ဗျာဒိတ်

Old Testament

Chapter 15
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဗျာဒိတ် 15

1မြို့ ပြင် ၌ နယ်ရာ တန်ဆာကိုဖိနင်း ၍ အသွေး သည် တဆယ်ခြောက်ယူဇနာခရီးတရှောက်လုံး၌ မြင်း ဇက်ကြိုး ကို မှီသည်တိုင်အောင် နယ်ရာ တန်ဆာထဲက ထွက် လေ၏။

2တဖန်တုံ ၊ ဘုရားသခင် ၏အမျက် တော်ကို ပြီးစီး စေသော နောက်ဆုံး ဘေးဒဏ် ခုနစ် ပါးရှိ သော ကောင်းကင်တမန် ခုနစ် ပါးတည်းဟူသော၊ ကောင်းကင် ၌ အံ့ဘွယ် သော နိမိတ် ကြီး အခြား တစ်ပါးကို ငါမြင် ရ၏။

3မီး နှင့်ရော သော ဖန် ရေကန် ကဲ့သို့ ရှိသည်ကိုလည်း မြင် ရ၏။ သားရဲ နှင့်၎င်း၊ သူ ၏ရုပ်တု နှင့်၎င်း၊ သူ ၏နာမ အရေအတွက် နှင့်၎င်း၊ လွတ်၍ အောင်မြင် သော သူ တို့သည်၊ ဘုရားသခင် ၏ စောင်း တော်တို့ကို ကိုင် လျက်၊ ဖန် ရေကန် နား မှာ ရပ် နေကြသည်ကို မြင်ရ၏။

4ထိုသူတို့သည် ဘုရားသခင် ၏ ကျွန် မောရှေ ၏ သီချင်း နှင့်သိုးသူငယ် ၏သီချင်း ကိုသီ ၍ ၊ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရ အရှင်ဘုရားသခင် ၊ ကိုယ်တော် ၏ အပြုအမူ တို့သည် ကောင်းမြတ် ၍ အံ့ဩဘွယ် ဖြစ်ကြပါ၏။ လူမျိုး တို့၏ဘုရင် ၊ ကိုယ်တော် ၏ အကျင့် ဓလေ့တို့သည် ဖြောင့်မတ် ဟုတ်မှန် ကြပါ၏။

5အိုထာဝရ ဘုရား၊ ကိုယ်တော် ကိုမ ကြောက်ရွံ့ ဘဲ၊ နာမ တော်ကို မချီးမွမ်း ဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တစ်ပါးတည်း သာလျှင် သန့်ရှင်း တော်မူ၏။ တရား သဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှား သည်ဖြစ်၍ ၊ လူမျိုး အပေါင်း တို့သည်လာ ၍ ရှေ့ တော်၌ ကိုးကွယ် ကြပါလိမ့်မည်ဟု လျှောက်ဆို ကြ၏။

6ထိုနောက် ငါကြည့် လျှင် ၊ ကောင်းကင် ဘုံ၌ သက်သေခံ တော်မူချက် ဌာပနာရာ တဲ တော်ရှိသောဗိမာန် တော်ကို ဖွင့် ထားပြီ။

7ဘေးဒဏ် ခုနစ် ပါးရှိ သော ကောင်းကင်တမန် ခုနစ် ပါးတို့သည် စင်ကြယ် ပြောင်လက် သော ပိုက်ဆန် အဝတ်ကို ဝတ် လျက် ၊ ရင် ၌ ရွှေ ရင်စည်း ကို စည်း လျက် ဗိမာန် တော်ထဲက ထွက်လာ ကြ၏။

8သတ္တဝါ လေး ပါးတွင် တစ်ပါး သည် ကမ္ဘာ အဆက်ဆက် အသက် ရှင်တော်မူသော ဘုရားသခင် ၏ အမျက် တော်နှင့် ပြည့် သောရွှေ ဖလား ခုနစ် လုံးကို ကောင်းကင်တမန် ခုနစ် ပါးတို့အား ပေး ၏။

Tip: use the ← and → keys to turn chapters.