Первое послание к Коринфянам 12
Synodal Translation (Синодальный перевод)Translation
Synodal Translation (Синодальный перевод)
Judson Burmese Bible (1840)
1Не хочу оставить вас, братия, в неведении и о дарах духовных.
1ညီအစ်ကို တို့၊ သင် တို့သည် ဝိညာဉ် ဆုကျေးဇူးအကြောင်း များကို မသိဘဲနေစေခြင်းငှာငါအလို မ ရှိ။
2Знаете, что когда вы были язычниками, то ходили к безгласным идолам, так, как бы вели вас.
2သင် တို့သည် အထက် ကသာသနာပ လူဖြစ်၍ ၊ သူတစ်ပါး သွေးဆောင် သဖြင့်၊ စကား မပြောနိုင်သော ရုပ်တု ရှိရာ သို့ ပါသွားသော သူဖြစ်ကြောင်းကို သင်တို့ သိ ကြ၏။
3Потому сказываю вам, что никто, говорящий Духом Божиим, не произнесет анафемы на Иисуса и никто не может назвать Иисуса Господом, как только Духом Святым.
3ထိုကြောင့် ဘုရားသခင် ၏ ဝိညာဉ် တော်အားဖြင့် ဟောပြော ၍ အဘယ်သူ မျှယေရှု ကို မကျိန်ဆဲ နိုင်သည်ကို၎င်း၊ ယေရှု သည် သခင် ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်း သောဝိညာဉ် တော်ကို အမှီမ ပြု လျှင် ၊ အဘယ်သူ မျှမပြော နိုင် သည်ကို၎င်း၊ သင် တို့သည် သိ နားလည်စေခြင်းငှာ ငါသတိပေး၏။
4Дары различны, но Дух один и тот же;
4ဆု ကျေးဇူးတော်အထူးထူး အထွေထွေ ရှိငြားသော်လည်းဝိညာဉ် တော်တစ်ပါးတည်း ရှိ ၏။
5и служения различны, а Господь один и тот же;
5ဓမ္မဆရာ အမှု အထူးထူး အထွေထွေရှိ ငြားသော်လည်း သခင် တစ်ပါးတည်း ရှိ၏။
6и действия различны, а Бог один и тот же, производящий все во всех.
6ပြုပြင် ခြင်းအမှု အထူးထူး အထွေထွေရှိ ငြားသော်လည်း ၊ ခပ်သိမ်း သော သူတို့၌ ပြုပြင်သမျှ ကို ပြုပြင် တော်မူသော ဘုရားသခင် တစ်ပါးတည်း ရှိ၏။
7Но каждому дается проявление Духа на пользу.
7ကောင်းသောအကျိုး အလိုငှာ သာ ဝိညာဉ် တော်ကို လူ အသီးအသီးတို့အား ထင်ရှား စွာ ပေး တော်မူလျက် ရှိ၏။
8Одному дается Духом слово мудрости, другому слово знания, тем же Духом;
8အဘယ်သို့ နည်းဟူမူကား၊ ဝိညာဉ် တော်အားဖြင့် တစ်ယောက်သောသူ အား ပညာ တရား ကို ပေး တော်မူ၏။ ထို ဝိညာဉ် တော်အားဖြင့် တစ်ယောက် သော သူအား ထိုးထွင်း ခြင်းတရား ကို ပေးတော်မူ၏။
9иному вера, тем же Духом; иному дары исцелений, тем же Духом;
9ထို ဝိညာဉ် တော်အားဖြင့် တစ်ယောက် သော သူအားယုံကြည် ခြင်းကို ပေးတော်မူ၏။ ထို ဝိညာဉ် တော် အားဖြင့် တစ်ယောက် သောသူအား အနာ ရောဂါကို ငြိမ်းစေနိုင်သောအခွင့် ကို ပေးတော်မူ၏။
10иному чудотворения, иному пророчество, иному различение духов, иному разные языки, иному истолкование языков.
10တစ်ယောက် သောသူအား၊ တန်ခိုး ကိုပြနိုင်သော အခွင့် ကို၎င်း ၊ တစ်ယောက် သောသူအား ပရောဖက် ပြုနိုင်သော အခွင့်ကို၎င်း ၊ တစ်ယောက် သောသူအား စိတ် ဝိညာဉ် တို့ကို ပိုင်းခြား ၍သိနိုင်သော အခွင့်ကို၎င်း ၊ တစ်ယောက် သောသူအား အမျိုးမျိုး သော ဘာသာ စကားကို ပြောနိုင်သော အခွင့်ကို၎င်း တစ်ယောက် သောသူအား ထိုဘာသာ စကား၏အနက် ကို ဖော်ပြနိုင်သော အခွင့်ကို၎င်း ပေးတော်မူ၏။
11Все же сие производит один и тот же Дух, разделяя каждому особо, как Ему угодно.
11ဤ အခွင့်ရှိသမျှ တို့ကို တစ်ပါးတည်း သော ဝိညာဉ် တော်သည် ပြုပြင် ၍ လူ အသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိ သည်အတိုင်း ဝေငှ ၍ ပေးတော်မူ၏။
12Ибо, как тело одно, но имеет многие члены, и все члены одного тела, хотя их и много, составляют одно тело, - так и Христос.
12ဥပမာ ကား၊ ကိုယ် တစ်ခု တည်း၌ အင်္ဂါ အများ ရှိ သည်ဖြစ် ၍ ထို တစ်ခုတည်းသောကိုယ် အင်္ဂါ အပေါင်း တို့သည် များ လျက်နှင့် ကိုယ် တစ်ခု တည်းဖြစ် သကဲ့သို့ ၊ ထိုနည်းတူ ခရစ်တော် ဖြစ်၏။
13Ибо все мы одним Духом крестились в одно тело, Иудеи или Еллины, рабы или свободные, и все напоены одним Духом.
13အကြောင်းမူကား ၊ ယုဒ လူဖြစ်စေ ၊ ဟေလသ လူဖြစ်စေ ၊ ကျွန် ဖြစ်စေ ၊ လူ လွတ်ဖြစ်စေ ၊ ငါ တို့ရှိသမျှ သည် ဝိညာဉ် တော်တစ်ပါးတည်း အားဖြင့် တစ် ကိုယ် တည်းထဲသို့ ဗတ္တိဇံ ကိုခံကြ၏။ ငါတို့ရှိသမျှ သည် တစ် စိတ် တစ်ဝိညာဉ် တည်းထဲသို့လည်း သောက် ကြ၏။
14Тело же не из одного члена, но из многих.
14ကိုယ် သည် အင်္ဂါ တစ်ခု တည်းရှိ သည်မ ဟုတ်၊ အများ ရှိသည်ဖြစ်၍၊
15Если нога скажет: я не принадлежу к телу, потому что я не рука, то неужели она потому не принадлежит к телу?
15ခြေ က၊ ငါသည်လက် မ ဟုတ် သောကြောင့် ကိုယ် နှင့် မ စပ်ဆိုင် ဟုဆို လျှင် ၊ ထိုသို့ဆိုသောကြောင့် မ စပ်ဆိုင် သည် မှန်သလော။
16И если ухо скажет: я не принадлежу к телу, потому что я не глаз, то неужели оно потому не принадлежит к телу?
16နား ကလည်း ၊ ငါ သည် မျက်စိ မ ဟုတ်သောကြောင့် ကိုယ် နှင့် မ စပ်ဆိုင် ဟုဆို လျှင် ၊ ထိုသို့ ဆိုသောကြောင့်မ စပ်ဆိုင် သည် မှန်သလော။
17Если все тело глаз, то где слух? Если все слух, то где обоняние?
17တစ်ကိုယ်လုံးသည် မျက်စိ ဖြစ်လျှင် အဘယ်သို့ ကြား နိုင်မည်နည်း။ တစ်ကိုယ်လုံးသည် နား ဖြစ်လျှင် အဘယ်သို့ နမ်းနိုင်မည်နည်း။
18Но Бог расположил члены, каждый в составе тела, как Ему было угодно.
18ယခု မူကား ၊ ဘုရားသခင် သည် အလိုတော်ရှိ သည်အတိုင်း အင်္ဂါ များအသီးသီး တို့ကို ကိုယ် ၌ စီရင် ခန့်ထား တော်မူ၏။
19А если бы все были один член, то где было бы тело?
19ထိုမှတစ်ပါး၊ အင်္ဂါအပေါင်း တို့သည် အင်္ဂါ တစ်ခု တည်းဖြစ် လျှင် ကိုယ် သည်အဘယ်မှာ ရှိလိမ့်မည်နည်း။
20Но теперь членов много, а тело одно.
20ယခု တွင်အင်္ဂါ အများ ရှိ လျက် နှင့် ကိုယ် တစ်ခု တည်းရှိ၏။
21Не может глаз сказать руке: ты мне не надобна; или также голова ногам: вы мне не нужны.
21မျက်စိ က ၊ သင့် ကိုငါ အလို မ ရှိဟု လက် ကို မ ဆို ရ။ ထိုနည်းတူ၊ ဦးခေါင်း က၊ သင် တို့ကိုငါ အလို မ ရှိဟု ခြေ တို့ကို မဆိုရ။ ထိုမျှမကအားနည်းဟန်ရှိသော အင်္ဂါတို့သည် သာ၍အသုံးဝင်ကြ၏။
22Напротив, члены тела, которые кажутся слабейшими, гораздо нужнее,
22အသရေ နည်း ဟန် ရှိသော အင်္ဂါ တို့အား လည်း၊ သာ၍ကြီး သော အသရေကို ပေးတတ်၏။
23и которые нам кажутся менее благородными в теле, о тех более прилагаем попечения;
23တင့်တယ် ခြင်းမရှိသောအင်္ဂါ တို့သည် သာ၍ ကြီးသော တင့်တယ် ခြင်းကို ခံရ ကြ၏။
24и неблагообразные наши более благовидно покрываются, а благообразные наши не имеют в том нужды. Но Бог соразмерил тело, внушив о менее совершенном большее попечение,
24တင့်တယ် လျက်ရှိသော အင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မ လို ကြ။
25дабы не было разделения в теле, а все члены одинаково заботились друг о друге.
25ကိုယ်ခန္ဓာ ၌ အချင်းချင်းကွဲပြား ခြင်းမ ရှိ ဘဲ၊ အင်္ဂါ များတို့သည် အချင်းချင်း သူ့ကို ကိုယ်နှင့်အမျှသတိပြု စေခြင်းငှာ၊ ဘုရားသခင် သည် ကိုယ်ခန္ဓာ ကိုမျှ စေ၍ ၊ ယုတ် သောအင်္ဂါအား သာ၍ များသော အသရေ ကို ပေး တော်မူ၏။
26Посему страдает ли один член, страдают с ним все члены; славится ли один член, с ним радуются все члены.
26သို့ဖြစ်၍ ၊ အင်္ဂါ တစ်ခု တည်းဆင်းရဲခြင်း ကို ခံရလျှင် ၊ အင်္ဂါ အပေါင်း တို့သည် အတူခံရ ကြ၏။ အင်္ဂါ တစ်ခု သည်ချီးမြှောက် ခြင်းကို ခံရလျှင် ၊ အင်္ဂါ အပေါင်း တို့သည် အတူ ဝမ်းမြောက်ရကြ၏။
27И вы - тело Христово, а порознь - члены.
27သင် တို့သည် ခရစ်တော် ၏ ကိုယ် ဖြစ် ကြ၏။ အသီးအသီး အင်္ဂါ တော်ဖြစ်ကြ၏။
28И иных Бог поставил в Церкви, во-первых, Апостолами, во-вторых, пророками, в-третьих, учителями; далее, иным дал силы чудодейственные, также дары исцелений, вспоможения, управления, разные языки.
28ဘုရားသခင် သည်ပဌမ အရာ၌ တမန်တော် တို့ကို၎င်း၊ ဒုတိယ အရာ၌ ပရောဖက် တို့ကို၎င်း၊ တတိယ အရာ၌ ဆရာ တို့ကို၎င်း၊ ထိုနောက် တန်ခိုး ပြသော သူတို့ကို၎င်း၊ ထိုနောက် အနာ ရောဂါကို ငြိမ်းစေနိုင်သော အခွင့် ရှိသောသူတို့ကို၎င်း၊ သင်းထောက် တို့ကို၎င်း၊ စီရင် အုပ်စိုးသော သူတို့ကို၎င်း၊ အမျိုးမျိုး သော ဘာသာ စကား ကိုပြောနိုင်သော သူတို့ကို၎င်း၊ အသင်းတော် ၌ ခန့်ထား တော်မူ၏။
29Все ли Апостолы? Все ли пророки? Все ли учители? Все ли чудотворцы?
29သင်းဝင်သူရှိသမျှ တို့သည် တမန်တော် ဖြစ်ကြ သလော။ ရှိသမျှ တို့သည် ပရောဖက် ဖြစ်ကြသလော။ ရှိသမျှ တို့သည် ဆရာ ဖြစ်ကြသလော။ ရှိသမျှ တို့သည် ဘုန်းတန်ခိုး ကို ပြနိုင်ကြသလော။
30Все ли имеют дары исцелений? Все ли говорят языками? Все ли истолкователи?
30ရှိသမျှ တို့သည် အနာ ရောဂါကို ငြိမ်းစေနိုင်သော အခွင့် ရှိ ကြသလော။ ရှိသမျှ တို့သည် အမျိုးမျိုး သော ဘာသာစကားကို ပြော နိုင်ကြသလော။ ရှိသမျှ တို့သည် ထို ဘာသာစကား၏ အနက်ကို ဖော်ပြနိုင်ကြသလော။
31Ревнуйте о дарах больших, и я покажу вам путь еще превосходнейший.
31သင်တို့သည် အမြတ်ဆုံး သော ဆု ကျေးဇူးတော်တို့ကို အလွန် အလိုရှိ ကြသည်တွင် ၊ သာ၍မြတ်သော လမ်း ကိုငါပြ ဦးမည်။
Tip: use the ← and → keys to turn chapters.