ဗျာဒိတ် 3
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1သာဒိ မြို့၌ ရှိသောအသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာလိုက်လော့။ ဘုရားသခင် ၏ ဝိညာဉ် ခုနစ် ပါးနှင့်ကြယ် ခုနစ် လုံး ရှိ သောသူ ၏အမိန့် တော်ကား၊ သင် ၏အကျင့် ကိုငါသိ ၏။ သင် သည် အသက်ရှင်ဟန် ရှိ သော်လည်း သေ လျက် နေ သည်ကို ငါသိ၏။
1Et angelo ecclesiæ Sardis scribe: Hæc dicit qui habet septem spiritus Dei, et septem stellas: Scio opera tua, quia nomen habes quod vivas, et mortuus es.
2မအိပ်ဘဲစောင့် ၍နေ လော့။ ကျန်ရစ် ၍ သေ လု သောအရာ တို့ ကို ပြုစု လော့။ သင် ၏အကျင့် သည် ငါ ၏ဘုရားသခင် ရှေ့ ၌မ စုံ မလင်ရှိသည်ကိုငါတွေ့ ပြီ။
2Esto vigilans, et confirma cetera, quæ moritura erant. Non enim invenio opera tua plena coram Deo meo.
3ထိုကြောင့် ၊ သင်သည်ခံယူ ၍ နားထောင် ပြီးသည်အရာကို အောက်မေ့ ၍ စောင့်ရှောက် လော။ နောင်တရ လော့။ စောင့် ၍ မ နေလျှင် သူခိုး ကဲ့သို့ သင်ရှိရာသို့ ငါလာ မည်။ လာ မည့်အချိန် နာရီကိုလည်း သင်မ သိ ရ။
3In mente ergo habe qualiter acceperis, et audieris, et serva, et pœnitentiam age. Si ergo non vigilaveris, veniam ad te tamquam fur et nescies qua hora veniam ad te.
4သို့သော်လည်း ၊ သာဒိ မြို့၌ ပင် သင်တို့တွင် ကိုယ် အဝတ် ကို မ ညစ်ညူး စေသော သူနည်းနည်း ရှိသေး ၏။ ထိုသူတို့သည် ထိုက်တန် သောသူဖြစ် ၍၊ အဖြူ ဝတ်လျက် ငါ နှင့်အတူ သွားလာ ကြလိမ့်မည်။ အောင်မြင် သော သူ သည် ဖြူ သောအဝတ် ကို ဝတ်ဆင် လိမ့်မည်။
4Sed habes pauca nomina in Sardis qui non inquinaverunt vestimenta sua: et ambulabunt mecum in albis, quia digni sunt.
5ထိုသူ ၏နာမ ကို အသက် စာစောင် မှ ငါသည် အလျှင်း မ ချေ ။ ငါ့ ခမည်းတော် ရှေ့ ၌၎င်း ၊ ကောင်းကင် တမန်တော်တို့၌ ၎င်း သူ ၏နာမ ကို ငါဝန်ခံ မည်။
5Qui vicerit, sic vestietur vestimentis albis, et non delebo nomen ejus de libro vitæ, et confitebor nomen ejus coram Patre meo, et coram angelis ejus.
6ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သောသူ မည်သည်ကားကြား ပါစေ။
6Qui habet aurem, audiat quid Spiritus dicat ecclesiis.
7ဖိလဒေလဖိ မြို့၌ ရှိသော အသင်းတော် ၏ တမန် ကိုဤသို့ ရေး ၍ မှာလိုက်လော့။ သန့်ရှင်း သောသူ ၊ ဟုတ်မှန် သောသူ ၊ ဒါဝိဒ် မင်း၏ တံခါးသော့ ကို ကိုင် သော သူ ၊ အဘယ်သူ မျှ မပိတ် နိုင်အောင် ဖွင့် ၍၊ အဘယ်သူ မျှ မဖွင့် နိုင်အောင် ပိတ် သောသူ ၏ အမိန့် တော်ကား။
7Et angelo Philadelphiæ ecclesiæ scribe: Hæc dicit Sanctus et Verus, qui habet clavem David: qui aperit, et nemo claudit: claudit, et nemo aperit:
8သင် ၏အကျင့် ကိုငါသိ ၏။ အဘယ်သူ မျှ မပိတ် နိုင် သောတံခါး ကို သင့် ရှေ့ ၌ငါဖွင့် ထားပြီ၊ အကြောင်းမူကား ၊ သင်သည်အနည်းငယ် သောခွန်အား ရှိသည် နှင့်၊ ငါ ၏နှုတ်ကပတ် ကို စောင့်ရှောက် ခဲ့ပြီ။
8Scio opera tua. Ecce dedi coram te ostium apertum, quod nemo potest claudere: quia modicam habes virtutem, et servasti verbum meum, et non negasti nomen meum.
9ငါ ၏နာမ ကိုလည်း မ စွန့် မပယ်။ ယုဒ လူ ဖြစ် ယောင်ဆောင်၍ အမှန် မ ဟုတ်ဘဲ ၊ မုသာ စကားကိုပြော သောသူတည်းဟူသော၊ စာတန် ၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေး မည်။ သူ တို့သည်လာ ၍ သင် ၏ခြေ ရင်း၌ ပြပ်ဝပ် စေခြင်းငှာ ၎င်း ၊ ငါ သည်သင့် ကို ချစ် သည်ဟု သိ စေရခြင်းငှာ ၎င်း ငါပြု မည်။
9Ecce dabo de synagoga Satanæ, qui dicunt se Judæos esse, et non sunt, sed mentiuntur: ecce faciam illos ut veniant, et adorent ante pedes tuos: et scient quia ego dilexi te,
10သင်သည် ငါ ၏သည်းခံ ခြင်းနှင့် စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက် သောကြောင့် ၊ မြေကြီး အပေါ် ၌နေ သောသူ တို့ကိုစုံစမ်း စေခြင်းငှာ၊ လောကီ နိုင်ငံအရပ်ရပ် တို့ကို နှံ့ပြား လတံ့သော စုံစမ်း ရာ ကာလ တွင် ၊ သင့် ကိုငါ စောင့်ရှောက် မည်။
10quoniam servasti verbum patientiæ meæ, et ego servabo te ab hora tentationis, quæ ventura est in orbem universum tentare habitantes in terra.
11ငါသည်အလျင်အမြန် လာ မည်။ သင် ၏ သရဖူ ကို အဘယ်သူ မျှမယူ စေခြင်းငှာ ၊ ရ ခဲ့ပြီးသော အရာ ကို စွဲကိုင် လော့။
11Ecce venio cito: tene quod habes, ut nemo accipiat coronam tuam.
12အကြင်သူ သည် အောင်မြင် ၏။ ထိုသူ ကို ငါသည်ငါ ၏ဘုရားသခင် ဗိမာန် တော်၌ တိုင် ဖြစ်စေ မည်။ နောင်တဖန် သူသည်ပြင် သို့ မ ရွေ့ ရ။ ငါ ၏ ဘုရားသခင် နာမ တော်ကို၎င်း ၊ ငါ ၏ဘုရားသခင့် အထံတော် မှ ထွက်၍၊ ကောင်းကင် ဘုံမှ ဆင်းသက် သောယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ ၏ဘုရားသခင် မြို့ တော်၏ နာမ ကို၎င်း၊ ငါ ၏နာမ သစ် ကို၎င်း ၊ ထိုသူ အပေါ် ၌ငါသည် အက္ခရာတင် မည်။
12Qui vicerit, faciam illum columnam in templo Dei mei, et foras non egredietur amplius: et scribam super eum nomen Dei mei, et nomen civitatis Dei mei novæ Jerusalem, quæ descendit de cælo a Deo meo, et nomen meum novum.
13ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သော သူ မည်သည်ကားကြား ပါစေ။
13Qui habet aurem, audiat quid Spiritus dicat ecclesiis.
14လောဒိကိ မြို့၌ ရှိသော အသင်းတော် ၏ တမန် ကိုဤသို့ ရေး ၍ မှာလိုက်လော့။ ဘုရားသခင် ၏ ဝေနေယျ သတ္တဝါတို့အထွဋ် ၊ သစ္စာရှိ ၍ ဟုတ်မှန် သော သက်သေခံ ၊ အာမင် ၏ အမိန့် တော်ကား၊
14Et angelo Laodiciæ ecclesiæ scribe: Hæc dicit: Amen, testis fidelis et verus, qui est principium creaturæ Dei.
15သင် ၏အကျင့် ကိုငါသိ ၏။ သင်သည် အဧ မ ဟုတ် ၊ အပူ မဟုတ်သည်ကို ငါသိ၏။ ဧ ခြင်းဖြစ်စေ။ ပူ ခြင်းဖြစ်စေ၊ တခုခုကိုငါအလိုရှိ ၏။
15Scio opera tua: quia neque frigidus es, neque calidus: utinam frigidus esses, aut calidus:
16ထိုသို့ အဧ မ ဟုတ်၊ အပူ မ ဟုတ်၊ နွေး ရုံရှိ သောကြောင့် ငါ ၏ခံတွင်း သည် သင့် ကိုထွေး လု ပြီ။
16sed quia tepidus es, et nec frigidus, nec calidus, incipiam te evomere ex ore meo:
17သင်ကလည်း၊ ငါသည်ဥစ္စာ ရတတ်၏။ ဘဏ္ဍာ များကိုဆည်းပူးပြီး။ တစ်စုံတစ်ခု ကိုမျှမလို ဟုပြောဆို ၍ ကိုယ်တိုင်ပင်ပန်း ခြင်း၊ သနား ဘွယ်ဖြစ်ခြင်း၊ ဆင်းရဲ ခြင်း၊ မျက်စိ ကန်းခြင်း၊ အဝတ် အချည်းစည်းရှိခြင်း ဖြစ် သည်ကို မ သိ ပါတကား ။
17quia dicis: Quod dives sum, et locupletatus, et nullius egeo: et nescis quia tu es miser, et miserabilis, et pauper, et cæcus, et nudus.
18သင်သည်ဥစ္စာ ရတတ်ခြင်းငှာ ၊ မီး နှင့် ချွတ် ပြီးသောရွှေ ကို၎င်း၊ အဝတ် အချည်းစည်းရှိ၍၊ သူတစ်ပါး ရှေ့တွင် မ ရှက် စေခြင်းငှာ ခြုံ စရာဘို့၊ ဖြူ သောအဝတ် ကို၎င်း ငါ့ ထံမှာ ဝယ် လော့။ သင် ၏မျက်စိ မြင် စေခြင်းငှာ ၊ မျက်စိ ၌မျက်စဉ်း ခတ်လော့ဟု သင့် အားငါ သည် အကြံပေး၏။
18Suadeo tibi emere a me aurum ignitum probatum, ut locuples fias, et vestimentis albis induaris, et non appareat confusio nuditatis tuæ, et collyrio inunge oculos tuos ut videas.
19ငါ ချစ် သမျှ သော သူတို့၏အပြစ်ကိုငါစစ်ဆေး ၍ သူတို့ကိုဆုံးမ တတ်၏။ ထိုကြောင့် ကိုယ် စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရ လော့။
19Ego quos amo, arguo, et castigo. Æmulare ergo, et pœnitentiam age.
20ငါ သည်တံခါး ရှေ့ မှာရပ်၍ ခေါက် လျက်နေ၏။ အကြင်သူ သည် ငါ ၏အသံ ကို ကြား ၍ တံခါး ကိုဖွင့် အံ့၊ ထိုသူ ရှိရာ သို့ငါဝင် ၍ သူ နှင့်အတူ စား သောက်မည်။ သူ သည်လည်း ငါ နှင့်အတူ စားသောက်ရလိမ့်မည်။
20Ecce sto ad ostium, et pulso: si quis audierit vocem meam, et aperuerit mihi januam, intrabo ad illum, et cœnabo cum illo, et ipse mecum.
21ငါ သည်အောင်မြင် ၍ ငါ့ ခမည်းတော် ၏ ပလ္လင် တော်ပေါ်မှာ ခမည်းတော် နှင့်အတူ ထိုင် နေသကဲ့သို့ ၊ အောင်မြင် သော သူ သည်ငါ ၏ ပလ္လင် ပေါ်မှာ ငါ နှင့်အတူ ထိုင် နေရသောအခွင့်ကိုငါပေး မည်။
21Qui vicerit, dabo ei sedere mecum in throno meo: sicut et ego vici, et sedi cum Patre meo in throno ejus.
22ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သောသူ မည်သည်ကားကြား ပါစေဟုမိန့်တော်မူ၏။
22Qui habet aurem, audiat quid Spiritus dicat ecclesiis.
Tip: use the ← and → keys to turn chapters.