士师记 13
Chinese Union Version, punctuated (Simplified)
Judson Burmese Bible (1840)
1以色列 人又行耶和华眼中看为恶的事,耶和华将他们交在 非利士 人手中四十年。
1တဖန် ဣသရေလ အမျိုးသားတို့သည်၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် ၊ ထာဝရဘုရား သည် သူ တို့ကို ဖိလိတ္တိ လူတို့လက် သို့ အနှစ် လေးဆယ် ပတ်လုံးအပ် တော်မူ၏။
2那时,有一个 琐拉 人,是属 但 族的,名叫 玛挪亚 。他的妻不怀孕,不生育。
2ဒန် အမျိုး ၊ ဇောရာ မြို့သား မာနော် အမည် ရှိသောသူတယောက် ရှိ ၏။ သူ ၏မယား သည် မြုံ သောကြောင့် သား မ ဘွား။
3耶和华的使者向那妇人显现,对她说:「向来你不怀孕,不生育,如今你必怀孕生一个儿子。
3ထာဝရဘုရား ၏ကောင်းကင်တမန် သည် ထိုမိန်းမ အား ကိုယ်ထင်ရှား ၍ ၊ သင်သည် မြုံ သောကြောင့် သား မ ဘွားသော်လည်း ၊ ယခု ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။
4所以你当谨慎,清酒浓酒都不可喝,一切不洁之物也不可吃。
4သို့ဖြစ်၍ သတိပြု လော့။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။
5你必怀孕生一个儿子,不可用剃头刀剃他的头,因为这孩子一出胎就归 神作拿细耳人。他必起首拯救 以色列 人脱离 非利士 人的手。」
5အကြောင်းမူကား ၊ ပဋိသန္ဓေ ယူ၍ ဘွားမြင် လတံ့သော သား ယောက်ျားသည် ဆံပင် ရိတ်ခြင်းကို မ ခံဘဲ၊ အမိဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်။ သူ သည်လည်း ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် မှ ကယ်နှုတ် စ ပြုလိမ့်မည်ဟု ဆို ၏။
6妇人就回去对丈夫说:「有一个神人到我面前来,他的相貌如 神使者的相貌,甚是可畏。我没有问他从哪里来,他也没有将他的名告诉我,
6ထိုမိန်းမသည်လည်း မိမိ ခင်ပွန်း ထံ သို့သွား ၍ ဘုရား သခင်၏ ကောင်းကင် တမန်မျက်နှာ ကဲ့သို့ ကြောက်မက် ဘွယ်သော မျက်နှာ ရှိသော ဘုရား သခင်၏ လူ တယောက်သည် အကျွန်ုပ် ဆီသို့ လာ ၏။ အဘယ် က လာသနည်းဟု အကျွန်ုပ်လည်း မ မေး။ သူသည်လည်း မိမိ အမည် ကို မ ပြော။
7却对我说:『你要怀孕生一个儿子,所以清酒浓酒都不可喝,一切不洁之物也不可吃;因为这孩子从出胎一直到死,必归 神作拿细耳人。』」
7သူကလည်း၊ သင် သည် ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။ အကြောင်းမူကား ၊ ထိုသူငယ် သည် အမိဝမ်း ထဲမှ စ၍ သေ သောနေ့ တိုင်အောင် ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်ဟု အကျွန်ုပ် အား မိန့် မြွက်ကြောင်းကို ပြောဆို လေ၏။
8玛挪亚 就祈求耶和华说:「主啊,求你再差遣那神人到我们这里来,好指教我们怎样待这将要生的孩子。」
8ထိုအခါ မာနော် က၊ အို ဘုရားရှင် ၊ အကျွန်ုပ် တို့သည် ဘွားမြင် လတံ့သော သူငယ် ၌ အဘယ်သို့ ပြု ရမည်ကို ဘုရား သခင်၏ တမန်တော် သည် တဖန် လာ ၍ သွန်သင် စေတော်မူပါဟု ထာဝရဘုရား အား တောင်း လျှောက်သော်၊
9神应允 玛挪亚 的话;妇人正坐在田间的时候, 神的使者又到她那里,她丈夫 玛挪亚 却没有同她在一处。
9ထာဝရဘုရား သည် မာနော် စကား ကို နားထောင် တော်မူ၍ ၊ ဘုရား သခင်၏ ကောင်းကင်တမန် သည် လယ် လုပ်ရာအရပ်၌ ထိုင်လျက်ရှိသောထိုမိန်းမ ဆီသို့ လာ ပြန် ၏။ ထိုအခါ ခင်ပွန်း မာနော် မ ရှိ။
10妇人急忙跑去告诉丈夫说:「那日到我面前来的人,又向我显现。」
10မိန်းမ သည် မိမိ ခင်ပွန်း ထံ သို့အလျင်အမြန် ပြေး ၍ ၊ တနေ့ ကလာ သောသူ သည် ယခုလာ ရောက်ပြီဟု ကြား ပြောလျှင်၊
11玛挪亚 起来跟随他的妻来到那人面前,对他说:「与这妇人说话的就是你吗?」他说:「是我。」
11မာနော် သည် ထ ၍ မယား နှင့်အတူ ထိုသူ ထံ သို့ သွား ပြီးလျှင် ၊ သင် သည် ဤမိန်းမ အား ပြော သော သူ မှန်သလောဟုမေး သော် ၊ မှန်သည်ဟု ဆို ၏။
12玛挪亚 说:「愿你的话应验!我们当怎样待这孩子,他后来当怎样呢?」
12မာနော် ကလည်း ၊ ကိုယ်တော် ၏စကား ပြည့်စုံ ပါစေသော။ သူငယ် သည် အဘယ်သို့ သောသူဖြစ် ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ပြုရပါမည်နည်းဟုမေး သော်၊
13耶和华的使者对 玛挪亚 说:「我告诉妇人的一切事,她都当谨慎。
13ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ ငါပြော သမျှ ကို မိန်းမ ရှောင် ရမည်။
14葡萄树所结的都不可吃,清酒浓酒都不可喝,一切不洁之物也不可吃。凡我所吩咐的,她都当遵守。」
14စပျစ် ပင် မှ ဖြစ် သမျှ ကို မ စား ရ။ စပျစ်ရည် မှစ၍ သေရည် သေရက်ကို မ သောက် ရ။ မစင်ကြယ်သောအရာ ကို မ စား ရ။ ငါမှာ ထားသမျှ အတိုင်း စောင့်ရှောက် ရမည်ဟု မာနော် အား ပြောဆို ၏။
15玛挪亚 对耶和华的使者说:「求你容我们款留你,好为你预备一只山羊羔。」
15မာနော် ကလည်း ၊ ကိုယ်တော် အဘို့ ဆိတ် သငယ် ကို မပြင်ဆင် မှီတိုင်အောင်ကိုယ်တော် ကို ဆီးတား ပါရစေဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား ဆို လျှင်၊
16耶和华的使者对 玛挪亚 说:「你虽然款留我,我却不吃你的食物,你若预备燔祭就当献与耶和华。」原来 玛挪亚 不知道他是耶和华的使者。
16ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ ငါ့ ကို ဆီးတား သော်လည်း သင် ၏စားစရာ ကို ငါမ စား။ မီးရှို့ ရာယဇ်ကို ပူဇော် လိုလျှင် ထာဝရဘုရား အား ပူဇော် ရမည်ဟု မာနော် အား ဆို ပြန်၏။ သူ သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို မာနော် မ သိ သေး။
17玛挪亚 对耶和华的使者说:「请将你的名告诉我,到你话应验的时候,我们好尊敬你。」
17မာနော် ကလည်း ကိုယ်တော် စကား ပြည့်စုံ သောအခါ ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကိုချီးမွမ်း ရမည်အကြောင်း ၊ ကိုယ်တော် ၏အမည် ကား အဘယ်သို့ နည်းဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား မေး သော်၊
18耶和华的使者对他说:「你何必问我的名,我名是奇妙的。」
18ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အံ့ဩ ဘွယ်ဖြစ်သော ငါ့ အမည် ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၏။
19玛挪亚 将一只山羊羔和素祭在磐石上献与耶和华, 使者 行奇妙的事; 玛挪亚 和他的妻观看,
19မာနော် သည် ဆိတ် သငယ် နှင့် ဘောဇဉ် ပူဇော်သက္ကာကို ယူ ၍ ကျောက် ပေါ် မှာ ထာဝရဘုရား အား ပူဇော် လေ၏။ ထိုအခါ မာနော် လင်မယားတို့သည် ကြည့် ၍ မြင်ရသောအံ့ဩ ဘွယ်ဟူမူကား၊
20见火焰从坛上往上升,耶和华的使者在坛上的火焰中也升上去了。 玛挪亚 和他的妻看见,就俯伏于地。
20မီးလျှံ သည် ယဇ် ပလ္လင်ပေါ် က မိုဃ်းကောင်းကင် သို့ တက် စဉ် တွင်၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယဇ် ပလ္လင်မီးလျှံ ၌ တက် လေ၏။ မာနော် လင်မယား တို့သည် ကြည့် ၍မြင်လျှင် မြေ ပေါ် မှာ ပြပ်ဝပ် လျက်နေကြ၏။
21耶和华的使者不再向 玛挪亚 和他的妻显现, 玛挪亚 才知道他是耶和华的使者。
21ထာဝရဘုရား ၏ကောင်းကင်တမန် သည်၊ မာနော် လင်မယား တို့အား တဖန် မ ပေါ် လာ။ ထိုအခါ မာနော် သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို သိ ၏။
22玛挪亚 对他的妻说:「我们必要死,因为看见了 神。」
22မာနော် ကလည်း ၊ ငါတို့သည် ဘုရား သခင်ကို မြင် သောကြောင့် ၊ ဆက်ဆက်သေ တော့မည်ဟု မယား အား ပြော သော်၊
23他的妻却对他说:「耶和华若要杀我们,必不从我们手里收纳燔祭和素祭,并不将这一切事指示我们,今日也不将这些话告诉我们。」
23မယား က၊ ထာဝရဘုရား သည် ငါ တို့ကို သတ် ခြင်းငှါ အလို တော်ရှိလျှင် ၊ မီးရှို့ ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ ကို ငါ တို့လက် မှ ခံယူ တော်မ မူ။ ဤ အခြင်းအရာအလုံးစုံ တို့ကိုလည်း ပြ တော်မ မူ။ ယခုအခါ ၌ ဤ သို့ သော စကားကိုလည်း မိန့် တော်မ မူဟု ပြန်ပြော ၏။
24后来妇人生了一个儿子,给他起名叫 参孙 。孩子长大,耶和华赐福与他。
24ထိုမိန်းမ သည် သား ယောက်ျားကို ဘွားမြင် ၍ ၊ ရှံဆုန် အမည် ဖြင့် မှည့် ၏။ သူငယ် သည် ကြီးပွား ၍ ထာဝရဘုရား ကောင်းကြီး ပေးတော်မူ၏။
25在 玛哈尼·但 ,就是 琐拉 和 以实陶 中间,耶和华的灵才感动他。
25ထာဝရဘုရား ၏ဝိညာဉ် တော်သည်၊ ဇောရာ မြို့နှင့် ဧရှတောလ မြို့စပ်ကြား ၊ ဒန် အမျိုးတပ်၌ တခါတလေနှိုးဆော် စ ပြုတော်မူ၏။
Tip: use the ← and → keys to turn chapters.