ΠΡΟΣ ΘΕΣΣΑΛΟΝΙΚΕΙΣ Α
Chapter 4

ΠΡΟΣ ΘΕΣΣΑΛΟΝΙΚΕΙΣ Α

Greek New Testament: Tex…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΠΡΟΣ ΘΕΣΣΑΛΟΝΙΚΕΙΣ Α 4

Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Τὸ λοιπὸν οὖν, ἀδελφοί, ἐρωτῶμεν ὑμᾶς καὶ παρακαλοῦμεν ἐν Κυρίῳ Ἰησοῦ καθὼς παρελάβετε παρ᾿ ἡμῶν τὸ πῶς δεῖ ὑμᾶς περιπατεῖν καὶ ἀρέσκειν Θεῷ, ἵνα περισσεύητε μᾶλλον.
1ကြွင်း သေးသော စကားဟူမူကား ၊ ညီအစ်ကို တို့၊ သင် တို့သည် အဘယ်သို့ ကျင့် ရမည်၊ ဘုရားသခင် ကို အဘယ်သို့နှစ်သက် စေရမည်ကို ငါ တို့ထံ၌ နည်းခံ ကြသည်နှင့်အညီ တိုးပွား ၍ ကြွယ်ဝ ပြည့်စုံမည်အကြောင်း ၊ သခင် ယေရှု ကိုအမှီပြု လျက်၊ ငါတို့သည် တောင်းပန် ၍ တိုက်တွန်း သွေးဆောင်ကြ၏။
2Οἴδατε γὰρ τίνας παραγγελίας ἐδώκαμεν ὑμῖν διὰ τοῦ Κυρίου Ἰησοῦ.
2အဘယ်သို့ သော ပညတ်တို့ကို သခင် ယေရှု ၏အခွင့် တော်နှင့် ငါတို့သည်အပ်ပေး သည်ကို သင်တို့သိ ကြ ၏။
3Τοῦτο γάρ ἐστι θέλημα τοῦ Θεοῦ, ὁ ἁγιασμὸς ὑμῶν, ἀπέχεσθαι ὑμᾶς ἀπὸ τῆς πορνείας·
3ဘုရားသခင် ၏ အလို တော်ဟူမူကား ၊ သင် တို့သည် မတရား သောမေထုန်ကို ကြဉ်ရှောင် ၍ သန့်ရှင်း စေခြင်းငှာ၎င်း၊
4εἰδέναι ἕκαστον ὑμῶν τὸ ἑαυτοῦ σκεῦος κτᾶσθαι ἐν ἁγιασμῷ καὶ τιμῇ,
4ဘုရားသခင် ကို မ သိ သော သာသနာပ လူတို့သည် ကိလေသာ တပ်မက် ခြင်းရှိသကဲ့သို့ မ ရှိ၊
5μὴ ἐν πάθει ἐπιθυμίας, καθάπερ καὶ τὰ ἔθνη τὰ μὴ εἰδότα τὸν Θεόν·
5သင် တို့အပေါင်းသည် သန့်ရှင်း ခြင်း၊ အသရေ တင့်တယ်ခြင်းနှင့် မိမိ ကိုယ်ကို မိမိထိန်း တက်စေခြင်းငှာ၎င်း၊
6τὸ μὴ ὑπερβαίνειν καὶ πλεονεκτεῖν ἐν τῷ πράγματι τὸν ἀδελφὸν αὐτοῦ· διότι ἔκδικος ὁ Κύριος περὶ πάντων τούτων, καθὼς καὶ προείπαμεν ὑμῖν καὶ διεμαρτυράμεθα.
6ဤ အမှုအရာ ၌ လွန်ကျူး ၍ ညီအစ်ကို ကို ပရိယာယ်အားဖြင့်မ ပြစ်မှား စေခြင်းငှာ၎င်း၊ အလိုတော် ရှိ၏။ ငါတို့သည် အထက် က ဟောပြော၍ သစ္စာ ပေးနှင့် သည်အတိုင်း ၊ သခင် ဘုရားသည် ထိုသို့သောပြစ်မှားခြင်းကိုခံသောသူအပေါင်း တို့ဘက်၌ တရား စီရင်တော်မူလိမ့်မည်။
7Οὐ γὰρ ἐκάλεσεν ἡμᾶς ὁ Θεὸς ἐπὶ ἀκαθαρσίᾳ, ἀλλ᾿ ἐν ἁγιασμῷ.
7ဘုရားသခင် သည် ညစ်ညူး စေခြင်းငှာငါ တို့ကို ခေါ်တော်မူသည်မ ဟုတ်၊ သန့်ရှင်း စေခြင်းငှာခေါ် တော်မူ၏။
8Τοιγαροῦν ὁ ἀθετῶν οὐκ ἄνθρωπον ἀθετεῖ, ἀλλὰ τὸν Θεὸν τὸν καὶ δόντα τὸ πνεῦμα αὐτοῦ τὸ ἅγιον εἰς ἡμᾶς.
8ထိုကြောင့် ၊ ငါတို့ကိုငြင်းပယ် သောသူ သည် လူ ကိုသာငြင်းပယ် သည်မ ဟုတ်၊ ကိုယ်တော် ၏ သန့်ရှင်း သောဝိညာဉ် တော်ကို ငါ တို့အား ပေး တော်မူသော ဘုရားသခင် ကို ငြင်းပယ်၏။
9Περὶ δὲ τῆς φιλαδελφίας οὐ χρείαν ἔχετε γράφειν ὑμῖν· αὐτοὶ γὰρ ὑμεῖς θεοδίδακτοί ἐστε εἰς τὸ ἀγαπᾷν ἀλλήλους·
9ညီအစ်ကို ချင်း ချစ်ခြင်းအရာကို သင် တို့အား ရေး ၍ပေးလိုက်စရာအကြောင်း မ ရှိ ။ အဘယ်ကြောင့် နည်းဟူမူကား ၊ သင် တို့သည် အချင်းချင်း ချစ် စေခြင်းငှာ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသော သူဖြစ် ကြ၏။
10καὶ γὰρ ποιεῖτε αὐτὸ εἰς πάντας τοὺς ἀδελφοὺς τοὺς ἐν ὅλῃ τῇ Μακεδονίᾳ. Παρακαλοῦμεν δὲ ὑμᾶς, ἀδελφοί, περισσεύειν μᾶλλον,
10ထိုမျှမက၊ မာကေဒေါနိ ပြည်တွင် အရပ်ရပ် ၌ ရှိသော ညီအစ်ကို အပေါင်း တို့ကို ထိုသို့ပြု ကြ၏။ သို့သော်လည်း ၊ ညီအစ်ကို တို့၊ သင် တို့သည် တိုးပွား ၍ ကြွယ်ဝ ပြည့်စုံမည်အကြောင်းနှင့် ၊
11καὶ φιλοτιμεῖσθαι ἡσυχάζειν, καὶ πράσσειν τὰ ἴδια, καὶ ἐργάζεσθαι ταῖς ἰδίαις χερσὶν ὑμῶν, καθὼς ὑμῖν παρηγγείλαμεν·
11ပြင်ပ လူ တို့ရှေ့ ၌ လျောက်ပတ် စွာကျင့် ၍ အဘယ် မျှမလို ရ အောင်၊
12ἵνα περιπατῆτε εὐσχημόνως πρὸς τοὺς ἔξω, καὶ μηδενὸς χρείαν ἔχητε.
12ငါတို့သည် အထက်က မှာထား သည်နှင့်အညီငြိမ်ဝပ် စွာနေ၍ ၊ ကိုယ် အမှုကိုဆောင်ရွက် လျက် ၊ ကိုယ် လက် နှင့် လုပ်ဆောင်ခြင်းငှာစေတနာစိတ်နှင့် ကြိုးစား အားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်းသွေးဆောင်ကြ၏။
13Οὐ θέλω δὲ ὑμᾶς ἀγνοεῖν, ἀδελφοί, περὶ τῶν κεκοιμημένων, ἵνα μὴ λυπῆσθε, καθὼς καὶ οἱ λοιποὶ οἱ μὴ ἔχοντες ἐλπίδα.
13ညီအစ်ကို တို့၊ မြော်လင့် ခြင်းမ ရှိ သော အခြား သူတို့သည် ဝမ်းနည်းသကဲ့သို့ ၊ သင် တို့သည် ဝမ်း မ နည်းမည်အကြောင်း ၊ အိပ်ပျော် သော သူ တို့၏ အမှုအရာ ကို မ သိဘဲနေစေခြင်းငှာငါ တို့အလိုမ ရှိ၊
14Εἰ γὰρ πιστεύομεν ὅτι Ἰησοῦς ἀπέθανε καὶ ἀνέστη, οὕτω καὶ ὁ Θεὸς τοὺς κοιμηθέντας διὰ τοῦ Ἰησοῦ ἄξει σὺν αὐτῷ.
14ယေရှု သည် သေ ပြီးမှတဖန်ထမြောက် တော်မူသည်ကို ငါတို့သည် ယုံ လျှင် ၊ ထိုနည်းတူ ယေရှု ၌ အိပ်ပျော် သောသူ တို့ကိုလည်း ၊ ထိုသခင် နှင့်အတူ ဘုရားသခင် ပို့ဆောင် တော်မူလိမ့်မည်။
15Τοῦτο γὰρ ὑμῖν λέγομεν ἐν λόγῳ Κυρίου, ὅτι ἡμεῖς οἱ ζῶντες οἱ περιλειπόμενοι εἰς τὴν παρουσίαν τοῦ Κυρίου, οὐ μὴ φθάσωμεν τοὺς κοιμηθέντας.
15သခင် ဘုရား၏ ဗျာဒိတ် တော်အားဖြင့် တဖန် ငါတို့ဆို သည်ကား ၊ သခင် ဘုရား ကြွလာ တော်မူသောအခါ၊ အသက် ရှင်၍ ကျန်ကြွင်း သော ငါ တို့သည် အိပ်ပျော် ပြီးသော သူ တို့၏ အရင် အဦးနေရာ ကျရကြ မည်မ ဟုတ်။
16Ὅτι αὐτὸς ὁ Κύριος ἐν κελεύσματι, ἐν φωνῇ ἀρχαγγέλου, καὶ ἐν σάλπιγγι Θεοῦ, καταβήσεται ἀπ᾿ οὐρανοῦ, καὶ οἱ νεκροὶ ἐν Χριστῷ ἀναστήσονται πρῶτον·
16သခင် ဘုရားသည် ကြွေးကြော် ခြင်း၊ ကောင်းကင် တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင် ၏ တံပိုး တော် ကို မှုတ်ခြင်းနှင့်တကွ ၊ ကောင်းကင် ဘုံမှ ကိုယ်တိုင်ဆင်းသက် တော်မူ၍၊ ခရစ်တော် ၌ သေ လွန်သောသူ တို့သည် အဦး ထမြောက် ကြလိမ့်မည်။
17ἔπειτα ἡμεῖς οἱ ζῶντες, οἱ περιλειπόμενοι, ἅμα σὺν αὐτοῖς ἁρπαγησόμεθα ἐν νεφέλαις εἰς ἀπάντησιν τοῦ Κυρίου εἰς ἀέρα· καὶ οὕτω πάντοτε σὺν Κυρίῳ ἐσόμεθα.
17ထိုအခါ အသက် ရှင်၍ ကျန်ကြွင်း သော ငါ တို့သည် အာကာသ ကောင်းကင်၌ သခင် ဘုရားထံတော်သို့ ရောက် စေခြင်းငှာ ၊ ထိုသူ တို့နှင့်တကွ မိုးတိမ် ပေါ်သို့ချီဆောင် ခြင်းကို ခံရသောအားဖြင့်သခင် ဘုရားနှင့်အတူ အစဉ်မပြတ် နေ ရကြလိမ့်မည်။
18Ὥστε παρακαλεῖτε ἀλλήλους ἐν τοῖς λόγοις τούτοις.
18သို့ဖြစ်၍ ၊ ဤ စကား များအားဖြင့် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သက်သာ စေကြလော့။

Tip: use the ← and → keys to turn chapters.