ထဲမှာ အောက်မေ့ ရမည်။
6あなたはあなたの神、主の命令を守り、その道を歩み、主を恐れなさい。
6သို့ဖြစ်၍ သင် ၏ ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသောလမ်း သို့ လိုက် ၍ ၊ ကိုယ်တော် ကို ကြောက်ရွံ့ သဖြင့် ပညတ် တော်တို့ကို စောင့်ရှောက် ရမည်။
7あなたの神、主があなたを良い地へ導き入れようとしておられるからである。そこは水の流れ、泉、地下水が谷と山に流れ出る地であり、
7အကြောင်း မူကား၊ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ကောင်း သောပြည် ၊ ချိုင့် ထဲ ၊ တောင် ထဲက ပေါက် သောမြစ် ၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊
8小麦、大麦、ぶどうの木、いちじくの木、ざくろの地であり、オリーブの木と蜜の地である。
8ဂျုံ ၊ မုယော ၊ စပျစ် ပင်၊ သင်္ဘော သဖန်းပင်၊ သလဲ ပင်နှင့် ပြည့်စုံသောပြည် ၊ သံလွင် ဆီ ၊ ပျားရည် နှင့် ပြည့်စုံသောပြည်၊
9そこはあなたが乏しい思いをせずにパンを食べ、何一つ欠けることのない地である。その地の石は鉄であり、その丘からは銅を掘り出すことができる。
9ဘာမျှ မ လို ဘဲဝစွာ စား ရသောပြည် ၊ သံ ကျောက် နှင့် ပြည့်စုံ၍၊ တောင် ထဲက ကြေးနီ ကို တူး ရသောပြည် သို့ သင့်ကို ဆောင်သွားတော်မူ၏။
10あなたが食べて満ち足りたとき、主があなたに与えられたその良い地のゆえに、あなたの神、主をほめたたえなさい。
10ထို ကောင်းမွန် သော ပြည် ကိုပေး သနားတော်မူသည် ဖြစ်၍၊ သင်သည် ဝ စွာစား ရသောအခါ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ရမည်။
11わたしが今日あなたに命じる主の命令、法、および掟を守らずに、あなたの神、主を忘れることがないように気をつけなさい。
11ယနေ့ ငါ ဆင့်ဆို သော စီရင် ထုံးဖွဲ့ချက်၊ ပညတ် တရားတော်တို့ကို သင်သည် မ စောင့် ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား ကို မေ့လျော့ သောအပြစ်ကို သတိ နှင့်ရှောင်လော့။
12あなたが食べて満ち足り、良い家を建ててそこに住み、
12သင်သည် ဝ စွာစား ၍ ကောင်း သောအိမ် ကို ဆောက် လျက် နေ ရစဉ်၊
13あなたの牛や羊の群れが増え、あなたの銀や金が増え、あなたの持っているすべてのものが増えたとき、
13သင် ၏ သိုး နွား ၊ ရွှေ ငွေ အစ ရှိသော ဥစ္စာမျိုး များပြား စဉ်အခါ၊
14あなたの心が高ぶり、あなたの神、主を忘れることがないようにしなさい。主はあなたをエジプトの地から、奴隷の家から導き出された方であり、
14သင် သည် မာန ထောင်လွှားခြင်းသို့ ရောက်၍ ၊ အထက် ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ်ဆောင် ယူခဲ့ တော်မူထသော၊
15毒蛇やさそりがいる、水のない乾ききったあの大きくて恐ろしい荒野をあなたに歩ませ、硬い岩からあなたのために水を注ぎ出された方である。
15မီး မြွေ ၊ ကင်းမြီးကောက် များ၍ ၊ ရေ မ ရှိ၊ အငတ် ခံရာအရပ်၊ ကြောက်မက် ဘွယ်သော တော ကြီး အလယ် ၌ သင့် ကို ပို့ဆောင် ၍ မီး ပါကျောက်ထဲက ရေ ကို ထွက် စေတော်မူထသော၊
16主は、あなたの父祖たちが知らなかったマナで、荒野においてあなたを養われた。それはあなたを低くして試み、後になってあなたに幸いをもたらすためであった。
16သင့် ကိုနှိမ့်ချ စုံစမ်း ၍ ၊ နောက်ဆုံး ၌ ကျေးဇူး ပြု လိုသောငှာ ၊ သင် ၏ ဘိုးဘေး မ သိ ဘူးသော မန္န နှင့် တော ၌ ကျွေးမွေး တော်မူသောသင် ၏ဘုရားသခင် ထာဝရဘုရား ကို မေ့လျော့ ၍၊
17あなたは心の中で、「私の力と私の手の勢いが、この富を私に得させたのだ」と言ってはならない。
17ငါ့ တန်ခိုး ၊ ငါ့ လက် သတ္တိ အားဖြင့် ဤ စည်းစိမ် ကို ငါ ရ တတ်သည်ဟုစိတ် ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့။
18あなたの神、主を思い起こせ。富を得る力をあなたに与えられるのは主である。今日あるとおり、父祖たちに誓われた契約を確立するためである。
18သင် ၏ဘုရားသခင် ထာဝရဘုရား ကိုသာ အောက်မေ့ ရမည်။ အကြောင်း မူကား၊ သင် ၏ ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပဋိညာဉ် တရားတော်ကို ယနေ့ ကဲ့သို့ တည် စေလိုသောငှာ ၊ စည်းစိမ် ရ တတ်သော အစွမ်း သတ္တိကို ဘုရားသခင်ပေး တော်မူ၏။
19もしあなたがあなたの神、主を忘れ、他の神々に従って歩み、それらに仕え、それらを拝むなら、わたしは今日あなたがたに対して証言する。あなたがたは必ず滅びる。
19သင် ၏ ဘုရားသခင် ထာဝရဘုရား ကို သင် သည် မေ့လျော့ သဖြင့် ၊ အခြား တပါးသော ဘုရား တို့ကို ဆည်းကပ် ၍ ဝတ်ပြု ကိုးကွယ် လျှင် ၊ ပျက်စီး ခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့် တဘက် ၌ သက်သေခံ ၏။
20主があなたがたの前から滅ぼされる国々のように、あなたがたも滅びるのである。あなたがたが、あなたがたの神、主の御声に聞き従おうとしなかったからである。
20သင် ၏ဘုရား သခင်ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်သောကြောင့် ၊ ထာဝရဘုရား သည် သင့် ရှေ့ မှာ ဖျက်ဆီး တော်မူသောလူမျိုး များကဲ့သို့ ၊ ထိုနည်းတူ သင်သည် ပျက်စီး ခြင်းသို့ ရောက်ရလိမ့်မည်။
Tip: use the ← and → keys to turn chapters.