တောလည်

Old Testament

Chapter 19
Judson Burmese Bible (18…
vs Clementine Vulgate…
Aa
Text size
Line width
Verse numbers

တောလည် 19

Judson Burmese Bible (1840)
Clementine Vulgate, 1598
1တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့ကို ခေါ်၍၊ ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူသော ပညတ် တရားဟူမူကား၊
1Locutusque est Dominus ad Moysen et Aaron, dicens:
2အပြစ် မပါ၊ တခါမျှ ထမ်းဘိုး မတင် ၊ ကွက်ကျား ခြင်းမ ရှိ၊ အဆင်းနီ သော နွားမ ပျိုကို၊ ဣသရေလ အမျိုးသား တို့သည် ဆောင် ခဲ့မည်အကြောင်း ဆင့်ဆို လော့။
2Ista est religio victimæ, quam constituit Dominus. Præcipe filiis Israël, ut adducant ad te vaccam rufam ætatis integræ, in qua nulla sit macula, nec portaverit jugum:
3ယဇ်ပုရောဟိတ် ဧလာဇာ ၌ အပ် ၍ တပ် ပြင် သို့ ဆောင် သွားပြီးမှ ၊ သူ့ ရှေ့၌ အခြားသူ သတ် ရမည်။
3tradetisque eam Eleazaro sacerdoti, qui eductam extra castra, immolabit in conspectu omnium:
4ယဇ်ပုရောဟိတ် ဧလာဇာ သည် အသွေး ကို လက် နှင့်ယူ ၍ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ စူးစူး၌ ခုနစ် ကြိမ် ဖြန်း ရမည်။
4et tingens digitum in sanguine ejus, asperget contra fores tabernaculi septem vicibus,
5ယဇ်ပုရောဟိတ် ရှေ့မှာ ထိုနွားမ၏ အရေ ၊ အသား ၊ အသွေး ၊ ချေးနု နှင့်တကွတကောင်လုံးကို အခြား သူသည် မီးရှို့ ရမည်။
5comburetque eam cunctis videntibus, tam pelle et carnibus ejus quam sanguine et fimo flammæ traditis.
6ယဇ်ပုရောဟိတ် သည်လည်း အကာရှ သစ်သား ၊ ဟုဿုပ် ပင်ညွန့်နှင့် နီမောင်း သော အထည်ကို ယူ၍၊ နွားမ မီးလောင် ရာထဲသို့ ပစ်ချ ရမည်။
6Lignum quoque cedrinum, et hyssopum, coccumque bis tinctum sacerdos mittet in flammam, quæ vaccam vorat.
7ထိုနောက် မိမိ အဝတ် ကို လျှော် ၍ ကိုယ် ကိုလည်း ရေချိုး ပြီးမှ ၊ တပ် ထဲသို့ ဝင် ၍ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။
7Et tunc demum, lotis vestibus et corpore suo, ingredietur in castra, commaculatusque erit usque ad vesperum.
8မီးရှို့ သောသူသည် လည်း ၊ မိမိ အဝတ် ကို လျှော် ၍ ကိုယ် ကိုလည်း ရေချိုး ပြီးမှ ၊ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်လိမ့်မည်။
8Sed et ille qui combusserit eam, lavabit vestimenta sua et corpus, et immundus erit usque ad vesperum.
9စင်ကြယ် သောသူ တစုံတယောက်သည် နွားမ ၏ ပြာ ကို စုသိမ်း ၍ ၊ တပ် ပြင် မှာ စင်ကြယ် သော အရပ် ၌ ထား ရမည်။ ဣသရေလ အမျိုး ပရိသတ် အဘို့ စင်ကြယ် စေသော ရေဘော် ဘို့၊ ထိုပြာကို သို ထားရမည်။ အပြစ် နှင့် ကင်းစင်စေစရာဘို့ဖြစ် သတည်း။
9Colliget autem vir mundus cineres vaccæ, et effundet eos extra castra in loco purissimo, ut sint multitudini filiorum Israël in custodiam, et in aquam aspersionis: quia pro peccato vacca combusta est.
10နွားမ ၏ပြာ ကို စုသိမ်း သောသူသည်လည်း ၊ မိမိ အဝတ် ကိုလျှော် ၍ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။ ဤရွေ့ကား၊ ဣသရေလ အမျိုးသား ၊ တည်းခို သော တပါး အမျိုးသားတို့သည် အစဉ်အမြဲ စောင့်ရသောပညတ် ဖြစ်သတည်း။
10Cumque laverit qui vaccæ portaverat cineres vestimenta sua, immundus erit usque ad vesperum. Habebunt hoc filii Israël, et advenæ qui habitant inter eos, sanctum jure perpetuo.
11လူသေကောင် ကို ထိ သောသူသည် ခုနစ် ရက် မ စင်ကြယ်ဖြစ်လိမ့်မည်။
11Qui tetigerit cadaver hominis, et propter hoc septem diebus fuerit immundus,
12သုံး ရက်မြောက်သောနေ့ ၌ ထိုပြာနှင့် ကိုယ် ကိုသန့်ရှင်း စေ၍ ၊ ခုနစ် ရက်မြောက်သောနေ့ ၌ စင်ကြယ် လိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ကိုယ်ကိုမ သန့်ရှင်း စေ လျှင် ၊ ခုနစ် ရက်မြောက်သောနေ့ တိုင်အောင် မ စင်ကြယ် ရ။
12aspergetur ex hac aqua die tertio et septimo, et sic mundabitur. Si die tertio aspersus non fuerit, septimo non poterit emundari.
13လူသေကောင် ကိုထိ ၍ ကိုယ်ကိုမ သန့်ရှင်း စေ သောသူသည်၊ ထာဝရဘုရား ၏ တဲ တော်ကို ညစ်ညူး စေ ၏။ ထိုသူ ကို ဣသရေလ အမျိုးမှ ပယ်ရှင်း ရမည်။ စင်ကြယ် စေသောရေ ဖြန်း ခြင်းကို မ ခံသောကြောင့် မ စင်ကြယ်ဖြစ်၏။ စင်ကြယ် ခြင်းသို့ မရောက်သေး။
13Omnis qui tetigerit humanæ animæ morticinum, et aspersus hac commistione non fuerit, polluet tabernaculum Domini et peribit ex Israël: quia aqua expiationis non est aspersus, immundus erit, et manebit spurcitia ejus super eum.
14တဲ ၌ လူ သေ လျှင် စောင့်ရသောတရား ဟူမူကား ၊ တဲ သို့ ဝင် သောသူ၊ တဲ ၌ ရှိနေသောသူအပေါင်း တို့သည် ခုနစ် ရက် ပတ်လုံးမ စင်ကြယ်ဖြစ်ကြလိမ့်မည်။
14Ista est lex hominis qui moritur in tabernaculo: omnes qui ingrediuntur tentorium illius, et universa vasa quæ ibi sunt, polluta erunt septem diebus.
15မ ဖုံး ဘဲ ဖွင့် ထားသောအိုး ရှိသမျှ တို့သည်လည်း မ စင်ကြယ်ဖြစ်ကြလိမ့်မည်။
15Vas, quod non habuerit operculum nec ligaturam desuper, immundum erit.
16သတ်၍သေ သောသူ၊ နာ၍သေ သောသူ၊ လူ သေ အရိုး ၊ လူသင်္ချိုင်း ကို လယ်ပြင် ၌ တွေ့၍ထိ လျှင်၊ ခုနစ် ရက် ပတ်လုံးမ စင်ကြယ်ဖြစ်လိမ့်မည်။
16Si quis in agro tetigerit cadaver occisi hominis, aut per se mortui, sive os illius, vel sepulchrum, immundus erit septem diebus.
17မ စင်ကြယ်သောသူဘို့ အပြစ် ကင်းစေရာ မီးရှို့ သောနွားမ၏ပြာ အချို့ ကို ယူ ၍ ၊ စီး သောရေ နှင့်အတူအိုး ၌ ထည့် ပြီးမှ ၊
17Tollentque de cineribus combustionis atque peccati, et mittent aquas vivas super eos in vas:
18စင်ကြယ် သောသူသည်၊ ဟုဿုပ် ပင်ညွန့်ကို ရေ ၌ နှစ် ၍ တဲ ပေါ်မှာ ၎င်း၊ တန်ဆာ များ၊ တဲ၌ရှိ သောလူ များပေါ်မှာ ၎င်း၊ လူသေအရိုး ၊ သတ် ၍သေသောသူ၊ နာ ၍သေသောသူ၊ လူသင်္ချိုင်း ကို ထိ သောသူပေါ်မှာ ၎င်း၊ ထိုရေကို ဖြန်း ရမည်။
18in quibus cum homo mundus tinxerit hyssopum, asperget ex eo omne tentorium, et cunctam supellectilem, et homines hujuscemodi contagione pollutos:
19စင်ကြယ် သောသူသည် မ စင်ကြယ်သောသူကို သုံး ရက်မြောက်သောနေ့ ၊ ခုနစ် ရက်မြောက်သောနေ့ ၌ ဖြန်း ရမည်။ ခုနစ် ရက်မြောက်သောနေ့ ၌ ကိုယ်ကိုသန့်ရှင်း စေ လျက် ၊ မိမိ အဝတ် ကို လျှော် ၍ ရေချိုး လျှင် ၊ ညဦး အချိန် တွင် စင်ကြယ် လိမ့်မည်။
19atque hoc modo mundus lustrabit immundum tertio et septimo die: expiatusque die septimo, lavabit et se et vestimenta sua, et immundus erit usque ad vesperum.
20မ စင်ကြယ်သော သူ သည် ကိုယ်ကိုသန့်ရှင်း စေခြင်းငှါမ ပြုလျှင် ၊ ထာဝရဘုရား ၏ သန့်ရှင်း ရာဌာန တော်ကို ညစ်ညူး စေသောကြောင့် ၊ ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရမည်။ စင်ကြယ် စေသော ရေ ဖြန်း ခြင်းကို မ ခံသောကြောင့်၊ မ စင်ကြယ်ဘဲနေ၏။
20Si quis hoc ritu non fuerit expiatus, peribit anima illius de medio ecclesiæ: quia sanctuarium Domini polluit, et non est aqua lustrationis aspersus.
21အစဉ်အမြဲ စောင့်ရသောပညတ် ဟူမူကား ၊ စင်ကြယ် သော ရေ ကို ဖြန်း သောသူသည် မိမိ အဝတ် ကို လျှော် ရမည်။ ထိုရေ ကို ထိ သောသူလည်း ၊ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။
21Erit hoc præceptum legitimum sempiternum. Ipse quoque qui aspergit aquas, lavabit vestimenta sua. Omnis qui tetigerit aquas expiationis, immundus erit usque ad vesperum.
22မ စင်ကြယ်သောသူ ထိ သမျှ သော အရာသည် လည်း မ စင်ကြယ်ဖြစ်လိမ့်မည်။ ထိုအရာကို ထိ သောသူ လည်း ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
22Quidquid tetigerit immundus, immundum faciet: et anima, quæ horum quippiam tetigerit, immunda erit usque ad vesperum.

Tip: use the ← and → keys to turn chapters.