ရှင်လုကာ 19
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1ယေရှုသည် ယေရိခေါ မြို့သို့ ဝင် ၍ ရှောက်သွား တော်မူ၏။
1Потом Иисус вошел в Иерихон и проходил через него.
2ထိုအခါ ဇက္ခဲ အမည် ရှိ သော အခွန် ခေါင်းတစ်ယောက်ရှိ ၏။ ထိုသူ သည် ငွေရတတ် သောသူ ဖြစ် ၏။
2И вот, некто, именем Закхей, начальник мытарей и человек богатый,
3ယေရှု သည် အဘယ်သို့ သောသူဖြစ် သည်ကို ထိုသူ သည် ကြည့် လို၍ ၊ လူအစုအဝေးများ သောကြောင့် ၊ မိမိ အရပ် လည်း နိမ့် သည်ဖြစ် ၍ မ မြင် နိုင် ။
3искал видеть Иисуса, кто Он, но не мог за народом, потому что мал был ростом,
4ထို့ကြောင့် ကြွ တော်မူမည့်လမ်းတွင် ရှေ့ သို့ ပြေး ၍ ကိုယ်တော် ကို မြင် အံ့သောငှာ သဖန်းပင် တပင်ကို တက် လေ၏။
4и, забежав вперед, взлез на смоковницу, чтобы увидеть Его, потому что Ему надлежало проходить мимо нее.
5ထိုအရပ် သို့ ယေရှု သည် ရောက် တော်မူသောအခါ မျှော်ကြည့် ၍ ထိုသူ ကို မြင်တော်မူလျှင်၊
5Иисус, когда пришел на это место, взглянув, увидел его и сказал ему: Закхей! сойди скорее, ибо сегодня надобно Мне быть у тебя в доме.
6ဇက္ခဲ ၊ မြန်မြန် ဆင်း လော့။ သင် ၏အိမ် ၌ ယနေ့ ငါ တည်း နေမည် ဟု မိန့် တော်မူ၏။ ဇက္ခဲသည် အလျင်အမြန် ဆင်း ၍ ဝမ်းမြောက် သောစိတ်နှင့် ကိုယ်တော် ကို မိမိအိမ်၌ ဧည့်ခံ လေ၏။
6И он поспешно сошел и принял Его с радостью.
7ထိုအကြောင်း ကိုလူအပေါင်း တို့သည်မြင် လျှင် ၊ ဆိုး သောလူ ၏ အိမ်သို့ဝင် ၍ လုပ်ကျွေးခြင်းကို ခံ တော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင် ကြ၏။
7И все, видя то, начали роптать, и говорили, что Он зашел к грешному человеку;
8ဇက္ခဲ သည်လည်းရပ် နေ၍ ၊ သခင် ၊ အကျွန်ုပ် ၏ ဥစ္စာ တစ်ဝက် ကို ဆင်းရဲ သောသူ တို့အား ပေး ပါ၏။ တစ်စုံတစ်ယောက် သောသူ၏ဥစ္စာအနည်းငယ် ကို အကျွန်ုပ်ယူ မိလျှင် ၊ လေး ဆပြန် ၍ ပေးပါ၏ဟု သခင် ဘုရားကို လျှောက်ဆို ၏။
8Закхей же, став, сказал Господу: Господи! половину имения моего я отдам нищим, и, если кого чем обидел, воздам вчетверо.
9ယေရှု ကလည်း ၊ ဤသူ သည် အာဗြဟံ ၏သား ဖြစ် သည်နှင့် အလျောက်၊ ယနေ့ ပင် ကယ်တင် တော်မူခြင်း ကျေးဇူးသည် ဤ အိမ် အပေါ်မှာသက်ရောက် လေ၏။
9Иисус сказал ему: ныне пришло спасение дому сему, потому что и он сын Авраама,
10လူ သား သည် ပျောက် သောသူ တို့ကိုရှာ ၍ ကယ်တင် အံ့သောငှာကြွလာ သတည်း ဟု ဇက္ခဲ ကို မိန့် တော်မူ၏။
10ибо Сын Человеческий пришел взыскать и спасти погибшее.
11ထိုအခါယေရုရှလင် မြို့အနီး သို့ ရောက် တော်မူ၍၊ ဘုရားသခင် ၏နိုင်ငံ တော်သည် ချက်ခြင်း ပေါ်ထွန်း မည်ဟု လူများထင်မှတ် သောကြောင့် ၊ ပရိသတ် အလယ် ၌ မိန့် တော်မူသော ဥပမာ ကား ၊
11Когда же они слушали это, присовокупил притчу: ибо Он был близ Иерусалима, и они думали, что скоро должно открыться Царствие Божие.
12အမတ် တစ် ယောက်သည် မင်းကြီး အရာကို ခံ လို၍ မိမိ ပြည် သို့ ပြန်လာ မည်ဟု အကြံရှိလျက် ဝေး သော ပြည် သို့ သွား ၏။
12Итак сказал: некоторый человек высокого рода отправлялся в дальнюю страну, чтобы получить себе царство и возвратиться;
13မသွားမှီ မိမိ ငယ်သား တစ်ကျိပ် ကိုခေါ် ၍၊ ငွေတစ် ပိဿာ စီအပ်ပေး လျက် ငါပြန် ၍ မ လာမှီတိုင်အောင်ကုန်သွယ်ခြင်းအမှုကိုပြုကြလော့ဟု မှာထား လေ၏။
13призвав же десять рабов своих, дал им десять мин и сказал им: употребляйте их в оборот, пока я возвращусь.
14ပြည်သား အချို့သည် ထိုအမတ် ကို မနာလို ၍ ၊ ထိုသူ ၏ အအုပ်အချုပ် ကို ငါ တို့မ ခံလို ပါဟု တမန် ကို သူ့ နောက် သို့ စေလွှတ် ကြ၏။
14Но граждане ненавидели его и отправили вслед за ним посольство, сказав: не хотим, чтобы он царствовал над нами.
15ထိုအမတ် သည် မင်းကြီး အရာ ကိုခံ ၍ ပြန်လာ တော်မူသောအခါ၊ ငွေ ခံ သော ငယ်သား တို့သည် အသီးအသီးအဘယ်မျှလောက်အမြတ်ရ သည်ကို သိ ခြင်းငှာ သူ တို့ကိုခေါ် ချေဟု အမိန့် တော်ရှိ၏။
15И когда возвратился, получив царство, велел призвать к себе рабов тех, которым дал серебро, чтобы узнать, кто что приобрел.
16ပဌမ သူ သည် လာ ၍ ၊ သခင် ၊ ကိုယ်တော် ပေးသော ငွေတပိဿာ အားဖြင့်အခွက် တဆယ် အမြတ်ရ ပါ ပြီဟု လျှောက် လျှင်၊
16Пришел первый и сказал: господин! мина твоя принесла десять мин.
17သခင်က၊ သာဓု ၊ ငယ်သား ကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့် လေပြီ။ မြို့ ဆယ် မြို့ကို အုပ်စိုး လော့ဟု မိန့် တော်မူ၏။
17И сказал ему: хорошо, добрый раб! за то, что ты в малом был верен, возьми в управление десять городов.
18ဒုတိယ သူ သည် လာ ၍ ၊ သခင် ၊ ကိုယ်တော် ပေးသော ငွေတပိဿာ အားဖြင့် ငါး ပိဿာ အမြတ်ရပါပြီဟု လျှောက် လျှင်၊
18Пришел второй и сказал: господин! мина твоя принесла пять мин.
19သခင်က၊ သင် သည် မြို့ ငါး မြို့ကို အုပ်စိုး လော့ဟု မိန့် တော်မူ၏။
19Сказал и этому: и ты будь над пятью городами.
20အခြား သောသူ သည်လာ ၍ ၊ သခင် ၊ အကျွန်ုပ်သည် ပဝါ ၌ ထုပ် ထားသော ကိုယ်တော် ၏ ငွေတပိဿာ ရှိ ပါ၏။ ကိုယ်တော် သည် ခဲယဉ်း သောသူ ဖြစ် သည်နှင့်၊
20Пришел третий и сказал: господин! вот твоя мина, которую я хранил, завернув в платок,
21ကိုယ်မ သို မထားသော ဥစ္စာကိုသိမ်းယူ ၍ ၊ ကိုယ်မ စိုက် မပျိုးသော လယ်၌ရိတ် တတ်သည်ကို အကျွန်ုပ်ထောက် ၍ ကိုယ်တော်ကို ကြောက် ပါသည်ဟု လျှောက် လျှင်၊
21ибо я боялся тебя, потому что ты человек жестокий: берешь, чего не клал, и жнешь, чего не сеял.
22သခင်က၊ ဆိုးညစ် သောငယ်သား ၊ သင် ၏ စကား ကိုသာလိုက်၍ သင် ၏အမှုကို ငါစီရင် မည်။ ငါ သည် ခဲယဉ်း သောသူ ဖြစ် လျက် ကိုယ်မ သိုမထားသော ဥစ္စာကို သိမ်းယူ ၍၊ ကိုယ်မ စိုက်ပျိုး သော လယ်၌ရိတ် သည်ကို သင် သိ သည်မှန်လျှင်၊
22Господин сказал ему: твоими устами буду судить тебя, лукавый раб! ты знал, что я человек жестокий, беру, чего не клал, и жну, чего не сеял;
23ငါ့ ငွေ ကိုပွဲစား လက်သို့ အဘယ်ကြောင့် မ အပ် သနည်း။ ထိုသို့အပ်လျှင် ငါ ပြန်လာ သောအခါ ငွေရင်း နှင့် အဘိုးကို ရ နိုင်သည်ဟု မိန့် တော်မူပြီး သော်၊
23для чего же ты не отдал серебра моего в оборот, чтобы я, придя, получил его с прибылью?
24အခြွေအရံတို့အား၊ ငွေတပိဿာ ကို သူ့ လက်မှ နှုတ် ကြ။ အခွက် တဆယ် ရှိ သောသူ အားပေး ကြဟု မိန့် တော်မူ၏။
24И сказал предстоящим: возьмите у него мину и дайте имеющему десять мин.
25အခြွေအရံတို့ကလည်း၊ သခင် ၊ ထိုသူ ၌ အခွက် တဆယ် ရှိ ပါ၏ဟု လျှောက် ကြလျှင် ၊
25И сказали ему: господин! у него есть десять мин.
26ငါ ဆိုသည်ကား ၊ အကြင်သူသည်ရတတ်၏။ ထိုသူအား ပေး ဦးမည်။ အကြင်သူသည် ဆင်းရဲ ၏။ ထိုသူ၌ ရှိ သမျှကိုပင် နှုတ် လိမ့်မည်။
26Сказываю вам, что всякому имеющему дано будет, а у неимеющего отнимется и то, что имеет;
27ထိုမှတပါး ငါ ၏အအုပ်အချုပ် ကို မ ခံလို သော ငါ့ ရန်သူ တို့ကို ခေါ် ခဲ့ကြ။ ငါ့ ရှေ့ မှာ သတ် ကြဟု စီရင် တော်မူသည် ဟု မိန့်တော်မူ၏။
27врагов же моих тех, которые не хотели, чтобы я царствовал над ними, приведите сюда и избейте предо мною.
28ထိုသို့ မိန့် တော်မူပြီးမှ ၊ တပည့်တော်တို့ ရှေ့ ၌ ကြွ ၍ ယေရုရှလင် မြို့သို့ ခရီးသွား တော်မူ၏။
28Сказав это, Он пошел далее, восходя в Иерусалим.
29သံလွင် အမည် ရှိသော တောင် ခြေရင်း၌ ဗက်ဖာဂေ ရွာနှင့် ဗေသနိ ရွာအနီးသို့ ရောက်တော်မူ သောအခါ ၊ တပည့် တော်နှစ် ယောက်တို့ကို စေလွှတ် ၍၊
29И когда приблизился к Виффагии и Вифании, к горе, называемой Елеонскою, послал двух учеников Своих,
30သင်တို့ရှေ့ ၌ရှိသောရွာ သို့ သွား ကြ။ ထို ရွာသို့ ရောက် လျှင် အဘယ်သူ မျှ မစီး ဘူးသောမြည်းကလေး ချည်နှောင် လျက်ရှိသည်ကို သင်တို့သည် တွေ့ လိမ့်မည်။ မြည်းကြိုး ကိုဖြည် ၍ ဆောင်ခဲ့ ကြ။
30сказав: пойдите в противолежащее селение; войдя в него, найдете молодого осла привязанного, на которого никто из людей никогда не садился; отвязав его, приведите;
31သူတစ်ပါး က အဘယ်ကြောင့် မြည်းကြိုးကို ဖြည် သနည်းဟု သင် တို့ကိုဆို လျှင် ၊ သခင် အလို ရှိ သည်ဟု ပြန်ပြော ကြလော့ ဟု မှာထား တော်မူ၏။
31и если кто спросит вас: зачем отвязываете? скажите ему так: он надобен Господу.
32ထိုသို့ စေလွှတ် သောသူ တို့သည်သွား ၍ စကား တော်အတိုင်း တွေ့ ကြ၏။
32Посланные пошли и нашли, как Он сказал им.
33မြည်းကြိုးကို ဖြည် စဉ်တွင်မြည်း ရှင် တို့က ၊ အဘယ်ကြောင့် မြည်း ကြိုးကို ဖြည် သနည်းဟုဆို လျှင်၊
33Когда же они отвязывали молодого осла, хозяева его сказали им: зачем отвязываете осленка?
34သခင် အလို ရှိ သည်ဟု ပြန်ပြော ကြ၏။ ယေရှု ထံတော်သို့ မြည်းကလေး ကို ဆောင်ခဲ့ ၍ ၊
34Они отвечали: он надобен Господу.
35မြည်း ကျောပေါ်မှာ မိမိ တို့ အဝတ် ကို တင် ပြီးလျှင် ကိုယ်တော် ကို စီး စေကြ၏။
35И привели его к Иисусу, и, накинув одежды свои на осленка, посадили на него Иисуса.
36ခရီးသွား တော်မူစဉ် တွင် လူများတို့သည် မိမိ တို့ အဝတ် ကို လမ်း ၌ ခင်း ကြ၏။
36И, когда Он ехал, постилали одежды свои по дороге.
37သံလွင် တောင် ပေါ်က ဆင်း ရာအရပ်သို့ ရောက် တော်မူသောအခါ ၊ တပည့် တော်များ အပေါင်း တို့သည် မိမိတို့ မြင် ခဲ့ပြီးသောတန်ခိုး တော်များ ကိုထောက် ၍ ဝမ်းမြောက် သောစိတ်နှင့် ဘုရားသခင် ကို ထောမနာ ပြု၍၊
37А когда Он приблизился к спуску с горы Елеонской, все множество учеников начало в радости велегласно славить Бога за все чудеса, какие видели они,
38ထာဝရ ဘုရား၏ အခွင့် နှင့် ကြွလာ တော်မူသော ရှင်ဘုရင် သည် မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ် ဝယ် ဘုန်းကြီး ပါစေသတည်းဟု ကြွေးကြော် ကြ၏။
38говоря: благословен Царь, грядущий во имя Господне! мир на небесах и слава в вышних!
39လူအစုအဝေး ၌ ပါသော ဖာရိရှဲ အချို့ တို့က၊ အရှင် ဘုရား၊ ကိုယ်တော် ၏တပည့် တို့ကို ဆုံးမ ပါဟု လျှောက် ကြသော်၊
39И некоторые фарисеи из среды народа сказали Ему: Учитель! запрети ученикам Твоим.
40ယေရှုကလည်း၊ ငါဆို သည်ကား၊ ဤ သူတို့သည် တိတ်ဆိတ် စွာနေလျှင် ကျောက်ခဲ တို့သည် ချက်ခြင်းကြွေးကြော် ကြလိမ့်မည် ဟု မိန့် တော်မူ၏။
40Но Он сказал им в ответ: сказываю вам, что если они умолкнут, то камни возопиют.
41ယေရုရှလင်မြို့ အနီး သို့ ရောက်၍ ကြည့် မြင်လျက် ငိုကြွေး တော်မူ၍ ၊
41И когда приблизился к городу, то, смотря на него, заплакал о нем
42အချင်းမြို့၊ သင် ၏ငြိမ်သက် ခြင်းနှင့် စပ်ဆိုင်သောအရာ တို့ကို သင်၏လက်ထက် ယခု ကာလ၌ပင် သင်သည် သိ ရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင် ၏မျက်စိ ရှေ့မှာ မထင်ရှားစေခြင်းငှာဝှက်ထား လျက် ရှိ၏။
42и сказал: о, если бы и ты хотя в сей твой день узнал, что служит к миру твоему! Но это сокрыто ныне от глаз твоих,
43အကြောင်းမူကား ၊ သင့် ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင် ၏ ရန်သူ တို့သည် သင့် ပတ်လည် တွင် တပ် တည်၍ လေး မျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊
43ибо придут на тебя дни, когда враги твои обложат тебя окопами и окружат тебя, и стеснят тебя отовсюду,
44သင်၏ကိုယ် မှစ၍ သင် ၏ သားသမီး တို့ကို မြေ နှင့်တညီတည်းညှိသဖြင့် ၊ သင် ၏ကျောက် တစ်ခုပေါ်မှာ တစ်ခု မျှထပ်ဆင့်၍ မ ကျန်ရစ် စေခြင်းငှာပြုကြသောအချိန် ကာလသည် ရောက် လိမ့်မည် ဟု မိန့် တော်မူ၏။
44и разорят тебя, и побьют детей твоих в тебе, и не оставят в тебе камня на камне за то, что ты не узнал времени посещения твоего.
45ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန်တော်၌ ရောင်း ဝယ်သောသူတို့ ကို နှင်ထုတ် လျက်၊
45И, войдя в храм, начал выгонять продающих в нем и покупающих,
46ငါ့ အိမ် သည် ဆုတောင်း ရာအိမ် ဖြစ် ၏ဟု ကျမ်းစာ ၌ လာသော်လည်း၊ သင် တို့သည် ထိုအိမ် ကို ဓားပြ တွင်း ဖြစ် စေကြပြီတကား ဟု မိန့် တော်မူ၏။
46говоря им: написано: дом Мой есть дом молитвы, а вы сделали его вертепом разбойников.
47ကိုယ်တော်သည် နေ့တိုင်း ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေး တော်မူ၏။ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူ တို့တွင်အကြီးအကဲ ဖြစ်သောသူ တို့သည်ကိုယ်တော် ကို သတ် ခြင်းငှာရှာ ကြသော်လည်း ၊
47И учил каждый день в храме. Первосвященники же и книжники и старейшины народа искали погубить Его,
48လူ အပေါင်း တို့သည် ဒေသနာတော်ကို စေ့စေ့ နားထောင် သောကြောင့် သတ်နိုင်သောအခွင့် ကို မ တွေ့ မရကြ။
48и не находили, что бы сделать с Ним; потому что весь народ неотступно слушал Его.
Tip: use the ← and → keys to turn chapters.