ရှင်မာကု

Old Testament

Chapter 10

ရှင်မာကု

Judson Burmese Bible (18…

Read in

Smith–Van Dyck Arabic Bible (فان دايك)Brezhoneg (Breton Gospels, 1827)Judson Burmese Bible (1840)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Meriam Mir GospelsOld Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Compare

Compare with

Smith–Van Dyck Arabic Bible (فان دايك)Brezhoneg (Breton Gospels, 1827)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Meriam Mir GospelsOld Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Aa
Text size
Line width
Verse numbers

ရှင်မာကု 10

1ထို အရပ်မှ ကိုယ်တော်သည်ထ ၍ ယော်ဒန် မြစ်တစ်ဘက် ကို ရှောက်သွားသဖြင့် ယုဒ ပြည် စွန်းသို့ ရောက် တော်မူ၏။ လူ များတို့သည် အထံ တော်၌ စုဝေး ပြန် ၍၊ ထုံးစံ ရှိတော်မူသည်အတိုင်း တစ်ဖန် ဆုံးမ ဩဝါဒပေးတော်မူ၏။

2ဖာရိရှဲ တို့သည် အထံတော်သို့လာ ၍ ၊ လူ သည် မိမိမယား နှင့်ကွာ အပ် သလောဟု စုံစမ်း နှောင့်ရှက်ခြင်းငှာမေးလျှောက် ကြသော်၊

3ယေရှုက၊ မောရှေ သည်သင် တို့အား အဘယ်သို့ စီရင် သနည်း ဟုလှန် ၍ မေး တော်မူလျှင်၊

4သူ တို့က၊ ဖြတ်စာ ကို ပေး ၍ မယားနှင့် ကွာ စေခြင်းငှာမောရှေ စီရင် ပါသည်ဟု လျှောက် ကြ၏။

5ယေရှု ကလည်း ၊ သင် တို့စိတ် နှလုံး ခိုင်မာသောကြောင့် မောရှေသည် ထို ပညတ် ကို ရေး ထားသတည်း။”

6ဘုရားသခင်ဖန်ဆင်း တော်မူစက ယောက်ျား နှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်း တော်မူ၏။”

7ထို အကြောင်း ကြောင့်ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ၍ ကိုယ် ခင်ပွန်း ၌ မှီဝဲ သဖြင့် ၊”

8ထိုသူနှစ် ယောက်တို့သည် တသား တကိုယ်တည်းဖြစ် ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ် ဦးမ ဟုတ် တစ်ဦးတည်း ဖြစ်၏။”

9ဘုရားသခင် တွဲဘက် ၍ ထမ်းဘိုးတင်တော်မူသောအရာ ကို လူ မ ခွဲ မခွာစေနှင့်” ဟု မိန့် တော်မူ၏။

10နောက်တစ်ဖန် တပည့် တော်တို့သည် အိမ် ၌ ရှိစဉ်၊ ထို အကြောင်း ကို မေးလျှောက် ပြန်ကြ၏။

11ကိုယ်တော်ကလည်း၊ အကြင်သူ သည် မယား နှင့်ကွာ ၍ အခြား သောမိန်းမနှင့် စုံဘက် ခြင်းကိုပြု၏။ ထို သူသည် မိမိမယားကို ပြစ်မှား ၏။”

12မိန်းမ သည်လည်း မိမိ လင် နှင့်ကွာ ၍ အခြား သောယောက်ျားနှင့်စုံဘက် ခြင်းကိုပြုလျှင် မှားယွင်း ခြင်းသို့ ရောက်သည်” ဟု မိန့် တော်မူ၏။

13ထိုအခါ သူငယ် တို့ကို လက်တော်နှင့် တို့ စေခြင်းငှာ အထံ တော်သို့ ဆောင်ခဲ့ သည်ဖြစ်၍၊ တပည့် တော်တို့သည် ဆောင်ခဲ့သောသူ တို့ကို အပြစ်တင် ကြ၏။

14ယေရှု သည်မြင် တော်မူလျှင် အမျက် တော်ထွက်၍ ၊ ထို သူငယ် တို့ကို ငါ့ ထံသို့ လာ ပါစေလေ။ မ ဆီးတား ကြနှင့်။ ဘုရားသခင် ၏နိုင်ငံ တော်သည် ထိုသို့သော သူတို့၏ နိုင်ငံဖြစ် ၏။”

15ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ဘုရားသခင် ၏နိုင်ငံ တော်ကို သူငယ် ကဲ့သို့ မ ခံယူ ၊ ထိုသူသည် နိုင်ငံ တော်သို့ မ ဝင် ရ ဟု မိန့် တော်မူပြီးမှ၊

16သူငယ် တို့ကို ချီပိုက် ၍ သူ တို့အပေါ်မှာ လက် တော်ကိုတင် လျက် ကောင်းကြီး ပေးတော်မူ၏။

17လမ်း မှာ ကြွ တော်မူစဉ်တွင်လူတယောက် သည် အထံ တော်သို့ပြေး ၍ ဒူးထောက် လျက် ၊ ကောင်းမြတ် သောဆရာ ၊ ထာဝရ အသက် ကို အမွေ ခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ် အမှုကိုပြု ရပါမည်နည်းဟု မေးလျှောက် သော်၊.

18ယေရှု က၊ ငါ့ ကိုကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင် တစ်ပါးတည်း သာ ကောင်းမြတ် တော်မူ၏။”

19“သင်သည် ပညတ် တော်တို့ကို သိ သည်မဟုတ်လော။ သူ့ မယားကိုမ ပြစ်မှားနှင့်။ လူအသက်ကို မ သတ် နှင့်။ သူဥစ္စာကိုမ ခိုး နှင့်။ မမှန် သောသက်သေကိုမ ခံနှင့်။ သူ့ဥစ္စာကို မတရား သဖြင့်မ သိမ်းနှင့်။ မိဘ ကို ရိုသေ စွာ ပြုလော့” ဟု မိန့် တော်မူလျှင် ၊

20အရှင် ဘုရား၊ ထို ပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည် ငယ် သောအရွယ်မှစ၍ စောင့်ရှောက် ပါပြီဟု လျှောက် ပြန်လျှင် ၊

21ယေရှု သည်၊ ထိုသူ ကိုကြည့်ရှု လျက် ချစ် သောစိတ်ရှိ၍ ၊ သင် သည်တခု လို သေး၏။ သွား လော့။ ကိုယ် ဥစ္စာ ရှိသမျှ ကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်၊ ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကို ရ လိမ့်မည်။ သို့ပြီးမှလာ ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။

22ထိုသူ သည် များစွာ သောဥစ္စာ ကိုရ တတ်သောသူဖြစ် ၍၊ ထို စကား ကိုကြားလျှင် မျက်နှာပျက် ၍ စိတ်မသာ သည်နှင့်သွား လေ၏။

23ယေရှု ကလည်း ၊ ဥစ္စာ ရ တတ်သောသူ သည်ဘုရားသခင် ၏နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏” ဟု ပတ်လည်သို့ကြည့်ရှု ၍ တပည့် တော်တို့အား မိန့် တော်မူ၏။

24တပည့် တော်တို့သည် ထို စကား ကိုကြားလျှင် ၊ မိန်းမော တွေဝေခြင်းရှိကြ၏။ တစ်ဖန် ယေရှု က၊ ငါသား တို့၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏။”

25ကုလားအုပ် သည် အပ် နဖား ကိုလျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင် ခဲသည်” ဟု မိန့် တော်မူ၏။

26ထိုသူ တို့သည် သာ၍ မိန်းမော တွေဝေခြင်းရှိ၍ ၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု အချင်းချင်း ပြောဆို ကြ၏။

27ယေရှု ကလည်း၊ သူ တို့ကိုကြည့်ရှု ၍၊ ဤအမှုကို လူ မ တတ်နိုင်သော်လည်း ၊ ဘုရားသခင် မတတ်နိုင်သည်မ ဟုတ်။ ဘုရားသခင် သည် ခပ်သိမ်း သောအမှုတို့ကို တတ်နိုင် တော်မူသည် ဟု မိန့် တော်မူ၏။

28ထိုအခါ၊ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှ ကိုစွန့်ပစ် ၍ ကိုယ်တော် နောက် သို့ လိုက်ကြပါပြီဟုလျှောက် လေသော်၊

29ယေရှု က၊ ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ငါ့ ကြောင့် ၎င်း ၊ ဧဝံဂေလိ တရားကြောင့် ၎င်း၊ အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သား မယားတည်းဟူသောတပါးပါးကိုစွန့် ၏။”

30ထိုသူသည် အဆတရာ သော အကျိုးတည်းဟူသောယခု ကာလ ၌ ညှဉ်းဆဲ ခြင်းနှင့်တကွ အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ အမိ ၊ သားသမီး တို့ကို၎င်း၊ နောင် ဘဝ ၌ ထာဝရ အသက် ကို၎င်း ခံရ လတံ့။”

31နောက်ကျ သောသူအများ တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျကြသောသူ အများတို့သည် နောက်ကျ ကြလိမ့်မည်” ဟု မိန့် တော်မူ၏။

32ယေရုရှလင် မြို့သို့ တက်သွား ကြရာ၊ လမ်း မှာ ယေရှု သည်တပည့် တော်တို့ရှေ့ ၌ ကြွတော်မူစဉ် ၊ သူတို့ သည် မိန်းမော တွေဝေ၍ ကြောက်ရွံ့ သောစိတ်နှင့် လိုက် ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ် နှစ်ပါးတို့ကို တစ်ဖန် ခေါ် ၍၊ ငါတို့သည်ယေရုရှလင် မြို့သို့ ယခုသွား ကြ၏။”

33လူ သား သည် ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက်သို့ ရောက် လိမ့်မည်။ ထိုသူတို့သည် သေ ပြစ်ကို စီရင် ၍ တပါး အမျိုးသားတို့လက်သို့ အပ်နှံ ကြလိမ့်မည်။”

34သူ တို့သည်လည်း လူသားအားပြက်ရယ်ပြု ခြင်း၊ ရိုက်ပုတ် ခြင်း၊ တံတွေး နှင့်ထွေးခြင်း၊ အသေ သတ်ခြင်းကို ပြုကြလိမ့်မည်။ သုံး ရက်မြောက် သောနေ့ ၌ ထမြောက် လိမ့်မည်” ဟူ၍မိမိ ကိုယ်၌ရောက် လတံ့သော အမှုအရာ တို့ကို တပည့် တော်တို့အား မိန့် တော်မူ၏။

35ထိုအခါ ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် သည် အထံ တော်သို့ ချဉ်းကပ် ၍၊ အရှင် ဘုရား၊ အကျွန်ုပ် တို့တောင်းသော ဆု ကျေးဇူးကို ပြု တော်မူစေချင် ပါသည်ဟု လျှောက် လေ၏။

36ကိုယ်တော်က၊ ငါသည်သင် တို့ကို အဘယ်သို့ ပြု စေချင် သနည်း” ဟု မေး တော်မူသော် ၊

37ကိုယ်တော် သည် ဘုန်းပွင့် တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ျာ ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက်ထိုင် ရသောအခွင့်ကို ပေး တော်မူပါဟု လျှောက် ကြ၏။

38ယေရှု ကလည်း၊ သင်တို့သည် အဘယ်သို့ တောင်းပန် သည်ကို သင်တို့မ သိ ကြ။ ငါ သောက် သောခွက် ကို သောက် ခြင်းငှာ၎င်း၊ ငါ ခံ သောဗတ္တိဇံ ကိုခံ ခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်း နိုင်သလော ဟု မေး တော်မူလျှင်၊

39အကျွန်ုပ်တို့သည် တတ်စွမ်း နိုင်ပါ၏ဟု လျှောက် ကြသော် ၊ ယေရှု က၊ ငါ သောက် သောခွက် ကို သင်တို့ သည် သောက် ရကြလိမ့်မည်။ ငါ ခံ သောဗတ္တိဇံ ကိုလည်း သင်တို့သည်ခံရ ကြလိမ့်မည်။”

40သို့သော်လည်း ငါ လက်ျာ ဘက်လက်ဝဲ ဘက်မှာ ထိုင် ရသောအခွင့်ကိုကားအကြင်သူ တို့အဘို့အလိုငှာ ပြင်ဆင် ၏၊ ထိုသူတို့အားသာ ငါ ပေး ပိုင်သည်” ဟု မိန့် တော်မူ၏။

41အခြားသော တပည့်တော်တစ်ကျိပ် တို့သည်ကြားသိ လျှင် ၊ ယာကုပ် နှင့် ယောဟန် တို့ကို အမျက်ထွက် ကြ ၏။

42ယေရှု သည် ထိုသူ တို့ကိုခေါ် တော်မူ၍ ၊ သင်တို့သိ သည်အတိုင်း လောကီ မင်း တို့သည် အစိုးတရ ပြုတတ် ကြ၏။ အကဲအမှူး တို့သည် အာဏာ ထားတတ်ကြ၏။”

43သင် တို့မူကား ၊ ထိုသို့ မ ပြု ကြနှင့်။ သင် တို့တွင် အကဲအမှူး ပြု လို သောသူ သည် သင် တို့အစေခံ ဖြစ် ရမည်။”

44သင် တို့တွင် အထွဋ်အမြတ် လုပ် ချင် သောသူ သည်လည်း အလုံးစုံ တို့၏စေခိုင်းရာ ကျွန် ဖြစ် ရမည်။”

45အကြောင်းမူကား ၊ လူ သား သည် သူတစ်ပါးကို စေစား ခြင်းငှာမ လာ ၊ သူတစ်ပါးအစေ ကို ခံခြင်းငှာ၎င်း၊ မိမိ အသက် ကိုစွန့် ၍ လူများ ကိုရွေး ခြင်းငှာ ၎င်း၊ ကြွလာသတည်း” ဟု မိန့် တော်မူ၏။

46ယေရိခို မြို့သို့ ရောက် ကြလျှင် ၊ တပည့် တော်တို့မှစ၍ များစွာ သောလူ အပေါင်းတို့နှင့်တကွ ထိုမြို့ မှ ထွက်ကြွ တော်မူစဉ်တွင်၊ တိမဲ ၏သား ဗာတိမဲ အမည်ရှိသော လူကန်း သည် လမ်း နား မှာထိုင် ၍ တောင်းစား လေ ၏။

47နာဇရက် မြို့သားယေရှု ရှိ ကြောင်း ကို ကြား ရလျှင် ၊ ဒါဝိဒ် ၏သား တော်ယေရှု ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါဟုဟစ်ကြော် လေ၏။

48ထိုသူ ကို တိတ်ဆိတ် စွာနေစေခြင်းငှာ လူအများ တို့သည် ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သား တော်၊ အကျွန်ုပ် ကိုကယ်မ သနားတော်မူပါဟု သာ၍ ဟစ်ကြော် လေသော်၊

49ယေရှု သည် ရပ် တော်မူလျက် ၊ ထိုသူ ကိုခေါ် ခဲ့ ဟု အမိန့် တော်ရှိ၏။ သူတစ်ပါးတို့သည် လူကန်း ကိုခေါ် ၍ မ စိုးရိမ်နှင့်၊ ထ လော့။ သင့် ကို ခေါ် တော်မူသည်ဟုဆို ကြ၏။

50ထိုသူသည် မိမိ အဝတ် ကို ခြုံ ပြီးလျှင် ၊ ထ ၍ ယေရှု ထံတော်သို့ သွား ၏။

51ယေရှု ကလည်း ၊ သင် ၌ အဘယ်သို့ ပြု စေလို သနည်း ဟု မေး တော်မူလျှင်၊

52အရှင် ဘုရား အကျွန်ုပ်မျက်စိကိုမြင် စေခြင်းငှာ ပြုတော်မူပါဟု လူကန်း လျှောက် လေသော် ၊ ယေရှု က၊ သွား လော့။ သင် ၏ယုံကြည် ခြင်းသည် သင့် ကိုကယ်မ ပြီ ဟုမိန့် တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူသည် မျက်စိမြင် ၍ လမ်း ၌ နောက် တော်သို့လိုက်လေ၏။

Tip: use the ← and → keys to turn chapters.