士师记 12
Chinese Union Version, punctuated (Simplified)
Judson Burmese Bible (1840)
1以法莲 人聚集,到了北方,对 耶弗他 说:「你去与 亚扪 人争战,为什么没有招我们同去呢?我们必用火烧你和你的房屋。」
1ဧဖရိမ် အမျိုးသား တို့သည် စည်းဝေး ၍ မြောက် သို့ ချီ သွားလျှင် ၊ ယေဖသ အား သင်သည် ငါ တို့ကို မ ခေါ် ဘဲ၊ အမ္မုန် အမျိုးသား တို့ကို အဘယ်ကြောင့် တိုက် ခြင်းငှါ သွား သနည်း။ သင့် အိမ် ကို သင့် အပေါ် မှာ မီးရှို့ မည်ဟု ဆို ကြသော်၊
2耶弗他 对他们说:「我和我的民与 亚扪 人大大争战;我招你们来,你们竟没有来救我脱离他们的手。
2ယေဖသ က၊ ငါ နှင့် ငါ ၏လူ တို့သည် အမ္မုန် အမျိုးသား တို့နှင့် ကြီး သောအမှု ရှိ စဉ်အခါ၊ သင် တို့ကို ငါခေါ် သော်လည်း ၊ သင်တို့သည် အမ္မုန် လူတို့လက် မှ ငါ့ ကို မ ကယ် မနှုတ်ဘဲ နေကြ၏။
3我见你们不来救我,我就拚命前去攻击 亚扪 人,耶和华将他们交在我手中。你们今日为什么上我这里来攻打我呢?」
3မ ကယ် မနှုတ်ကြောင်း ကို ငါသည် သိမြင် သောအခါ ၊ ကိုယ် အသက် ကို စွန့်စား လျက် အမ္မုန် အမျိုးသား တို့ကို တိုက်ခြင်းငှါသွား ၍ ထာဝရဘုရား သည် သူ တို့ကို ငါ့ လက် ၌ အပ် တော်မူ၏။ သင်တို့သည် ငါ့ ကို တိုက် ခြင်းငှါ အဘယ်ကြောင့် ယနေ့ လာ ကြသနည်းဟု ပြောဆို ပြီးလျှင်၊
4于是 耶弗他 招聚 基列 人,与 以法莲 人争战。 基列 人击杀 以法莲 人,是因他们说:「你们 基列 人在 以法莲 、 玛拿西 中间,不过是 以法莲 逃亡的人。」
4ဂိလဒ် ပြည်သား အပေါင်း တို့ကို စုဝေး စေ၍ ဧဖရိမ် အမျိုးကို တိုက် ကြ၏။ ဧဖရိမ် လူတို့က၊ သင် တို့သည် ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးထဲက ထွက်ပြေး ၍ အမျိုးမစစ်သောသူဖြစ်သည်ဟု ဂိလဒ် ပြည်သားတို့ကို ကဲ့ရဲ့ ဘူးသောကြောင့် ၊ ဧဖရိမ် လူတို့ကို လုပ်ကြံ ကြ၏။
5基列 人把守 约旦河 的渡口,不容 以法莲 人过去。 以法莲 逃走的人若说:「容我过去。」 基列 人就问他说:「你是 以法莲 人不是?」他若说:「不是」,
5ဂိလဒ် လူတို့သည် ဧဖရိမ် လူတို့ရှေ့မှာ ယော်ဒန် မြစ်ကူး ရာအရပ်တို့ကို ဆီးတား ၍ ပြေးလွတ် သော ဧဖရိမ် လူက၊ ကူး ပါရစေဟု အခွင့်တောင်း သောအခါ ၊ ဂိလဒ် လူ တို့က၊ သင် သည် ဧဖရိမ် အမျိုးသားဖြစ်သလော ဟုမေး စစ်သော် ၊ သူက မဟုတ် ပါဟု ဆို လျှင်၊
6就对他说:「你说『示播列』。」 以法莲 人因为咬不真字音,便说「西播列」。 基列 人就将他拿住,杀在 约旦河 的渡口。那时 以法莲 人被杀的有四万二千人。
6သူတို့က၊ ရှိဗောလက် ဟူသောစကားကို ပြော တော့ဟုဆို သော် ၊ ဧဖရိမ်လူသည် ထိုစကားကို ပြီ အောင် မ ပြော တတ် ဘဲ သိဗောလက် ဟု ပြော ၏။ ထိုသို့ပြောသောသူ ကို ဘမ်းဆီး ၍ ယော်ဒန် မြစ်ကူး ရာအရပ်၌ သတ် ကြ၏။ ထိုအခါ ဧဖရိမ် အမျိုးသားလေးသောင်း နှစ်ထောင်သေ ကြ၏။
7耶弗他 作 以色列 的士师六年。 基列 人 耶弗他 死了,葬在 基列 的一座城里。
7ဂိလဒ် ပြည်သားယေဖသ သည် ဣသရေလ အမျိုးကို ခြောက် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဂိလဒ် မြို့တမြို့ ၌ သင်္ဂြိုဟ် လေ၏။
8耶弗他 以后,有 伯利恒 人 以比赞 作 以色列 的士师。
8ယေဖသ နောက်မှ ဗက်လင် မြို့သားဣဗဇန် သည်၊ ဣသရေလ အမျိုးကို အုပ်စိုး ၏။
9他有三十个儿子,三十个女儿;女儿都嫁出去了。他给众子从外乡娶了三十个媳妇。他作 以色列 的士师七年。
9ထိုမင်း သည် သား သုံးဆယ် ၊ သမီး သုံးဆယ် ရှိ ၏။ သမီးများကို အခြား တပါးသို့ စေလွှတ် ၍ ချွေးမ သုံးဆယ် ကို သိမ်း ထား၏။
10以比赞 死了,葬在 伯利恒 。
10ဣဗဇန် သည် ဣသရေလ အမျိုးကို ခုနစ် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဗက်လင် မြို့၌ သင်္ဂြိုဟ် လေ၏။
11以比赞 之后,有 西布伦 人 以伦 ,作 以色列 的士师十年。
11ဣဗဇန် နောက်မှ ဇာဗုလုန် အမျိုးသားဧလုန် သည်၊ ဣသရေလ အမျိုးကို ဆယ် နှစ် အုပ်စိုး ၏။
12西布伦 人 以伦 死了,葬在 西布伦 地的 亚雅 。
12ထိုမင်း သေ ၍ ဇာဗုလုန် ခရိုင် ၊ အာဇလုန် မြို့၌ သင်္ဂြိုဟ် လေ၏။
13以伦 之后,有 比拉顿 人 希列 的儿子 押顿 作 以色列 的士师。
13ဧလုန် နောက်မှ ပိရသုန် မြို့နေ ဟိလေလ ၏သား အာဗဒုန် သည်၊ ဣသရေလ အမျိုးကို အုပ်စိုး ၏။
14他有四十个儿子,三十个孙子,骑着七十匹驴驹。 押顿 作 以色列 的士师八年。
14ထိုမင်း သည် သား လေးဆယ် ၊ မြေး သုံးဆယ် ရှိ ၍ သားမြေးတို့သည် ခုနစ်ဆယ် သော မြည်း သငယ်တို့ကို စီး ကြ၏။
15比拉顿 人 希列 的儿子 押顿 死了,葬在 以法莲 地的 比拉顿 ,在 亚玛力 人的山地。
15ပိရသုန် မြို့နေဟိလေလ သား အာဗဒုန် သည်၊ ဣသရေလ အမျိုးကို ရှစ် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဧဖရိမ် ခရိုင် ၊ ပိရသုန် မြို့၊ အာမလက် တောင် ပေါ် မှာ သင်္ဂြိုဟ် လေ၏။
Tip: use the ← and → keys to turn chapters.