ယေရမိ 6
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1အိုဗင်္ယာမိန် အမျိုးသား တို့၊ ယေရုရှလင် မြို့ထဲက ထွက်၍ ၊ လွတ်အောင်ပြေး ကြလော့။ တေကော ရွာ၌ တံပိုး မှုတ် ကြလော့။ ဗေသက္ကရင် ရွာ၌ မီးရှုး ကို မြှောက် ၍ ပြကြလော့။ အကြောင်း မူကား၊ ဘေးဥပဒ် တည်းဟူသောကြီး စွာသော ပျက်စီး ခြင်းအကြောင်းအရာသည် မြောက် မျက်နှာက ပေါ် လာ၏။
1[Confortamini, filii Benjamin, in medio Jerusalem: et in Thecua clangite buccina, et super Bethacarem levate vexillum, quia malum visum est ab aquilone, et contritio magna.
2အဆင်းလှ ၍ နူးညံ့ သိမ်မွေ့သော သူတည်းဟူသော ဇိအုန် သတို့သမီး ကို ငါဖျက်ဆီး မည်။
2Speciosæ et delicatæ assimilavi filiam Sion.
3သိုးထိန်း တို့သည် သိုးစု များပါလျက် သူ့ ထံသို့ လာ ၍၊ သူ့တဘက်ပတ်လည် ၌ တဲ ဆောက် ၍၊ အသီးအသီး မိမိ တို့နေရာ မှာ ကျက်စား ကြ လိမ့်မည်။
3Ad eam venient pastores et greges eorum; fixerunt in ea tentoria in circuitu: pascet unusquisque eos qui sub manu sua sunt.
4သူ့ ကို စစ်တိုက် ခြင်းငှါပြင် ကြလော့။ ထ ကြ။ မွန်းတည့် အချိန်၌ တက် သွားကြကုန်အံ့။ ငါ တို့၌ ခက် လှ ၏။ မွန်းလွဲ ပြီ။ မိုဃ်းချုပ် လေပြီ။
4Sanctificate super eam bellum: consurgite, et ascendamus in meridie: væ nobis, quia declinavit dies; quia longiores factæ sunt umbræ vesperi !
5ထ ကြ။ ညဉ့် အခါ တက် သွား၍၊ သူ ၏ ဘုံ ဗိမာန် တို့ကို ဖျက်ဆီး ကြကုန်အံ့ဟုဆိုကြလိမ့်မည်။
5Surgite, et ascendamus in nocte, et dissipemus domus ejus.
6ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သစ်ပင် တို့ကို ခုတ် လှဲကြလော့။ ယေရုရှလင် မြို့တဘက် ၌ မြေရိုး ကိုဖို့ ကြလော့။ ဤ မြို့ သည် ဆုံးမ စရာကောင်းသောမြို့ဖြစ်၏။ မြို့ ထဲ ၌ ညှဉ်းဆဲ ခြင်း သက်သက် ရှိ၏။
6Quia hæc dicit Dominus exercituum: Cædite lignum ejus, et fundite circa Jerusalem aggerem. Hæc est civitas visitationis: omnis calumnia in medio ejus.
7စမ်းရေပေါက်ဝမှ ရေ သည် စီး ထွက်သကဲ့သို့ ၊ ထိုမြို့ သည် ဒုစရိုက် ကို ထွက် စေတတ်၏။ မြို့ ထဲ ၌လုယူ ဖျက်ဆီး ခြင်းအသံကို ကြား ရ၏။ အနာ များနှင့် ဒဏ်ချက် ရာ များကို အစဉ် ငါ မြင် ရ၏။
7Sicut frigidam fecit cisterna aquam suam, sic frigidam fecit malitiam suam. Iniquitas et vastitas audietur in ea, coram me semper infirmitas et plaga.
8အိုယေရုရှလင် မြို့၊ ဆုံးမ ခြင်းကိုခံ လော့။ သို့မဟုတ် ၊ သင့် ကို ငါ ရွံရှာ မည်။ သင့် ကိုပယ်ရှင်း၍ လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်။
8Erudire, Jerusalem, ne forte recedat anima mea a te; ne forte ponam te desertam, terram inhabitabilem.
9ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စပျစ်နွယ် ပင်၌ အကျန်အကြွင်းကို လိုက်၍ ဆွတ် သကဲ့သို့ ၊ ထိုသူတို့သည် ဣသရေလ ၌ ကျန်ကြွင်း သော အရာကိုလိုက်၍ အကုန်အစင်ဆွတ် ကြ လိမ့်မည်။ စပျစ်သီး ဆွတ် သော သူကဲ့သို့ ၊ သင် ၏လက် ကို ခြင်းတောင်းထဲသို့ တဖန်သွင်း ဦးလော့။
9Hæc dicit Dominus exercituum: Usque ad racemum colligent quasi in vinea reliquias Israël. Converte manum tuam quasi vindemiator ad cartallum.
10သူတို့သည် နားထောင် မည်အကြောင်း၊ အဘယ်သူ ကို ငါပြော ၍ သတိပေး ရမည်နည်း။ သူ တို့နား သည် အရေဖျား လှီးခြင်းမခံသော နားဖြစ်၍၊ သူတို့သည် နား မ ထောင်နိုင် ကြ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် သူ တို့ကဲ့ရဲ့ စရာဖြစ်၏။ ထိုနှုတ်ကပတ် တော် ကို မ နှစ်သက် ကြ။
10Cui loquar, et quem contestabor ut audiat? ecce incircumcisæ aures eorum, et audire non possunt: ecce verbum Domini factum est eis in opprobrium, et non suscipient illud.
11ထိုကြောင့်၊ ငါသည်ထာဝရဘုရား ၏ အမျက် တော်နှင့် ပြည့်ဝ ၏။ အောင့် ၍မ နေနိုင်။ လမ်း ၌ ရှိသောသူငယ် များနှင့် စုဝေး သောလူပျို များအပေါ် သို့ အမျက် တော်ကို ငါသွန်းလောင်း မည်။ လင် မယား အစုံ ကို၎င်း၊ အသက် ကြီးသောသူနှင့် အို လွန်းသောသူကို၎င်း သိမ်း သွားမည်။
11Idcirco furore Domini plenus sum; laboravi sustinens. Effunde super parvulum foris, et super consilium juvenum simul: vir enim cum muliere capietur; senex cum pleno dierum.
12သူ တို့အိမ် နှင့်တကွလယ်ယာ ၊ မိန်းမ တို့သည် သူတပါး လက်သို့ ရောက် ကြလိမ့်မည်။ အကြောင်းမူကား၊ ပြည်သူ ပြည်သားတို့ကို ငါ ဒဏ်ခတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
12Et transibunt domus eorum ad alteros, agri et uxores pariter, quia extendam manum meam super habitantes terram, dicit Dominus:
13အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သော သူအပေါင်း တို့သည် မတရား သော စီးပွားကိုရှာကြ၏။ ပရောဖက် မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
13a minore quippe usque ad majorem omnes avaritiæ student, et a propheta usque ad sacerdotem cuncti faciunt dolum.
14ချမ်းသာ မ ရှိသောအခါ ချမ်းသာ ၊ ချမ်းသာ ဟု ပြော ဆိုလျက်၊ ငါ ၏လူမျိုး သတို့သမီးအနာ ကို ပေါ့ လျော့ စွာ ကု ကြ၏။
14Et curabant contritionem filiæ populi mei cum ignominia, dicentes: Pax, pax ! et non erat pax.
15သူတို့သည် ရွံရှာ ဘွယ်သော အမှုကိုပြု ပြီးမှ ရှက် ကြသလော။ အလျှင်းမ ရှက် ကြ။ မျက်နှာ မ ပျက် တတ်ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက်လဲ ကြ လိမ့်မည်။ ငါစစ်ကြော သောအခါ နှိမ့်ချ ခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
15Confusi sunt, quia abominationem fecerunt: quin potius confusione non sunt confusi, et erubescere nescierunt. Quam ob rem cadent inter ruentes: in tempore visitationis suæ corruent, dicit Dominus.
16ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လမ်း နား မှာ ရပ် ၍ ကြည့်ရှု ကြလော့။ ရှေး လမ်း ဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်း သောလမ်း သည် အဘယ် မှာရှိသနည်းဟု မေးမြန်း ၍၊ ထို လမ်း သို့ လိုက် ကြလော့။ သို့ပြုလျှင် ၊ စိတ် နှလုံး သက်သာ ကြလိမ့်မည်။ သို့ရာတွင် ၊ ငါတို့သည် မ လိုက် ဟု ပြန်ပြော ကြ၏။
16Hæc dicit Dominus: State super vias, et videte, et interrogate de semitis antiquis quæ sit via bona, et ambulate in ea: et invenietis refrigerium animabus vestris. Et dixerunt: Non ambulabimus.
17ငါကလည်း၊ တံပိုး မှုတ်သံ ကို နားထောင် ကြလော့ ဟုဆိုလျက်၊ သင် တို့အပေါ် ၌ကင်းစောင့် တို့ကို ခန့် ထားသောအခါ ၊ ငါတို့သည် နား မ ထောင်ဟု ပြန်ပြော ကြ ၏။
17Et constitui super vos speculatores: Audite vocem tubæ. Et dixerunt: Non audiemus.
18သို့ဖြစ်၍၊ အိုတပါးအမျိုးသား တို့၊ နားထောင် ကြလော့ ။ တပါးအမျိုးသားတို့တွင် ရှိနေသောပရိသတ် တို့၊ သိမှတ် ကြလော့။
18Ideo audite, gentes, et cognosce, congregatio, quanta ego faciam eis.
19အိုမြေကြီး သားတို့၊ နားထောင် ကြလော့။ ဤ လူမျိုး သည် ငါ့ စကား ကို နား မ ထောင်၊ ငါ့ တရား ကိုလည်း ငြင်းပယ် သောကြောင့်၊ သူ တို့အလို အလျောက်ကြံစည် ခြင်းအကျိုး အပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ် ကို၊ သူတို့အပေါ် သို့ငါ သက်ရောက် စေမည်။
19Audi, terra: ecce ego adducam mala super populum istum, fructum cogitationum ejus: quia verba mea non audierunt, et legem meam projecerunt.
20ရှေဘ ပြည်မှ လောဗန် ကို၎င်း၊ ဝေး သောပြည် မှ မွှေး သောကြံ ကို၎င်း ၊ အဘယ် ကြောင့်ငါ့ ထံသို့ ဆောင်ခဲ့ သနည်း။ သင် တို့မီးရှို့ ရာ ယဇ်တို့ကို ငါ အလို မ ရှိ။ ပူဇော်သောယဇ် အမျိုးမျိုးကို ငါမ နှစ်သက် ။
20Ut quid mihi thus de Saba affertis, et calamum suave olentem de terra longinqua? Holocautomata vestra non sunt accepta, et victimæ vestræ non placuerunt mihi.
21ထိုအကြောင်းကြောင့် ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ထိမိ ၍ လဲစရာတို့ကို ဤ လူမျိုး ရှေ့ မှာ ငါ ထား မည်။ အဘ နှင့် သား တို့သည် ထိမိ၍ လဲ ကြလိမ့်မည်။ အိမ်နီးချင်း နှင့် အဆွေ ခင်ပွန်းတို့သည် အတူ ပျက်စီး ကြလိမ့်မည်။
21Propterea hæc dicit Dominus: Ecce ego dabo in populum istum ruinas: et ruent in eis patres et filii simul; vicinus et proximus peribunt.
22ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူမျိုး တမျိုးသည် မြောက် မျက်နှာ မှ ပေါ် လာလိမ့်မည်။ ကြီး စွာသော လူမျိုး ကိုမြေကြီး စွန်း မှ ငါနှိုးဆော် မည်။
22Hæc dicit Dominus: Ecce populus venit de terra aquilonis, et gens magna consurget a finibus terræ.
23လေး နှင့် လှံ တို့ကို လက်စွဲ ကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ ၊ သနား ခြင်းကရုဏာမ ရှိ။ သူ တို့ စကားသံ သည် သမုဒ္ဒရာ မြည်သံကဲ့သို့ ဟုန်း တတ်၏။ အိုဇိအုန် သတို့သမီး ၊ စစ်သူရဲ ကဲ့သို့ တပ်ခင်းကျင်း လျက် မြင်း စီး ၍၊ သင် ရှိရာသို့ ချီ လာကြလိမ့်မည်။
23Sagittam et scutum arripiet: crudelis est et non miserebitur. Vox ejus quasi mare sonabit: et super equos ascendent, præparati quasi vir ad prælium adversum te, filia Sion.
24ထိုသိတင်း ကို ငါတို့သည် ကြား ၍ လက် အားလျော့ ကြ၏။ ဒုက္ခ ဆင်းရဲကို၎င်း ၊ သားဘွား သော မိန်းမခံရ သကဲ့သို့ ပြင်းစွာသော ဝေဒနာ ကို ၎င်း ခံ ရကြ၏။
24Audivimus famam ejus; dissolutæ sunt manus nostræ: tribulatio apprehendit nos, dolores ut parturientem.
25တော သို့မ ထွက် ကြနှင့်။ လမ်း မှာ မ သွား ကြနှင့်။ ရန်သူ ၌ ထား ပါ၏။ အရပ်ရပ် ၌ ဘေး ရှိ၏။
25Nolite exire ad agros, et in via ne ambuletis, quoniam gladius inimici, pavor in circuitu.
26အို ငါ ၏လူမျိုး သတို့သမီး ၊ လျှော်တေ အဝတ်ကို ဝတ် စည်း၍ ပြာ ၌ လူး လဲလော့။ တ ယောက်တည်း သော သားသေသည်ကို ငိုကြွေး သကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာ မြည်တမ်း လော့။ လုယူဖျက်ဆီး သောသူသည် ငါ တို့ ကို ချက်ခြင်း တိုက် လိမ့်မည်။
26Filia populi mei, accingere cilicio, et conspergere cinere: luctum unigeniti fac tibi, planctum amarum, quia repente veniet vastator super nos.
27သင်သည် ငါ ၏ လူမျိုး ကျင့်သောအကျင့် ဓလေ့တို့ကို စစ် ၍ သိ မည်အကြောင်း ၊ စစ်သောသူအရာ၌ ရဲတိုက် ကဲ့သို့သင့် ကို ငါခန့် ထား၏။
27Probatorem dedi te in populo meo robustum: et scies, et probabis viam eorum.
28ထိုသူ အပေါင်း တို့သည် အလွန်ဖောက်ပြန် သောသူ ၊ ကုန်းတိုက် တတ်သောသူဖြစ် ကြ၏။ ကြေးဝါ နှင့် သံ သက်သက် ၊ ဖျက် တတ်သော အရာသက်သက်ဖြစ်ကြ ၏။
28Omnes isti principes declinantes, ambulantes fraudulenter, æs et ferrum: universi corrupti sunt.
29ဖိုကိုမီး လောင် ပြီ။ ခဲ လည်းကုန် ပြီ။ စစ် သောသူသည် မှုတ် ၍ အကျိုးကိုမရ။ ညံ့ သောအရာကို မ ထုတ် မပယ်နိုင်။
29Defecit sufflatorium; in igne consumptum est plumbum: frustra conflavit conflator, malitiæ enim eorum non sunt consumptæ.
30ထိုသူ တို့ကို ပယ် သော ငွေ ဟူ၍ ခေါ် ရမည်။ ထာဝရဘုရား သည် ပယ် တော်မူ၏။
30Argentum reprobum vocate eos, quia Dominus projecit illos.]
Tip: use the ← and → keys to turn chapters.