တောလည် 10
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Septuagint (Greek Old Testament), second edition
1တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
1ΚΑΙ ἐλάλησε Κύριος πρὸς Μωυσῆν λέγων·
2သင်သည် ပရိသတ် စည်းဝေး စေခြင်းငှါ ၎င်း ၊ တပ် တို့ကို ချီ စေခြင်းငှါ ၎င်း၊ မှုတ်ရသောငွေ တံပိုး နှစ် လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့်မဆက်ဘဲလုပ် ရမည်။
2ποίησον σεαυτῷ δύο σάλπιγγας ἀργυρᾶς, ἐλατὰς ποιήσεις αὐτάς, καὶ ἔσονταί σοι ἀνακαλεῖν τὴν συναγωγὴν καὶ ἐξαίρειν τὰς παρεμβολάς.
3တံပိုးမှုတ် သောအခါ ၊ ပရိသတ် အပေါင်း တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၊ သင့် ထံ၌ စည်းဝေး ရကြမည်။
3καὶ σαλπιεῖς ἐν αὐταῖς καὶ συναχθήσεται πᾶσα ἡ συναγωγὴ ἐπὶ τὴν θύραν τῆς σκηνῆς τοῦ μαρτυρίου·
4တံပိုးတလုံးတည်း ကို မှုတ် လျှင် ၊ ဣသရေလ အမျိုး၌ လူတထောင် ကို အုပ် သောမင်း တို့သည် သင့် ထံ၌ စည်းဝေး ရကြမည်။
4ἐὰν δὲ ἐν μιᾷ σαλπίσωσι, προσελεύσονται πρὸς σὲ πάντες οἱ ἄρχοντες ἀρχηγοὶ Ἰσραήλ.
5နှိုးဆော် သံနှင့်မှုတ် သောအခါ ၊ အရှေ့ တပ် တို့ သည် ချီ သွားရကြမည်။
5καὶ σαλπιεῖτε σημασίαν, καὶ ἐξαροῦσιν αἱ παρεμβολαὶ αἱ παρεμβάλλουσαι ἀνατολάς·
6ဒုတိယ အကြိမ်နှိုးဆော် သံနှင့် မှုတ် သောအခါ ၊ တောင် တပ် တို့ သည် ချီ သွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်းချီ သွားစေခြင်းငှာ နှိုးဆော် သံနှင့်မှုတ် ရမည်။
6καὶ σαλπιεῖτε σημασίαν δευτέραν, καὶ ἐξαροῦσιν αἱ παρεμβολαὶ αἱ παρεμβάλλουσαι λίβα· καὶ σαλπιεῖτε σημασίαν τρίτην, καὶ ἐξαροῦσιν αἱ παρεμβολαὶ αἱ παρεμβάλλουσαι παρὰ θάλασσαν· καὶ σαλπιεῖτε σημασίαν τετάρτην, καὶ ἐξαροῦσιν αἱ παρεμβολαὶ αἱ παρεμβάλλουσαι πρὸς βορρᾶν· σημασία σαλπιοῦσιν ἐν τῇ ἐξάρσει αὐτῶν.
7ပရိသတ် စည်းဝေး စေခြင်းငှါနှိုးဆော် သံကိုမ ပြု ဘဲ တံပိုးမှုတ် ရမည်။
7καὶ ὅταν συναγάγητε τὴν συναγωγήν, σαλπιεῖτε καὶ οὐ σημασίᾳ
8အာရုန် ၏ သား ၊ ယဇ်ပုရောဟိတ် တို့သည် ထိုတံပိုး ကို မှုတ် ရကြမည်။ သင် တို့အမျိုး အစဉ်အဆက် စောင့်ရသောပညတ် ဖြစ် သတည်း။
8καὶ οἱ υἱοὶ Ἀαρὼν οἱ ἱερεῖς σαλπιοῦσι ταῖς σάλπιγξι, καὶ ἔσται ὑμῖν νόμιμον αἰώνιον εἰς τὰς γενεὰς ὑμῶν.
9သင်တို့သည် ကိုယ် ပြည် ၌ နေသောအခါ၊ တိုက် လာသောရန်သူ တို့ကို စစ် ချီ လျှင် ၊ နှိုးဆော် သံနှင့် တံပိုး မှုတ်ရမည်။ ထိုအခါ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် သင်တို့ကို အောက်မေ့ ၍ ၊ ရန်သူ လက်မှ ကယ်တင် တော်မူမည်။
9ἐὰν δὲ ἐξέλθητε εἰς πόλεμον ἐν τῇ γῇ ὑμῶν πρὸς τοὺς ὑπεναντίους τοὺς ἀνθεστηκότας ὑμῖν, καὶ σημανεῖτε ταῖς σάλπιγξι καὶ ἀναμνησθήσεσθε ἔναντι Κυρίου καὶ διασωθήσεσθε ἀπὸ τῶν ἐχθρῶν ὑμῶν.
10သင် တို့သည် ရွှင်လန်း ခြင်းကို ပြုသောနေ့ ၊ ပွဲသဘင် နေ့၊ လဆန်း နေ့တို့၌ ၊ သင် တို့ဘုရားသခင် အောက်မေ့ တော်မူဘို့ရာ၊ သင် တို့မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ် ပူဇော်သက္ကာ များအပေါ် မှာ တံပိုး မှုတ် ရကြမည်။ ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
10καὶ ἐν ταῖς ἡμέραις τῆς εὐφροσύνης ὑμῶν καὶ ἐν ταῖς ἑορταῖς ὑμῶν καὶ ἐν ταῖς νουμηνίαις ὑμῶν σαλπιεῖτε ταῖς σάλπιγξιν ἐπὶ τοῖς ὁλοκαυτώμασι καὶ ἐπὶ ταῖς θυσίαις τῶν σωτηρίων ὑμῶν, καὶ ἔσται ὑμῖν ἀνάμνησις ἔναντι τοῦ Θεοῦ ὑμῶν· ἐγὼ Κύριος ὁ Θεὸς ὑμῶν.
11ဒုတိယ နှစ် ၊ ဒုတိယ လ အရက်နှစ်ဆယ် မြောက် သော နေ့ရက်၌၊ မိုဃ်းတိမ် သည် သက်သေခံ ချက်တဲ တော် မှ ကွာ မြောက်သည်ဖြစ်၍၊
11Καὶ ἐγένετο ἐν τῷ ἐνιαυτῷ τῷ δευτέρῳ ἐν τῷ μηνὶ τῷ δευτέρῳ εἰκάδι τοῦ μηνὸς ἀνέβη ἡ νεφέλη ἀπὸ τῆς σκηνῆς τοῦ μαρτυρίου,
12ဣသရေလ အမျိုးသား တို့သည် သိနာ တောင် မှ ခရီးသွား ကြ၏။ နောက် တဖန် မိုဃ်းတိမ် သည် ပါရန် တော ၌ တည် နေ၏။
12καὶ ἐξῇραν οἱ υἱοὶ Ἰσραὴλ σὺν ἀπαρτίαις αὐτῶν ἐν τῇ ἐρήμῳ Σινά, καὶ ἔστη ἡ νεφέλη ἐν τῇ ἐρήμῳ τοῦ Φαράν.
13ထိုသို့ ထာဝရဘုရား သည် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ပဌမ ခရီး သွားခြင်းကို ပြုကြ၏။
13καὶ ἐξῇραν πρῶτοι διὰ φωνῆς Κυρίου ἐν χειρὶ Μωυσῆ.
14ယုဒ တပ် အစဉ်အတိုင်းအလုံးအရင်း တို့သည်၊ အလံ နှင့်တကွရှေ့ဦးစွာ ချီ သွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ် သား နာရှုန် အုပ်ရ၏။
14καὶ ἐξῇραν τάγμα παρεμβολῆς υἱῶν Ἰούδα πρῶτοι σὺν δυνάμει αὐτῶν· καὶ ἐπὶ τῆς δυνάμεως αὐτῶν Ναασσὼν υἱὸς Ἀμιναδάβ,
15ဣသခါ တပ် ကို၊ ဇုအာ သား နာသနေလ အုပ်၏။
15καὶ ἐπὶ τῆς δυνάμεως φυλῆς υἱῶν Ἰσσάχαρ Ναθαναὴλ υἱὸς Σωγάρ,
16ဇာဗုလုန် တပ် ကို၊ ဟေလုန် သား ဧလျာဘ အုပ်ရ၏။
16καὶ ἐπὶ τῆς δυνάμεως φυλῆς υἱῶν Ζαβουλὼν Ἐλιὰβ υἱὸς Χαιλών.
17တဲ တော်ကိုဖြုတ် ချ၍ ဂေရရှုန် သား ၊ မေရာရိ သား တို့သည် တဲ တော်ကို ထမ်း လျက်ချီ သွားကြ၏။
17καὶ καθελοῦσι τὴν σκηνὴν καὶ ἐξαροῦσιν οἱ υἱοὶ Γεδσὼν καὶ οἱ υἱοὶ Μεραρί, οἱ αἴροντες τὴν σκηνήν.
18ရုဗင် တပ် အစဉ်အတိုင်း အလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ၏။ ရုဗင် တပ် ကို ရှေဒုရ သား ဧလိဇုရ အုပ်ရ၏။
18καὶ ἐξῇραν τάγμα παρεμβολῆς Ρουβὴν σὺν δυνάμει αὐτῶν· καὶ ἐπὶ τῆς δυνάμεως αὐτῶν Ἐλισοὺρ υἱὸς Σεδιούρ,
19ရှိမောင် တပ် ကို ဇုရိရှဒ္ဒဲ သား ရှေလုမျေလ အုပ် ရ၏။
19καὶ ἐπὶ τῆς δυνάμεως φυλῆς Συμεών, Σαλαμιὴλ υἱὸς Σουρισαδαί,
20ဂဒ် တပ် ကို ဒွေလ သား ဧလျာသပ် အုပ်ရ၏။
20καὶ ἐπὶ τῆς δυνάμεως φυλῆς υἱῶν Γὰδ Ἐλισὰφ ὁ τοῦ Ραγουήλ.
21ကောဟတ် သားတို့သည် သန့်ရှင်း ရာဌာန တန်ဆာတို့ကို ထမ်း လျက် ချီ သွားကြ၏။ သူ တို့မ ရောက် မှီ အရင်သွားသောသူတို့ သည် တဲ တော်ကို ထူထောင် ရကြ၏။
21καὶ ἐξαροῦσιν υἱοὶ Καὰθ αἴροντες τὰ ἅγια καὶ στήσουσι τὴν σκηνήν, ἕως παραγένωνται.
22ဧဖရိမ် တပ် အစဉ်အတိုင်းအလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ၏။ ဧဖရိမ် တပ် ကို အမိဟုဒ် သား ဧလိရှမာ အုပ်ရ၏။
22καὶ ἐξαροῦσι τάγμα παρεμβολῆς Ἐφραΐμ σὺν δυνάμει αὐτῶν· καὶ ἐπὶ τῆς δυνάμεως αὐτῶν Ἐλισαμὰ υἱὸς Σεμιούδ,
23မနာရှေ တပ် ကို ပေဒါဇုရ သား ဂါမလျေလ အုပ်ရ၏။
23καὶ ἐπὶ τῆς δυνάμεως φυλῆς υἱῶν Μανασσῆ Γαμαλιὴλ ὁ τοῦ Φαδασσούρ,
24ဗင်္ယာမိန် တပ် ကို ဂိဒေါနိ သား အဘိဒန် အုပ် ရ၏။
24καὶ ἐπὶ τῆς δυνάμεως φυλῆς υἱῶν Βενιαμὶν Ἀβιδὰν ὁ τοῦ Γαδεωνί.
25နောက်ဆုံးတပ်တည်းဟူသောဒန် တပ် အစဉ်အတိုင်း အလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ ၏။ ဒန်တပ်ကို အမိရှဒ္ဒဲ သား အဟေဇာ အုပ်ရ၏။
25καὶ ἐξαροῦσι τάγμα παρεμβολῆς υἱῶν Δάν, ἔσχατοι πασῶν τῶν παρεμβολῶν, σὺν δυνάμει αὐτῶν· καὶ ἐπὶ τῆς δυνάμεως αὐτῶν Ἀχιέζερ ὁ τοῦ Ἀμισαδαΐ,
26အာရှာ တပ်ကို ဩကရန် သား ပါဂျေလ အုပ်ရ၏။
26καὶ ἐπὶ τῆς δυνάμεως φυλῆς υἱῶν Ἀσὴρ Φαγεὴλ υἱὸς Ἐχράν,
27နဿလိ တပ် ကိုဧနန် သား အဟိရ အုပ်ရ၏။
27καὶ ἐπὶ τῆς δυνάμεως φυλῆς υἱῶν Νεφθαλὶ Ἀχιρὲ υἱὸς Αἰνάν.
28ထိုသို့ ဣသရေလ အမျိုးသား တို့သည်ချီသွားသောအခါ၊ တပ် များအစဉ်အတိုင်း ချီ ၍ ခရီးသွား ကြ၏။
28αὗται αἱ στρατιαὶ υἱῶν Ἰσραήλ, καὶ ἐξῇραν σὺν δυνάμει αὐτῶν.
29မောရှေ ကလည်း ၊ ထာဝရဘုရား ၏ ဂတိတော် အတိုင်း ငါတို့အားပေး တော်မူမည်အရပ် သို့ ငါ တို့ သည် ယခုခရီးသွား ကြ၏။ ငါ တို့နှင်အတူ လိုက်၍လာ ပါ။ ငါတို့သည် ကျေးဇူး ပြုပါမည်။ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့၌ ကျေးဇူး ပြုတော်မူမည် ဂတိ ရှိပါ၏ဟု မိမိယောက္ခမ မိဒျန် အမျိုး၊ ရွေလ သား ဟောဗပ် အား ဆို လျှင်၊
29Καὶ εἶπε Μωυσῆς τῷ Ὀβὰβ υἱῷ Ραγουὴλ τῷ Μαδιανίτῃ τῷ γαμβρῷ Μωυσῆ· ἐξαίρομεν ἡμεῖς εἰς τὸν τόπον ὃν εἶπε Κύριος, τοῦτον δώσω ὑμῖν· δεῦρο μεθ' ἡμῶν, καὶ εὖ σε ποιήσομεν, ὅτι Κύριος ἐλάλησε καλὰ περὶ Ἰσραήλ.
30ဟောဗပ်ကငါမ လိုက် မသွားပါ၊ ငါ့ နေရင်းပြည် ၊ ငါ့ အဆွေအမျိုး ရှိရာသို့ ပြန်သွား ပါမည်ဟု မောရှေ အား ဆို ၏။
30καὶ εἶπε πρὸς αὐτόν· οὐ πορεύσομαι, ἀλλὰ εἰς τὴν γῆν μου καὶ εἰς τὴν γενεάν μου.
31မောရှေကလည်း၊ ငါ တို့ကို စွန့်ပစ် ၍ မ သွားပါ နှင့်။ သင်သိ သည်အတိုင်း ငါ တို့သည်တော ၌ စားခန်းချ ရမည်။ သင်သည် ငါ တို့မျက်စိ ဖြစ် ရပါ၏။
31καὶ εἶπε· μὴ ἐγκαταλίπῃς ἡμᾶς, οὗ ἕνεκεν ἦσθα μεθ' ἡμῶν ἐν τῇ ἐρήμῳ, καὶ ἔσῃ ἐν ἡμῖν πρεσβύτης·
32ငါ တို့နှင့်အတူ လိုက် လျှင် ထာဝရဘုရား ပြု တော်မူ သောကျေးဇူး တော်ကို ငါ တို့သည် ခံရသည်အတိုင်း၊ သင် ၌ ကျေးဇူး ပြုပါမည်ဟု ဆို လေ၏။
32καὶ ἔσται ἐὰν πορευθῇς μεθ' ἡμῶν, καὶ ἔσται τὰ ἀγαθὰ ἐκεῖνα, ὅσα ἂν ἀγαθοποιήσῃ Κύριος ἡμᾶς, καὶ εὖ σε ποιήσομεν.
33ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ၏ တောင် တော်မှ ထွက် ၍၊ သုံး ရက် ကွာသော ခရီး ကို သွားကြ ၏။ ထိုသုံး ရက် ကွာသော ခရီး ကိုသွားကြစဉ်၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ သည် သူ တို့အဘို့ စားခန်းချ ရာအရပ်ကို ရှာ ၍ သူ တို့ရှေ့ ကသွား လေ၏။
33Καὶ ἐξῇραν ἐκ τοῦ ὄρους Κυρίου ὁδὸν τριῶν ἡμερῶν, καὶ ἡ κιβωτὸς τῆς διαθήκης Κυρίου προεπορεύετο προτέρα αὐτῶν ὁδὸν τριῶν ἡμερῶν κατασκέψασθαι αὐτοῖς ἀνάπαυσιν.
34သူတို့သည် နေ့ အချိန်၌ တပ် ချီ ၍ သွားသောအခါ ၊ ထာဝရဘုရား ၏ မိုဃ်းတိမ် သည် သူ တို့အပေါ် မှာ ရှိလေ၏။
34καὶ ἐγένετο ἐν τῷ ἐξαίρειν τὴν κιβωτὸν καὶ εἶπε Μωυσῆς· ἐξεγέρθητι, Κύριε, καὶ διασκορπισθήτωσαν οἱ ἐχθροί σου, φυγέτωσαν πάντες οἱ μισοῦντές σε.
35သေတ္တာ တော်သွား သောအခါ ၊ မောရှေ က၊ အိုထာဝရဘုရား ၊ ထ တော်မူပါ၊ ကိုယ်တော် ၏ ရန်သူ တို့ သည် လွင့် ကြပါစေသော။ ကိုယ်တော် ကို မုန်း သောသူတို့ သည် ရှေ့ တော်မှ ပြေး ကြပါစေသောဟူ၍၎င်း၊
35καὶ ἐν τῇ καταπαύσει εἶπεν· ἐπίστρεφε, Κύριε, χιλιάδας μυριάδας ἐν τῷ Ἰσραήλ.
36သေတ္တာတော်မသွားဘဲ ရပ် နေသောအခါ ၊ အိုထာဝရဘုရား၊ ဣသရေလ အမျိုးသားအထောင် ၊ အသောင်းရှိရာသို့ ပြန်လာ တော်မူပါဟူ၍၎င်း လျှောက်ဆို လေ့ရှိ၏။
36καὶ ἡ νεφέλη ἐγένετο σκιάζουσα ἐπ' αὐτοῖς ἡμέρας ἐν τῷ ἐξαίρειν αὐτοὺς ἐκ τῆς παρεμβολῆς.
Tip: use the ← and → keys to turn chapters.