申命記 7
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1あなたの神、主が、あなたが所有するために行くその地にあなたを導き入れ、あなたの前から多くの国々の民、すなわちヘト人、ギルガシ人、アモリ人、カナン人、ペリジ人、ヒビ人、エブス人という、あなたよりも大きくて強い七つの国々の民を追い払われるとき、
1သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင် သွား ၍ ဝင်စား လတံ့သော ပြည် သို့ သင့် ကို ဆောင် သွင်း လျက် ၊ ဟိတ္တိ လူ၊ ဂိရဂါရှိ လူ၊ အာမောရိ လူ၊ ခါနာနိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတည်းဟူသော၊ သင့် ထက် ကြီးမြင့် များပြား သော လူမျိုး ခုနစ် မျိုးတို့ကို သင့် ထံ က နှင်ထုတ် ၍၊
2あなたの神、主が彼らをあなたの前に引き渡し、あなたが彼らを打つとき、彼らを完全に滅ぼせ。彼らと契約を結んではならず、あわれみを示してもならない。
2တဖန် သင့် လက်၌ အပ် တော်မူသောအခါ၊ သူ တို့ ကို လုပ်ကြံ ၍ အကုန်အစင်သုတ်သင် ပယ်ရှင်းရမည်။ သူ တို့နှင့် မိဿဟာယ မ ဖွဲ့ ရ၊ ကရုဏာ ကို မ ပြရ။
3彼らと縁組みをしてはならない。あなたの娘を彼の息子に与えてはならず、彼の娘をあなたの息子のためにめとってはならない。
3သူ တို့နှင့် စုံဘက် ခြင်းကို မ ပြုရ။ သင် ၏သမီး ကို သူ ၏သား နှင့်၎င်း၊ သင်၏သားကို သူ၏သမီးနှင့်၎င်း ထိမ်းမြားပေးစားခြင်းကို မပြုရ။
4彼らはあなたの息子をわたしに従うことから遠ざけ、彼らが他の神々に仕えるようになるからである。そうして主の怒りがあなたがたに向かって燃え上がり、主はすぐにあなたを滅ぼされるであろう。
4အကြောင်း မူကား၊ သူတို့သည် သင် ၏သား ကို ငါ ၌ မဆည်းမကပ်စေဘဲ၊ အခြား တပါးသော ဘုရား အား ဝတ်ပြု စေခြင်းငှာသွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက် ထွက် ၍ သင် တို့ကို ချက်ခြင်း ဖျက်ဆီး တော်မူလိမ့်မည်။
5彼らにはこのようにせよ。祭壇を打ち壊し、石柱を砕き、アシェラ柱を切り倒し、彫像を火で焼け。
5သို့ဖြစ်၍ ၊ သူ တို့၌ အဘယ်သို့ပြု ရမည်နည်း ဟူမူကား ၊ သူ တို့ယဇ် ပလ္လင်များကို ဖျက် ရမည်။ ရုပ်တု များကို ဖြိုချ ရမည်။ အာရှရ ပင်များကို ခုတ် လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ ရမည်။
6あなたはあなたの神、主にとって聖なる民だからである。あなたの神、主は地の面にいるすべての民の中から、ご自身の所有の民とするためにあなたを選ばれた。
6အကြောင်း မူကား၊ သင် သည် သင် ၏ ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သောအမျိုး ဖြစ်၏။ မြေကြီး ပေါ် မှာ ရှိသမျှ သော လူမျိုး ထက် သင် ၏ဘုရားသခင် ထာဝရဘုရား ပိုင် ထိုက်သော အမျိုး ဖြစ် စေခြင်းငှာ သင့် ကို ရွေးချယ် တော်မူပြီ။
7主があなたがたを愛し、あなたがたを選ばれたのは、あなたがたが他のどの民よりも数が多かったからではない。あなたがたはすべての民の中で最も少なかったからである。
7သင် သည် အခြားသောလူမျိုး ထက် သာ၍များ သောကြောင့် ၊ ထာဝရဘုရား သည် သင့် ကို ချစ် ၍ ရွေးချယ် တော်မူသည်မ ဟုတ်။ သင် သည် အခြားသော လူမျိုး တကာ တို့ထက် သာ၍နည်း ၏။
8むしろ、主があなたがたを愛し、あなたがたの父祖たちに誓われた誓いを守ろうとされたので、主は力強い御手によってあなたがたを導き出し、奴隷の家から、エジプトの王ファラオの手からあなたを贖い出されたのである。
8ထာဝရဘုရား သည် သင့် ကိုချစ် သောကြောင့် ၎င်း ၊ သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော အကျိန် ကို မ ဖျက်လိုသောကြောင့် ၎င်း၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည်ကို အစိုးရ သောဖါရော ဘုရင်လက် မှ အားကြီး သော လက် တော်နှင့် သင့် ကို ရွေးနှုတ် ဆောင်ယူခဲ့တော်မူပြီ။
9それゆえ、あなたの神、主こそが神であり、真実な神であることを知りなさい。主はご自分を愛し、その命令を守る者たちには、千代に至るまで契約と慈しみを守られるが、
9သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား ၊ သစ္စာ စောင့်သောဘုရား ၊ ကိုယ်တော် ကို ချစ် ၍ ပညတ် တော်တို့ကို စောင့်ရှောက် သောသူတို့ ၏ အမျိုး အစဉ်အဆက် အထောင် အသောင်းတိုင်အောင် ပဋိညာဉ် စကားတည် ၍ ကရုဏာ ကို ပြသောဘုရား၊
10ご自分を憎む者たちには面と向かって報い、彼らを滅ぼされる。主はご自分を憎む者への報いを遅らせることなく、面と向かって彼に報いられる。
10ကိုယ်တော် ကို မုန်း သောသူတို့ကို ဖျက်ဆီး ခြင်းငှာ ၊ သူ တို့မျက်မှောက် ၌ အပြစ် ပေးသော ဘုရားဖြစ်တော်မူ ကြောင်းကို သိမှတ်လော့။ ကိုယ်တော် ကို မုန်း သောသူတို့ ကို အား မ နာဘဲ၊ သူ တို့မျက်မှောက် ၌ အပြစ် ပေး တော်မူမည်။
11それゆえ、わたしが今日あなたに命じる命令、掟、法を守り行え。
11သို့ဖြစ်၍ ယနေ့ငါ ထား သော စီရင် ထုံးဖွဲ့ချက်၊ ပညတ် တရားတို့ကို ကျင့် အံ့သောငှာ စောင့်ရှောက် ရမည်။
12あなたがたがこれらの法に聞き従い、それらを守り行うなら、あなたの神、主は、あなたの父祖たちに誓われた契約と慈しみをあなたに対して守られる。
12ထို ပညတ် တို့ကို သင်သည် ကျင့်ဆောင် အံ့သောငှာနားထောင် လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပဋိညာဉ် နှင့် ကရုဏာ တော်ကို စောင့် တော်မူမည်။
13主はあなたを愛し、あなたを祝福し、あなたを増やされる。また、あなたに与えるとあなたの父祖たちに誓われたその地で、あなたの胎の実と、あなたの地の産物、すなわちあなたの穀物、新しいぶどう酒、油、あなたの牛の群れの増加、羊の群れの幼いものを祝福される。
13သင့် ကိုချစ် သဖြင့် ကောင်းကြီး ပေး၍ များပြား စေတော်မူမည်။ သင့် အား ပေး ခြင်းငှာ ၊ သင် ၏ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပြည် ၌ သင် ဘွားမြင် သော သား တို့ကို၎င်း ၊ သင် ၏မြေ အသီးအနှံ ၊ စပါး ၊ စပျစ်ရည် ၊ ဆီ ၊ နွား အစီး အပွား၊ သိုး စုတို့ကို၎င်းကောင်းကြီး ပေး တော်မူမည်။
14あなたはすべての民に勝って祝福される。あなたがたの中には、男にも女にも不妊の者はなく、家畜の中にもない。
14သင်သည် လူမျိုး တကာ တို့ထက် သာ၍ကောင်းကြီး ခံရသောသူဖြစ် ၍၊ သင် ၌ မြုံ သော ယောက်ျားမိန်းမတယောက်မျှ၊ တိရစ္ဆာန် တွင် မြုံသော အထီးအမ တကောင်မျှမ ရှိ ရ။
15主はあなたからすべての病を取り除かれる。あなたが知っているエジプトのあの悪性の疫病をあなたにもたらすことはなく、あなたを憎むすべての者たちの上にそれを下される。
15ထာဝရဘုရား သည်လည်း ၊ အနာ ရောဂါရှိသမျှ တို့ကို သင့် ဆီ က ပယ်ရှား ၍ ၊ သင်သိ သော အဲဂုတ္တု ပြည်၏ အနာ ဆိုးကို သင် ၌ စွဲ စေတော်မ မူ။ သင့် ကိုမုန်း သောသူ အပေါင်း တို့၌ စွဲ စေတော်မူမည်။
16あなたは、あなたの神、主があなたに引き渡されるすべての民を滅ぼし尽くせ。彼らをあわれんではならない。彼らの神々に仕えてはならない。それはあなたにとって罠となるからである。
16သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင် ၌ အပ်ပေး တော်မူသောလူမျိုး အပေါင်း ကို ဖျက်ဆီး ရမည်။ သင် ၏မျက်စိ သည် သူ တို့ကို မ သနား ရ။ သူ တို့ ဘုရား အား ဝတ် မ ပြုရ။ ဝတ်ပြုလျှင်၊ ထိမိ ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည်။
17もしあなたが心の中で、「これらの国々の民は私よりも多い。どうして彼らを追い払うことができるだろうか」と言うなら、
17ထို လူမျိုး တို့သည် ငါ့ ထက် သာ၍များ ၏။ ငါသည် သူ တို့ကို အဘယ်သို့ နှင်ထုတ် နိုင် မည်နည်းဟု သင် သည် စိတ် ထဲမှာ အောက်မေ့ လျက်၊
18彼らを恐れてはならない。あなたの神、主がファラオと全エジプトに行われたことをよく思い起こしなさい。
18သူ တို့ကို မ ကြောက် ရ။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဖါရော ဘုရင်နှင့် အဲဂုတ္တု ပြည် တပြည်လုံး ၌ ပြု တော်မူသောအမှု ကို၎င်း၊
19あなたの目が見たあの大いなる試み、しるし、不思議、力強い御手、伸ばされた腕によって、あなたの神、主はあなたを導き出されたのである。あなたの神、主は、あなたが恐れているすべての民に対しても同じようにされる。
19ကိုယ်တိုင် မြင် ၍ ကြီးစွာ သော စုံစမ်း ခြင်းတို့ကို၎င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှုတ်ဆောင် သောအခါ ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ် သော အမှုတို့ကို၎င်း၊ အားကြီး သော လက်ရုံး တော်ကို ဆန့် တော်မူခြင်းကို၎င်းစေ့စေ့အောက်မေ့ရမည်။ ထိုနည်းတူ ၊ သင် ကြောက် တတ်သော လူမျိုး ရှိသမျှ တို့၌ သင် ၏ ဘုရား သခင်ထာဝရဘုရား ပြု တော်မူမည်။
20さらに、あなたの神、主は彼らの間にスズメバチを送り込まれ、ついに、生き残ってあなたから隠れている者たちも滅び去る。
20ထို မှတပါး၊ ကျန်ကြွင်း ၍ ပုန်းရှောင် လျက်နေ သောသူတို့ သည် မ ပျက်စီး မှီတိုင်အောင်၊ သင် ၏ ဘုရား သခင် ထာဝရဘုရား သည် ပျားတူ များကို သူ တို့တွင် စေလွှတ် တော်မူမည်။
21彼らのゆえに恐れおののいてはならない。あなたのただ中におられるあなたの神、主は大いなる恐るべき神だからである。
21သူ တို့ကြောင့် ထိတ်လန့် ခြင်း မ ရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး ၍ ကြောက်မက် ဘွယ်သောသင် ၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့တွင် ရှိတော်မူ ၏။
22あなたの神、主はこれらの国々の民を、少しずつあなたの前から追い払われる。あなたは彼らを一度に滅ぼし尽くすことはできない。野の獣が増えて、あなたに害を及ぼすことがないためである。
22သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ထို လူမျိုး တို့ကို သင့် ထံ က တရွေ့ရွေ့ နှင်ထုတ် တော်မူလိမ့်မည်။ တော သားရဲ တို့သည် သင့် တဘက် ၌ များပြား မည်ကို စိုးရိမ်၍၊ သူ တို့ကို ချက်ခြင်း မ ပယ် မရှားသင့်။
23しかし、あなたの神、主は彼らをあなたの前に引き渡し、彼らが滅ぼされるまで彼らを大いに混乱させられる。
23သို့ရာတွင် သင် ၏ ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို သင် ၌ အပ် ၍ ၊ သူ တို့ မ ပျက်စီး မှီတိုင်အောင်၊ ကြီး စွာသော ပျက်စီး ခြင်းကို စီရင် တော်မူမည်။
24主は彼らの王たちをあなたの手に引き渡される。あなたは天の下から彼らの名を消し去る。あなたが彼らを滅ぼすまで、だれ一人としてあなたの前に立つことはできない。
24သူ တို့ရှင် ဘုရင်များကိုလည်း သင့် လက် ၌ အပ် တော်မူသဖြင့် ၊ သူ တို့ဘွဲ့နာမ ကိုပင် ကောင်းကင် အောက် မှာ ပယ်ရှင်း ရမည်။ သူ တို့ကို မ ဖျက်ဆီး မှီ တိုင်အောင်သင့် ရှေ့ မှာ အဘယ်သူ မျှမ ရပ် မနေနိုင်ရာ။
25あなたがたは彼らの神々の彫像を火で燃やせ。その上にある銀や金をむさぼってはならず、自分のためにそれを取ってはならない。あなたがそれによって罠にかけられないためである。それはあなたの神、主にとって忌まわしいものだからである。
25သူ တို့ထုသော ရုပ်တု ဆင်းတုဘုရား များကို မီးရှို့ ရမည်။ ရုပ်တုဆင်းတု၌ ပါသောရွှေ ငွေ ကို မ တပ်မက် ရ၊ မသိမ်းမယူရ။ ယူ လျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် စက်ဆုပ် ရွံရှာတော်မူ၏။
26忌まわしいものを家に持ち込み、それと同じように滅ぼし尽くされるものとなってはならない。それを徹底して忌み、憎め。それは滅ぼし尽くされるものだからである。
26စက်ဆုပ် ရွံရှာဘွယ်သောအရာကို သင့် အိမ် ထဲသို့ မ သွင်း ရ။ သွင်းလျှင် ၊ သင်သည် ထို အရာကဲ့သို့ ကျိန် အပ် သောအရာ ဖြစ် မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာ ကို သင် သည် အကြွင်းမဲ့စက်ဆုပ် ရွံရှာရမည်။ ကျိန် အပ် သော အရာပင်ဖြစ်ပေ၏။
Tip: use the ← and → keys to turn chapters.