ဇာခရိ 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Traditional)
1တဖန် ငါ မျှော် ကြည့် ၍ ၊ တိုင်း စရာကြိုး ကို ကိုင် သော လူ တဦးကို မြင် လျှင် ၊
1我又舉目觀看,見一人手拿準繩。
2အဘယ် အရပ်သို့ သွား မည်နည်းဟု ထိုသူအားမေးသော်၊ ယေရုရှလင် မြို့ အလျား အနံ ကို သိ လို ၍ မြို့ကို တိုင်း ခြင်းငှါ သွားသည်ဟု ပြန်ပြော ၏။
2我說:「你往哪裏去?」他對我說:「要去量 耶路撒冷 ,看有多寬多長。」
3ငါ နှင့် ပြောဆို သော ကောင်းကင် တမန်သည် ထွက်သွား သော် ၊ အခြား သော ကောင်းကင် တမန်သည် ကြိုဆို လျက် ၊
3與我說話的天使去的時候,又有一位天使迎着他來,
4သင်သည် ပြေး ၍ ထို လုလင် ကို ဆင့်ဆို ရမည်မှာ၊ ယေရုရှလင် မြို့သား လူ သတ္တဝါတိရစ္ဆာန် တို့သည် အလွန် များသောကြောင့် ရွာ တို့၌ နေ ရကြလိမ့်မည်။
4對他說:「你跑去告訴那少年人說, 耶路撒冷 必有人居住,好像無城牆的鄉村,因為人民和牲畜甚多。
5ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် မြို့ ကို ကာ သောမီး မြို့ရိုး ဖြစ် မည်။ မြို့ အလယ် ၌ လည်း ငါသည် မြို့၏ဘုန်း အသရေဖြစ် မည်။
5耶和華說:我要作 耶路撒冷 四圍的火城,並要作其中的榮耀。」
6အချင်း တို့၊ အချင်း တို့၊ မြောက် မျက်နှာအရပ် မှ ပြေး လာကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ မိုဃ်း ကောင်းကင်အောက်လေး မျက်နှာတို့၌ သင် တို့ကို ငါနှံ့ပြား စေပြီဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
6耶和華說:「我從前分散你們在天的四方,現在你們要從北方之地逃回。這是耶和華說的。
7ဗာဗုလုန် မြို့သမီး ထံမှာနေ သောအချင်းဇိအုန် သတို့သမီး၊ အလွတ် ပြေးလော့။
7與 巴比倫 人同住的 錫安 民哪,應當逃脫。
8ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ကို ဖျက်ဆီး သောလူမျိုး တို့ ရှိရာသို့ ဘုန်း ထင်ရှားပြီးမှ ငါ့ ကို စေလွှတ် တော်မူ၏။ သင် တို့ကို ထိ သောသူသည် မျက် ဆန် တော်ကို ထိ သောသူဖြစ်၏။
8萬軍之耶和華說,在顯出榮耀之後,差遣我去 懲罰 那擄掠你們的列國,摸你們的就是摸他眼中的瞳人。
9သူ တို့ကို ငါ တိုက် ၍ သူ တို့၏ ကျွန် များသည် လုယူ ဖျက်ဆီးကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။
9看哪,我要向他們掄手,他們就必作服事他們之人的擄物,你們便知道萬軍之耶和華差遣我了。
10အို ဇိအုန် သတို့သမီး ၊ သီချင်း ဆို၍ ရွှင်လန်း လော့။ ငါ လာ ၍ သင့် အလယ် ၌ နေ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
10錫安 城啊,應當歡樂歌唱,因為我來要住在你中間。這是耶和華說的。」
11ထိုကာလ ၌ လူမျိုး အများ တို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား ၍ ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ သင့် အလယ် ၌ ငါနေ မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင့် ဆီ သို့ စေလွှတ် တော်မူသည်ကို သင်သိ ရ လိမ့်မည်။
11那時,必有許多國歸附耶和華,作他的子民。他要住在你中間,你就知道萬軍之耶和華差遣我到你那裏去了。
12ထာဝရဘုရား သည် သန့်ရှင်း သော ပြည် ၌ မိမိ အဘို့ ယုဒ ပြည်ကို အမွေခံ ၍ တဖန် ယေရုရှလင် မြို့ကို ရွေးချယ် တော်မူလိမ့်မည်။
12耶和華必收回 猶大 作他聖地的分,也必再揀選 耶路撒冷 。
13အိုလူ သတ္တဝါအပေါင်း တို့၊ ထာဝရဘုရား ရှေ့ တော်၌ ငြိမ်ဝပ် စွာနေကြလော့။ သန့်ရှင်း သော ကျိန်းဝပ် ရာဌာနတော်၌ ထ တော်မူပြီ။
13凡有血氣的都當在耶和華面前靜默無聲;因為他興起,從聖所出來了。
Tip: use the ← and → keys to turn chapters.