သုတ္တံကျမ်း။

Old Testament

Chapter 3

သုတ္တံကျမ်း။

Judson Burmese Bible (18…
vs Berean Standard Bi…
Aa
Text size
Line width
Verse numbers

သုတ္တံကျမ်း။ 3

Judson Burmese Bible (1840)
Berean Standard Bible
1ငါ့ သား ၊ ငါ ပေးသောတရား ကို မ မေ့ နှင့်။ ငါ့ ပညတ် တို့ကို သင် ၏နှလုံး စောင့်ရှောက် ပါစေ။
1My son, do not forget my teaching, but let your heart keep my commandments;
2အကြောင်း မူကား၊ ပညတ်တရားသည် အသက်တာ ရှည် သော ကာလ နှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ် ခြင်းကို၎င်း တိုးပွါး စေလိမ့်မည်။
2for they will add length to your days, years and peace to your life.
3ကရုဏာ တရားနှင့် သစ္စာ တရားကို သင် နှင့် မ ကွာ စေနှင့်။ ထို တရားတို့ကို သင် ၏လည်ပင်း ၌ ဆွဲ ထား လော့။ နှလုံး အင်း စာရင်း၌ ရေး သွင်းလော့။
3Never let loving devotion or faithfulness leave you; bind them around your neck, write them on the tablet of your heart.
4ထိုသို့ ပြုလျှင် ဘုရား သခင်ရှေ့ လူ တို့ရှေ့မှာ မျက်နှာ ရ၍ ၊ ကျေးဇူး ကိုခံရ လိမ့်မည်။
4Then you will find favor and high regard in the sight of God and man.
5ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ကိုးစား လော့။ ကိုယ် ဉာဏ် ကို အမှီ မ ပြုနှင့်။
5Trust in the LORD with all your heart, and lean not on your own understanding;
6သွား လေရာရာ၌ ထာဝရ ဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင် ၊ သင် ၏လမ်းခရီး တို့ကို ပဲ့ပြင် တော်မူ မည်။
6in all your ways acknowledge Him, and He will make your paths straight.
7ငါသည်ပညာ ရှိ၏ဟု ကိုယ် ကို မ ထင် နှင့်။ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ဒုစရိုက် ကို ရှောင် လော့။
7Be not wise in your own eyes; fear the LORD and turn away from evil.
8သို့ပြုလျှင်၊ သင် ၏အကြော တို့သည် အားသန် ၍ ၊ အရိုး တို့သည် ခြင်ဆီ နှင့် ပြည့်စုံ ကြလိမ့်မည်။
8This will bring healing to your body and refreshment to your bones.
9သင် သည်ကိုယ် ဥစ္စာ နှင့် အဦး သီးသော အသီးအနှံ ရှိသမျှ ကို ထာဝရ ဘုရားအား ပူဇော် လော့။
9Honor the LORD with your wealth and with the firstfruits of all your harvest;
10သို့ပြုလျှင် ၊ သင် ၏စပါးကျီ တို့သည် ကြွယ်ဝ ၍၊ စပျစ်သီး နယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံ လိမ့်မည်။
10then your barns will be filled with plenty, and your vats will overflow with new wine.
11ငါ့ သား ၊ ထာဝရဘုရား ဆုံးမ တော်မူခြင်းကို မ မှတ်ဘဲမနေနှင့်။ သင် ၏အပြစ် ကို စစ်ဆေးတော်မူသောအခါ စိတ် မ ပျက်စေနှင့်။
11My son, do not reject the discipline of the LORD, and do not loathe His rebuke;
12ထာဝရဘုရား သည် ချစ် တော်မူသောသူ ကို ဆုံးမ တော်မူတတ်၏။ နှစ်သက် တော်မူသောသား ကို ဒဏ်ခတ်တော်မူတတ်၏။
12for the LORD disciplines the one He loves, as does a father the son in whom he delights.
13ဉာဏ် ပညာကို ရှာ ၍ရသောသူ သည် မင်္ဂလာ ရှိ ၏။
13Blessed is the man who finds wisdom, the man who acquires understanding,
14အကြောင်း မူကား၊ ပညာ ကုန်သွယ် ခြင်းသည် ငွေ ကုန်သွယ် ခြင်းထက် သာ၍ကောင်း ၏။ ပညာကုန်သွယ်၍ ရသောအမြတ် လည်း ရွှေစင် ထက် သာ၍ကောင်း၏။
14for she is more profitable than silver, and her gain is better than fine gold.
15ပညာသည် ပတ္တမြား ထက် သာ၍အဘိုး ထိုက်ပေ၏။ နှစ်သက် ဘွယ်သမျှ သောအရာတို့သည် ထို ရတနာကို မ ပြိုင် နိုင်ကြ။
15She is more precious than rubies; nothing you desire compares with her.
16သူ ၏လက်ျာ လက်၌ အသက်တာ ရှည် သောကာလ၊ လက်ဝဲ လက်၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။
16Long life is in her right hand; in her left hand are riches and honor.
17ပညာ လမ်း တို့သည် သာယာ သောလမ်း ၊ ပညာ လမ်း ခရီးရှိသမျှ တို့သည် ငြိမ်ဝပ် လျက်ရှိကြ၏။
17All her ways are pleasant, and all her paths are peaceful.
18ပညာ ကို ကိုင်ဆွဲ သောသူသည်အသက် ပင် ကို ရပြီ။ လက် မလွှတ်သောသူသည် မင်္ဂလာ ရှိ၏။
18She is a tree of life to those who embrace her, and those who lay hold of her are blessed.
19ထာဝရဘုရား သည် ပညာ တော်အားဖြင့် မြေကြီး ကိုတည် ၍၊ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ပြင်ဆင် တော်မူပြီ။
19The LORD founded the earth by wisdom and established the heavens by understanding.
20သိပ္ပံ အတတ်တော်အားဖြင့် နက်နဲ သောအရပ် အက်ကွဲ ၍ ၊ မိုဃ်းတိမ် မှလည်း နှင်း ရည်ကျ တတ်၏။
20By His knowledge the watery depths were broken open, and the clouds dripped with dew.
21ငါ့ သား ၊ ပညာ ရတနာနှင့် သမ္မာ သတိကို သင့် မျက်မှောက် မှ မ ကွာ စေဘဲ၊ အစဉ်စောင့်ရှောက် လော့။
21My son, do not lose sight of this: Preserve sound judgment and discernment.
22သို့ပြုလျှင် ၊ ထိုရတနာတို့သည် သင် ၏ဝိညာဉ် ၌ အသက် ၊ သင် ၏လည်ပင်း ၌ ဂုဏ် အသရေဖြစ် လိမ့်မည်။
22They will be life to your soul and adornment to your neck.
23သင် သည်ခရီး သွားရာ၌ ဘေး မရှိ။ ခြေ မ တိုက်မိ ဘဲ သွား လိမ့်မည်။
23Then you will go on your way in safety, and your foot will not stumble.
24အိပ် သောအခါ ကြောက် စရာမ ရှိရ။ ကောင်းမွန် စွာ အိပ်ပျော် ရလိမ့်မည်။
24When you lie down, you will not be afraid; when you rest, your sleep will be sweet.
25လျင်မြန် သောဘေး နှင့် လူဆိုး တွေ့ တတ်သော ပျက်စီး ရာ ဘေးကို ကြောက် စရာမ ရှိရ။
25Do not fear sudden danger or the ruin that overtakes the wicked,
26အကြောင်း မူကား၊ ထာဝရဘုရား သည် သင် ယုံကြည် ကိုးစားရာ ဖြစ် ၍ ၊ သင် ၏ခြေ ကိုမ ကျော့မိစေခြင်းငှါစောင့်မ တော်မူလိမ့်မည်။
26for the LORD will be your confidence and will keep your foot from the snare.
27ကျေးဇူးကိုခံသင့်သောသူတို့ အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။
27Do not withhold good from the deserving when it is within your power to act.
28အိမ်နီးချင်း ကိုပေးစရာရှိ လျက် ပင်၊ သွား တော့။ တဖန် လာ ဦးတော့။ နက်ဖြန် မှ ငါပေး မည်ဟု မ ပြော နှင့်။
28Do not tell your neighbor, “Come back tomorrow and I will provide”— when you already have the means.
29စိုးရိမ် ခြင်းမရှိဘဲ သင့် အနား မှာနေ သောအိမ်နီးချင်း ၌ မ ကောင်းသော အကြံကိုမ ကြံ နှင့်။
29Do not devise evil against your neighbor, for he trustfully dwells beside you.
30သင် ၌ အပြစ် မ ပြု သောသူကို အကြောင်း မရှိဘဲ ရန် မ တွေ့နှင့်။
30Do not accuse a man without cause, when he has done you no harm.
31ညှဉ်းဆဲ တတ်သောသူ ၏ စည်းစိမ်ကိုမ တောင့်တ နှင့်။ သူ လိုက်သော လမ်း တစုံတခု ကိုမျှ အလို မ ရှိနှင့်။
31Do not envy a violent man or choose any of his ways;
32အကြောင်း မူကား၊ ထာဝရဘုရား သည် သဘော ကောက်သောသူတို့ ကို စက်ဆုပ် ရွံ့ရှာတော်မူ၏။ ဖြောင့်မတ် သောသူတို့မူကား ၊ ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။
32for the LORD detests the perverse, but He is a friend to the upright.
33မ တရားသောသူ၏ နေရာ သည်ထာဝရဘုရား ကျိန် တော်မူခြင်းကို တွေ့တတ်၏။ တရား သောသူ၏ နေရာ ကို ကား ကောင်းကြီး ပေးတော်မူ၏။
33The curse of the LORD is on the house of the wicked, but He blesses the home of the righteous.
34အကယ် စင်စစ်ကဲ့ရဲ့ တတ်သောသူတို့ကို ကဲ့ရဲ့ တော်မူ၏။ စိတ် နှိမ့်ချသောသူတို့ အား ကား ၊ ကျေးဇူး ပြု တော်မူ၏။
34He mocks the mockers, but gives grace to the humble.
35ပညာ ရှိသောသူတို့သည် ဘုန်း အသရေကို အမွေ ခံရ၍ ၊ မိုက် သောသူတို့မူကား၊ အရှက် ကွဲခြင်းကို ထမ်း သွားရကြလိမ့်မည်။
35The wise will inherit honor, but fools are held up to shame.

Tip: use the ← and → keys to turn chapters.