ဇာခရိ

Old Testament

Chapter 3

ဇာခရိ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဇာခရိ 3

1ယဇ် ပုရောဟိတ်မင်း ယောရှု သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ရှေ့ ၌ ရပ် နေသည်ကို၎င်း၊ စာတန် သည် ရန်ဘက် ပြု၍ သူ ၏လက်ျာ ဘက်၌ ရပ် နေသည် ကို၎င်းငါ့ အားပြ တော်မူ၏။

2ထာဝရဘုရား ၏ ကောင်းကင်တမန်ကလည်း၊ အိုစာတန် ၊ ထာဝရဘုရား သည် သင့် ကို ဆုံးမ တော်မူပါစေသော။ ယေရုရှလင် မြို့ကို ရွေးချယ် ပြီးသော ထာဝရဘုရား သည် သင့် ကို ဆုံးမ တော်မူပါစေသော။ ဤ သူသည် မီး ထဲ က နှုတ် သော ထင်းစ ဖြစ်သည်မ ဟုတ်လော ဟု စာတန် အား ဆို ၏။

3ယောရှု သည် ညစ်ညူး သော အဝတ် ကို ဝတ် လျက်၊ ကောင်းကင် တမန်ရှေ့ မှာ ရပ် နေသည်ဖြစ်၍ ၊

4ကောင်းကင်တမန်က၊ ညစ်ညူး သော အဝတ် ကို ချွတ်ပယ် ကြလော့ဟု မိမိ ရှေ့ မှာ ရပ် နေသောအခြားသူတို့ အား ဆို ၏။ ယောရှုအားလည်း၊ သင့် အပြစ် ကို ငါဖြေရှင်း ပြီ။ တင့်တယ် သော အဝတ်ကို ဝတ် စေမည်ဟု ဆို ၏။

5ငါကလည်း၊ စင်ကြယ် သော ပေါင်း ကို သူ ၏ ခေါင်း ပေါ် မှာ တင် ကြစေဟု ဆို သည်အတိုင်း ၊ စင်ကြယ် သောပေါင်း ကို သူ ၏ခေါင်း ပေါ် မှာ တင် ၍ အဝတ် ကို ဝတ် စေကြ၏။ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် လည်း အနားမှာ ရပ် နေ၏။

6တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ၍ ယောရှု အား ပညတ် ထားသည်ကား ၊

7သင်သည် ငါ့ လမ်း သို့ လိုက် ၍ ငါ့ ပညတ် တရားကို စောင့်ရှောက် လျှင် ၊ ငါ့ အိမ် ကို စီရင် ရသောအခွင့်၊ ငါ့ တန်တိုင်း တို့ကို စောင့် ရသောအခွင့်ရှိလိမ့်မည်။ ရှေ့တော် ၌ ရပ် နေသောသူအချို့တို့ကို၊ သင့် အား လမ်းပြရသောသူဖြစ်မည်အကြောင်းငါခန့်ထား မည်။

8အို ယဇ် ပုရောဟိတ်မင်းယောရှု ၊ သင့် ရှေ့ မှာနေ သော သင့် အပေါင်း အဘော်တို့နှင့်တကွ နားထောင် လော့။ သူ တို့သည် နိမိတ် လက္ခဏာနှင့်ယှဉ်သော သူ ဖြစ် ကြ၏။ ငါ ၏ကျွန် တည်းဟူသော အညွန့် ကို ငါ ပေါ်ထွန်း စေမည်။

9ယောရှု ရှေ့ မှာ ငါထား သော ကျောက် ကို ကြည့်ရှု လော့။ ထိုကျောက် တခု ကို မျက်စိ ခုနစ် လုံး ကြည့်ရှု လျက် ရှိလိမ့်မည်။ ထို ကျောက် ကိုလည်း ငါ ထု လုပ်မည်။ တ နေ့ ခြင်းတွင် ဤ ပြည် ၏အပြစ် ကို ငါပယ်ရှင်း မည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

10ထို နေ့၌ သင်တို့သည် မိမိ တို့ အိမ်နီးချင်း တယောက် ကိုတယောက်စပျစ် ပင်အောက် ၊ သင်္ဘော သဖန်းပင်အောက် သို့ ခေါ် ဘိတ်ကြလိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

Tip: use the ← and → keys to turn chapters.