民數記 20
Chinese Union Version, punctuated (Traditional)
Judson Burmese Bible (1840)
1正月間, 以色列 全會眾到了 尋 的曠野,就住在 加低斯 。 米利暗 死在那裏,就葬在那裏。
1သက္ကရာဇ်လေးဆယ်၊ ပဌမ လ ၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ဇိန တော သို့ ရောက် ၍ ၊ ကာဒေရှ အရပ်၌ နေ ကြ၏။ ထို အရပ်၌ မိရိအံ သေ ၍ သင်္ဂြိုဟ် လေ၏။
2會眾沒有水喝,就聚集攻擊 摩西 、 亞倫 。
2ပရိသတ် တို့သောက်စရာ ရေ မ ရှိ သောကြောင့် ၊ မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး ကြလျက်၊
3百姓向 摩西 爭鬧說:「我們的弟兄曾死在耶和華面前,我們恨不得與他們同死。
3ထာဝရဘုရား ရှေ့မှာ ငါ တို့အစ်ကို များသေ သောအခါ ၊ ငါတို့လည်း မသေ ပါလေ။
4你們為何把耶和華的會眾領到這曠野、使我們和牲畜都死在這裏呢?
4ငါ တို့နှင့် ငါ တို့တိရစ္ဆာန် များကို သေ စေခြင်းငှါ ၊ ထာဝရဘုရား ၏ပရိသတ် ကို ဤ တော သို့ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။
5你們為何逼着我們出 埃及 、領我們到這壞地方呢?這地方不好撒種,也沒有無花果樹、葡萄樹、石榴樹,又沒有水喝。」
5ငါ တို့ကို အဲဂုတ္တု ပြည်မှ ထွက် စေ၍၊ ဤ ဆိုး သော အရပ် သို့ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။ ဤအရပ် သည် လယ် လုပ်စရာမ ကောင်း၊ သင်္ဘောသဖန်း ပင်၊ စပျစ်နွယ် ပင်၊ သလဲ ပင်စိုက်စရာမကောင်း။ သောက် စရာရေ မျှ မ ရှိဟု မောရှေ ကို အပြစ်တင် ၍ ဆို ကြ၏။
6摩西 、 亞倫 離開會眾,到會幕門口,俯伏在地;耶和華的榮光向他們顯現。
6မောရှေ နှင့် အာရုန် တို့သည် လူ အစုအဝေးမှ ထွက် ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ သို့ သွား သဖြင့် ၊ ပြပ်ဝပ် လျက် နေကြစဉ်၊ ထာဝရဘုရား ၏ ဘုန်း တော်သည် ထင်ရှား လေ၏။
7耶和華曉諭 摩西 說:
7ထာဝရဘုရား ကလည်း၊
8「你拿着杖去,和你的哥哥 亞倫 招聚會眾,在他們眼前吩咐磐石發出水來,水就從磐石流出,給會眾和他們的牲畜喝。」
8လှံတံတော် ကို ကိုင် ယူ၍ သင် ၏အစ်ကို အာရုန် ပါလျက်၊ ပရိသတ် များကို စုဝေး စေလော့။ သူ တို့ရှေ့မှာ ကျောက် ကိုမှာထား လော့။ ကျောက်သည် မိမိ ရေ ကိုပေး လိမ့်မည်။ ထိုသို့ သင်သည် ကျောက် ထဲက ရေ ကို ထွက် စေ၍ ၊ ပရိသတ် များနှင့် သူ တို့တိရစ္ဆာန် များတို့အား သောက် ဘို့ ရေကို ပေးရမည်ဟု၊
9於是 摩西 照耶和華所吩咐的,從耶和華面前取了杖去。
9မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ မောရှေ သည် လှံတံတော် ကို ထာဝရဘုရား ရှေ့ တော်က ယူ ၍၊
10摩西 、 亞倫 就招聚會眾到磐石前。 摩西 說:「你們這些背叛的人聽我說:我為你們使水從這磐石中流出來嗎?」
10အာရုန် ပါလျက်၊ ပရိသတ် တို့ကို ကျောက် ရှေ့မှာ စုဝေး စေပြီးလျှင် ၊ အချင်းသူပုန် တို့၊ နားထောင် ကြလော့။ ငါတို့သည် သင် တို့အဘို့ ဤ ကျောက် ထဲက ရေ ကို ထွက် စေ ရမည်လောဟု ဆို လျက်၊
11摩西 舉手,用杖擊打磐石兩下,就有許多水流出來,會眾和他們的牲畜都喝了。
11မိမိ လက် ကို ဆန့် ၍ ကျောက် ကို လှံတံ နှင့် နှစ် ကြိမ်ရိုက် သဖြင့် ၊ ရေ သည် များစွာ ထွက် ၍ ၊ လူ ပရိသတ် တို့နှင့် တိရစ္ဆာန် တို့သည် သောက် ရကြ၏။
12耶和華對 摩西 、 亞倫 說:「因為你們不信我,不在 以色列 人眼前尊我為聖,所以你們必不得領這會眾進我所賜給他們的地去。」
12ထာဝရဘုရား ကလည်း ၊ သင်တို့သည် ငါ့ ကို မ ယုံကြည် ၊ ဣသရေလ အမျိုးသား တို့ရှေ့မှာ ငါ့ ကိုမရိုမသေ ပြုသောကြောင့် ၊ ဤ ပရိသတ် တို့အား ငါပေး သော ပြည် သို့ သင်တို့သည် ပို့ဆောင် သောအခွင့်ကို မ ရကြဟု မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူ၏။
13這水名叫 米利巴 水,是因 以色列 人向耶和華爭鬧,耶和華就在他們面前顯為聖。
13ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား ကို ဆန့်ကျင်ဘက် ပြုသော်လည်း ၊ သူ တို့တွင် ရိုသေ လေးမြတ်ခြင်းကိုခံ တော်မူသောကြောင့်၊ ထို ရေသည် မေရိဘ ရေ ဖြစ်သတည်း။
14摩西 從 加低斯 差遣使者去見 以東 王,說:「你的弟兄 以色列 人這樣說:『我們所遭遇的一切艱難,
14မောရှေ သည် ကာဒေရှ အရပ်မှ ဧဒုံ ရှင်ဘုရင် ထံသို့ သံတမန် တို့ကို စေလွှတ် ၍၊ ကိုယ်တော့် ညီ ဣသရေလ က၊ အကျွန်ုပ် တို့ တွေ့ ရသော အမှု အလုံးစုံ တည်းဟူသော၊
15就是我們的列祖下到 埃及 ,我們在 埃及 久住; 埃及 人惡待我們的列祖和我們,
15အကျွန်ုပ် တို့ဘိုးဘေး သည် အဲဂုတ္တု ပြည်သို့ သွား ၍ အကျွန်ုပ်တို့ သည်အဲဂုတ္တု ပြည် မှာ ကာလ ကြာမြင့် စွာနေ သဖြင့် ၊ အဲဂုတ္တု လူတို့သည် အကျွန်ုပ် တို့နှင့် ဘိုးဘေး များကို ညှဉ်းဆဲ ကြောင်း၊
16我們哀求耶和華的時候,他聽了我們的聲音,差遣使者把我們從 埃及 領出來。這事你都知道。如今,我們在你邊界上的城 加低斯 。
16အကျွန်ုပ်တို့သည် ထာဝရဘုရား ကို အော်ဟစ် သောအခါ ၊ ကောင်းကင်တမန် ကို စေလွှတ် ၍ ၊ အကျွန်ုပ် တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူကြောင်းကို ကိုယ်တော်သိ ပါ၏။ ယခု မှာ အကျွန်ုပ် တို့သည် ကိုယ်တော် ၏ နိုင်ငံ အစွန်အနား ၊ ကာဒေရှ အရပ်၌ ရှိကြပါ၏။
17求你容我們從你的地經過。我們不走田間和葡萄園,也不喝井裏的水,只走大道,不偏左右,直到過了你的境界。』」
17ကိုယ်တော့် ပြည် အလယ် ၌ရှောက် ၍ သွားပါရစေ။ လယ်ယာ များ၊ စပျစ် ဥယျာဉ်များကို မ နင်း ပါ။ တွင်း ရေ ကိုလည်း မ သောက် ပါ။ ကိုယ်တော့် ပြည်နယ် ကို မ လွန် မှီတိုင်အောင်၊ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ ၊ မင်း လမ်း သို့သာ ရှောက် လိုက်ပါမည်ဟု တောင်းပန်စေ၏။
18以東 王 說:「你不可從我的 地 經過,免得我帶刀出去攻擊你。」
18ဧဒုံ ကလည်း ၊ သင်သည် ငါ့ ပြည်အလယ် ၌ မ ရှောက် မသွားရ။ ရှောက်သွားလျှင်၊ ထား လက်နက်နှင့် ဆီးတား မည်ဟု ပြန်ပြော ၏။
19以色列 人說:「我們要走大道上去;我們和牲畜若喝你的水,必給你價值。不求別的,只求你容我們步行過去。」
19ဣသရေလ အမျိုးသား တို့ကလည်း ၊ မင်း လမ်းသို့ သာ ရှောက် လိုက်ပါမည်။ ကိုယ်တိုင် မှစ၍တိရစ္ဆာန် တို့ သည် ကိုယ်တော့် ရေ ကို သောက် လျှင် အဘိုး ကိုပေး ပါမည်။ အခြားသောအမှု ကို မ ပြုဘဲ၊ ခြေ ဖြင့် သွား ရုံမျှသာ ပြုပါမည်ဟု ဆို သော်လည်း၊
20以東 王 說:「你們不可經過!」就率領許多人出來,要用強硬的手攻擊 以色列 人。
20ဧဒုံ က၊ သင်သည် ရှောက် ၍မ သွားရဟုဆို လျက် ၊ များစွာ သော ဗိုလ်ခြေ အလုံးအရင်း နှင့်တကွဆီးတား ခြင်းငှါ ထွက်လာ ၏။
21這樣, 以東 王 不肯容 以色列 人從他的境界過去。於是他們轉去,離開他。
21ထိုသို့ ဧဒုံ သည် သူ ၏ပြည် အလယ် ၌ရှောက်သွား သော အခွင့်ကို ဣသရေလ အား မ ပေး သောကြောင့် ၊ ဣသရေလ သည် လွှဲရှောင် လေ၏။
22以色列 全會眾從 加低斯 起行,到了 何珥山 。
22ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် ကာဒေရှ အရပ်မှ ပြောင်း ၍ ဟောရ တောင် သို့ ရောက် ကြ၏။
23耶和華在附近 以東 邊界的 何珥山 上曉諭 摩西 、 亞倫 說:
23ဧဒုံ ပြည် စွန် နား၊ ဟောရ တောင် ပေါ်မှာ ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့ကို ခေါ်၍၊
24「 亞倫 要歸到他列祖那裏。他必不得入我所賜給 以色列 人的地;因為在 米利巴 水,你們違背了我的命。
24သင်တို့သည် မေရိဘ စမ်းရေ နားမှာ ငါ့ စကား ကို ဆန့်ကျင် သောကြောင့် ၊ ဣသရေလ အမျိုးသား တို့အား ငါပေး သော ပြည် သို့ အာရုန် သည် မ ဝင် ရ။ မိမိ လူမျိုး စည်းဝေး ရာသို့ သွားရမည်။
25你帶 亞倫 和他的兒子 以利亞撒 上 何珥山 ,
25သို့ဖြစ်၍အာရုန် နှင့် သူ ၏သား ဧလာဇာ ကို ခေါ် ၍ ဟောရ တောင် ပေါ်သို့ဆောင် သွားပြီးလျှင် ၊
26把 亞倫 的 聖 衣脫下來,給他的兒子 以利亞撒 穿上; 亞倫 必死在那裏,歸 他列祖 。」
26အာရုန် ၏အဝတ် ကို ချွတ် ၍ သူ ၏သား ဧလာဇာ ကို ဝတ် စေပြီးမှ ၊ အာရုန် သည် ထို အရပ်၌သေ ၍ မိမိလူမျိုးစည်းဝေး ရာသို့ သွားရမည်ဟု၊
27摩西 就照耶和華所吩咐的行。三人當着會眾的眼前上了 何珥山 。
27မိန့် တော်မူသည်အတိုင်း ၊ မောရှေ ပြု ၍ ၊ သူတို့ သည် ပရိသတ် အပေါင်း တို့ရှေ့မှာ ဟောရ တောင် ပေါ်သို့ တက် ကြ၏။
28摩西 把 亞倫 的 聖 衣脫下來,給他的兒子 以利亞撒 穿上, 亞倫 就死在山頂那裏。於是 摩西 和 以利亞撒 下了山。
28မောရှေ သည် အာရုန် ၏အဝတ် ကို ချွတ် ၍ သား ဧလာဇာ ကို ဝတ် စေပြီးမှ ၊ အာရုန် သည် တောင် ထိပ် ၌ သေ လေ၏။ မောရှေ နှင့် ဧလာဇာ တို့သည် တောင် ပေါ်က ဆင်းလာ ကြ၏။
29全會眾,就是 以色列 全家,見 亞倫 已經死了,便都為 亞倫 哀哭了三十天。
29အာရုန် သည် အနိစ္စ ရောက်ကြောင်း ကို ပရိသတ် အပေါင်း တို့သည် သိမြင် သောအခါ ၊ ဣသရေလ အမျိုးသား ရှိသမျှ တို့သည်၊ အာရုန် အတွက် အရက် သုံးဆယ် ပတ်လုံး ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။
Tip: use the ← and → keys to turn chapters.