တောလည် 3
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1ထာဝရဘုရား သည်၊ သိနာ တောင် ပေါ် မှာ မောရှ အား ဗျာဒိတ် ပေးတော်မူသောအခါ၊ အာရုန် နှင့် မောရှေ အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိ များကို မှတ်သားသည်တွင်၊
1Hæ sunt generationes Aaron et Moysi in die qua locutus est Dominus ad Moysen in monte Sinai.
2အာရုန် ၏သား ဟူမူကား၊ သားဦး နာဒပ် ၊ ညီအဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။
2Et hæc nomina filiorum Aaron: primogenitus ejus Nadab, deinde Abiu, et Eleazar, et Ithamar.
3ဤ သူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ် အမှုကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကိုပေး ၍ အရာ၌ခန့်ထားသော အာရုန် ၏ သား ဖြစ်ကြသတည်း။
3Hæc nomina filiorum Aaron sacerdotum qui uncti sunt, et quorum repletæ et consecratæ manus ut sacerdotio fungerentur.
4နာဒပ် နှင့် အဘိဟု သည်၊ သိနာ တော တွင် ထာဝရဘုရား ရှေ့ တော်၌၊ ထူးခြား သောမီး ကို ပူဇော် သောအခါ ၊ ထာဝရဘုရား ရှေ့ တော်၌ သေ ကြ၏။ သူတို့၌ သား မ ရှိ သည်ဖြစ်၍၊ ဧလာဇာ နှင့် ဣသမာ သည်၊ အဘ အာရုန် ရှေ့ မှာ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်ကြ၏။
4Mortui sunt enim Nadab et Abiu cum offerrent ignem alienum in conspectu Domini in deserto Sinai, absque liberis: functique sunt sacerdotio Eleazar et Ithamar coram Aaron patre suo.
5ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
5Locutusque est Dominus ad Moysen, dicens:
6သင်သည် လေဝိ အမျိုးသား တို့ကို ခေါ် ခဲ့၍ ယဇ်ပုရောဟိတ် အာရုန် အမှု ကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌နေရာ ချလော့။
6Applica tribum Levi, et fac stare in conspectu Aaron sacerdotis ut ministrent ei, et excubent,
7သူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ် အပေါင်း တို့ ဆောင် ရသောအမှု တည်းဟူသောတဲ တော်အမှု ကို ဆောင်ရွက် ရကြမည်။
7et observent quidquid ad cultum pertinet multitudinis coram tabernaculo testimonii,
8သူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော် တန်ဆာ ရှိသမျှ တို့ကို ကြည့်ရှု ပြုစု၍ ၊ ဣသရေလ အမျိုးသား ဆောင်ရသောတဲ တော်အမှု ကို ဆောင် ရကြမည်။
8et custodiant vasa tabernaculi, servientes in ministerio ejus.
9လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏သား တို့၌ အပ် ရမည်။ ဣသရေလ အမျိုး ထဲက သူ တို့ကိုရွေး၍ ငါ့အား အပိုင်ပေး ရမည်။
9Dabisque dono Levitas
10အာရုန် နှင့် သူ ၏သား တို့ကိုလည်း ခန့်ထား ၍၊ သူတို့သည် ယဇ်ပုရောဟိတ် အမှုကို စောင့် ရကြမည်။ သူ၏အမျိုးမှတပါး၊ အခြား သောသူသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
10Aaron et filiis ejus, quibus traditi sunt a filiis Israël. Aaron autem et filios ejus constitues super cultum sacerdotii. Externus, qui ad ministrandum accesserit, morietur.
11တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
11Locutusque est Dominus ad Moysen, dicens:
12ဣသရေလ အမျိုး တွင် အဦး ဘွားမြင်သော သားဦး များအတွက်၊ လေဝိ သားတို့ကို ငါ ရွေး ယူသောကြောင့်၊ လေဝိ သားတို့သည် အထူးသဖြင့်ငါ ၏လူဖြစ် ရကြမည်။
12Ego tuli Levitas a filiis Israël pro omni primogenito, qui aperit vulvam in filiis Israël, eruntque Levitæ mei.
13အကြောင်းမူကား ၊ အဲဂုတ္တု ပြည် ၌ သားဦး အပေါင်း တို့ကို ငါ သည် ဒဏ်ခတ် သောအခါ ၊ ဣသရေလ အမျိုးတွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ငါ့ အဖို့ ငါသန့်ရှင်း စေသောကြောင့်၊ သားဦး အပေါင်း တို့ကို အထူးသဖြင့်ငါ ပိုင် ရ၏။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
13Meum est enim omne primogenitum: ex quo percussi primogenitos in terra Ægypti, sanctificavi mihi quidquid primum nascitur in Israël: ab homine usque ad pecus, mei sunt. Ego Dominus.
14တဖန် ထာဝရဘုရား သည်၊ သိနာ တော ၌ မောရှေ အား မိန့် တော်မူသည်ကား၊
14Locutusque est Dominus ad Moysen in deserto Sinai, dicens:
15လေဝိ သား တို့တွင် အသက်တလ ကျော် ရှိသောယောက်ျား အပေါင်း တို့ကို အဆွေအမျိုး အလိုက် ရေတွက် လော့ဟု၊
15Numera filios Levi per domos patrum suorum et familias, omnem masculum ab uno mense et supra.
16မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် လေဝိ သားတို့ကို ရေတွက် လေ၏။
16Numeravit Moyses, ut præceperat Dominus,
17လေဝိ သား တို့၏ နာမည် ဟူမူကား ၊ ဂေရရှုန် ၊ ကောဟတ် ၊ မေရာရိ တည်း။
17et inventi sunt filii Levi per nomina sua, Gerson et Caath et Merari.
18မိမိ အဆွေအမျိုး အလိုက် ဂေရရှုန် သား တို့၏ အမည် ကား၊ လိဗနိ နှင့် ရှိမိ တည်း။
18Filii Gerson: Lebni et Semei.
19မိမိ အဆွေအမျိုး အလိုက် ကောဟတ် သား တို့၏ နာမည်ကား၊ အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။
19Filii Caath: Amram et Jesaar, Hebron et Oziel.
20မိမိ အဆွေအမျိုး အလိုက် မေရာရိ သား တို့၏ နာမည်ကား၊ မဟာလိ နှင့် မုရှိ တည်း။ ဤ သူ တို့သည်၊ မိမိ ဘိုးဘ အမျိုး အလိုက် ရေတွက်သော လေဝိ အမျိုးအနွယ် ဖြစ်ကြ၏။
20Filii Merari: Moholi et Musi.
21ဂေရရှုန် မှဆင်းသက်လာသောလိဗနိ အဆွေအမျိုး ၊ ရှိမိ အဆွေအမျိုး တို့သည်၊ ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊
21De Gerson fuere familiæ duæ, Lebnitica, et Semeitica:
22ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက် တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ခုနစ် ထောင် ငါး ရာ ရှိသတည်း။
22quarum numeratus est populus sexus masculini ab uno mense et supra, septem millia quingenti.
23ဂေရရှုန် အဆွေအမျိုး တို့သည်၊ တဲ တော်အနောက် မျက်နှာ၌ နေရာ ချရမည်။
23Hi post tabernaculum metabuntur ad occidentem,
24ဂေရရှုန် အဆွေအမျိုး သူကြီး ကား၊ လေလ သား ဧလျာသပ် တည်း။
24sub principe Eliasaph filio Laël.
25ဂေရရှုန် သား တို့ အငန်းအတာ ဟူမူကား၊ ပရိသတ်စည်းဝေး ရာ တဲ တော်၊ အပေါ်တဲ ၊ အပေါ်တဲ အဖုံး ၊ ပရိသတ်စည်းဝေး ရာတဲ တော်တံခါးဝ ၌ ကာသော ကုလားကာ ၊
25Et habebunt excubias in tabernaculo fœderis,
26တဲ တော်နှင့် ယဇ်ပလ္လင် ပတ်လည် ဝင်း ကုလားကာ ၊ ဝင်း တံခါးဝ ၌ ကာသောကုလားကာ ၊ ကြိုး များ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
26ipsum tabernaculum et operimentum ejus, tentorium quod trahitur ante fores tecti fœderis, et cortinas atrii: tentorium quoque quod appenditur in introitu atrii tabernaculi, et quidquid ad ritum altaris pertinet, funes tabernaculi et omnia utensilia ejus.
27ကောဟတ် မှဆင်းသက်သော အာမရံ အဆွေအမျိုး ၊ ဣဇဟာ အဆွေအမျိုး ၊ ဟေဗြုန် အဆွေအမျိုး ၊ ဩဇေလ အဆွေအမျိုး တို့သည်၊ ကောဟတ် အမျိုးအနွယ် ဖြစ်ကြ၏။
27Cognatio Caath habebit populos Amramitas et Jesaaritas et Hebronitas et Ozielitas. Hæ sunt familiæ Caathitarum recensitæ per nomina sua.
28တဲ တော်ကို စောင့် သောသူ၊ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ရှစ် သောင်း ခြောက် ရာ ရှိသတည်း။
28Omnes generis masculini ab uno mense et supra, octo millia sexcenti habebunt excubias sanctuarii,
29ကောဟတ် အဆွေအမျိုး တို့သည်၊ တဲ တော် တောင် မျက်နှာ၌ နေရာ ချရမည်။
29et castrametabuntur ad meridianam plagam.
30ကောဟတ် အဆွေအမျိုး သူကြီး ကား၊ ဩဇေလ သား ဧလိဇာဖန် တည်း။
30Princepsque eorum erit Elisaphan filius Oziel:
31သူ တို့အငန်းအတာ ဟူမူကား၊ သေတ္တာ ၊ စားပွဲ ၊ ယဇ်ပလ္လင် များ၊ အမှု တော်ထမ်းစရာ တဲ တော်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြ မည်။
31et custodient arcam, mensamque et candelabrum, altaria et vasa sanctuarii, in quibus ministratur, et velum, cunctamque hujuscemodi supellectilem.
32ယဇ်ပုရောဟိတ် အာရုန် သား ဧလာဇာ သည်၊ လေဝိ အဆွေအမျိုးသူကြီး တို့ကို အုပ်၍၊ တဲ တော်စောင့် သောသူတို့ ကို ကြည့်ရှု စီရင်ရမည်။
32Princeps autem principum Levitarum Eleazar filius Aaron sacerdotis, erit super excubitores custodiæ sanctuarii.
33မေရာရိ မှ ဆင်းသက်သော မဟာလိ အဆွေအမျိုး ၊ မုရှိ အဆွေအမျိုး တို့သည်၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ၏။
33At vero de Merari erunt populi Moholitæ et Musitæ recensiti per nomina sua:
34ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက်တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ခြောက် ထောင် ခုနစ် ရာရှိသတည်း။
34omnes generis masculini ab uno mense et supra, sex millia ducenti.
35မေရာရိ အဆွေအမျိုး သူကြီး ကား၊ အဘိဟဲလ သား ဇုရေလ တည်း။ ဤသူတို့သည် တဲ တော်မြောက် မျက်နှာ၌ နေရာ ချရမည်။
35Princeps eorum Suriel filius Abihaiel: in plaga septentrionali castrametabuntur.
36မေရာရိ သား တို့ အငန်းအတာ ဟူမူကား၊ တဲ တော်ပျဉ်ပြား များ၊ ကန့်လန့်ကျင် များ၊ တိုင် များ၊ ခြေစွပ် များ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာ များ အစရှိသည်တို့ကို၎င်း၊ ဝင်း တိုင် များ၊
36Erunt sub custodia eorum tabulæ tabernaculi et vectes, et columnæ ac bases earum, et omnia quæ ad cultum hujuscemodi pertinent:
37ခြေစွပ် များ၊ တံသင် များ၊ ကြိုး များတို့ကို၎င်းကြည့်ရှု ပြုစုရကြမည်။
37columnæque atrii per circuitum cum basibus suis, et paxilli cum funibus.
38မောရှေ နှင့် အာရုန် မှစ၍၊အာရုန် ၏ သား တို့ သည်၊ ဣသရေလ အမျိုးသား တို့အဘို့ ၊ သန့်ရှင်း ရာဌာန တော်ကို စောင့် လျက်၊ ပရိသတ်စည်းဝေး ရာတဲ တော် အရှေ့ မျက်နှာ၌ နေရာ ချရမည်။ သူတို့အမျိုးမှတပါး၊ အခြား သောသူသည် ချဉ်းကပ် လျှင် အသေ သတ်ခြင်းကိုခံရမည်။
38Castrametabuntur ante tabernaculum fœderis, id est, ad orientalem plagam, Moyses et Aaron cum filiis suis, habentes custodiam sanctuarii in medio filiorum Israël. Quisquis alienus accesserit, morietur.
39ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် လေဝိ သားတို့ကို အဆွေအမျိုး အလိုက် ရေတွက် ၍၊ အသက်တလ ကျော် ရှိသောယောက်ျား အပေါင်း ကား၊ နှစ်သောင်း နှစ်ထောင်ရှိသတည်း။
39Omnes Levitæ, quos numeraverunt Moyses et Aaron juxta præceptum Domini per familias suas in genere masculino a mense uno et supra, fuerunt viginti duo millia.
40တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့တွင်၊ အသက် တလ ကျော် ရှိသောသားဦး ယောက်ျား အပေါင်း တို့ကို ရေတွက် ၍ စာရင်း ယူလော့။
40Et ait Dominus ad Moysen: Numera primogenitos sexus masculini de filiis Israël ab uno mense et supra, et habebis summam eorum.
41ဣသရေလ အမျိုး သားဦး အပေါင်း တို့အတွက် လေဝိ သားတို့ကို၎င်း ၊ ဣသရေလ အမျိုးသား တို့၌ တိရစ္ဆာန် သားဦး အပေါင်း တို့အတွက် လေဝိ သား တို့၌ ရှိသောတိရစ္ဆာန် များကို၎င်း၊ ငါ့ အဘို့ ယူ လော့။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု၊
41Tollesque Levitas mihi pro omni primogenito filiorum Israël: ego sum Dominus: et pecora eorum pro universis primogenitis pecorum filiorum Israël.
42မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ဣသရေလ အမျိုး သားဦး အပေါင်း တို့ကို ရေတွက် ၍ ၊
42Recensuit Moyses, sicut præceperat Dominus, primogenitos filiorum Israël:
43အသက်တလ ကျော် ရှိသောသားဦး ယောက်ျား နာမည် ပေါင်း ကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ် သုံး ယောက် ရှိ သတည်း။
43et fuerunt masculi per nomina sua, a mense uno et supra, viginti duo millia ducenti septuaginta tres.
44တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
44Locutusque est Dominus ad Moysen, dicens:
45ဣသရေလ အမျိုး သားဦး အပေါင်း တို့အတွက် လေဝိ သားတို့ကို၎င်း ၊ ဣသရေလ အမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိ သားတို့၌ရှိသောတိရစ္ဆာန် များကို၎င်းယူ လော့။ လေဝိ သားတို့သည် ငါ ၏ လူဖြစ် ရကြမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
45Tolle Levitas pro primogenitis filiorum Israël, et pecora Levitarum pro pecoribus eorum, eruntque Levitæ mei. Ego sum Dominus.
46လေဝိ သားတို့ထက် ပို သော ဣသရေလ အမျိုး သားဦး နှစ်ရာ ခုနစ်ဆယ် သုံး ယောက်တို့ကို ရွေး ရမည်အမှု မှာ၊
46In pretio autem ducentorum septuaginta trium, qui excedunt numerum Levitarum de primogenitis filiorum Israël,
47အကျပ် တော်အလိုက် လူတကိုယ်လျှင် ငါး ကျပ် စီ ခံယူ ရမည်။ အကျပ် ကား၊ ဂေရ နှစ်ဆယ် ဖြစ်သတည်း။
47accipies quinque siclos per singula capita ad mensuram sanctuarii (siclus habet viginti obolos):
48ပို သောသူတို့ပေးရသောအရွေး ငွေကို၊ အာရုန် နှင့် သူ ၏သား တို့အား ပေး ရမည်ဟု မိန့် တော်မူသည် အတိုင်း ၊
48dabisque pecuniam Aaron et filiis ejus pretium eorum qui supra sunt.
49လေဝိ သားတို့နှင့် ဣသရေလ အမျိုး သားဦး တို့ကိုရွေး ၍၊ ပို သေးသော သားဦးတို့၏ အရွေး ငွေ ကို၊
49Tulit igitur Moyses pecuniam eorum, qui fuerant amplius, et quos redemerant a Levitis,
50မောရှေ သည် အကျပ် တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံး ပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင် ၊
50pro primogenitis filiorum Israël, mille trecentorum sexaginta quinque siclorum juxta pondus sanctuarii:
51ထာဝရဘုရား မှာထား တော်မူသောစကား တော်အတိုင်း ၊ ထိုအရွေး ငွေ ကို အာရုန် နှင့် သူ ၏သား တို့အား ပေး လေ၏။
51et dedit eam Aaron et filiis ejus juxta verbum quod præceperat sibi Dominus.
Tip: use the ← and → keys to turn chapters.