ယေရမိ

Old Testament

Chapter 35
Judson Burmese Bible (18…
vs Clementine Vulgate…
Aa
Text size
Line width
Verse numbers

ယေရမိ 35

Judson Burmese Bible (1840)
Clementine Vulgate, 1598
1ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း လက်ထက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား ၊
1Verbum quod factum est ad Jeremiam a Domino in diebus Joakim filii Josiæ regis Juda, dicens:
2သင်သည်ရေခပ် အမျိုးသားတို့အိမ် သို့ သွား ၍ ၊ သူ တို့နှင့်နှုတ်ဆက် ပြီးမှ၊ ဗိမာန် တော် အခန်း တ ခန်းထဲသို့ ခေါ် သွင်း၍ စပျစ်ရည် ကိုတိုက် ပေးလော့ဟု မိန့် တော်မူသည် အတိုင်း ၊
2Vade ad domum Rechabitarum, et loquere eis, et introduces eos in domum Domini, in unam exedram thesaurorum, et dabis eis bibere vinum.
3ငါသည် ဟာဗဇိညာ သား ဖြစ်သော ယေရမိ ၏ သား ယာဇညာ မှစ၍ ၊ သူ ၏ညီအစ်ကို တို့နှင့် သား များ အပေါင်း ၊ ရေခပ် အမျိုးသားအပေါင်း တို့ကို ခေါ် ၍ ၊
3Et assumpsi Jezoniam filium Jeremiæ filii Habsaniæ, et fratres ejus, et omnes filios ejus, et universam domum Rechabitarum,
4ဗိမာန် တော်အတွင်း၊ တံခါးစောင့်ရှလ္လုံ သား မာသေယ ၏ အခန်း အပေါ် ၊ မှူး တော်မတ်တော် စည်းဝေး ရာ အခန်း နား မှာ ဘုရား သခင်၏လူ ဣဂဒါလိ သား ဟာနန် ၏သား တို့ နေသော အခန်း ထဲသို့ ဆောင် သွားပြီးလျှင်၊
4et introduxi eos in domum Domini, ad gazophylacium filiorum Hanan filii Jegedeliæ hominis Dei, quod erat juxta gazophylacium principum, super thesaurum Maasiæ filii Sellum, qui erat custos vestibuli:
5ထိုရေခပ် အမျိုးသား တို့ရှေ့၌ စပျစ်ရည် နှင့် ပြည့် သောအိုး များနှင့် ခွက် ဖလားတို့ကိုထည့် ၍ ၊ စပျစ်ရည် ကို သောက် ကြပါဟု သူ တို့အား ဆို ၏။
5et posui coram filiis domus Rechabitarum scyphos plenos vino, et calices, et dixi ad eos: Bibite vinum.
6သူတို့ကလည်း ၊ အကျွန်ုပ်တို့သည် စပျစ်ရည် ကို မ သောက် ပါ။ အကြောင်း မူကား၊ အကျွန်ုပ် တို့အမျိုး၏ အဘ ရေခပ် ၏ သား ယောနဒပ် က၊ သင်တို့မှစ၍ သား စဉ် မြေးဆက်တို့သည် စပျစ်ရည် ကို မ သောက် ရကြ။
6Qui responderunt Non bibemus vinum, quia Jonadab filius Rechab, pater noster, præcepit nobis, dicens: Non bibetis vinum, vos et filii vestri, usque in sempiternum:
7အိမ် ကိုလည်း မ ဆောက် ရ၊ မျိုးစေ့ ကိုလည်း မ ကြဲ ရ၊ စပျစ် ဥယျာဉ်ကိုလည်း မ စိုက် ရ၊ မ ရှိ စေရကြ။ သင် တို့သည် ဧည့်သည် ဖြစ်လျက်နေသော ပြည် ၌ အသက် တာရှည် မည်အကြောင်း ၊ တသက် လုံး တဲ နှင့် သာ နေ ရကြမည်ဟု အကျွန်ုပ် တို့ကို မှာ ထားပါပြီ။
7et domum non ædificabitis, et sementem non seretis, et vineas non plantabitis, nec habebitis: sed in tabernaculis habitabitis cunctis diebus vestris, ut vivatis diebus multis super faciem terræ in qua vos peregrinamini.
8ထိုကြောင့် ၊ အကျွန်ုပ် တို့သည် မယား သား သမီး နှင့်တကွတသက်လုံး စပျစ်ရည် ကိုမ သောက် ။
8Obedivimus ergo voci Jonadab filii Rechab, patris nostri, in omnibus quæ præcepit nobis, ita ut non biberemus vinum cunctis diebus nostris, nos, et mulieres nostræ, filii, et filiæ nostræ,
9နေ စရာဘို့ အိမ် ကိုလည်း မ ဆောက် ။ စပျစ် ဥယျာဉ်မရှိ။ လယ်ယာ မရှိ၊ မျိုးစေ့ မ ရှိ ။
9et non ædificaremus domos ad habitandum: et vineam, et agrum, et sementem non habuimus:
10တဲ နှင့် သာ နေ ၍ အကျွန်ုပ် တို့အမျိုး၏ အဘ ရေခပ်သား ယောနဒပ် မှာ ထားသမျှ သော စကားကို နားထောင် လျက် ၊ အဘယောနဒပ်မှာထား သမျှအတိုင်း ပြု ကြပါပြီ။
10sed habitavimus in tabernaculis, et obedientes fuimus juxta omnia quæ præcepit nobis Jonadab pater noster.
11ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဤ ပြည် သို့ လာ သောအခါ ၊ အကျွန်ုပ်တို့က၊ လာ ကြ။ ယေရုရှလင် မြို့သို့ သွား ကြကုန်အံ့။ ခါလဒဲ စစ်သူရဲ တို့နှင့် ရှုရိ စစ်သူရဲ တို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်းပြောဆို၍၊ ယခုယေရှုရှလင် မြို့၌ နေ ကြပါသည်ဟု ဆို ကြ၏။
11Cum autem ascendisset Nabuchodonosor rex Babylonis ad terram nostram, diximus: Venite, et ingrediamur Jerusalem a facie exercitus Chaldæorum, et a facie exercitus Syriæ: et mansimus in Jerusalem.
12ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာ၍၊
12Et factum est verbum Domini ad Jeremiam, dicens:
13ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်ယုဒ ပြည်သူ ၊ ယေရှုရှလင် မြို့သား တို့ ရှိရာသို့ သွား ၍ ၊ သင်တို့သည် ငါ့ စကား ကို နားထောင် အံ့သောငှါ ဆုံးမ ခြင်းကို မ ခံ ကြသလောဟု ထာဝရဘုရား မေး တော်မူ ၏။
13Hæc dicit Dominus exercituum, Deus Israël: Vade, et dic viris Juda et habitatoribus Jerusalem: Numquid non recipietis disciplinam, ut obediatis verbis meis? dicit Dominus.
14စပျစ်ရည် ကို မ သောက် ရဟု၊ ရေခပ် သား ယောနဒပ် သည် မိမိ သား တို့၌ ထား သော ပညတ် စကားအတိုင်း၊ သူတို့သည် ကျင့် ၍ ယနေ့ တိုင် အောင်စပျစ်ရည် ကို မ သောက်ဘဲနေလျက်၊ အဘ ၏ပညတ် စကားကို နားထောင် ကြ၏။ ငါ သည် စောစော ထ၍ သင် တို့ကို အထပ်ထပ် ပြော သော်လည်း ၊ သင်တို့သည် ငါ့ စကားကို နား မ ထောင်ကြ။
14Prævaluerunt sermones Jonadab filii Rechab quos præcepit filiis suis ut non biberent vinum, et non biberunt usque ad diem hanc, quia obedierunt præcepto patris sui: ego autem locutus sum ad vos, de mane consurgens et loquens, et non obedistis mihi.
15ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကိုလည်း ၊ ငါသည်စောစော ထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ သင်တို့အသီးအသီး လိုက်သော အဓမ္မ လမ်း ကို ရှောင် ကြလော့။ သင် တို့အကျင့် ကို ပြုပြင် ကြလော့ ။ အခြား တပါးသော ဘုရား နောက် သို့မ လိုက် ၊ ဝတ် မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင် တို့နှင့် သင် တို့၏ဘိုးဘေး တို့အား ငါပေး သော ပြည် ၌ နေ ရကြ လိမ့်မည်ဟု မှာ လိုက်သော်လည်း ၊ သင်တို့သည် နား ကိုပိတ် လျက်၊ ငါ့ စကားကို နား မ ထောင်ဘဲ နေကြပြီ။
15Misique ad vos omnes servos meos prophetas, consurgens diluculo mittensque, et dicens: Convertimini unusquisque a via sua pessima, et bona facite studia vestra: et nolite sequi deos alienos, neque colatis eos, et habitabitis in terra quam dedi vobis et patribus vestris: et non inclinastis aurem vestram, neque audistis me.
16ရေခပ် သား ဖြစ်သော ယောနဒပ် ၏ သား မြေးတို့ သည် မိမိ တို့ အဘ မှာ ထားသော စကား အတိုင်း ကျင့် ကြ၍၊ ဤ လူမျိုး သည် ငါ့ စကားကို နား မ ထောင်သောကြောင့်၊
16Firmaverunt igitur filii Jonadab filii Rechab præceptum patris sui quod præceperat eis: populus autem iste non obedivit mihi.
17ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါသည်ခြိမ်း သမျှ သော ဘေးဥပဒ် တို့ကို ယုဒ ပြည်သူ၊ ယေရှုရှလင် မြို့သား အပေါင်း တို့အပေါ် သို့ ရောက် စေမည်။ အကြောင်း မူကား၊ ငါပြော သော်လည်း ၊ သူတို့သည် နား မ ထောင်ကြ။ ခေါ် သော်လည်း မ ထူး ကြဟု မိန့်တော်မူ၏။
17Idcirco hæc dicit Dominus exercituum, Deus Israël: Ecce ego adducam super Juda et super omnes habitatores Jerusalem universam afflictionem quam locutus sum adversum illos, eo quod locutus sum ad illos, et non audierunt; vocavi illos, et non responderunt mihi.
18ရေခပ် အမျိုးသား တို့အား လည်း ၊ ယေရမိ ဆင့်ဆို သော၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အမိန့် တော်ဟူမူကား ၊ သင်တို့သည် သင် တို့အဘ ယောနဒပ် ၏ ပညတ် စကားကို နားထောင် ၍၊ သူ စီရင် ထုံးဖွဲ့သမျှ အတိုင်း ကျင့် စောင့် သောကြောင့်၊
18Domui autem Rechabitarum dixit Jeremias: Hæc dicit Dominus exercituum, Deus Israël: Pro eo quod obedistis præcepto Jonadab patris vestri, et custodistis omnia mandata ejus, et fecistis universa quæ præcepit vobis,
19ရေခပ် ယောနဒပ် အမျိုး ၌ ငါ့ အမှုထမ်း တို့သည် အစဉ် ရှိကြလိမ့်မည်ဟု ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
19propterea hæc dicit Dominus exercituum, Deus Israël: Non deficiet vir de stirpe Jonadab filii Rechab, stans in conspectu meo cunctis diebus.

Tip: use the ← and → keys to turn chapters.