ဇာခရိ

Old Testament

Chapter 4

ဇာခရိ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဇာခရိ 4

1ငါ နှင့် ပြောဆို သော ကောင်းကင် တမန်သည် ပြန် လာ၍ ၊ အိပ်ပျော် သောသူ ကို နှိုး သကဲ့သို့ ငါ့ ကို နှိုး လျက် ၊

2သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး လျှင် ၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု ၍ ရွှေ အတိပြီးသော ဆီမီးခုံ ကို မြင် ပါ၏။ မီးခုံ တိုင်အဖျား ၌ ဆီအိုး တလုံး၊ မီးခွက် ခုနစ် လုံး၊ ဆီအိုးနှင့် မီးခွက် ခုနစ် လုံး ဆက်သော ပြွန်တံ ခုနစ် တံရှိပါ၏။

3ဆီအိုး လက်ျာ ဘက်၌ သံလွင်ပင်တ ပင်၊ လက်ဝဲ ဘက်၌ တ ပင်၊ မီးခုံ ကို လွှမ်းမိုး သော သံလွင် ပင်နှစ် ပင် ရှိပါသည်ဟုဆို ပြီးမှ ၊

4ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ၊ အကျွန်ုပ် သခင် ၊ ဤ အရာတို့ကား အဘယ် အရာဖြစ်သနည်း ဟုမေး သော် ၊

5ငါ နှင့် ပြောဆို သော ကောင်းကင် တမန်က၊ ဤ အရာတို့ကား၊ အဘယ် အရာဖြစ်သည်ကို နား မ လည် သလော ဟုမေး လျှင် ၊ အကျွန်ုပ် နားမ လည်ပါသခင် ဟု လျှောက် ၏။

6ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလ သို့ ရောက်လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား ၊ ဤအမှုသည် ဗိုလ်ခြေ အားဖြင့် မ ဟုတ်၊ အာဏာ တန်ခိုး အားဖြင့် မ ဟုတ်၊ ငါ့ ဝိညာဉ် အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ ၏။

7အို တောင် ကြီး ၊ သင် သည် အဘယ် သို့နည်း။ ဇေရုဗဗေလ ရှေ့ မှာ ညီ သောအရပ် ဖြစ် ရလိမ့်မည်။ လူများ တို့က၊ ကျေးဇူး တော်ရှိပါစေသော။ ကျေးဇူး တော်ရှိပါ စေသောဟု ကြွေးကြော် လျက်၊ ထို မင်းသည် တိုက်ထောင့် အထွဋ် ကျောက် ကို တင်ထားရလိမ့်မည်။

8တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီ သို့ ရောက် လာသည်ကား၊

9ဇေရုဗဗေလ သည် ဤ အိမ် တော်အမြစ် ကို ချထား ပြီ။ သူ သည်လည်း လက်စသတ် ရလိမ့်မည်။ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။

10အမှု ငယ်ပြုသော နေ့ရက် ကို အဘယ်သူ သည် မထီမဲ့မြင် ပြုရသနည်း။ ချိန်ကြိုး သည် ဇေရုဗဗေလ လက် ၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက် ကြ လိမ့်မည်။ ထို ခုနစ် ပါးတို့ကား၊ မြေကြီး တပြင်လုံး တွင် တောင်မြောက်ပြေး တတ်သော၊ ထာဝရဘုရား ၏မျက်စိ တော်များဖြစ်သတည်းဟု မိန့်တော်မူ၏။

11ငါကလည်း၊ မီးခုံ လက်ျာ ဘက်၊ လက်ဝဲ ဘက်၌ ရှိသောထိုသံလွင် ပင်နှစ် ပင်ကား အဘယ် သို့နည်းဟူ၍၎င်း ၊

12ဆီညှစ်ရာရွှေ စက်နှစ် ခုအားဖြင့်၊ မိမိ တို့ဆီကို သွန်းလောင်း သော ထို သံလွင် ကိုင်း နှစ် ကိုင်းကား အဘယ် သို့ နည်းဟူ၍၎င်း မေးလျှောက် သော် ၊

13ကောင်းကင်တမန်က၊ ထို အကိုင်းတို့ကို နား မ လည်သလော ဟုမေး လျှင် ၊ အကျွန်ုပ် နားမ လည်ပါသခင် ဟု လျှောက် ၏။

14ကောင်းကင်တမန်ကလည်း၊ ထို အကိုင်းတို့သည် မြေကြီး တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ၏ ရှေ့ တော်၌ ရပ် နေသောဘိသိက် ခံသူနှစ် ပါးဖြစ်သည်ဟု ဆို ၏။

Tip: use the ← and → keys to turn chapters.