ဝတ်ပြုရာ 7
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ဒုစရိုက် ဖြေသော ယဇ်ပူဇော်ခြင်းတရား ဟူမူကား ၊ အလွန်သန့်ရှင်း ပေ၏။
1וזאת תורת האשם קדש קדשים הוא׃
2မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၌ ဒုစရိုက် ဖြေသော ယဇ်ကောင်ကိုသတ် ၍ အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
2במקום אשר ישחטו את העלה ישחטו את האשם ואת דמו יזרק על המזבח סביב׃
3အမြီး နှင့်တကွ အအူ ကို ဖုံး သောဆီဥ၊
3ואת כל חלבו יקריב ממנו את האליה ואת החלב המכסה את הקרב׃
4ခါး အတွင်းနား ၌ ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသောအမြှေး တည်းဟူသောဆီဥ ရှိသမျှ ကိုယူ ၍ ဆက် လျှင် ၊
4ואת שתי הכלית ואת החלב אשר עליהן אשר על הכסלים ואת היתרת על הכבד על הכלית יסירנה׃
5ယဇ် ပုရောဟိတ်သည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့၍ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက် ဖြေရာယဇ် ဖြစ်သတည်း။
5והקטיר אתם הכהן המזבחה אשה ליהוה אשם הוא׃
6အသားကို ယဇ် ပုရောဟိတ်ယောက်ျား အပေါင်း တို့သည်၊ သန့်ရှင်း ရာဌာန ၌ စား ရကြမည်။ အလွန်သန့်ရှင်း ပေ၏။
6כל זכר בכהנים יאכלנו במקום קדוש יאכל קדש קדשים הוא׃
7အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်၏ တရား တပါး တည်းဖြစ်၍၊ ဒုစရိုက် အပြစ် ဖြေခြင်းကို ပြုသော ယဇ် ပုရောဟိတ်သည် ယူရမည်။
7כחטאת כאשם תורה אחת להם הכהן אשר יכפר בו לו יהיה׃
8လူ တစုံတယောက်ပြုသောမီး ရှို့ရာယဇ်ကို ပူဇော် သော ယဇ် ပုရောဟိတ်သည်၊ မိမိပူဇော် သော ယဇ် ကောင်အရေ ကိုယူရမည်။
8והכהן המקריב את עלת איש עור העלה אשר הקריב לכהן לו יהיה׃
9မီးဖို ၌ ဖုတ် သော ဘောဇဉ်ပူဇော်သက္ကာ ၊ အိုး ကင်း၊ သံပြား ပူနှင့် လုပ် သော အရာရှိသမျှ ကို ပူဇော် သော ယဇ် ပုရောဟိတ်သည် ယူရမည်။
9וכל מנחה אשר תאפה בתנור וכל נעשה במרחשת ועל מחבת לכהן המקריב אתה לו תהיה׃
10ဆီ ထည့် သည်ဖြစ်စေ ၊ မ ထည့်သည်ဖြစ်စေ၊ ဘောဇဉ်ပူဇော်သက္ကာ ရှိသမျှ ကို အာရုန် ၏ သား အပေါင်း တို့သည် အညီအမျှ ယူရကြရမည်။
10וכל מנחה בלולה בשמן וחרבה לכל בני אהרן תהיה איש כאחיו׃
11ထာဝရဘုရား အား ပြုရသော မိဿဟာယ ယဇ် ပူဇော်ခြင်းတရား ဟူမူကား ၊
11וזאת תורת זבח השלמים אשר יקריב ליהוה׃
12ကျေးဇူး တော်ဝန်ခံဘို့ ရာပူဇော် လျှင် ၊ ကျေးဇူး တော် ဝန်ခံရာယဇ်နှင့်တကွ ဆီ ရော သော တဆေး မဲ့ မုန့်ပြား ၊ ဆီ နှင့် လုပ် သော တဆေး မဲ့မုန့်ကြွပ် ၊ ဆီ ရော သော မုန့်ညက် နှင့် လုပ်၍ ကြော် သော မုန့်ပြား တို့ကို ပူဇော် ရမည်။
12אם על תודה יקריבנו והקריב על זבח התודה חלות מצות בלולת בשמן ורקיקי מצות משחים בשמן וסלת מרבכת חלת בלולת בשמן׃
13ထိုမုန့်ပြားမှတပါး၊ မိဿဟာယ ပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူး တော်ဝန်ခံရာယဇ်နှင့်တကွ ၊ တဆေး ပါသောမုန့် ကိုလည်း ပူဇော် ရမည်။
13על חלת לחם חמץ יקריב קרבנו על זבח תודת שלמיו׃
14ပူဇော် သက္ကာရှိသမျှ အထဲ က မုန့်တလုံး ကို ထာဝရဘုရား အား ချီမြှောက်သော ပူဇော် သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယ ယဇ် အသွေး ဖြန်း သောယဇ် ပုရောဟိတ် ယူ ရမည်။
14והקריב ממנו אחד מכל קרבן תרומה ליהוה לכהן הזרק את דם השלמים לו יהיה׃
15ကျေးဇူး တော်ဝန်ခံဘို့ရာပူဇော်သော မိဿဟာယ ယဇ်အသား ကို၊ ပူဇော် သောနေ့ ခြင်းတွင် စား ရမည်။ နံနက် တိုင်အောင် မ ကြွင်း စေရ။
15ובשר זבח תודת שלמיו ביום קרבנו יאכל לא יניח ממנו עד בקר׃
16သို့မဟုတ် သစ္စာ ပြု၍ ယဇ် ပူဇော် သည်ဖြစ်စေ ၊ ကိုယ် အလိုအလျောက်ပူဇော်သည်ဖြစ်စေ၊ ပူဇော် သောနေ့ ခြင်းတွင် ၊ ယဇ် အသားကို စား ၍ အကြွင်း ကိုလည်း နက်ဖြန် နေ့စား ရမည်။
16ואם נדר או נדבה זבח קרבנו ביום הקריבו את זבחו יאכל וממחרת והנותר ממנו יאכל׃
17ကြွင်း သေးသော အသား ကိုလည်း သန်ဘက် နေ့ ၌ မီး ရှို့ ရမည်။
17והנותר מבשר הזבח ביום השלישי באש ישרף׃
18မိဿဟာယ ယဇ် အသား အနည်းငယ်ကို၊ သန်ဘက် နေ့ ၌ စား မိလျှင် စိတ် တော်နှင့်မ တွေ့။ ပူဇော် သောသူ သည် အကျိုး ကိုမ ရ။ ရွံရှာ ဘွယ် ဖြစ် လိမ့်မည်။ စား သောသူ သည် ကိုယ် အပြစ် ကိုခံရ လိမ့်မည်။
18ואם האכל יאכל מבשר זבח שלמיו ביום השלישי לא ירצה המקריב אתו לא יחשב לו פגול יהיה והנפש האכלת ממנו עונה תשא׃
19မ စင်ကြယ်သောအရာနှင့် ထိမိ သော ယဇ်သား ကို မ စား ရ။ မီး ရှို့ ရမည်။ စင်ကြယ် သောသူ တို့ သာလျှင် ထိုယဇ်သား ကို စား ရကြမည်။
19והבשר אשר יגע בכל טמא לא יאכל באש ישרף והבשר כל טהור יאכל בשר׃
20ထာဝရဘုရား နှင့် ဆိုင်သော မိဿဟာယ ယဇ်သား ကို အကြင် သူသည် မ စင်ကြယ်သော အပြစ်ရှိ လျက်နှင့် စား မိ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။
20והנפש אשר תאכל בשר מזבח השלמים אשר ליהוה וטמאתו עליו ונכרתה הנפש ההוא מעמיה׃
21အကြင်သူသည်လည်း၊ လူ ၌ မ စင်ကြယ်သော အရာ၊ မ စင်ကြယ်သောသား ၊ မ စင်ကြယ်သော ပိုးရွ အစ ရှိသော မ စင်ကြယ်သောအရာ တစုံ တခုကို ထိမိ ၍ ၊ ထာဝရဘုရား နှင့် ဆိုင်သော မိဿဟာယ ယဇ်သား ကို စား ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်ဟု မိန့်တော်မူ၏။
21ונפש כי תגע בכל טמא בטמאת אדם או בבהמה טמאה או בכל שקץ טמא ואכל מבשר זבח השלמים אשר ליהוה ונכרתה הנפש ההוא מעמיה׃
22တဖန် မောရှေ အား ထာဝရဘုရား က၊
22וידבר יהוה אל משה לאמר׃
23သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် သိုး ၊ ဆိတ် ၊ နွား ဆီဥ ကို အလျှင်း မ စား ရ။
23דבר אל בני ישראל לאמר כל חלב שור וכשב ועז לא תאכלו׃
24အလိုလို သေသော တိရစ္ဆာန်ဆီဥ ၊ သားရဲ ကိုက်၍ သေသော တိရစ္ဆာန်ဆီဥ ကို အခြားသို့ သုံး ရသော်လည်း၊ အလျှင်းမ စား ရ။
24וחלב נבלה וחלב טרפה יעשה לכל מלאכה ואכל לא תאכלהו׃
25အကြင်သူသည် ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြု သော တိရစ္ဆာန် ဆီဥ ကို စား ၏။ ထိုသူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။
25כי כל אכל חלב מן הבהמה אשר יקריב ממנה אשה ליהוה ונכרתה הנפש האכלת מעמיה׃
26သင် တို့သည် နေ လေ ရာရာ၌ ငှက် သွေး၊ သား သွေးမှစ၍ အသွေး မည်မျှကို မ စား ရ။
26וכל דם לא תאכלו בכל מושבתיכם לעוף ולבהמה׃
27အကြင် သူသည် တစုံ တခုသောအသွေး ကို စား ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်ဟု မိန့်တော်မူ၏။
27כל נפש אשר תאכל כל דם ונכרתה הנפש ההוא מעמיה׃
28တဖန် မောရှေ အား ထာဝရဘုရား က၊
28וידבר יהוה אל משה לאמר׃
29သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ထာဝရဘုရား အား မိဿဟာယ ယဇ် ကို ပူဇော် သောသူသည်၊ မိမိ ပူဇော် သော ယဇ်အထဲ က၊ ထာဝရဘုရား အား ဆက် ဘို့ရာဆောင် ခဲ့ရမည်။
29דבר אל בני ישראל לאמר המקריב את זבח שלמיו ליהוה יביא את קרבנו ליהוה מזבח שלמיו׃
30ထာဝရဘုရား ရှေ့ တော်၌ ရင်ပတ် ကိုချီလွှဲ ၍၊ ချီလွှဲ သော ပူဇော်သက္ကာ ပြုစေခြင်းငှါ ၊ ရင်ပတ် နှင့် ဆီဥ တည်းဟူသောမီး ဖြင့် ထာဝရဘုရား အား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင် ခဲ့ရမည်။
30ידיו תביאינה את אשי יהוה את החלב על החזה יביאנו את החזה להניף אתו תנופה לפני יהוה׃
31ယဇ် ပုရောဟိတ်သည်၊ ဆီဥ ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့၍ ၊ ရင်ပတ် ကို အာရုန် နှင့် သူ ၏သား တို့သည် ယူရကြမည်။
31והקטיר הכהן את החלב המזבחה והיה החזה לאהרן ולבניו׃
32မိဿဟာယ ယဇ်ထဲက လက်ျာ ပခုံး ကို ချီမြှောက်သော ပူဇော် သက္ကာဘို့ ယဇ်ပုရောဟိတ် အား ပေး ရမည်။
32ואת שוק הימין תתנו תרומה לכהן מזבחי שלמיכם׃
33မိဿဟာယ ယဇ် အသွေး နှင့် ဆီဥ ကို၊ အာရုန် ၏သား တို့တွင် ပူဇော် သောသူသည်၊ လက်ျာ ပခုံး ကို မိမိ အဘို့ ယူရမည်။
33המקריב את דם השלמים ואת החלב מבני אהרן לו תהיה שוק הימין למנה׃
34ဣသရေလ အမျိုးသား တို့ပြုသောမိဿဟာယ ယဇ်များထဲက ချီလွှဲ သော ရင်ပတ် ၊ ချီမြှောက်သော ပခုံး ကို ငါနှုတ် ယူ၍ ဣသရေလ အမျိုးသား တို့တွင် ယဇ်ပုရောဟိတ် အာရုန် နှင့် သူ ၏သား တို့အား ထာဝရ ပညတ် တော်အားဖြင့် ငါပေး ပြီဟု မိန့်တော်မူ၏။
34כי את חזה התנופה ואת שוק התרומה לקחתי מאת בני ישראל מזבחי שלמיהם ואתן אתם לאהרן הכהן ולבניו לחק עולם מאת בני ישראל׃
35ထိုသို့ အာရုန် နှင့် သူ ၏သား တို့သည်၊ ထာဝရဘုရား ရှေ့တော်မှာ ယဇ် ပုရောဟိတ်အမှုကို ဆောင်ရွက် မည်အကြောင်း၊ သူတို့ကို ခန့် ထားသောနေ့ ၌ ၊ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာများထဲက ၊ သူတို့ခံရသောအဘို့ ဖြစ်၏။
35זאת משחת אהרן ומשחת בניו מאשי יהוה ביום הקריב אתם לכהן ליהוה׃
36ဣသရေလ အမျိုးသား တို့လက်မှ ထိုသို့သောအဘို့ကိုခံရမည်အကြောင်း၊ သူ တို့ကို ဘိသိက် ပေးတော်မူသောနေ့ ၌ ၊ ထာဝရဘုရား မှာ ထားတော်မူ၏။ သူ တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် ဖြစ်သတည်း။
36אשר צוה יהוה לתת להם ביום משחו אתם מאת בני ישראל חקת עולם לדרתם׃
37ဤ ရွေ့ကား၊ ဣသရေလ အမျိုးသား တို့သည်၊ သိနာ တော ၌ ထာဝရဘုရား အား ပူဇော် သက္ကာပြုရမည် အကြောင်းမှာ ထားတော်မူသောနေ့ ၌ သိနာ တောင် ပေါ် မှာ ထာဝရဘုရား သည် မောရှေ အား ပေးတော်မူသောမီး ရှို့ရာယဇ်တရား ၊ ဘောဇဉ်ပူဇော်သက္ကာ တရား၊ အပြစ် ဖြေရာယဇ်တရား၊ ဒုစရိုက် ဖြေရာ ယဇ်တရား၊ အရာ ၌ ခန့်ထားရာ ယဇ်တရား၊
37זאת התורה לעלה למנחה ולחטאת ולאשם ולמלואים ולזבח השלמים׃
38မိဿဟာယ ယဇ်တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။
38אשר צוה יהוה את משה בהר סיני ביום צותו את בני ישראל להקריב את קרבניהם ליהוה במדבר סיני׃
Tip: use the ← and → keys to turn chapters.