ယေရမိ

Old Testament

Chapter 17
Judson Burmese Bible (18…
vs Septuagint (Greek …
Aa
Text size
Line width
Verse numbers

ယေရမိ 17

Judson Burmese Bible (1840)
Septuagint (Greek Old Testament), second edition
1ယုဒ အမျိုး၏ အပြစ် သည် သံ ကညစ် ၊ စိန် ချွန် နှင့် သူတို့နှလုံး ပြား ၌၎င်း ၊ ယဇ်ပလ္လင် ဦးချို ၌ ၎င်း အက္ခရာ တင် ၍ မှတ်သားလျက်ရှိ၏။
1ΕΠΙΚΑΤΑΡΑΤΟΣ ὁ ἄνθρωπος, ὃς τὴν ἐλπίδα ἔχει ἐπ' ἄνθρωπον καὶ στηρίζει σάρκα βραχίονος αὐτοῦ ἐπ' αὐτόν, καὶ ἀπὸ Κυρίου ἀποστῇ ἡ καρδία αὐτοῦ·
2သူငယ် တို့ပင် မြင့် သောတောင် ပေါ် ၊ စိမ်း သော သစ်ပင် နား မှာရှိသော ယဇ်ပလ္လင် များ၊ အာရှရပင် များကို အောက်မေ့ တတ်ကြ၏။
no verse 2 in this text
3အချင်းငါ ၏တောင် ၊ လယ် ၌ ရှိသောသင် ၏ဥစ္စာ နှင့်သိုထားသမျှ သောဥစ္စာ ကို၎င်း ၊ ပြည် တရှောက် လုံး ၌ သင် ပြစ်မှား ရာ၊ မြင့် သောအရပ်တို့ကို၎င်း၊ လုယူ သောသူတို့ လက်သို့ ငါအပ် မည်။
no verse 3 in this text
4သင့်ကိုယ်တိုင်လည်း ငါပေး သော အမွေ မှ ရွေ့ သွားရလိမ့်မည်။ သင်မ သိ သော ပြည် တွင် ၊ ရန်သူ လက်၌ သင့် ကို ငါကျွန်ခံ စေမည်။ အကြောင်းမူကား၊ အစဉ် လောင် သောငါ ၏ အမျက် မီး ကို သင်တို့သည် မွေး ကြပြီ။
no verse 4 in this text
5ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ ကို ကိုးစား ၍ လူသတ္တဝါ ကို အမှီပြု သဖြင့် ၊ စိတ် နှလုံးထဲ၌ထာဝရဘုရား ထံ တော်မှ ထွက် သွားသော သူ သည် ကျိန် အပ်သောသူဖြစ်၏။
no verse 5 in this text
6ထိုသူသည် လွင်ပြင် ၌ ရှိသောသစ်ပင် ခြောက် ကဲ့သို့ ဖြစ် ၍ ၊ ကောင်းကျိုး ရောက် ကြောင်းကို မ သိ ရ။ အဘယ်သူမျှမ နေ သောဆား မြေ ၊ သွေ့ ခြောက်သော လွင်ပြင် ၌ နေ ရလိမ့်မည်။
6καὶ ἔσται ὡς ἡ ἀγριομυρίκη ἡ ἐν τῇ ἐρήμῳ, οὐκ ὄψεται ὅταν ἔλθῃ τὰ ἀγαθά, καὶ κατασκηνώσει ἐν ἁλίμοις καὶ ἐν ἐρήμῳ, ἐν γῇ ἁλμυρᾷ, ἥτις οὐ κατοικεῖται.
7ထာဝရဘုရား ကို ကိုးစား သော သူ ၊ ထာဝရဘုရား ကို မိမိ ကိုးစား ရာ အကြောင်းဖြစ် စေ သောသူသည် ကောင်းကြီး မင်္ဂလာကို ခံအပ်သောသူဖြစ် ၏။
7καὶ εὐλογημένος ὁ ἄνθρωπος, ὃς πέποιθεν ἐπὶ τῷ Κυρίῳ καὶ ἔσται Κύριος ἐλπὶς αὐτοῦ·
8ထိုသူသည်ကား၊ ရေ ရှိသော အရပ်၌စိုက် ၍ မြစ် နားမှာ အမြစ် ဖြာ သဖြင့် ၊ ပူ သောအရှိန် ရောက် ကြောင်း ကို မ သိ ၊ အရွက် မညှိုးနွမ်း ၊ မိုဃ်းခေါင် သောကာလ ၌ စိုးရိမ် စရာမ ရှိဘဲ၊ အစဉ် အမြဲအသီး ကို သီး တတ် သော အပင် နှင့်တူ ၏။
8καὶ ἔσται ὡς ξύλον εὐθηνοῦν παρ' ὕδατα, καὶ ἐπὶ ἰκμάδα βαλεῖ ρίζαν αὐτοῦ καὶ οὐ φοβηθήσεται ὅταν ἔλθῃ καῦμα, καὶ ἔσται ἐπ' αὐτῷ στελέχη ἀλσώδη, ἐν ἐνιαυτῷ ἀβροχίας οὐ φοβηθήσεται καὶ οὐ διαλείψει ποιῶν καρπόν.
9စိတ် နှလုံးသည် ခပ်သိမ်း သော အရာထက် စဉ်းလဲ တတ်၏။ အလွန်ယိုယွင်း သော သဘောရှိ၏။ စိတ် နှလုံးသဘောကို အဘယ် သူသိ နိုင်သနည်း။
9βαθεῖα ἡ καρδία παρά πάντα, καὶ ἄνθρωπός ἐστι· καὶ τίς γνώσεται αὐτόν;
10ငါ ထာဝရဘုရား သည် လူ အသီးအသီးတို့အား မိမိ တို့အကျင့် အတိုင်း ၊ မိမိတို့ခံထိုက်သော အကျိုး အပြစ် ကိုပေး ခြင်းငှါ ၊ နှလုံး ကျောက်ကပ် တို့ကို စေ့စေ့စစ်ကြော တတ်၏။
10ἐγὼ Κύριος ἐτάζων καρδίας καὶ δοκιμάζων νεφροὺς τοῦ δοῦναι ἑκάστῳ κατὰ τὰς ὁδοὺς αὐτοῦ καὶ κατὰ τοὺς καρποὺς τῶν ἐπιτηδευμάτων αὐτοῦ.
11ကောရ ငှက်သည် မိမိမ ဥ သော ဥကို ဝပ် သကဲ့သို့ ၊ မ တရား သဖြင့် ဥစ္စာ ဆည်းဖူး သော သူသည် အသက် ပျို စဉ် ကပင်၊ ဆင်းရဲ ခြင်းသို့ ရောက်၍ အဆုံး ၌ ကား၊ လူမိုက် ဖြစ် လိမ့်မည်။
11ἐφώνησε πέρδιξ, συνήγαγεν ἃ οὐκ ἔτεκε· ποιῶν πλοῦτον αὐτοῦ οὐ μετὰ κρίσεως, ἐν ἡμίσει ἡμερῶν αὐτοῦ ἐγκαταλείψουσιν αὐτόν, καὶ ἐπ' ἐσχάτων αὐτοῦ ἔσται ἄφρων.
12ရှေ့ဦး စွာမှစ၍ မြင့် သော အရပ်၌ ဘုန်းကြီး တော်မူသောရာဇ ပလ္လင်သည် ငါ တို့သန့်ရှင်း ရာ ဌာန တော် အရပ်ဖြစ်၏။
12θρόνος δόξης ὑψωμένος, ἁγίασμα ἡμῶν,
13အိုဣသရေလ အမျိုး၏ မြော်လင့် စရာ အကြောင်းဖြစ်သော ထာဝရဘုရား ၊ ကိုယ်တော် ကို စွန့်ပစ် သော သူအပေါင်း တို့သည် အရှက်ကွဲ ရကြပါလိမ့်မည်။ ငါ့ ထံမှ ထွက်သွား သောသူတို့ သည် မြေ စာရင်း သို့ ဝင်ရကြပါလိမ့်မည်။ အကြောင်း မူကား၊ အသက် စမ်း ရေ တွင်း တည်းဟူသောထာဝရဘုရား ကို စွန့်ပစ် ကြ သတည်း။
13ὑπομονὴ Ἰσραήλ, Κύριε, πάντες οἱ καταλιπόντες σε καταισχυνθήτωσαν, ἀφεστηκότες ἐπὶ τῆς γῆς γραφήτωσαν, ὅτι ἐγκατέλιπον πηγὴν ζωῆς, τὸν Κύριον.
14အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ အနာ ကို ငြိမ်း စေတော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် အနာ ငြိမ်းပါလိမ့်မည်။ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ကယ်တင် ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော် သည် အကျွန်ုပ် ချီးမွမ်း ရာ ဖြစ်တော်မူ၏။
14ἴασαί με, Κύριε, καὶ ἰαθήσομαι· σῶσόν με, καὶ σωθήσομαι· ὅτι καύχημά μου σὺ εἶ.
15ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် အဘယ် မှာရှိသနည်း။ ယခု လာ ပါစေတော့ဟု ဤသူ တို့ သည် အကျွန်ုပ် အား ဆို တတ်ကြပါ၏။
15ἰδοὺ αὐτοὶ λέγουσι πρός με· ποῦ ἐστιν ὁ λόγος Κυρίου; ἐλθέτω.
16အကျွန်ုပ် သည် နောက် တော်သို့ လိုက်သော ဆရာ ၏အရာကို မ ရှောင် ပါ။ အမင်္ဂလာ နေ့ ကို မ တောင့်တ ပါ။ အကျွန်ုပ် ဟော ပြောချက်ကို ကိုယ်တော် သိ တော်မူ ၏။ ကိုယ်တော် မျက်မှောက် ၌ ရှိ ပါ၏။
16ἐγὼ δὲ οὐκ ἐκοπίασα κατακολουθῶν ὀπίσω σου καὶ ἡμέραν ἀνθρώπου οὐκ ἐπεθύμησα, σὺ ἐπίστῃ· τὰ ἐκπορευόμενα διὰ τῶν χειλέων μου πρὸ προσώπου σού ἐστι.
17အကျွန်ုပ် ကို ထိတ်လန့် စေ တော်မ မူပါနှင့်။ ဘေး ရောက်သောကာလ ၌ ကိုယ်တော် သည် အကျွန်ုပ် ခိုလှုံ ရာ ဖြစ်တော်မူ၏။
17μὴ γενηθῇς μοι εἰς ἀλλοτρίωσιν φειδόμενός μου ἐν ἡμέρᾳ πονηρᾷ.
18အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့သည် အရှက်ကွဲ ကြပါစေသော။ အကျွန်ုပ် မူကား ၊ အရှက် မ ကွဲပါစေနှင့်။ သူ တို့သည် စိတ်ပျက် ကြပါစေသော။ အကျွန်ုပ် မူကား ၊ စိတ် မ ပျက်ပါစေနှင့်။ သူ တို့အပေါ် မှာ ဘေး အန္တရာယ် ကာလ ကို ရောက် စေတော်မူပါ။ အထပ်ထပ် ဖျက်ဆီး တော်မူ ပါ။
18καταισχυνθήτωσαν οἱ διώκοντές με, καὶ μὴ καταισχυνθείην ἐγώ· πτοηθείησαν αὐτοί, καὶ μὴ πτοηθείην ἐγώ· ἐπάγαγε ἐπ' αὐτοὺς ἡμέραν πονηράν, δισσὸν σύντριμμα σύντριψον αὐτούς.
19ထာဝရဘုရား သည် ငါ့ အားမိန့် တော်မူသည် ကား ၊ ယုဒ ရှင်ဘုရင် ထွက်ဝင် သော အမျိုးသား ချင်း မြို့တံခါး မှစ၍၊ ခပ်သိမ်း သော ယေရုရှလင် မြို့တံခါးဝ ၌ သွား ၍ ရပ် လျက်၊
19Τάδε λέγει Κύριος· βάδισον καὶ στῆθι ἐν ταῖς πύλαις υἱῶν λαοῦ σου, ἐν αἷς εἰσπορεύονται ἐν αὐταῖς βασιλεῖς Ἰούδα καὶ ἐν αἷς ἐκπορεύονται ἐν αὐταῖς, καὶ ἐν πάσαις ταῖς πύλαις Ἱερουσαλὴμ
20လူ များတို့အား ပြော ဆိုရမည်မှာ၊ ဤ တံခါး တို့ဖြင့် ထွက် ဝင်သော ယုဒ ရှင် ဘုရင်များနှင့် ယုဒ ပြည်သူယေရုရှလင် မြို့သား များအပေါင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။
20καὶ ἐρεῖς αὐτοῖς· ἀκούσατε τὸν λόγον Κυρίου, βασιλεῖς Ἰούδα, καὶ πᾶσα Ἰουδαία καὶ πᾶσα Ἱερουσαλήμ, οἱ εἰσπορευόμενοι ἐν ταῖς πύλαις ταύταις·
21ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဥပုသ် နေ့ ၌ ဝန် ကိုမ ထမ်းမရွက် ၊ ယေရုရှလင် မြို့တံခါး ဖြင့် မဆောင် မသွင်းမည်အကြောင်း ၊ သတိ ပြုကြလော့။
21τάδε λέγει Κύριος· φυλάσσεσθε τὰς ψυχὰς ὑμῶν καὶ μὴ αἴρετε βαστάγματα ἐν τῇ ἡμέρᾳ τῶν σαββάτων καὶ μὴ ἐκπορεύεσθε ταῖς πύλαις Ἱερουσαλὴμ
22ဥပုသ် နေ့ ၌ သင် တို့အိမ် ထဲက ဝန် ကို မထုတ် မ ဆောင်ကြနှင့်။ အဘယ် အလုပ်ကိုမျှမ လုပ် ကြနှင့်။ သင် တို့ဘိုးဘေး များကို ငါမှာ ထားသည်အတိုင်း ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေကြလော့။
22καὶ μὴ ἐκφέρετε βαστάγματα ἐξ οἰκιῶν ὑμῶν ἐν τῇ ἡμέρᾳ τῶν σαββάτων καὶ πᾶν ἔργον οὐ ποιήσετε· ἁγιάσατε τὴν ἡμέραν τῶν σαββάτων, καθὼς ἐνετειλάμην τοῖς πατράσιν ὑμῶν, καὶ οὐκ ἤκουσαν καὶ οὐκ ἔκλιναν τὸ οὖς αὐτῶν
23ဘိုးဘေးတို့သည် နား မ ထောင်၊ နား ကိုမ လှည့် ဘဲ နေကြ၏။ နားမ ကြား ၊ ဆုံးမ ခြင်းကို မ ခံ မည်အကြောင်း၊ မိမိ တို့လည်ပင်း ကို ခိုင်မာ စေကြ၏။
23καὶ ἐσκλήρυναν τὸν τράχηλον αὐτῶν ὑπὲρ τοὺς πατέρας αὐτῶν τοῦ μὴ ἀκοῦσαί μου καὶ τοῦ μὴ δέξασθαι παιδείαν.
24ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့သည် ဥပုသ် နေ့ ၌ ဤ မြို့ တံခါး ဖြင့် ဝန် ကို မသွင်း မဆောင်၊ အဘယ် အလုပ် ကိုမျှမ လုပ် ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေသည် တိုင်အောင် ၊ ငါ့စကားကို စေ့စေ့နားထောင် လျှင် ၊
24καὶ ἔσται ἐὰν ἀκοῇ ἀκούσητέ μου, λέγει Κύριος, τοῦ μὴ εἰσφέρειν βαστάγματα διὰ τῶν πυλῶν τῆς πόλεως ταύτης ἐν τῇ ἡμέρᾳ τῶν σαββάτων καὶ ἁγιάζειν τὴν ἡμέραν τῶν σαββάτων τοῦ μὴ ποιεῖν πᾶν ἔργον,
25ဒါဝိဒ် မင်းကြီး၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် သော ရထား စီး ၊ မြင်း စီးရှင်ဘုရင် ၊ မင်း သားမှစ၍သူတို့မှူးမတ် ၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့သည် ဤ မြို့ တံခါး များ သို့ ဝင် လျက်ရှိကြလိမ့်မည်။ ဤ မြို့ သည်လည်း အစဉ် အမြဲတည် လိမ့်မည်။
25καὶ εἰσελεύσονται διὰ τῶν πυλῶν τῆς πόλεως ταύτης βασιλεῖς καὶ ἄρχοντες καθήμενοι ἐπὶ θρόνου Δαυὶδ καὶ ἐπιβεβηκότες ἐφ' ἅρμασι καὶ ἵπποις αὐτῶν, αὐτοὶ καὶ οἱ ἄρχοντες αὐτῶν, ἄνδρες Ἰούδα καὶ οἱ κατοικοῦντες ἐν Ἱερουσαλήμ, καὶ κατοικισθήσεται ἡ πόλις αὕτη εἰς τὸν αἰῶνα.
26မီးရှို့ ရာယဇ်မှစ၍ အခြားသော ယဇ် များ၊ ပူဇော် သက္ကာများ၊ မီးရှို့ရာနံ့သာ ပေါင်း၊ ချီးမွမ်း ရာ ယဇ်တို့ကို ထာဝရဘုရား ၏ အိမ် တော်သို့ ဆောင် ခဲ့သောသူတို့ သည် ယုဒ မြို့ များ၊ ယေရုရှလင် မြို့ပတ်ဝန်းကျင် အရပ်များ၊ ဗင်္ယာမိန် ပြည် ၊ မြေညီ ခရိုင်၊ တောင် ရိုးခရိုင်၊ တောင် မျက်နှာခရိုင်မှ လာ ကြလိမ့်မည်။
26καὶ ἥξουσιν ἐκ τῶν πόλεων Ἰούδα καὶ κυκλόθεν Ἱερουσαλὴμ καὶ ἐκ γῆς Βενιαμὶν καὶ ἐκ γῆς πεδινῆς καὶ ἐκ τοῦ ὄρους καὶ ἐκ τῆς πρὸς νότον φέροντες ὁλοκαυτώματα καὶ θυσίας καὶ θυμιάματα καὶ μαναὰ καὶ λίβανον, φέροντες αἴνεσιν εἰς οἶκον Κυρίου.
27သို့မဟုတ်၊ ဥပုသ် နေ့ ၌ ဝန် ကို ထမ်းရွက် ၍၊ ယေရုရှလင် မြို့တံခါး များသို့ မ ဝင် ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေ သည်တိုင်အောင် ၊ သင်တို့သည် ငါ့ စကားကို နား မ ထောင်လျှင် ၊ ငါသည် ထိုမြို့ တံခါး တို့ကို မီးရှို့ ၍ ၊ ထိုမီးသည် မ ငြိမ်း မသေဘဲ ယေရုရှလင် မြို့ဘုံ ဗိမာန်တို့ကို လောင် ရ လိမ့်မည်။
27καὶ ἔσται ἐὰν μὴ ἀκούσητέ μου τοῦ ἁγιάζειν τὴν ἡμέραν τῶν σαββάτων, τοῦ μὴ αἴρειν βαστάγματα καὶ μὴ εἰσπορεύεσθαι ταῖς πύλαις Ἱερουσαλὴμ ἐν τῇ ἡμέρᾳ τῶν σαββάτων, καὶ ἀνάψω πῦρ ἐν ταῖς πύλαις αὐτῆς, καὶ καταφάγεται ἄμφοδα Ἱερουσαλὴμ καὶ οὐ σβεσθήσεται.

Tip: use the ← and → keys to turn chapters.