တောလည်

Old Testament

Chapter 33
Judson Burmese Bible (18…
vs Korean Bible, 1910…
Aa
Text size
Line width
Verse numbers

တောလည် 33

Judson Burmese Bible (1840)
Korean Bible, 1910 (한국어 성경)
1မောရှေ နှင့် အာရုန် စီရင်၍ အဲဂုတ္တု ပြည် မှ ထွက်လာ သောဣသရေလ အမျိုးသား အလုံးအရင်း တို့ သည် ခရီးသွား ခြင်း အကြောင်းအရာများကို၊
1이스라엘 자손이 모세와 아론의 관할하에 그 항오대로 애굽 땅에서 나오던 때의 노정이 이러하니라
2ထာဝရဘုရား အမိန့် တော်အတိုင်း မောရှေ မှတ်သား ၍ ၊ ထို ခရီးသွား ခြင်း အကြောင်းအရာပါသော စာရင်း ဟူမူကား၊
2모세가 여호와의 명대로 그 노정을 따라 그 진행한 것을 기록하였으니 그 진행한 대로 그 노정은 이러하니라
3ပဌမ လ တဆယ် ငါး ရက် နေ့၌ ရာမသက် မြို့မှ ထွက်လာ ကြ၏။ ပသခါ ပွဲကို ခံပြီးသောနောက်၊ နက်ဖြန် နေ့၌ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု လူအပေါင်း တို့ရှေ့မှာ ဝါကြွား သောအခြင်းအရာနှင့် ထွက်လာ ကြ၏။
3그들이 정월 십오일에 라암셋에서 발행하였으니 곧 유월절 다음날이라 이스라엘 자손이 애굽 모든 사람의 목전에서 큰 권능으로 나왔으니
4အကြောင်းမူကား၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသောသားဦး အပေါင်း တို့ကို အဲဂုတ္တု လူတို့သည် သင်္ဂြိုဟ် ရကြ၏။ သူ တို့၏ ဘုရား များကိုလည်း ၊ ထာဝရဘုရား သည် တရား စီရင် တော်မူ၏။
4애굽인은 여호와께서 그들 중에 치신 그 모든 장자를 장사하는 때라 여호와께서 그들의 신들에게도 벌을 주셨더라
5ဣသရေလ အမျိုးသား တို့သည် ရာမသက် မြို့မှ ပြောင်း ၍ သုကုတ် အရပ်၌ စားခန်းချ ကြ၏။
5이스라엘 자손이 라암셋에서 발행하여 숙곳에 진 쳤고
6သုကုတ် အရပ်မှ ပြောင်း ၍ တော စပ် နား ၊ ဧသံ မြို့၌ စားခန်းချ ကြ၏။
6숙곳에서 발행하여 광야 끝 에담에 진 쳤고
7ဧသံ မြို့မှ ပြောင်း ၍ ဗာလဇေဖုန် မြို့ရှေ့မှာ ရှိ သော ပိဟဟိရုတ် မြို့သို့ တဖန် လည်၍ မိဂဒေါလ မြို့ရှေ့၌ စားခန်းချ ကြ၏။
7에담에서 발행하여 바알스본 앞 비하히롯으로 돌아가서 믹돌 앞에 진 쳤고
8ပိဟဟိရုတ် မြို့မှ ပြောင်း ၍ ပင်လယ် အလယ် ၌ ရှောက်သွား သဖြင့် ဧသံ တော သို့ ရောက်၍၊ ထိုတော ထဲ၌ သုံး ရက် ခရီး သွား ပြီးလျှင် ၊ မာရ အရပ်၌ စားခန်းချ ကြ၏။
8하히롯 앞에서 발행하여 바다 가운데로 지나 광야에 이르고 에담 광야로 삼일 길쯤 들어가서 마라에 진 쳤고
9မာရ အရပ်မှ ပြောင်း ၍ ရေတွင်း ဆယ် နှစ် တွင်း နှင့် စွန်ပလွံ ပင် ခုနစ်ဆယ် ရှိသောဧလိမ် ရွာသို့ ရောက် ၍ စားခန်းချ ကြ၏။
9마라에서 발행하여 엘림에 이르니 엘림에는 샘물 열 둘과 종려 칠십 주가 있으므로 거기 진 쳤고
10ဧလိမ် ရွာမှ ပြောင်း ၍ ဧဒုံ ပင်လယ် နားမှာ စားခန်းချ ကြ၏။
10엘림에서 발행하여 홍해 가에 진 쳤고
11ဧဒုံ ပင်လယ် မှ ပြောင်း ၍ သိန် တော ၌ စားခန်းချ ကြ၏။
11홍해 가에서 발행하여 신 광야에 진 쳤고
12သိန် တော မှ ပြောင်း ၍ ဒေါဖကာ အရပ်၌ စားခန်းချ ကြ၏။
12신 광야에서 발행하여
13ဒေါဖကာ အရပ်မှ ပြောင်း ၍ အာလုရှ အရပ်၌ စားခန်းချ ကြ၏။
13돕 가에 진 쳤고 돕가에서 발행하여 알루스에 진 쳤고
14အာလုရှ အရပ်မှ ပြောင်း ၍ လူ များသောက် စရာရေ မ ရှိ သော ရေဖိဒိမ် အရပ်၌ စားခန်းချ ကြ၏။
14알루스에서 발행하여 르비딤에 진 쳤는데 거기는 백성의 마실 물이 없었더라
15ရေဖိဒိမ် အရပ်မှ ပြောင်း ၍ သိနာ တော ၌ စားခန်းချ ကြ၏။
15르비딤에서 발행하여 시내 광야에 진 쳤고
16သိနာ တော မှ ပြောင်း ၍ ကိဗြုတ်ဟတ္တဝါ အရပ်၌ စားခန်းချ ကြ၏။
16시내 광야에서 발행하여 기브롯핫다아와에 진 쳤고
17ကိဗြုတ်ဟတ္တဝါ အရပ်မှ ပြောင်း ၍ ဟာဇရုတ် အရပ်၌ စားခန်းချ ကြ၏။
17기브롯핫다아와에서 발행하여 하세롯에 진 쳤고
18ဟာဇရုတ် အရပ်မှ ပြောင်း ၍ ရိသမ အရပ်၌ စားခန်းချ ကြ၏။
18하세롯에서 발행하여 릿마에 진 쳤고
19ရိသမ အရပ်မှ ပြောင်း ၍ ရိမ္မုန်ဖါရက် ၌ စားခန်းချ ကြ၏။
19릿마에서 발행하여 림몬베레스에 진 쳤고
20ရိမ္မုန်ဖါရက် အရပ်မှ ပြောင်း ၍ လိဗန ရွာ၌ စားခန်းချ ကြ၏။
20림몬베레스에서 발행하여 립나에 진 쳤고
21လိဗန ရွာမှ ပြောင်း ၍ ရိဿ အရပ်၌ စားခန်းချ ကြ၏။
21립나에서 발행하여 릿사에 진 쳤고
22ရိဿ အရပ်မှ ပြောင်း ၍ ကေဟလာသ အရပ်၌ စားခန်းချ ကြ၏။
22릿사에서 발행하여 그헬라다에 진 쳤고
23ကေဟလာသ အရပ်မှ ပြောင်း ၍ ရှာဖါ တောင် ၌ စားခန်းချ ကြ၏။
23그헬라다에서 발행하여 세벨산에 진 쳤고
24ရှာဖါ တောင် မှ ပြောင်း ၍ ဟာရဒ အရပ်၌ စားခန်းချ ကြ၏။
24세벨산에서 발행하여 하라다에 진 쳤고
25ဟာရဒ အရပ်မှ ပြောင်း ၍ မက္ကလုတ် အရပ်၌ စားခန်းချ ကြ၏။
25하라다에서 발행하여 막헬롯에 진 쳤고
26မက္ကလုတ် အရပ်မှ ပြောင်း ၍ တာဟတ် အရပ်၌ စားခန်းချ ကြ၏။
26막헬롯에서 발행하여 다핫에 진 쳤고
27တာဟတ် အရပ်မှ ပြောင်း ၍ တာရ အရပ်၌ စားခန်းချ ကြ၏။
27다핫에서 발행하여 데라에 진 쳤고
28တာရ အရပ်မှ ပြောင်း ၍ မိသကာ အရပ်၌ စားခန်းချ ကြ၏။
28데라에서 발행하여 밋가에 진 쳤고
29မိသကာ အရပ်မှ ပြောင်း ၍ ဟာရှမောန အရပ်၌ စားခန်းချ ကြ၏။
29밋가에서 발행하여 하스모나에 진 쳤고
30ဟာရှမောန အရပ်မှ ပြောင်း ၍ မောသရုတ် အရပ်၌ စားခန်းချ ကြ၏။
30하스모나에서 발행하여 모세롯에 진 쳤고
31မောသရုတ် အရပ်မှ ပြောင်း ၍ ဗင်္ယာကန် အရပ် ၌ စားခန်းချ ကြ၏။
31모세롯에서 발행하여 브네야아간에 진 쳤고
32ဗင်္ယာကန် အရပ်မှ ပြောင်း ၍ ဟောရဂိဒ်ဂဒ် အရပ်၌ စားခန်းချ ကြ၏။
32브네야아간에서 발행하여 홀하깃갓에 진 쳤고
33ဟောရဂိဒ်ဂဒ် အရပ်မှ ပြောင်း ၍ ယုပ္ဘာသ အရပ်၌ စားခန်းချ ကြ၏။
33홀하깃갓에서 발행하여 욧바다에 진 쳤고
34ယုပ္ဘာသ အရပ်မှ ပြောင်း ၍ ဧဗြောန အရပ်၌ စားခန်းချ ကြ၏။
34욧바다에서 발행하여 아브로나에 진 쳤고
35ဧဗြောန အရပ်မှ ပြောင်း ၍ ဧဇယုန်ဂါဗာ အရပ် ၌ စားခန်းချ ကြ၏။
35아브로나에서 발행하여 에시온게벨에 진 쳤고
36ဧဇယုန်ဂါဗာ အရပ်မှ ပြောင်း ၍ ဇိန တော ၊ ကာဒေရှ အရပ်၌ စားခန်းချ ကြ၏။
36에시온게벨에서 발행하여 신 광야 곧 가데스에 진 쳤고
37ကာဒေရှ အရပ်မှ ပြောင်း ၍ ဧဒုံ ပြည် အနား မှာ ဟောရ တောင် ၌ စားခန်းချ ကြ၏။
37가데스에서 발행하여 에돔 국경 호르산에 진 쳤더라
38ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက် သောနောက်၊ သက္ကရာဇ် လေးဆယ် ၊ ပဉ္စမ လ ပဌမ နေ့ရက်၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ် အာရုန် သည် ဟောရ တောင် ပေါ်သို့ တက် ၍ အနိစ္စ ရောက်လေ၏။
38이스라엘 자손이 애굽 땅에서 나온 지 사십년 오월 일일에 제사장 아론이 여호와의 명으로 호르산에 올라가 거기서 죽었으니
39အာရုန် သည် ဟောရ တောင် ပေါ်မှာ အနိစ္စ ရောက်သောအခါ ၊ အသက် တရာ နှစ်ဆယ် သုံး နှစ် ရှိသတည်း။
39아론이 호르산에서 죽던 때에 나이 일백 이십 삼세이었더라
40ခါနာန် ပြည် တောင် ပိုင်း၌ နေ သောခါနနိ ရှင်ဘုရင် အာရဒ် သည် ဣသရေလ အမျိုးသား ရောက် ကြောင်းကို ကြား လေ၏။
40가나안 땅 남방에 거한 가나안 사람 아랏 왕이 이스라엘의 옴을 들었더라
41သူတို့သည် ဟောရ တောင် မှ ပြောင်း ၍ ၊ ဇာလမောန အရပ်၌ စားခန်းချ ကြ၏။
41그들이 호르산에서 발행하여 살모나에 진 쳤고
42ဇာလမောန အရပ်မှ ပြောင်း ၍ ပုနုန် အရပ်၌ စားခန်းချ ကြ၏။
42살모나에서 발행하여 부논에 진 쳤고
43ပုနုန် အရပ်မှ ပြောင်း ၍ ဩဗုတ် အရပ်၌ စားခန်းချ ကြ၏။
43부논에서 발행하여 오봇에 진 쳤고
44ဩဗုတ် အရပ်မှ ပြောင်း ၍ ဣဇာဗာရိမ် အရပ်၌ စားခန်းချ ကြ၏။
44오봇에서 발행하여 모압 변경 이예아바림에 진 쳤고
45ဣဇာဗာရိမ်အရပ်မှ ပြောင်း ၍ ဒိဗုန် ဂဒ် အရပ်၌ စားခန်းချ ကြ၏။
45이임에서 발행하여 디본갓에 진 쳤고
46ဒိဗုန် ဂဒ် အရပ်မှ ပြောင်း ၍ အာလမုန်ဒိဗလသိမ် အရပ်၌ စားခန်းချ ကြ၏။
46디본갓에서 발행하여 알몬디블라다임에 진 쳤고
47အာလမုန်ဒိဗလသိမ် အရပ်မှ ပြောင်း ၍ နေဗော တောင်ရှေ့တွင် အာဗရိမ် တောင်ရိုး ၌ စားခန်းချ ကြ၏။
47알몬디블라다임에서 발행하여 느보 앞 아바림 산에 진 쳤고
48အာဗရိမ် တောင်ရိုး မှ ပြောင်း ၍ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့တဘက်၌ စားခန်းချ ကြ၏။
48아바림 산에서 발행하여 여리고 맞은편 요단 가 모압 평지에 진쳤으니
49ထိုသို့ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နားမှာ ဗက်ယေရှိမုတ် မြို့မှ အာဗေလရှိတ္တိမ် မြို့ တိုင်အောင် စားခန်းချ ကြ၏။
49요단 가 모압 평지의 진이 벧여시못에서부터 아벨싯딤에 미쳤었더라
50မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား၊ ယေရိခေါ မြို့ တဘက်၌ ထာဝရဘုရား သည် မောရှေ ကို ခေါ်၍၊
50여리고 맞은편 요단 가 모압 평지에서 여호와께서 모세에게 일러 가라사대
51သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ယော်ဒန် မြစ်ကိုကူး ၍ ခါနာန် ပြည် သို့ ရောက်ကြသောအခါ၊
51이스라엘 자손에게 말하여 그들에게 이르라 너희가 요단을 건너 가나안 땅에 들어가거든
52ထိုပြည်သူ ပြည်သားအပေါင်း တို့ကို နှင်ထုတ် ရကြမည်။ သူ တို့ရေး သော အရုပ်၊ သွန်း သော ရုပ်တု ဆင်းတုရှိသမျှ တို့ကို ဖျက် ရကြမည်။ သူ တို့လုပ်သော ကုန်း ရှိသမျှ တို့ ကို ဖြိုချ ရကြမည်။
52그 땅 거민을 너희 앞에서 다 몰아내고 그 새긴 석상과 부어 만든 우상을 다 파멸하며 산당을 다 훼파하고
53ထိုပြည် ကို သင် တို့အား ငါအပိုင် ပေး သောကြောင့် ၊ ထိုပြည်သားတို့ကို နှင်ထုတ် ၍ သင်တို့ကိုယ်တိုင်နေ ရကြမည်။
53그 땅을 취하여 거기 거하라 내가 그 땅을 너희 산업으로 너희에게 주었음이라
54သင် တို့အဆွေအမျိုး တို့အား စာရေးတံချ ၍ ထိုမြေ ကို ဝေ ရမည်။ လူများ လျှင်များ သောမြေ၊ လူနည်း လျှင် နည်း သောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံ ကျ သည်အတိုင်း၊ ဘိုးဘ အမျိုးအနွယ် အလိုက် အမွေ ခံရကြမည်။
54너희의 가족을 따라서 그 땅을 제비뽑아 나눌 것이니 수가 많으면 많은 기업을 주고 적으면 적은 기업을 주되 각기 제비뽑힌 대로 그 소유가 될 것인즉 너희 열조의 지파를 따라 기업을 얻을 것이니라
55သင်တို့သည် ထိုပြည်သူ ပြည်သားတို့ကို အကုန်အစင် မ နှင်ထုတ် လျှင် ၊ ကျန်ကြွင်း သောသူတို့ သည် သင် တို့မျက်စိ ၌ အပ် ဖျားကဲ့သို့ ၎င်း ၊ သင် တို့နံဘေး ၌ ဆူး ကဲ့သို့ ၎င်း ဖြစ်၍၊ သင် တို့နေ သောပြည် မှာ သင် တို့ကို နှောင့်ရှက် ကြလိမ့်မည်။
55너희가 만일 그 땅 거민을 너희 앞에서 몰아내지 아니하면 너희의 남겨둔 자가 너희의 눈에 가시와 너희의 옆구리에 찌르는 것이 되어 너희 거하는 땅에서 너희를 괴롭게 할 것이요
56ထိုမှတပါး ၊ သူ တို့အား ငါကြံစည် သည်အတိုင်း သင် တို့ကို ငါပြု မည်ဟု မိန့် တော်မူ၏။
56나는 그들에게 행하기로 생각한 것을 너희에게 행하리라

Tip: use the ← and → keys to turn chapters.