ג'ון 11
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1ויהי איש חולה לעזר שמו מבית היני כפר מרים ומרתא אחותה׃
1ညီအစ်မ မာရိ နှင့် မာသ တို့နေသော ဗေသနိ ရွာသား ၊ လာဇရု အမည်ရှိသော သူတစ် ယောက်သည် နာ လျက်နေလေ၏။
2היא מרים אשר משחה את האדון בשמן המר ותנגב את רגליו בשערותיה ועתה לעזר אחיה חלה׃
2နာ လျက်နေသောလာဇရု ၏နှမမာရိ ကား၊ သခင် ဘုရားကို ဆီမွှေး နှင့်လိမ်း ၍ ခြေ တော်ကို မိမိ ဆံပင် နှင့် သုတ် သောမာရိဖြစ် သတည်း။
3ותשלחנה אחיותיו אליו לאמר אדני הנה זה אשר אהבת חלה הוא׃
3ညီအစ်မ တို့သည် အထံ တော်သို့ စေလွှတ် ၍ ၊ သခင် ၊ ကိုယ်တော်ချစ် တော်မူသောသူ သည် နာ လျက် နေပါသည်ဟုလျှောက် ကြ၏။
4וישמע ישוע ויאמר זאת המחלה איננה למות כי אם לכבוד האלהים למען יכבד בה בן האלהים׃
4ထိုစကားကို ယေရှု သည် ကြား တော်မူလျှင် ၊ ထို အနာ သည် သေ နာမ ဟုတ်။ ဘုရားသခင် ၏ ဘုန်း တော်ကို ထင်ရှားစေသောအနာဖြစ် ၏။ ထို အနာကြောင့် ဘုရားသခင် ၏သား တော်သည် ဘုန်း ထင်ရှားခြင်း ရှိလိမ့်မည် ဟု မိန့် တော်မူ၏။
5וישוע אהב את מרתא ואת אחותה ואת לעזר׃
5ယေရှု သည် မာသ ကို၎င်း ။ သူ ၏ညီမ နှင့် လာဇရု ကို၎င်း ချစ် တော်မူ၏။
6ויהי כשמעו כי חלה ויתמהמה וישב יומים במקום אשר הוא שם׃
6လာဇရု နာ သည်ကိုကြား တော်မူလျှင် ၊ ကြွတော်မမူဘဲ ထိုအရပ် ၌ နှစ် ရက် နေ တော်မူ၏။
7מאחרי כן אמר לתלמידיו לכו ונשובה לארץ יהודה׃
7ထိုနောက် တပည့် တော်တို့အား၊ ယုဒ ပြည်သို့ တစ်ဖန် သွား ကြကုန်အံ့ ဟု မိန့် တော်မူလျှင်၊
8ויאמרו אליו תלמידיו רבי עתה זה בקשו היהודים לסקלך ואתה תשוב שמה׃
8တပည့် တော်တို့က၊ အရှင် ဘုရား၊ ယုဒ လူတို့သည်ယခုပင် ကိုယ်တော် ကိုခဲ နှင့်ပစ်ခြင်းငှာရှာကြံ လျက်ပင်ထို အရပ်သို့တစ်ဖန် ကြွ တော်မူဦးမည်လောဟု လျှောက် ကြ၏။
9ויען ישוע הלא שתים עשרה שעות ליום איש כי ילך ביום לא יכשל כי יראה אור העולם הזה׃
9ယေရှု ကလည်း၊ တစ်နေ့ တွင်တဆယ့်နှစ် နာရီ ရှိ သည်မ ဟုတ်လော။ လူ သည်နေ့ အချိန်၌ သာ သွားလာ လျှင် ၊ နေရောင်အလင်း ကို မြင် ရသောကြောင့် ထိမိ ၍ မ လဲတတ်။
10אבל ההלך בלילה יכשל כי האור אין בו׃
10ညဉ့် အချိန်၌ သွားလာလျှင် မူကား ၊ အလင်း မ ရှိ သောကြောင့် ထိမိ ၍လဲတတ်၏ ဟု မိန့် တော်မူပြီးမှ၊
11כזאת דבר ואחרי כן אמר אליהם לעזר ידידנו ישן הוא ואנכי הלך למען אעירנו׃
11ငါ တို့အဆွေ လာဇရု သည် အိပ်ပျော် ၏။ သူ့ ကို နိုး ခြင်းအလိုငှာ ငါ သွားမည် ဟု မိန့် တော်မူ၏။
12ויאמרו תלמידיו אדני אם ישן הוא יושע׃
12တပည့် တော်တို့ကလည်း ၊ သခင် ၊ သူသည် အိပ်ပျော် လျှင် သက်သာ ရလိမ့်မည်ဟု လျှောက် ကြ၏။
13וישוע דבר על מותו והמה חשבו כי על מנוחת השנה דבר׃
13ယေရှု သည် လာဇရု သေ ကြောင်း ကိုမှတ်၍ မိန့် တော်မူသော်လည်း ၊ ပကတိ အိပ်ပျော် ကြောင်းကို မိန့် တော်မူသည်ဟု တပည့် တော်တို့သည် ထင်မှတ် ကြ၏။
14אז גלה ישוע את אזנם ויאמר אליהם לעזר מת׃
14ထိုကြောင့် ယေရှု က၊ လာဇရု သေ ပြီ။ သင်တို့သည် ယုံကြည် မည်အကြောင်း ၊
15ושמח אני בגללכם כי לא הייתי שם למען תאמינו ועתה נסעה ונלכה אליו׃
15ထို အရပ်၌ ငါမ ရှိ သည်ကိုထောက်၍ သင် တို့အတွက် ငါဝမ်းမြောက် ခြင်းရှိ၏။ သူ့ ဆီသို့ ငါတို့သွား ကြ ကုန်အံ့ ဟု အတည့်အလင်း မိန့် တော်မူ၏။
16ויאמר תומא הנקרא דידומוס אל התלמידים חבריו נלכה גם אנחנו למען נמות עמו׃
16ဒိဒုမု အမည် ရှိသောသောမ က၊ အကျွန်ုပ် တို့လည်း လိုက် ၍ သခင် နှင့်အတူ အသေခံ ကြကုန်အံ့ဟု တပည့် တော်ချင်းတို့အား ပြောဆို ၏။
17ויבא ישוע וימצאהו זה ארבעה ימים שכב בקבר׃
17ယေရှု သည် ရောက် တော်မူသောအခါ ၊ လာဇရု ကို သင်္ဂြိုဟ်၍ သင်္ချိုင်း တွင်း၌ လေး ရက် လွန် လေပြီ။
18ובית היני היה קרוב לירושלים כדרך חמש עשרה ריס׃
18ဗေသနိ ရွာသည် ယေရုရှလင် မြို့နှင့် တစ် တိုင်လောက် သာကွာဝေး သည်ဖြစ် ၍၊
19ורבים מן היהודים באו בית מרתא ומרים לנחם אתהן על אחיהן׃
19မာသ နှင့် မာရိ တို့ ၏မောင် သေသောကြောင့် ၊ သူ တို့ကို နှစ်သိမ့် စေလိုသောငှာ ယုဒ လူများ တို့သည် လာ ကြ၏။
20ויהי כשמע מרתא כי ישוע בא ותצא לקרתו ומרים יושבת בבית׃
20ယေရှု ကြွလာ တော်မူကြောင်း ကို မာသ သည်ကြား လျှင် ၊ ကိုယ်တော် ကို ခရီးဦးကြိုပြု ခြင်းငှာသွား၏။
21ותאמר מרתא אל ישוע אדני אלו היית פה כי אז לא מת אחי׃
21မာရိ မူကား အိမ် ၌ ထိုင် လျက်နေရစ်၏။ မာသ က၊ သခင် ၊ ကိုယ်တော်ရှိ တော်မူလျှင် ကျွန်မ ၏မောင် မ သေ ပါ။
22וגם עתה ידעתי כי כל אשר תשאל מאת אלהים יתן לך אלהים׃
22ယခု သေလျက်ရှိသော်လည်း ကိုယ်တော် သည် ဘုရားသခင် ကို ဆုတောင်း တော်မူသမျှ အတိုင်း ဘုရားသခင် ပေး တော်မူမည်ကို ကျွန်မသိ ပါသည်ဟုလျှောက် ၏။
23ויאמר אליה ישוע קום יקום אחיך׃
23ယေရှု ကလည်း၊ သင် ၏မောင် သည် ထမြောက် လိမ့်မည် ဟု မိန့် တော်မူ၏။
24ותאמר אליו מרתא ידעתי כי יקום בתקומה ביום האחרון׃
24မာသ ကလည်း၊ နောက်ဆုံး သောနေ့ တည်းဟူသောထမြောက် ရာကာလ၌ သူသည် ထမြောက် လိမ့်မည်ကို ကျွန်မသိ ပါသည်ဟု လျှောက် ၏။
25ויאמר אליה ישוע אנכי התקומה והחיים המאמין בי יחיה גם כי ימות׃
25ယေရှု ကလည်း၊ ငါ သည် ထမြောက် ခြင်းအကြောင်း၊ အသက် ရှင်ခြင်းအကြောင်းဖြစ် ၏။ ငါ့ ကို ယုံကြည် သောသူ သည်သေ လွန်သော်လည်း ရှင် လိမ့်မည်။
26וכל החי אשר יאמין בי לא ימות לעולם התאמיני זאת׃
26ငါ့ ကိုယုံကြည် ၍ အသက် ရှင်သောသူရှိသမျှ တို့သည်လည်း သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါ့စကားကိုယုံ သလော ဟု မေး တော်မူလျှင်၊ မာသက၊ ဟုတ် ပါ၏သခင် ။
27ותאמר אליו כן אדני האמנתי כי אתה המשיח בן האלהים הבא לעולם׃
27ကိုယ်တော် သည် ခရစ်တော် တည်းဟူသောဤလောက သို့ ကြွ တော်မူသော ဘုရားသခင် ၏သား တော် ဖြစ် တော်မူသည်ကို ကျွန်မ ယုံ ပါသည်ဟု လျှောက် ၏။
28ויהי אחר דברה זאת ותלך ותקרא למרים אחותה בסתר לאמר הנה המורה פה וקרא לך׃
28ထိုသို့ လျှောက် ပြီးမှ မာသသည်သွား ၍ မိမိ ညီမ မာရိ အား၊ အရှင် ဘုရားရောက်လာ တော်မူပြီ။ သင့် ကို ခေါ် တော်မူသည်ဟု တိတ်ဆိတ် စွာခေါ် လေ၏။
29היא שמעה ותמהר לקום ותבא אליו׃
29မာရိ သည် ထိုစကားကိုကြား လျှင် အလျှင်တဆော ထ ၍ အထံ တော်သို့ သွား လေ၏။
30וישוע טרם יבא אל הכפר כי עודנו עמד במקום אשר פגשתו שם מרתא׃
30ထိုအခါ ယေရှု သည် ရွာ ထဲသို့ မ ဝင် သေး။ မာသ ခရီးဦးကြိုပြု သောအရပ် ၌ ရှိ တော်မူသတည်း။
31והיהודים אשר באו אל ביתה לנחמה כראותם את מרים כי קמה פתאם ותצא הלכו אחריה באמרם כי הלכה לה אל הקבר לבכות שמה׃
31ထိုကြောင့် နှစ်သိမ့် သောစကားကိုပြောလျက် မာရိနှင့်အတူ အိမ် ၌ ရှိ သော ယုဒ လူတို့သည် မာရိ အလျင်တဆော ထ ၍ ထွက်သွား သည်ကိုမြင် ကြလျှင်၊ ငိုကြွေး ခြင်းငှာ သင်္ချိုင်း သို့ သွား ပြီဟုဆို၍ သူ့ နောက် သို့လိုက်ကြ၏။
32ותבא מרים אל המקום אשר ישוע עמד שם ותרא אתו ותפל לרגליו ותאמר לו אדני אלו היית פה כי אז לא מת אחי׃
32မာရိ သည် ယေရှု ရှိ တော်မူရာအရပ် သို့ရောက် ၍ ကိုယ်တော် ကိုမြင် လျှင် ခြေ တော်ရင်း၌ ပြပ်ဝပ် လျက်၊ သခင် ၊ ကိုယ်တော်ရှိ တော်မူလျှင် ကျွန်မ ၏ မောင် မ သေ ပါဟုလျှောက် ၏။
33ויהי כראות ישוע אתה בכיה וגם היהודים אשר באו אתה בכים ותזעם רוחו ויהי מרעיד׃
33မာရိ မှစ၍လိုက် လာသောယုဒ လူတို့သည် ငိုကြွေး သည်ကို ယေရှု သည်မြင် တော်မူသောအခါ ၊ အလွန် ညှိုးငယ် ခြင်း၊ စိတ် ပူပန် ခြင်းရှိ၍ ၊
34ויאמר איפה שמתם אתו ויאמרו אליו אדני בא וראה׃
34အလောင်း ကို အဘယ်မှာ ထား ကြသနည်း ဟုမေး တော်မူလျှင်၊ သခင် ကြွ ၍ ကြည့် တော်မူပါဟု လျှောက် ကြ၏။
35ויבך ישוע׃
35ယေရှု သည်မျက်ရည် ကျတော်မူ၏။
36ויאמרו היהודים הנה מה גדלה אהבתו אתו׃
36ယုဒ လူတို့က၊ ကြည့် ပါ၊ လာဇရု ကို အလွန်ချစ် တော်မူပါသည်တကားဟု ဆို ကြ၏။
37ומקצתם אמרו הפקח עיני העור הלא יכל לעשות שגם זה לא ימות׃
37အချို့ တို့က၊ မျက်စိ ကန်းသောသူ ကို မြင် စေတော်မူသော ဤ သခင်သည်၊ လာဇရု ကို မ သေ စေခြင်းငှာ မ တတ်နိုင် လောဟုဆို ကြ၏။
38ויוסף עוד ישוע להזעם ברוחו ויבא אל הקבר והוא מערה ואבן על מבואה׃
38တစ်ဖန် ယေရှု သည် အလွန်ညှိုးငယ် သောစိတ်နှင့် သင်္ချိုင်း တွင်းသို့ ရောက် တော်မူ၏။ ထို တွင်းသည် မြေတွင်း ဖြစ်၏။ ကျောက် နှင့်ပိတ် ထား၏။
39ויאמר ישוע שאו את האבן מעליה ותאמר אליו מרתא אחות המת אדני הנה כבר באש כי ארבעה ימים לו׃
39ကျောက် ကိုရွှေ့ ကြလော့ ဟု ယေရှု သည်မိန့် တော်မူလျှင်၊ သေ လွန်သောသူ နှမ မာသ က၊ သခင် ၊ ယခု ဖြစ်လျှင်နံ လိမ့်မည်။ လေး ရက်ရှိပါပြီဟုလျှောက် ၏။
40ויאמר אליה ישוע הלא אמרתי לך כי אם תאמיני תחזי את כבוד האלהים׃
40ယေရှု ကလည်း၊ သင် သည်ယုံ လျှင် ဘုရားသခင် ၏ဘုန်း အာနုဘော်တော်ကို မြင် ရလိမ့်မည်၊ ငါပြော ပြီ မ ဟုတ်လော ဟု မိန့် တော်မူ၏။
41וישאו את האבן אשר המת הושם שם וישוע נשא את עיניו למרום ויאמר אודך אבי כי עניתני׃
41ထိုအခါ သေလွန်သောသူ၏သင်္ချိုင်းမှကျောက် ကိုရွှေ့ ကြ၏။ ယေရှု သည်လည်း အထက် သို့မျှော်ကြည့်လျက်၊ အဘ ၊ ကိုယ်တော် သည် အကျွန်ုပ် စကားကို နားထောင် တော်မူသောကြောင့် ကျေးဇူး တော်ကြီးလှပါ၏။
42ואני ידעתי כי בכל עת תענני אולם בעבור העם הזה אשר סביבותי דברתי למען יאמינו בי כי אתה שלחתני׃
42ကိုယ်တော်သည် အကျွန်ုပ် စကားကိုအစဉ်မပြတ် နားထောင် တော်မူသည်ကို အကျွန်ုပ် သိ ပါ၏။ သို့သော်လည်း ကိုယ်တော် သည် အကျွန်ုပ် ကို စေလွှတ် တော်မူသည်ကို ဝန်းရံ လျက်ရှိသောဤလူ အပေါင်းတို့သည် ယုံကြည် စေခြင်းငှာ သူတို့၏အကျိုးကိုထောက်၍ ဤသို့အကျွန်ုပ်လျှောက် ပါ၏ ဟု မိန့်မြွတ် တော်မူပြီးမှ၊
43ויהי ככלותו לדבר ויקרא בקול גדול לעזר קום צא׃
43လာဇရု ထွက် ၍လာ လော့ ဟု ကြီးစွာ သောအသံ နှင့် ဟစ်ခေါ် တော်မူ၏။
44ויצא המת וידיו ורגליו כרוכת בתכריכין ופיו לוטים בסודר ויאמר אליהם ישוע התירו אתו וילך לדרכו׃
44ထိုအခါသေ လွန်သောသူ သည် မိမိ ခြေ လက် ၌ပုဆိုး နံငယ်နှင့် ရစ်ပတ် လျက်၊ မျက်နှာ ကိုလည်း ပုဝါ နှင့် စည်း လျက်ထွက်လာ ၏။ ယေရှု ကလည်း၊ သူ့ ကိုဖြည် ၍ လွှတ် ကြလော့ ဟု မိန့် တော်မူ၏။
45ורבים מן היהודים אשר באו אל מרים בראותם את אשר עשה ישוע האמינו בו׃
45ထိုအခါ မာရိ ဆီသို့ လာ သော ယုဒ လူအများ တို့သည် ယေရှုပြု တော်မူသောအမှု ကိုမြင် လျှင် ၊ ကိုယ်တော် ကို ယုံကြည် ကြ၏။
46ומקצתם הלכו אל הפרושים ויגידו להם את אשר עשה ישוע׃
46အချို့ မူကား ၊ ဖာရိရှဲ တို့ထံသို့ သွား ၍ ယေရှု ပြု တော်မူသောအမှု ကို ကြားပြော ကြ၏။
47אז יקהילו הכהנים הגדולים והפרושים את הסנהדרין ויאמרו מה נעשה כי האיש הלזה עשה אתות הרבה׃
47ထိုအခါ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ဖာရိရှဲ များသည်လွှတ် အရာရှိတို့ကို စည်းဝေး စေပြီးလျှင်၊ ငါတို့ သည် အဘယ်သို့ ပြု လျက်နေကြသနည်း။ ထို သူ သည်များစွာ သော နိမိတ် လက္ခဏာကိုပြ ၏။
48אם נניח לו לעשות כלם יאמינו בו ובאו הרומיים ולקחו גם את אדמתנו וגם את עמנו׃
48သူ့ ကိုဤသို့ စေလွတ် ထားလျှင် လူခပ်သိမ်း တို့သည် ယုံကြည် ကြလိမ့်မည်။ ရောမ လူတို့သည်လည်း လာ ၍ ငါ တို့အရပ် ဌာနကို၎င်း ၊ ငါတို့အမျိုး ကို၎င်း သုတ်သင် ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆို ကြ၏။
49ואחד מהם קיפא שמו והוא כהן גדול בשנה ההיא אמר אליהם הן לא תדעו מאומה׃
49ထိုသူ တို့အဝင် ။ ထို နှစ် တွင် ယဇ်ပုရောဟိတ် မင်းဖြစ် သော ကယာဖ အမည်ရှိသောသူ က၊ သင် တို့အလျှင်း မ သိ ကြ။
50אף לא תתבוננו כי טוב לנו מות איש אחד בעד הגוי מאבד העם כלו׃
50ယုဒလူမျိုး အကုန်အစင် ပျက်စီး သည်ထက်၊ လူ တစ် ယောက်သည် လူ များတို့အတွက် သေ သော်သာ၍ကောင်း သည်ကို သင် တို့သည် မ ဆင်ခြင် ပါတကားဟုပြောဆို ၏။
51וזאת לא דבר מלבו כי אם בהיותו כהן גדול בשנה ההיא נבא כי ישוע ימות בעד העם׃
51ထို စကားကို ကိုယ်အလိုအလျောက် ပြောဆို သည်မ ဟုတ်။ ထို နှစ် တွင် ယဇ်ပုရောဟိတ် မင်းဖြစ် လျက်၊ ယေရှု သည် ထိုအမျိုး အတွက် သေ ရမည်ဟူ၍၎င်း ၊
52ולא בעד העם לבד כי אם לקבץ גם את בני אלהים המפזרים והיו לאחדים׃
52ထိုအမျိုး အတွက် သာမက အရပ်ရပ်တို့၌ ကွဲပြား လျက်ရှိသော ဘုရားသခင် ၏သား များကို အတူစုဝေး စေခြင်းငှာ သေရမည်ဟူ၍၎င်း၊ ပရောဖက်ဥာဏ်နှင့်ဟောပြော ၏။
53ויועצו יחדו להמיתו מהיום ההוא והלאה׃
53ထို နေ့ မှစ၍ ကိုယ်တော် ၏အသက်ကိုသတ် ခြင်းငှာ တိုင်ပင် ကြံစည်ကြ၏။
54על כן לא התהלך ישוע עוד בתוך היהודים בגלוי כי אם סר משם לארץ הקרובה אל המדבר אל עיר עפרים ויגר שם עם תלמידיו׃
54ထိုကြောင့် ၊ ယေရှု သည် နောက်တဖန်ယုဒ လူတို့တွင် ထင်ရှား စွာ မ လှည့်လည် ဘဲ၊ ထိုအရပ် မှထွက် ၍ တော နှင့်အနီး ဧဖရိမ် အမည် ရှိသောမြို့ သို့ ကြွ၍ တပည့် တော်တို့နှင့်အတူ နေ တော်မူ၏။
55ויקרבו ימי הפסח ליהודים ועם רב עלו מן הארץ ירושלימה לפני הפסח למען יטהרו׃
55ယုဒ ပသခါ ပွဲခံခါနီး တွင် လူ များတို့သည်မိမိ တို့ကိုသန့်ရှင်း စေခြင်းငှာ ပွဲ မ ခံမှီအရပ်ရပ် တို့မှ ယေရုရှလင် မြို့သို့ လာ ကြ၏။
56ויבקשו את ישוע ובעמדם בבית המקדש נדברו לאמר מה תחשבו הכי לא יבוא אל החג׃
56ထိုသူတို့သည် ယေရှု ကိုရှာဖွေ ၍ ၊ အချင်း တို့အဘယ်သို့ ထင် ကြသနည်း။ သူသည်ပွဲ သို့ မ လာ သလောဟု ဗိမာန် တော်၌ ရပ် လျက် အချင်းချင်း မေးမြန်း ကြ၏။
57והכהנים הגדולים והפרושים גזרו גזרה אשר אם ידע איש את מקומו יודיענו למען יתפשהו׃
57ထိုအခါ အဘယ်သူ သည် ယေရှုရှိ ရာအရပ် သို့ သူ့ ကိုဘမ်းဆီး စေခြင်းငှာ ပြညွှန် ရမည်ဟု ယဇ်ပုရောဟိတ် အကြီးတို့နှင့် ဖာရိရှဲ တို့သည်မှာခဲ့ ကြပြီ။
Tip: use the ← and → keys to turn chapters.