Titus
Chapter 3

Titus

World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Titus 3

World English Bible
Judson Burmese Bible (1840)
1Remind them to be in subjection to rulers and to authorities, to be obedient, to be ready for every good work,
1လူ တို့သည် အထွဋ်အမြတ်အာဏာစက် ၏ အုပ်စိုး ခြင်းကို ဝန်ခံ စေခြင်းငှာ၎င်း၊ မင်း၏စကားကို နားထောင် စေခြင်းငှာ၎င်း၊ ကောင်း သောအမှု အမျိုးမျိုး တို့ကို ပြု၍ အသင့် ဖြစ် စေခြင်းငှာ၎င်း
2to speak evil of no one, not to be contentious, to be gentle, showing all humility toward all men.
2အဘယ်သူ ကိုမျှမကဲ့ရဲ့ ၊ ရန်တွေ့ ခြင်းကိုမပြု၊ ဖြည်းညှင်း သော သဘောရှိ၍၊ ခပ်သိမ်း သောသူ တို့၌ အလွန်နူးညံ့ သိမ်မွေ့စွာ ပြု စေခြင်းငှာ၎င်း သတိပေး လော့။
3For we were also once foolish, disobedient, deceived, serving various lusts and pleasures, living in malice and envy, hateful, and hating one another.
3အကြောင်းမူကား ၊ အထက် က ငါ တို့သည် ပညာ မဲ့သောသူ၊ နားမထောင် သောသူ၊ မှားယွင်း သောသူ၊ အထူးထူး အပြားပြားသော တပ်မက် ခြင်း၊ ကာမဂုဏ် ခံစားခြင်း အမှု တို့ကို ဆောင်ရွက်သောသူ၊ မနာလို ခြင်း၊ ငြူစူ ခြင်း၌ ကျင်လည် သောသူ၊ စက်ဆုပ် ရွံရှာဘွယ်သောသူ၊ အချင်းချင်း မုန်း သောသူဖြစ် ကြ၏။
4But when the kindness of God our Savior and his love toward mankind appeared,
4ငါ တို့ကိုကယ်တင် တော်မူသောအရှင်ဘုရားသခင် ၏ စေတနာ တော်နှင့် လူတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်း သောအခါ
5not by works of righteousness which we did ourselves, but according to his mercy, he saved us through the washing of regeneration and renewing by the Holy Spirit,
5ငါ တို့ကျင့် သော ဖြောင့်မတ် ခြင်းအကျင့် အားဖြင့် မ ဟုတ်ဘဲ၊ မိမိ သနား ခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြော ခြင်းအားဖြင့်၎င်း၊သန့်ရှင်း သောဝိညာဉ် တော်၏အသစ် ပြုပြင် ခြင်းအားဖြင့် ၎င်း၊ ငါ တို့ကို ကယ်တင် တော်မူ၏။
6whom he poured out on us richly through Jesus Christ our Savior;
6ငါ တို့ကို ကယ်တင် သော အရှင်ယေရှု ခရစ် အားဖြင့် ငါ တို့အပေါ်သို့ ထို ဝိညာဉ်တော်ကို ကြွယ်ဝ စွာသွန်းလောင်း တော်မူ၏။
7that being justified by his grace, we might be made heirs according to the hope of eternal life.
7အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင် ၏ကျေးဇူး တော်အားဖြင့် ဖြောင့်မတ် ရာသို့ရောက်၍ ထာဝရ အသက် ကို မြော်လင့် သည်နှင့်အညီ အမွေခံ ဖြစ် ကြမည်အကြောင်း တည်း။
8This saying is faithful, and concerning these things I desire that you insist confidently, so that those who have believed God may be careful to maintain good works. These things are good and profitable to men;
8ဤစကား သည် သစ္စာ စကားဖြစ် ၏။ ဘုရားသခင် ကို ယုံကြည် သောသူ တို့သည် ကောင်း သောအကျင့် တို့ကို အမြဲကျင့်အံ့သောငှာသတိပြု ရကြမည်အကြောင်း ၊ သင် သည် ဤ အရာများကို ကြိုးစား၍ ဟောပြောစေခြင်းငှာငါအလိုရှိ ၏။ ထို အကျင့်တို့သည် ကောင်း သည်သာမက၊ လူ တို့၏အကျိုး ကို ပြုစုတတ်သော အကျင့်ဖြစ် ကြ၏။
9but shun foolish questionings, genealogies, strife, and disputes about the law; for they are unprofitable and vain.
9မိုက်မဲ သောပုစ္ဆာ အမေးတို့ကို၎င်း ၊ ဆွေစဉ်မျိုးဆက် စာရင်းတို့ကို၎င်း၊ ပညတ် တရားကြောင့် ရန်တွေ့ ခြင်း၊ တိုက်လှန် ခြင်းတို့ကို၎င်း ရှောင် လော့။ အကြောင်းမူကား ၊ ထိုအရာတို့သည် အကျိုး မရှိ၊ အချည်းနှီး သက်သက်ဖြစ် ကြ၏။
10Avoid a factious man after a first and second warning,
10သင်းခွဲ သောသူ ကို နှစ် ကြိမ်မြောက်အောင်ဆုံးမ ပြီးမှ ပယ်ရှား နှင်ထုတ်လော့။
11knowing that such a one is perverted and sinful, being self-condemned.
11ထိုသို့သော သူသည် ကိုယ့် အပြစ်ကိုသိ လျက်ပင် အပြစ် ပြု၍ မှောက်လှန် သောစိတ် ရှိ သောသူ ဖြစ်သတည်း။
12When I send Artemas to you, or Tychicus, be diligent to come to me to Nicopolis, for I have determined to winter there.
12အာတေမ သော်၎င်း ၊ တုခိတ် သော်၎င်း၊ သင့် ဆီသို့ ငါစေလွှတ် သောအခါ နိကောပလိ မြို့တိုင်အောင် ငါ့ ထံသို့ လာ ခြင်းငှာကြိုးစား လော့။ ဆောင်း ကာလပတ်လုံး ထိုမြို့ ၌ ငါနေမည်ဟုအကြံရှိ ၏။
13Send Zenas the lawyer and Apollos on their journey speedily, that nothing may be lacking for them.
13ကျမ်း ဆရာဇေန နှင့် အာပေါလု ၌ အဘယ် အရာမျှမလို စေခြင်းငှာ ကြိုးစား ၍လမ်း၌ ပို့လော့။
14Let our people also learn to maintain good works to meet necessary needs, that they may not be unfruitful.
14ငါ တို့၏လူ များသည်လည်း အသီး မဲ့သောသူမ ဖြစ် ၊ ကိုယ်သုံးစရာဘို့ရှိရမည်အကြောင်း ၊ ကောင်း သောအကျင့် တို့ကိုအမြဲကျင့်အံ့သောငှာသင် ကြစေ။
15All who are with me greet you. Greet those who love us in faith. Grace be with you all. Amen.
15ငါ့ ထံမှရှိသောသူ အပေါင်း တို့သည် သင့် ကိုနှုတ်ဆက် ကြ၏။ ယုံကြည် ခြင်းနှင့်တကွ ငါ တို့ကိုချစ် သောသူ များကို နှုတ်ဆက် လော့။ သင် တို့အပေါင်း ၌ ကျေးဇူး တော်ရှိ စေသတည်း။ အာမင်။

Tip: use the ← and → keys to turn chapters.