ဆာလံ 37
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Septuagint (Greek Old Testament), second edition
1လူဆိုး တို့အကြောင်းကြောင့် စိတ် မ ပူနှင့်။ မ တရား သဖြင့် ပြု သောသူတို့ကို မ ငြူစူ နှင့်။
1Ψαλμὸς τῷ Δαυΐδ· εἰς ἀνάμνησιν περὶ τοῦ σαββάτου.
2အကြောင်း မူကား၊ သူတို့သည် မ ကြာမမြင့်မှီမြက်ပင် ကဲ့သို့ ရိတ် ခြင်းကိုခံရ၍ ၊ စိမ်း သောပျိုး ပင် ညှိုးနွမ်း သကဲ့သို့ ဖြစ်ရလိမ့်မည်။
2ΚΥΡΙΕ, μὴ τῷ θυμῷ σου ἐλέγξῃς με, μηδὲ τῇ ὀργῇ σου παιδεύσῃς με.
3ထာဝရဘုရား ကို ခိုလှုံ ၍ ၊ ကောင်း သောအကျင့် ကို ကျင့် လော့။ ပြည် တော်၌နေ ၍ ၊ သစ္စာ တရားကို ကျက်စား လော့။
3ὅτι τὰ βέλη σου ἐνεπάγησάν μοι, καὶ ἐπεστήριξας ἐπ᾿ ἐμὲ τὴν χεῖρά σου·
4ထာဝရဘုရား ၌ မွေ့လျော် ခြင်းရှိလော့။ သို့ပြုလျှင် ၊ စိတ် နှလုံးအလို ပြည့်စုံရသောအခွင့်ကိုပေး တော်မူ မည်။
4οὐκ ἔστιν ἴασις ἐν τῇ σαρκί μου ἀπὸ προσώπου τῆς ὀργῆς σου, οὐκ ἔστιν εἰρήνη ἐν τοῖς ὀστέοις μου ἀπὸ προσώπου τῶν ἁμαρτιῶν μου.
5ကိုယ် အမှု အရာကို ထာဝရဘုရား ၌ အပ် လော့။ ကိုယ်တော် ကို ကိုးစား လော့။ သို့ပြုလျှင် စီရင် တော်မူ မည်။
5ὅτι αἱ ἀνομίαι μου ὑπερῇραν τὴν κεφαλήν μου, ὡσεὶ φορτίον βαρὺ ἐβαρύνθησαν ἐπ᾿ ἐμέ.
6သင် ၏ဖြောင့်မတ် ခြင်းအကြောင်းကို အလင်း ကဲ့ သို့၎င်း ၊ တရား သဖြင့်ပြုခြင်းအရာကို မွန်းတည့် ရောင်ခြည် ကဲ့ သို့၎င်း ဘော်ပြ တော်မူမည်။
6προσώζεσαν καὶ ἐσάπησαν οἱ μώλωπές μου ἀπὸ προσώπου τῆς ἀφροσύνης μου·
7ထာဝရဘုရား ရှေ့ မှာ ငြိမ်ဝပ် စွာနေ၍ ၊ ကိုယ်တော် ကို ငံ့လင့် လော့။ မိမိ အမှု ၌ အောင် တတ်သောသူ၊ မ ကောင်းသောအကြံအစည်တို့ကို ပြီး စေသောသူ ၏ အကြောင်းကြောင့် စိတ် မ ပူနှင့်။
7ἐταλαιπώρησα καὶ κατεκάμφθην ἕως τέλους, ὅλην τὴν ἡμέραν σκυθρωπάζων ἐπορευόμην.
8အမျက် မ ထွက်စေနှင့်။ ဒေါသ စိတ်ကို စွန့်ပယ် လော့။ ပြစ်မှား စေခြင်းငှါ တိုက်တွန်းတတ်သောစိတ် မ ရှိစေနှင့်။
8ὅτι αἱ ψόαι μου ἐπλήσθησαν ἐμπαιγμάτων, καὶ οὐκ ἔστιν ἴασις ἐν τῇ σαρκί μου·
9ပြစ်မှား သောသူတို့သည် ပယ်ရှင်း ခြင်းကိုခံရကြ လိမ့်မည်။ ထာဝရဘုရား ကို မြော်လင့် သောသူတို့မူကား ၊ ပြည် တော်ကို အမွေ ခံရကြလိမ့်မည်။
9ἐκακώθην καὶ ἐταπεινώθην ἕως σφόδρα, ὠρυόμην ἀπὸ στεναγμοῦ τῆς καρδίας μου.
10ခဏ ကြာ ပြီးမှ ၊ မတရား သောသူသည်မ ရှိရ။ သူ ၏နေရာ ကိုစေ့စေ့ရှာ ၍ မ တွေ့ရ။
10Κύριε, ἐναντίον σου πᾶσα ἡ ἐπιθυμία μου, καὶ ὁ στεναγμός μου ἀπὸ σοῦ οὐκ ἀπεκρύβη.
11စိတ် နှိမ့်ချသောသူတို့မူကား ၊ ပြည် တော်ကို အမွေခံ ၍ ၊ များပြား သောငြိမ် သက်ခြင်း၌ မွေ့လျော် ကြ လိမ့်မည်။
11ἡ καρδία μου ἐταράχθη, ἐγκατέλιπέ με ἡ ἰσχύς μου, καὶ τὸ φῶς τῶν ὀφθαλμῶν μου, καὶ αὐτὸ οὐκ ἔστι μετ᾿ ἐμοῦ.
12မတရား သောသူသည် ဖြောင့်မတ် သော သူတဘက် ၌ ကြံစည် ၍ အံသွား ခဲကြိတ် တတ်၏။
12οἱ φίλοι μου καὶ οἱ πλησίον μου ἐξ ἐναντίας μου ἤγγισαν καὶ ἔστησαν, καὶ οἱ ἔγγιστά μου ἀπὸ μακρόθεν ἔστησαν·
13သို့သော်လည်းသူ ၏ နေ့ရက်အချိန်ရောက် မည် ကို ဘုရား ရှင်သိမြင် ၍ ၊ သူ့ ကို ပြုံး ရယ်တော်မူ၏။
13καὶ ἐξεβιάζοντο οἱ ζητοῦντες τὴν ψυχήν μου, καὶ οἱ ζητοῦντες τὰ κακά μοι ἐλάλησαν ματαιότητας, καὶ δολιότητας ὅλην τὴν ἡμέραν ἐμελέτησαν.
14မတရား သောသူတို့သည် ဆင်းရဲ ငတ်မွတ် သောသူတို့ ကို လှဲ ချခြင်းငှါ ၎င်း၊ ဖြောင့်မတ် စွာကျင့် သောသူတို့ ကိုသတ် ခြင်းငှါ ၎င်း၊ ထား ကိုထုတ် လျက်၊ လေး ကို တင် လျက် နေတတ်ကြ၏။
14ἐγὼ δὲ ὡσεὶ κωφὸς οὐκ ἤκουον καὶ ὡσεὶ ἄλαλος οὐκ ἀνοίγων τὸ στόμα αὐτοῦ·
15သို့သော်လည်း၊ သူ တို့ထား သည် သူ တို့နှလုံး ထဲ သို့ ဝင် လိမ့်မည်။ သူ တို့လေး တို့သည်လည်း ကျိုး ကြလိမ့်မည်။
15καὶ ἐγενόμην ὡσεὶ ἄνθρωπος οὐκ ἀκούων καὶ οὐκ ἔχων ἐν τῷ στόματι αὐτοῦ ἐλεγμούς.
16ဖြောင့်မတ် သောသူ၌ နည်း သောဥစ္စာသည် မတရား သောသူကြီးတို့၌ ကြွယ်ဝ သောဥစ္စာထက် သာ၍ ကျေးဇူးရှိ၏။
16ὅτι ἐπὶ σοί, Κύριε, ἤλπισα· σὺ εἰκακούσῃ, Κύριε ὁ Θεός μου.
17အကြောင်း မူကား၊ မတရား သောသူ၏လက်ရုံး သည် ကျိုး ရလိမ့်မည်။ ဖြောင့်မတ် သောသူကိုကား ၊ ထာဝရဘုရား မစ တော်မူ၏။
17ὅτι εἶπα· μήποτε ἐπιχαρῶσί μοι οἱ ἐχθροί μου· καὶ ἐν τῷ σαλευθῆναι πόδας μου ἐπ᾿ ἐμὲ ἐμεγαλορρημόνησαν.
18ဖြောင့်မတ် သောသူတို့၏ နေ့ရက် ကာလကို ထာဝရဘုရား သိ မှတ်တော်မူ၍ ၊ သူ တို့၏ အမွေ ဥစ္စာသည်အစဉ် အမြဲတည် လိမ့်မည်။
18ὅτι ἐγὼ εἰς μάστιγας ἕτοιμος, καὶ ἡ ἀλγηδών μου ἐνώπιόν μού ἐστι διαπαντός.
19သူတို့သည် ခဲယဉ်း သောကာလ ၌ မျက်နှာ မ ပျက်၊ အစာ ခေါင်းပါးသည်ကာလ ၌ ဝ စွာစားရကြ၏။
19ὅτι τὴν ἀνομίαν μου ἐγὼ ἀναγγελῶ καὶ μεριμνήσω ὑπὲρ τῆς ἁμαρτίας μου.
20မတရား သောသူတို့မူကား ၊ ပျက်စီး ခြင်းသို့ ရောက်ရကြမည်။ ထာဝရ ဘုရား၏ ရန်သူ တို့သည် ကျက်စား ရာအရပ်၏အသရေ ကဲ့ သို့ဆုံး ၍ ၊ မီးခိုး ဖြစ်လျက် ကွယ်ပျောက် ကြလိမ့်မည်။
20οἱ δὲ ἐχθροί μου ζῶσι καὶ κεκραταίωνται ὑπὲρ ἐμέ, καὶ ἐπληθύνθησαν οἱ μισοῦντές με ἀδίκως·
21မတရား သောသူသည် ချေးငှါး ၍ မ ဆပ် ဘဲ နေတတ်၏။ ဖြောင့်မတ် သောသူမူကား ၊ သနား သောစိတ် ရှိ၍ ပေး တတ်၏။
21οἱ ἀνταποδιδόντες μοι κακὰ ἀντὶ ἀγαθῶν ἐνδιέβαλλόν με, ἐπεὶ κατεδίωκον ἀγαθωσύνην.
22ကောင်းကြီး ပေးတော်မူခြင်းကို ခံရသောသူသည် ပြည် တော်ကို အမွေ ခံရလိမ့်မည်။ ကျိန် တော်မူခြင်း ကို ခံရသောသူမူကား ၊ ပယ်ရှင်း ခြင်းသို့ ရောက်ရ လိမ့်မည်။
22μὴ ἐγκαταλίπῃς με, Κύριε· ὁ Θεός μου, μὴ ἀποστῇς ἀπ᾿ ἐμοῦ·
23ကောင်းသောသူ၏ခြေရာ တို့ကို ထာဝရဘုရား သည် ပဲ့ပြင် ၍ ၊ သူ သွားရာလမ်း ကို နှစ်သက် တော်မူ၏။
23πρόσχες εἰς τὴν βοήθειάν μου, Κύριε τῆς σωτηρίας μου.
24ထိုသူသည် လဲ သော်လည်း ဆုံး ရာသို့မ ရောက်ရ။ အကြောင်း မူကား၊ ထာဝရဘုရား သည် သူ ၏လက် ကို ကိုင် မတော်မူ၏။
no verse 24 in this text
25ဖြောင့်မတ် သောသူသည် စွန့်ပစ် ခြင်းကိုခံရသည် အကြောင်း၊ သူ ၏သား မြေးတို့သည် တောင်း ၍ စား ရသည်အကြောင်းကို ငါ သည် အသက် ပျိုသည် ကာလမှစ၍ အို သည်တိုင်အောင် မ မြင် စဖူး။
no verse 25 in this text
26သူသည်အစဉ် သနား သောစိတ် ရှိသည်နှင့် ၊ သူတပါးတို့အား ချေးငှါး တတ်သည်ဖြစ်၍ ၊ သူ ၏သား မြေး တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြ၏။
no verse 26 in this text
27ဒုစရိုက် ကိုလွှဲရှောင် ၍ သုစရိုက် ကို ပြု လော့။ သို့ပြုလျှင် အစဉ် အမြဲနေ ရလိမ့်မည်။
no verse 27 in this text
28ထာဝရဘုရား သည် တရား ကိုနှစ်သက် တော်မူ ၏။ မိမိ သန့်ရှင်း သူတို့ကိုလည်း စွန့် တော်မ မူ။ သူတို့သည် စောင့် မတော်မူခြင်းကို အစဉ် အမြဲခံရကြလိမ့်မည်။ မတရား သောသူ၏ သား မြေးတို့မူကား ၊ ပယ်ရှင်း ခြင်းကိုခံရကြလိမ့်မည်။
no verse 28 in this text
29ဖြောင့်မတ် သောသူတို့သည် ပြည် တော်ကို အမွေ ခံ၍ အစဉ် အမြဲနေ ရကြလိမ့်မည်။
no verse 29 in this text
30ဖြောင့်မတ် သောသူ၏နှုတ် သည် ပညာ ကို မြွက်ဆို တတ်၏။ သူ ၏လျှာ သည်လည်း တရား သော စကားကို ပြော ဆိုတတ်၏။
no verse 30 in this text
31ထာဝရဘုရား ၏ တရား တော်သည် သူ ၏ စိတ် နှလုံးထဲ မှာ တည်သည်ဖြစ်၍၊ သူ သွား သောအခါ မ ချော် မလဲရ။
no verse 31 in this text
32မတရား သောသူသည် ဖြောင့်မတ် သောသူကို ချောင်းမြောင်း ၍ သတ် ခြင်းငှါ ရှာကြံ တတ်၏။
no verse 32 in this text
33သို့သော်လည်း၊ ထာဝရဘုရား သည် ထိုသူ ၏ လက် ၌ ဖြောင့်မတ် သောသူကို စွန့်ပစ် တော်မူမည်မဟုတ်။ အစစ် ခံရသောအခါ အပြစ် စီရင်တော်မူမည်မဟုတ်။
no verse 33 in this text
34ထာဝရဘုရား ကို မြော်လင့် ၍ ၊ လမ်း တော်ကို ရှောက်သွား လော့။ ပြည် တော်ကို အမွေ ခံရသောအခွင့်နှင့် ချီးမြှောက် တော်မူမည်။ မတရား သောသူတို့ ဆုံးရှုံး ခြင်းကို သင်သည် ကြည့်မြင် ရလိမ့်မည်။
no verse 34 in this text
35မတရား သောသူသည် အစိုး တရပြု၍ ၊ ပေါက် ရင်း အရပ်မှာကြီးပွားသော သစ်ပင် လန်းလန်းရှိသကဲ့သို့ ၊ ကိုယ်ကိုကိုယ်ပြန့်ပွါး စေသည်ကို ငါမြင် ရသော်လည်း၊
no verse 35 in this text
36နောက် တဖန်သူသည် ရွေ့သွား ၍ ကွယ်ပျောက်၏။ သူ့ ကိုလည်း ငါရှာ ၍ မ တွေ့ ရ။
no verse 36 in this text
37စုံလင် ခြင်းတရားကိုစောင့်ရှောက် လော့။ ဖြောင့်မတ် ခြင်းတရားကို ကြည့်ရှု ဆင်ခြင်လော့။ ထိုသို့ပြုသောသူ သည် အဆုံး ၌ ငြိမ်သက် ခြင်းကို ခံစားရလိမ့်မည်။
no verse 37 in this text
38ပြစ်မှား သောသူအပေါင်း တို့သည် ပျက်စီး ခြင်းသို့ ရောက်၍ ၊ မတရား သောသူတို့သည်အဆုံး ၌ပယ်ရှင်း ခြင်းကိုခံရကြလိမ့်မည်။
no verse 38 in this text
39ဖြောင့်မတ် သောသူတို့၏ ကယ်တင် ခြင်းအမှုကို ထာဝရဘုရား စီရင်တော်မူ၏။ ဘေး ရောက်သည်ကာလ ၌ သူ တို့ခိုလှုံ ရာဖြစ်တော်မူ၏။
no verse 39 in this text
40ထာဝရဘုရား သည် သူ တို့ကို မစ ကယ် တင်တော်မူ မည်။ ယုံကြည်ခိုလှုံ သောကြောင့် ၊ မတရား သောသူတို့ လက်မှ နှုတ် ယူကယ် တင်တော်မူမည်။
no verse 40 in this text
Tip: use the ← and → keys to turn chapters.