民數記 24
Chinese Union Version, punctuated (Traditional)
Judson Burmese Bible (1840)
1巴蘭 見耶和華喜歡賜福與 以色列 ,就不像前兩次去求法術,卻面向曠野。
1ထာဝရဘုရား သည်၊ ဣသရေလ အမျိုးကို ကောင်းကြီး ပေးခြင်းငှါ အလိုရှိ တော်မူကြောင်း ကို ဗာလမ် သိမြင် လျှင် ၊ ထူးဆန်း သော အတတ်ကို ရှာ ခြင်းငှါ အရင် သွားသကဲ့သို့ မ သွား ဘဲ၊ တော သို့ မျက်နှာပြု လေ၏။
2巴蘭 舉目,看見 以色列 人照着支派居住。上帝的靈就臨到他身上,
2သို့ရာတွင် ၊ မြော်ကြည့် ၍ ဣသရေလ အမျိုးသားတို့သည် အမျိုးအနွယ် အလိုက် အသီးအသီးတပ်ချ လျက် နေကြသည်ကို မြင် သောအခါ ၊ ဘုရားသခင် ၏ ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် တော်မူလျှင်၊
3他便題起詩歌說: 比珥 的兒子 巴蘭 說, 眼目閉住的人說,
3သူသည် ပရောဖက် စကားအားဖြင့်မြွက်ဆို လေသည်မှာ၊ မျက်စိ ပွင့် သောသူ၊ ဗောရ သား ဗာလမ် ၏ စကား ၊
4得聽上帝的言語, 得見全能者的異象, 眼目睜開而仆倒的人說:
4ဘဝင် ဖြစ်၍ မျက်စိ ပွင့် လျက် အနန္တ တန်ခိုးရှင် ၏ ရူပါရုံ ကိုမြင် ၍၊ ဘုရားသခင် ၏ အမိန့် တော်ကို ကြား သောသူ၏ စကား ဟူမူကား၊
5雅各 啊,你的帳棚何等華美! 以色列 啊,你的帳幕何其華麗!
5အိုယာကုပ် အမျိုး၊ သင် တို့၏တဲ များ၊ အိုဣသရေလ အမျိုး၊ သင် တို့၏ ဘုံဗိမာန် များတို့သည် အဘယ်မျှ လောက် တင့်တယ် ကြသည်တကား။
6如接連的山谷, 如河旁的園子, 如耶和華所栽的沉香樹, 如水邊的香柏木。
6ကျယ်ဝန်း သော ချိုင့် များ၊ မြစ် နား မှာရှိသော ဥယျာဉ် များ၊ ထာဝရဘုရား စိုက် တော်မူသောအကျော် ပင်များ၊ ရေ နား မှာပေါက်သော အာရဇ် ပင်များကဲ့သို့ ဖြစ် ကြသည်တကား၊
7水要從他的桶裏流出; 種子要撒在多水之處。 他的王必超過 亞甲 ; 他的國必要振興。
7ထိုအမျိုး ၏ ရေပုံး တို့မှ ရေ စီး လိမ့်မည်။ ရေ ပေါ သော အရပ်၌ မျိုးစေ့ ကျလိမ့်မည်။ သူ ၏ ရှင်ဘုရင် သည် အာဂတ် မင်းထက် ဘုန်းကြီး၍၊ နိုင်ငံတော် သည် ချီးမြှောက် သော နိုင်ငံဖြစ်လိမ့်မည်။
8上帝領他出 埃及 ; 他似乎有野牛之力。 他要吞吃敵國, 折斷他們的骨頭, 用箭射透他們。
8ဘုရားသခင် သည် အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည်၊ ကြံ့ အားကြီး သကဲ့သို့ အားကြီး၏။ ရန်သူ ဖြစ်သော လူမျိုး တို့ကို ကိုက်ဝါး ၍ ၊ အရိုး တို့ကို ချိုးဖဲ့ လိမ့်မည်။ မြှား ဖြင့် ထုတ်ချင်းခပ် အောင် ခွင်းလိမ့်မည်။
9他蹲如公獅, 臥如母獅,誰敢惹他? 凡給你祝福的,願他蒙福; 凡咒詛你的,願他受咒詛。
9ဝပ် လျက်နေ၏။ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ခြင်္သေ့ မကဲ့သို့ ၎င်း ဝပ်တွား လေ၏။ အဘယ်သူ နှိုးဆော် ဝံ့မည်နည်း။ သင့် ကို ကောင်းကြီး ပေးသောသူသည် ကောင်းကြီး မင်္ဂလာရှိ၏။ သင့် ကို ကျိန်ဆဲ သောသူသည် ကျိန်ဆဲ ခြင်းကိုခံရသည်ဟု မြွက်ဆို ၏။
10巴勒 向 巴蘭 生氣,就拍起手來,對 巴蘭 說:「我召你來為我咒詛仇敵,不料,你這三次竟為他們祝福。
10ထိုအခါ ဗာလက် မင်းသည်၊ ဗာလမ် ကို အမျက် ထွက် ၍ လက်ခုပ်တီး လျက်၊ ငါ ၏ ရန်သူ တို့ကို ကျိန်ဆဲ စေခြင်းငှါ သင့် ကို ငါခေါ် ခဲ့၏။ သင်သည် သုံး ကြိမ် တိုင်အောင် အကြွင်းမဲ့ကောင်းကြီး ပေးလေပြီတကား။
11如今你快回本地去吧!我想使你得大尊榮,耶和華卻阻止你不得尊榮。」
11ထိုကြောင့် သင့် နေရာ ပြည်သို့ ပြေး သွားလော့။ သင့် ကို ချီးမြှောက် မည်ဟု အထက်က ငါအကြံ ရှိ၏။ သို့ရာတွင် ထာဝရဘုရား သည် သင်၏ဘုန်း ကို မတိုးပွားစေခြင်းငှါဆီးတား လေပြီဟု ဆို ၏။
12巴蘭 對 巴勒 說:「我豈不是對你所差遣到我那裏的使者說:
12ဗာလမ် ကလည်း ၊ ဗာလက် မင်းသည် ရွှေ ငွေ နှင့် ပြည့် သော မိမိ နန်း တော်ကိုပင် ပေး သော်လည်း ၊
13『 巴勒 就是將他滿屋的金銀給我,我也不得越過耶和華的命,憑自己的心意行好行歹。耶和華說甚麼,我就要說甚麼』?」
13ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ၍ ကောင်း သောအမှု၊ မကောင်း သောအမှုတစုံတခုကို ကိုယ် အလိုအလျောက်ငါမ ပြု နိုင်။ ထာဝရဘုရား မိန့် တော်မူသမျှ ကို ငါပြော ပါမည်ဟု မင်းကြီးစေလွှတ် သော သံတမန် တို့အား ငါပြော နှင့်ပြီ မ ဟုတ်လော။
14「現在我要回本族去。你來,我告訴你這民日後要怎樣待你的民。」
14ယခု မူကား ၊ ငါ့ အဆွေအမျိုး တို့ထံသို့ ငါ သွား တော့မည်။ နားထောင်ပါ။ နောင် ကာလ ၌ ဤ လူမျိုး သည် မင်းကြီး ၏လူမျိုး ၌ အဘယ်သို့ ပြု မည်အရာကို မင်းကြီး အား ကြားပြော ပါမည်ဟု ဗာလက်မင်းအား ပြန် ဆိုပြီးမှ၊
15他就題起詩歌說: 比珥 的兒子 巴蘭 說: 眼目閉住的人說,
15ပရောဖက် စကားအားဖြင့်မြွက်ဆို လေသည်မှာ၊ မျက်စိ ပွင့် သောသူ ဗောရ သား ဗာလမ် ၏စကား ၊
16得聽上帝的言語, 明白至高者的意旨, 看見全能者的異象, 眼目睜開而仆倒的人說:
16ဘဝင် ဖြစ်၍ မျက်စိ ပွင့် လျက်၊ အနန္တ တန်ခိုးရှင် ၏ ရူပါရုံ ကို မြင် ၍၊ အမြင့်ဆုံး သော ဘုရားပေးတော်မူသော ဉာဏ် ကို ရ ၍ ၊ ဘုရားသခင် ၏အမိန့် တော်ကို ကြား သောသူ၏စကား ဟူမူကား၊
17我看他卻不在現時; 我望他卻不在近日。 有星要出於 雅各 ,有杖要興於 以色列 , 必打破 摩押 的四角,毀壞擾亂之子。
17ထိုအရာကို ငါမြင် ၏။ သို့သော်လည်း ယခု မ ဖြစ်ရသေး။ ထိုအရာကို ငါရှု ၏။ သို့သော်လည်း ဖြစ် ရသောအချိန် မ နီး သေး။ ကြယ် တလုံးသည် ယာကုပ် အမျိုး၌ ပေါ်ထွန်း ၍ ၊ ရာဇလှံတံ သည် ဣသရေလ အမျိုး ၌ ထင်ရှားလိမ့်မည်။ မောဘ ပြည်စွန်း တိုင်အောင်ထိခိုက် ၍ မငြိမ်မဝပ် ရုန်းရင်းခပ်ပြုတတ်သော သူအပေါင်း တို့ကို ဖျက်ဆီး လိမ့်မည်။
18他必得 以東 為基業, 又得仇敵之地 西珥 為產業; 以色列 必行事勇敢。
18ဧဒုံ ပြည်ကိုလည်း သိမ်းယူ လိမ့်မည်။ စိရ တောင် သည်လည်း ရန်သူ လက် သို့ ရောက်လိမ့်မည်။ ဣသရေလ အမျိုးသည် ရဲရင့် စွာ ပြု လိမ့်မည်။
19有一位出於 雅各 的,必掌大權; 他要除滅城中的餘民。
19အစိုးရ သောသူတပါးသည်၊ ယာကုပ် အမျိုးထဲက ထွက်၍၊ ကျန်ကြွင်း သောမြို့သူ မြို့သားတို့ကို ဖျက်ဆီး လိမ့်မည် ဟု မြွက်ဆို၏။
20巴蘭 觀看 亞瑪力 ,就題起詩歌說: 亞瑪力 原為諸國之首, 但他終必沉淪。
20တဖန် အာမလက် ပြည်ကို ကြည့်ရှု ၍ ပရောဖက် စကားအားဖြင့်မြွက်ဆို ပြန်သည်ကား၊ အာမလက် အမျိုး သည် လူမျိုးတကာတို့ထက် အထွဋ် ဖြစ်ဘူးသော်လည်း ၊ အဆုံး ၌ ရှင်းရှင်းပျက်စီးခြင်း သို့ ရောက်လိမ့်မည်ဟု မြွက်ဆို ၏။
21巴蘭 觀看 基尼 人,就題起詩歌說: 你的住處本是堅固; 你的窩巢做在巖穴中。
21တဖန် ကေနိ အမျိုးသားတို့ကို ကြည့်ရှု ၍ ပရောဖက် စကားအားဖြင့်မြွက်ဆို ပြန်သည်ကား၊ သင် တို့နေရာ သည် အားကြီး ၏။ ကျောက် ပေါ်မှာ အသိုက် ကို လုပ် ကြပြီ။
22然而 基尼 必至衰微, 直到 亞述 把你擄去。
22သို့သော်လည်း အာရှုရိ မင်းသည် သိမ်းယူ ၍ မ သွားမှီတိုင်အောင်၊ ကေနိ အမျိုးသည် အမျက် ကိုခံရလိမ့်မည်ဟု မြွက်ဆို၏။
23巴蘭 又題起詩歌說: 哀哉!上帝行這事,誰能得活?
23တဖန် ပရောဖက် စကားအားဖြင့်မြွက်ဆို ပြန် သည်ကား၊ အလိုလေ့၊ ဤအမှုကို ဘုရားသခင် စီရင် တော်မူသောအခါ ၊ အဘယ်သူ သည် အသက် ချမ်းသာရလိမ့်မည်နည်း။
24必有人乘船從 基提 界 而來 , 苦害 亞述 ,苦害 希伯 ; 他也必至沉淪。
24သင်္ဘော တို့သည်လည်း ခိတ္တိမ် ပြည် မှ လာ၍ အာရှုရိ ပြည်ကို၎င်း ၊ ဟေဗာ ပြည်ကို၎င်းနှောင့်ရှက် ကြ လိမ့်မည်။ သူ တို့သည်လည်း ရှင်းရှင်းပျက်စီး ကြလိမ့်မည် ဟု မြွက်ဆိုပြီးမှ၊
25於是 巴蘭 起來,回他本地去; 巴勒 也回去了。
25ဗာလမ် သည် ထ ၍ မိမိ နေရာ အရပ်သို့ ပြန် သွား၏။ ဗာလက် မင်းသည်လည်း သွား လေ၏။
Tip: use the ← and → keys to turn chapters.