Titus 3
Douay-Rheims Bible, American Edition (1899)Translation
Douay-Rheims Bible, American Edition (1899)
Judson Burmese Bible (1840)
1Admonish them to be subject to princes and powers, to obey at a word, to be ready to every good work.
1လူ တို့သည် အထွဋ်အမြတ်အာဏာစက် ၏ အုပ်စိုး ခြင်းကို ဝန်ခံ စေခြင်းငှာ၎င်း၊ မင်း၏စကားကို နားထောင် စေခြင်းငှာ၎င်း၊ ကောင်း သောအမှု အမျိုးမျိုး တို့ကို ပြု၍ အသင့် ဖြစ် စေခြင်းငှာ၎င်း
2To speak evil of no man, not to be litigious, but gentle: shewing all mildness towards all men.
2အဘယ်သူ ကိုမျှမကဲ့ရဲ့ ၊ ရန်တွေ့ ခြင်းကိုမပြု၊ ဖြည်းညှင်း သော သဘောရှိ၍၊ ခပ်သိမ်း သောသူ တို့၌ အလွန်နူးညံ့ သိမ်မွေ့စွာ ပြု စေခြင်းငှာ၎င်း သတိပေး လော့။
3For we ourselves also were some time unwise, incredulous, erring, slaves to divers desires and pleasures, living in malice and envy, hateful, and hating one another.
3အကြောင်းမူကား ၊ အထက် က ငါ တို့သည် ပညာ မဲ့သောသူ၊ နားမထောင် သောသူ၊ မှားယွင်း သောသူ၊ အထူးထူး အပြားပြားသော တပ်မက် ခြင်း၊ ကာမဂုဏ် ခံစားခြင်း အမှု တို့ကို ဆောင်ရွက်သောသူ၊ မနာလို ခြင်း၊ ငြူစူ ခြင်း၌ ကျင်လည် သောသူ၊ စက်ဆုပ် ရွံရှာဘွယ်သောသူ၊ အချင်းချင်း မုန်း သောသူဖြစ် ကြ၏။
4But when the goodness and kindness of God our Saviour appeared:
4ငါ တို့ကိုကယ်တင် တော်မူသောအရှင်ဘုရားသခင် ၏ စေတနာ တော်နှင့် လူတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်း သောအခါ
5Not by the works of justice, which we have done, but according to his mercy, he saved us, by the laver of regeneration, and renovation of the Holy Ghost;
5ငါ တို့ကျင့် သော ဖြောင့်မတ် ခြင်းအကျင့် အားဖြင့် မ ဟုတ်ဘဲ၊ မိမိ သနား ခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြော ခြင်းအားဖြင့်၎င်း၊သန့်ရှင်း သောဝိညာဉ် တော်၏အသစ် ပြုပြင် ခြင်းအားဖြင့် ၎င်း၊ ငါ တို့ကို ကယ်တင် တော်မူ၏။
6Whom he hath poured forth upon us abundantly, through Jesus Christ our Saviour:
6ငါ တို့ကို ကယ်တင် သော အရှင်ယေရှု ခရစ် အားဖြင့် ငါ တို့အပေါ်သို့ ထို ဝိညာဉ်တော်ကို ကြွယ်ဝ စွာသွန်းလောင်း တော်မူ၏။
7That, being justified by his grace, we may be heirs, according to hope of life everlasting.
7အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင် ၏ကျေးဇူး တော်အားဖြင့် ဖြောင့်မတ် ရာသို့ရောက်၍ ထာဝရ အသက် ကို မြော်လင့် သည်နှင့်အညီ အမွေခံ ဖြစ် ကြမည်အကြောင်း တည်း။
8It is a faithful saying: and these things I will have thee affirm constantly: that they, who believe in God, may be careful to excel in good works. These things are good and profitable unto men.
8ဤစကား သည် သစ္စာ စကားဖြစ် ၏။ ဘုရားသခင် ကို ယုံကြည် သောသူ တို့သည် ကောင်း သောအကျင့် တို့ကို အမြဲကျင့်အံ့သောငှာသတိပြု ရကြမည်အကြောင်း ၊ သင် သည် ဤ အရာများကို ကြိုးစား၍ ဟောပြောစေခြင်းငှာငါအလိုရှိ ၏။ ထို အကျင့်တို့သည် ကောင်း သည်သာမက၊ လူ တို့၏အကျိုး ကို ပြုစုတတ်သော အကျင့်ဖြစ် ကြ၏။
9But avoid foolish questions, and genealogies, and contentions, and strivings about the law. For they are unprofitable and vain.
9မိုက်မဲ သောပုစ္ဆာ အမေးတို့ကို၎င်း ၊ ဆွေစဉ်မျိုးဆက် စာရင်းတို့ကို၎င်း၊ ပညတ် တရားကြောင့် ရန်တွေ့ ခြင်း၊ တိုက်လှန် ခြင်းတို့ကို၎င်း ရှောင် လော့။ အကြောင်းမူကား ၊ ထိုအရာတို့သည် အကျိုး မရှိ၊ အချည်းနှီး သက်သက်ဖြစ် ကြ၏။
10A man that is a heretic, after the first and second admonition, avoid:
10သင်းခွဲ သောသူ ကို နှစ် ကြိမ်မြောက်အောင်ဆုံးမ ပြီးမှ ပယ်ရှား နှင်ထုတ်လော့။
11Knowing that he, that is such an one, is subverted, and sinneth, being condemned by his own judgment.
11ထိုသို့သော သူသည် ကိုယ့် အပြစ်ကိုသိ လျက်ပင် အပြစ် ပြု၍ မှောက်လှန် သောစိတ် ရှိ သောသူ ဖြစ်သတည်း။
12When I shall send to thee Artemas or Tychicus, make haste to come unto me to Nicopolis. For there I have determined to winter.
12အာတေမ သော်၎င်း ၊ တုခိတ် သော်၎င်း၊ သင့် ဆီသို့ ငါစေလွှတ် သောအခါ နိကောပလိ မြို့တိုင်အောင် ငါ့ ထံသို့ လာ ခြင်းငှာကြိုးစား လော့။ ဆောင်း ကာလပတ်လုံး ထိုမြို့ ၌ ငါနေမည်ဟုအကြံရှိ ၏။
13Send forward Zenas, the lawyer, and Apollo, with care, that nothing be wanting to them.
13ကျမ်း ဆရာဇေန နှင့် အာပေါလု ၌ အဘယ် အရာမျှမလို စေခြင်းငှာ ကြိုးစား ၍လမ်း၌ ပို့လော့။
14And let our men also learn to excel in good works for necessary uses: that they be not unfruitful.
14ငါ တို့၏လူ များသည်လည်း အသီး မဲ့သောသူမ ဖြစ် ၊ ကိုယ်သုံးစရာဘို့ရှိရမည်အကြောင်း ၊ ကောင်း သောအကျင့် တို့ကိုအမြဲကျင့်အံ့သောငှာသင် ကြစေ။
15All that are with me salute thee: salute them that love us in the faith. The grace of God be with you all. Amen.
15ငါ့ ထံမှရှိသောသူ အပေါင်း တို့သည် သင့် ကိုနှုတ်ဆက် ကြ၏။ ယုံကြည် ခြင်းနှင့်တကွ ငါ တို့ကိုချစ် သောသူ များကို နှုတ်ဆက် လော့။ သင် တို့အပေါင်း ၌ ကျေးဇူး တော်ရှိ စေသတည်း။ အာမင်။
Tip: use the ← and → keys to turn chapters.