ရုသဝတ္တု။ 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1နောမိ ၏လင် ဧလိမလက် ၏ အဆွေ အမျိုးတွင် အလွန်ရတတ်သောပေါက်ဘော် တယောက်ရှိ၏။ သူ ၏အမည် ကား ဗောဇ တည်း။
1拿俄米 的丈夫 以利米勒 的亲族中,有一个人名叫 波阿斯 ,是个大财主。
2မောဘ ပြည်သူရုသ က၊ ကျွန်မသည် လယ်ပြင် သို့သွား ၍ စိတ်နှင့်တွေ့ သောသူ နောက် မှာစပါးကျန်ကို ကောက် ပါရစေဟု နောမိ ၌ အခွင့် ပန်လျှင် ၊ နောမိက၊ သွား တော့ငါ့ သမီး ဟုဆို ၏။
2摩押 女子 路得 对 拿俄米 说:「容我往田间去,我蒙谁的恩,就在谁的身后拾取麦穗。」 拿俄米 说:「女儿啊,你只管去。」
3ရုသသည်သွား ၍ စပါး ရိတ်သောသူတို့နောက် မှာ၊ စပါးကျန်ကို ကောက် သည်တွင်၊ ဧလိမလက် ၏ အဆွေ အမျိုးဗောဇ ပိုင်သောလယ် ၌ အမှတ်တမဲ့နေရာ ကျ၏။
3路得 就去了,来到田间,在收割的人身后拾取麦穗。她恰巧到了 以利米勒 本族的人 波阿斯 那块田里。
4ထိုအခါ ဗောဇ သည် ဗက်လင် မြို့က လာ ၍ ၊ ထာဝရဘုရား သည်သင် တို့နှင့်အတူ ရှိတော်မူပါစေသောဟု ရိတ် သောသူတို့အား ဆို လျှင်၊ သူတို့က၊ ကိုယ်တော် ကိုထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသောဟု ပြန်ပြော ကြ၏။
4波阿斯 正从 伯利恒 来,对收割的人说:「愿耶和华与你们同在!」他们回答说:「愿耶和华赐福与你!」
5ဗောဇ ကလည်း ၊ ထို မိန်းမ ငယ်သည် အဘယ် သူနှင့် ဆိုင်သနည်းဟု လယ် ခေါင်းအား မေး သော်၊
5波阿斯 问监管收割的仆人说:「那是谁家的女子?」
6လယ်ခေါင်းက၊ မောဘ ပြည် မှ နောမိ နှင့်အတူ လိုက်လာ သောမောဘ အမျိုးသမီး ဖြစ်ပါ၏။
6监管收割的仆人回答说:「是那 摩押 女子,跟随 拿俄米 从 摩押 地回来的。
7သူကလည်း၊ ကျွန်မသည် စပါး ရိတ်သောသူတို့နောက် ၌ ကောက်လှိုင်းစုထဲမှာ ကျန်သော စပါးကို ကောက် သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့်၊ နံနက် မှစ၍ ယခု ခဏ တဲ ၌နေ သောအချိန် တိုင်အောင် လုပ်နေပါပြီဟုပြောဆို လျှင်၊
7她说:『请你容我跟着收割的人拾取打捆剩下的麦穗。』她从早晨直到如今,除了在屋子里坐一会儿,常在这里。」
8ဗောဇ သည် ရုသ ကို ခေါ် ၍ ၊ နားထောင် ပါ၊ ငါ့ သမီး။ အခြား သောလယ် သို့ သွား ၍စပါးကျန်ကို မ ကောက် နှင့်။ ဤ အရပ်က မ ထွက် ဘဲ၊ ငါ့ ကျွန် မတို့၌ မှီဝဲ လျက်နေတော့။
8波阿斯 对 路得 说:「女儿啊,听我说,不要往别人田里拾取麦穗,也不要离开这里,要常与我使女们在一处。
9သူတို့ရိတ် သောလယ် ကွက်ကို ကြည့် မှတ်၍ သူ တို့နောက် ၌ လိုက် လော့။ လုလင် တို့သည်သင့် ကို မ နှောင့်ရှက် ရမည်အကြောင်း ငါမှာ ထားပြီ။ ရေ ငတ်သောအခါ ၊ အိုး ထားရာသို့ သွား ၍ လုလင် ခပ် သောရေကို သောက် တော့ဟုဆိုလေသော်၊
9我的仆人在那块田收割,你就跟着他们去。我已经吩咐仆人不可欺负你;你若渴了,就可以到器皿那里喝仆人打来的水。」
10ရုသသည်မြေ ပေါ်မှာဦးချ ပြပ်ဝပ် လျက် ၊ ကျွန်မ သည်တပါး အမျိုးသားဖြစ်၍ကိုယ်တော် သည် ကျွန်မ ကို သိမှတ် မည်အကြောင်း၊ အဘယ်သို့ စိတ် တော်နှင့်တွေ့ရပါသနည်းဟုလျှောက် လေ၏။
10路得 就俯伏在地叩拜,对他说:「我既是外邦人,怎么蒙你的恩,这样顾恤我呢?」
11ဗောဇ ကလည်း ၊ သင် ၏လင် သေ သောနောက် ၊ သင် သည်ယောက္ခမ အားပြုစု သမျှ ကို၎င်း၊ သင်သည်မိဘ နှင့် မွေးဘွား ရာဌာနပြည် ကိုစွန့် ၍ အထက် က မ သိ ဘူးသောပြည် သို့ လာ ကြောင်းကို၎င်း ၊ ငါ့ အား သေချာစွာပြော ကြပြီ။
11波阿斯 回答说:「自从你丈夫死后,凡你向婆婆所行的,并你离开父母和本地,到素不认识的民中,这些事人全都告诉我了。
12သင့် အမှု ၏အကျိုး ကိုထာဝရဘုရား ပေး တော်မူပါစေသော။ သင်သည်အတောင် တော်အောက် ၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ် သော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် စုံလင် သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊
12愿耶和华照你所行的赏赐你。你来投靠耶和华— 以色列 神的翅膀下,愿你满得他的赏赐。」
13ရုသကလည်း၊ သခင်ကျွန်မသည် ရှေ့ တော်၌ မျက်နှာ ရပါစေ။ ကျွန်မ သည်ကိုယ်တော် ကျွန် မတို့နှင့် မ တူသော်လည်း ၊ ကိုယ်တော်သည် လောကဝတ် စကားကို ပြော ၍ ကျွန်မ ကို နှစ်သိမ့် စေပါပြီဟု လျှောက် လေ၏။
13路得 说:「我主啊,愿在你眼前蒙恩。我虽然不及你的一个使女,你还用慈爱的话安慰我的心。」
14ဗောဇ ကလည်း ၊ စားသောက် သောအချိန် ရှိပြီ။ လာ ၍ မုန့် ကို စား လော့။ ပုံးရည် ၌ စားစရာကို နှစ် လော့ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါး ရိတ်သောသူတို့နှင့်အတူထိုင် လျှင် ၊ ဗောဇသည် ပေါက်ပေါက် ကို လှမ်း၍ ပေး သဖြင့် ၊ သူသည် ဝ စွာစား ပြီးမှ ချန် ထားသေး၏။
14到了吃饭的时候, 波阿斯 对 路得 说:「你到这里来吃饼,将饼蘸在醋里。」 路得 就在收割的人旁边坐下;他们把烘了的穗子递给她。她吃饱了,还有余剩的。
15စပါးကျန်ကို ကောက် ခြင်းငှါ ထ သွားသောအခါ ၊ ဗောဇ သည်လုလင် တို့အား ၊ ထိုမိန်းမသည် ကောက်လှိုင်းစု ထဲမှာ ကျန်သောစပါးကိုကောက်သိမ်း ပါစေ၊ အရှက် မ ခွဲကြနှင့်။
15她起来又拾取麦穗, 波阿斯 吩咐仆人说:「她就是在捆中拾取麦穗,也可以容她,不可羞辱她;
16ရိတ်ပြီးသောစပါးအချို့ကိုလည်း သူ အဘို့ ချ ထားလော့။ ကောက် ယူပါစေ။ အပြစ် မ တင်ကြနှင့်ဟု မှာထား၏။
16并要从捆里抽出些来,留在地下任她拾取,不可叱吓她。」
17ရုသသည်ထိုလယ် ၌ ညဦး တိုင်အောင် စပါးကျန်ကိုကောက် ၍ ရသောစပါးကိုနယ် ပြီးလျှင် မုယော ဆန်တဧဖာ ခန့် မျှရှိ ၏။
17这样, 路得 在田间拾取麦穗,直到晚上,将所拾取的打了,约有一伊法大麦。
18ထိုဆန်ကိုယူ ၍ မြို့ ထဲသို့ ဝင် သဖြင့် ၊ ကောက် ၍ရသောဆန်ကိုလည်း ယောက္ခမ အား ပြ ၏။ ဝ စွာစားပြီးမှချန် ထားသော အရာ ကိုလည်း ထုတ် ၍ ပေးသေး၏။
18她就把所拾取的带进城去给婆婆看,又把她吃饱了所剩的给了婆婆。
19ယောက္ခမ ကလည်း ၊ ယနေ့ အဘယ်မှာ စပါးကျန်ကိုကောက် သနည်း။ အဘယ်မှာ လုပ် သနည်း။ သင် သိမှတ် သောသူသည်မင်္ဂလာ ရှိ ပါစေသောဟု မြွက်ဆို လျှင်၊ ရုသက ယနေ့ ကျွန်မလုပ် သောသူ ၏အမည် ကား၊ ဗောဇ ဖြစ်ပါသည်ဟုယောက္ခမ အား ကြား ပြောသော်။
19婆婆问她说:「你今日在哪里拾取麦穗,在哪里做工呢?愿那顾恤你的得福。」 路得 就告诉婆婆说:「我今日在一个名叫 波阿斯 的人那里做工。」
20ယောက္ခမက၊ အသက် ရှင်သောသူ၊ သေ သောသူတို့၌ ကျေးဇူး မ ပြတ် ပြုတော်မူသေးသောထာဝရဘုရား သည် သူ့ ကိုကောင်းကြီး ပေးတော်မူပါစေသောဟူ၍၎င်း၊ ထိုသူ သည် ငါ တို့နှင့်ပေါက်ဘော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်းအဝင်ဖြစ်သည်ဟူ၍၎င်း၊ ချွေးမ အား ပြောဆို ၏။
20拿俄米 对儿妇说:「愿那人蒙耶和华赐福,因为他不断地恩待活人死人。」 拿俄米 又说:「那是我们本族的人,是一个至近的亲属。」
21ထိုသူက၊ ငါ့စပါး ရိတ်ခြင်းအမှု မပြီး မှီတိုင်အောင် ၊ ငါ့ လူ တို့၌ မှီဝဲ လျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘ အမျိုးသမီးရုသ သည် ကြားပြော သော်၊
21摩押 女子 路得 说:「他对我说:『你要紧随我的仆人 拾取麦穗 ,直等他们收完了我的庄稼。』」
22နောမိ က၊ ငါ့ သမီး ၊ သင်သည် သူ ၏ကျွန် မတို့နှင့် ပေါင်းဘော်ကောင်း၏။ အခြား သောလယ် ၌ သူတို့သည် သင့် ကို မတွေ့စေကောင်းဟု၊ ချွေးမ ရုသ အား ပြော သည်အတိုင်း၊
22拿俄米 对儿妇 路得 说:「女儿啊,你跟着他的使女出去,不叫人遇见你在别人田间,这才为好。」
23သူသည် မုယော စပါး၊ ဂျုံ စပါးရိတ် ခြင်းအမှု ပြီး သည်တိုင်အောင် ဗောဇ ၏ ကျွန် မတို၌ မှီဝဲ လျက် ၊ စပါးကျန်ကိုကောက် ၍ ယောက္ခမ ထံ မှာနေ လေ၏။
23于是 路得 与 波阿斯 的使女常在一处拾取麦穗,直到收完了大麦和小麦。 路得 仍与婆婆同住。
Tip: use the ← and → keys to turn chapters.