သုတ္တံကျမ်း။ 29
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Berean Standard Bible
1အထပ်ထပ်ဆုံးမ ခြင်းကိုခံ သော်လည်း၊ မိမိ လည်ပင်း ကို ခိုင်မာ စေသောသူ သည် ကိုးကွယ် ရာမ ရ၊ ရုတ်တရက် ပျက်စီး လိမ့်မည်။
1A man who remains stiff-necked after much reproof will suddenly be shattered beyond recovery.
2ဖြောင့်မတ် သောသူတို့သည် အခွင့် ရသောအခါ ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းမြောက် တတ်ကြ၏။ မ တရားသောသူတို့သည် အုပ်စိုး သောအခါ မူကား ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းနည်း တတ်ကြ၏။
2When the righteous flourish, the people rejoice, but when the wicked rule, the people groan.
3ပညာ တရားကို နှစ်သက် သောသူ သည် မိမိ အဘ ကို ဝမ်းမြောက် စေ၏။ ပြည်တန်ဆာ တို့နှင့် ပေါင်းဘော် သောသူမူကား ၊ ဥစ္စာ ပြုန်းတီး တတ်၏။
3A man who loves wisdom brings joy to his father, but a companion of prostitutes squanders his wealth.
4တရား သဖြင့် စီရင်သောရှင် ဘုရင်သည် တိုင်းပြည် ကို တည် စေတတ်၏။ တံစိုး စားသော ရှင် ဘုရင်မူကား ၊ တိုင်းပြည် ကို မှောက်လှန် တတ်၏။
4By justice a king brings stability to the land, but a man who exacts tribute demolishes it.
5အိမ်နီးချင်း ကို ချော့မော့ သောသူ သည် အိမ်နီးချင်း သွား ရာလမ်း၌ ကွန်ရွက် ကို ဖြန့် ထား၏။
5A man who flatters his neighbor spreads a net for his feet.
6အဓမ္မ လူ ပြစ်မှား ရာ၌ ကျော့ကွင်း ထောင်လျက် ရှိ၏။ ဖြောင့်မတ် သောသူမူကား ၊ ရွှင်လန်း စွာ သီချင်း ဆိုတတ်၏။
6An evil man is caught by his own sin, but a righteous one sings and rejoices.
7ဖြောင့်မတ် သောသူသည် ဆင်းရဲသား အမှု ကို ဆင်ခြင် တတ်၏။ မ တရားသောသူမူကား၊ ထိုအမှုကို ပမာဏ မပြုတတ်။
7The righteous consider the cause of the poor, but the wicked have no regard for such concerns.
8မထီမဲ့မြင် ပြုသောသူ တို့ သည် မြို့ ကို မီးရှို့ တတ် ၏။ ပညာရှိ သောသူတို့ မူကား ၊ ဒေါသအမျက် ကို လွှဲ တတ် ၏။
8Mockers inflame a city, but the wise turn away anger.
9ပညာရှိ သောသူ သည် မိုက် သောသူ နှင့် အမှု တွေ့လျှင် ၊ စိတ်ဆိုး သည်ဖြစ်စေ ၊ ပြုံးရယ် သည်ဖြစ်စေ ၊ အားရ စရာအကြောင်းမ ရှိ။
9If a wise man goes to court with a fool, there will be raving and laughing with no resolution.
10လူ အသက်ကိုသတ် တတ်သောသူတို့သည် စုံလင် သောသူကို မုန်း တတ်ကြ၏။ ဖြောင့်မတ် သောသူတို့ မူကား ၊ သူတပါး အသက် ကို စောင့်မ တတ်ကြ၏။
10Men of bloodshed hate a blameless man, but the upright care for his life.
11မိုက် သောသူသည် မိမိ ကြံစည် သမျှ ကို ဘော်ပြ တတ်၏။ ပညာ ရှိသောသူမူကား ၊ အဆင် မသင့်မှီ ထိမ်ဝှက် တတ်၏။
11A fool vents all his anger, but a wise man holds it back.
12မင်း သည်မုသာ စကား ကို နားထောင် လျှင်၊ ကျွန် အပေါင်း တို့သည် လူဆိုး ဖြစ်ကြလိမ့်မည်။
12If a ruler listens to lies, all his officials will be wicked.
13ဆင်းရဲ သောသူနှင့် ညှဉ်းဆဲ သောသူ တို့သည် တွေ့ကြုံ ကြပြီ။ ထာဝရဘုရား သည် ထို နှစ်ဦး တို့အား အလင်း ကိုပေး သနားတော်မူ၏။
13The poor man and the oppressor have this in common: The LORD gives light to the eyes of both.
14ဆင်းရဲသား တို့ကို တရား သဖြင့် စီရင် သော ရှင်ဘုရင် ၏အာဏာ တော်သည် အစဉ်အမြဲ တည် တတ်၏။
14A king who judges the poor with fairness— his throne will be established forever.
15ကြိမ်လုံး နှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမ ခြင်းအားဖြင့် ပညာ တိုးပွါး တတ်၏။ တတ် တိုင်းနေစေသော သူငယ် သည် အမိ ကို အရှက်ခွဲ တတ်၏။
15A rod of correction imparts wisdom, but a child left to himself disgraces his mother.
16မ တရားသောသူတို့သည် များပြား သောအခါ ၊ လွန်ကျူး ခြင်းအပြစ်တိုးပွား တတ်၏။ သို့ရာတွင် ၊ သူ တို့ ပျက်စီး ခြင်းကို ဖြောင့်မတ် သောသူတို့သည် မြင် ရကြ၏။
16When the wicked thrive, rebellion increases; but the righteous will see their downfall.
17သင် ၏သား ကို ဆုံးမ လော့။ သို့ပြုလျှင် သူသည် သင့် ကို ချမ်းသာ ပေးမည်။ ထိုမျှ မက စိတ် ရွှင်လန်း စရာ အခွင့်ကို ပေး မည်။
17Discipline your son, and he will give you rest; he will bring delight to your soul.
18ဗျာဒိတ် တော်မ ရှိလျှင် ၊ လူ တို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရား တော်ကို စောင့် သောသူမူကား မင်္ဂလာ ရှိ ၏။
18Where there is no vision, the people cast off restraint; but blessed is he who keeps the Law.
19စကား အားဖြင့် သာ ကျွန် ကို ဆုံးမ ၍ မ နိုင်ရာ။ သူသည်နားလည် သော်လည်း ၊ နား မ ထောင်ဘဲ နေလိမ့်မည်။
19A servant cannot be corrected by words alone; though he understands, he will not respond.
20သတိ မရှိဘဲစကား များသော သူရှိ လျှင်၊ ထိုသူ ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက် သောသူ၌ သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။
20Do you see a man who speaks in haste? There is more hope for a fool than for him.
21ကျွန် သည်ငယ် သော အရွယ်မှစ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင် ၊ နောက်ဆုံး ၌ သား အရာကို ရ လိမ့်မည်။
21A servant pampered from his youth will bring grief in the end.
22စိတ်ဆိုး တတ်သောသူ သည် ခိုက်ရန် မှုကို နှိုးဆော် တတ်၏။ ပြင်းထန် သောသူ သည်လည်း ၊ အလွန်အကျူး များ တတ်၏။
22An angry man stirs up dissension, and a hot-tempered man abounds in transgression.
23မိမိ မာန သည် မိမိ ကိုနှိမ့်ချ လိမ့်မည်။ စိတ် နှိမ့်ချ သောသူမူကား ၊ ဂုဏ် အသရေကိုရ လိမ့်မည်။
23A man’s pride will bring him low, but a humble spirit will obtain honor.
24သူခိုး ကို လက်ခံ သောသူသည် မိမိ အသက် ကိုမုန်း တတ်၏။ ကျိန်ဆို ခြင်းကိုပြု သော်လည်း ၊ အမှုကိုမ ဘော် မပြတတ်။
24A partner to a thief hates his own soul; he receives the oath, but does not testify.
25လူ ကိုကြောက်ရွံ့ ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရား ကို ခိုလှုံ သောသူမူကား လုံခြုံလိမ့်မည်။
25The fear of man is a snare, but whoever trusts in the LORD is set securely on high.
26မင်း ပြုသောကျေးဇူး ကိုများ သောသူတို့သည် ကြိုးစား၍ ရှာ တတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူတို့ ၏အမှုကို ထာဝရဘုရား စီရင် တော်မူ၏။
26Many seek the ruler’s favor, but a man receives justice from the LORD.
27တရား သောသူသည် မ တရားသောသူ ကို၎င်း၊ မ တရားသောသူသည်တရား သဖြင့် ကျင့် သောသူကို၎င်း၊ စက်ဆုပ် ရွံရှာတတ်၏။
27An unjust man is detestable to the righteous, and one whose way is upright is detestable to the wicked.
Tip: use the ← and → keys to turn chapters.