တရားသူကြီးမှတ်စာ 9
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Clementine Vulgate, 1598
1ယေရုဗ္ဗာလ သား အဘိမလက် သည် ရှေခင် မြို့သို့ သွား ၍ ဦးရီး များ၊ အမိ ၏အဆွေအမျိုး များအပေါင်း တို့နှင့် နှုတ်ဆက် လျက်၊
1Abiit autem Abimelech filius Jerobaal in Sichem ad fratres matris suæ, et locutus est ad eos, et ad omnem cognationem domus patris matris suæ, dicens:
2ယေရုဗ္ဗာလ သား ခုနစ်ဆယ် တို့သည် သင် တို့ကို အုပ်စိုး ကောင်း သလော။ သား တယောက် တည်း အုပ်စိုး ကောင်းသလော။ ငါ သည် သင် တို့၏ အရိုး အသား စစ်ဖြစ်ကြောင်း ကို မ မေ့ကြနှင့်ဟု ရှေခင် မြို့သား အပေါင်းတို့အား ပြော ရမည်အကြောင်းကို တိုင်ပင်လေ၏။
2Loquimini ad omnes viros Sichem: Quid vobis est melius, ut dominentur vestri septuaginta viri omnes filii Jerobaal, an ut dominetur unus vir? simulque considerate quod os vestrum et caro vestra sum.
3ထို စကား ကို ဦးရီး တို့သည် ရှေခင် မြို့သား တို့အား အကုန်အစင် ပြန်ပြော ၍၊ သူတို့က၊ အဘိမလက် သည် ငါ တို့ညီအစ်ကို ဖြစ်သည်ဟုဆို လျှက် သူ့နောက် သို့ လိုက်ချင်သောစိတ် နူးညွတ် သဖြင့်၊
3Locutique sunt fratres matris ejus de eo ad omnes viros Sichem universos sermones istos, et inclinaverunt cor eorum post Abimelech, dicentes: Frater noster est.
4ငွေ ခုနစ်ဆယ် ကို ဗာလဗေရိတ် အိမ် မှ ထုတ် ၍ပေးလျှင် ၊ အဘိမလက် သည် လျှပ်ပေါ် သောသူတို့ကို ထိုငွေ နှင့် ငှါး ၍ အမှု ကို ထမ်းစေ၏။
4Dederuntque illi septuaginta pondo argenti de fano Baalberit. Qui conduxit sibi ex eo viros inopes et vagos, secutique sunt eum.
5တဖန် ဩဖရ မြို့၌ ရှိသောမိမိ အဘ အိမ် သို့ သွား ၍ ၊ မိမိ ညီအစ်ကို ယေရုဗ္ဗာလ သား ခုနစ်ဆယ် တို့ကို ကျောက် တခု ပေါ် မှာ သတ် လေ၏။ သို့ရာတွင် ၊ ယေရုဗ္ဗာလ သား အငယ်ဆုံး ယောသံ သည် ပုန်းရှောင် ၍ နေသောကြောင့် ကျန်ရစ် သတည်း။
5Et venit in domum patris sui in Ephra, et occidit fratres suos filios Jerobaal, septuaginta viros super lapidem unum: remansitque Joatham filius Jerobaal minimus, et absconditus est.
6ရှေခင် မြို့သား အပေါင်း တို့နှင့် မိလ္လော အဆွေအမျိုးအပေါင်း တို့သည် ရှေခင် မြို့တွင် ရှိသောအထိမ်းအမှတ် သပိတ် ပင်အနား မှာ စည်းဝေး ၍ အဘိမလက် ကို ရှင်ဘုရင် အရာ၌ ခန့် ထားကြ၏။
6Congregati sunt autem omnes viri Sichem, et universæ familiæ urbis Mello: abieruntque et constituerunt regem Abimelech, juxta quercum quæ stabat in Sichem.
7ထိုအမှုကို ယောသံ သည် ကြား သိသောအခါ ၊ ဂေရဇိမ် တောင် သို့ သွား ၍ ၊ တောင်ပေါ် မှာ ရပ် လျက် အသံ ကို လွှင့် ၍ ကြွေးကြော် လေသည်မှာ၊ အိုရှေခင် မြို့သား တို့၊ သင် တို့စကားကို ဘုရား သခင်နားထောင် တော်မူမည်အကြောင်း ၊ ငါ့ စကားကို နားထောင် ကြလော့။
7Quod cum nuntiatum esset Joatham, ivit, et stetit in vertice montis Garizim: elevataque voce, clamavit, et dixit: Audite me, viri Sichem; ita audiat vos Deus.
8သစ်ပင် တို့သည် မိမိ တို့ကို အုပ်စိုးရသောရှင်ဘုရင် ကို ခန့်ထားလျက် ဘိသိက် ပေးခြင်းငှါ ထွက်သွား ၍ ၊ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သံလွင် ပင်အား လျှောက် ကြလျှင်၊
8Ierunt ligna, ut ungerent super se regem: dixeruntque olivæ: Impera nobis.
9သံလွင် ပင်က၊ ဘုရား အသရေ ၊ လူ အသရေကို ပြုစုစရာ ငါ့ အဆီ အပြားကို ငါသည် စွန့် ၍ သစ်ပင် တို့ အပေါ် မှာ လွှမ်းမိုးရမည်လောဟု ဆို ၏။
9Quæ respondit: Numquid possum deserere pinguedinem meam, qua et dii utuntur et homines, et venire ut inter ligna promovear?
10တဖန် သင်္ဘောသဖန်း ပင်အား ၊ ကိုယ်တော် ကြွ ၍ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သစ်ပင် တို့သည် လျှောက် ကြလျှင်၊
10Dixeruntque ligna ad arborem ficum: Veni, et super nos regnum accipe.
11သင်္ဘောသဖန်း ပင်က၊ ငါ ၌ ချို သော အရသာနှင့် ကောင်း သောအသီး ကို ငါသည် စွန့် ၍ သစ်ပင် တို့ အပေါ် မှာ လွှမ်းမိုးရမည်လောဟု ဆို ၏။
11Quæ respondit eis: Numquid possum deserere dulcedinem meam, fructusque suavissimos, et ire ut inter cetera ligna promovear?
12တဖန် စပျစ် ပင်အား ကိုယ်တော် ကြွ ၍ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သစ်ပင် တို့သည် လျှောက် ကြလျှင်၊
12Locutaque sunt ligna ad vitem: Veni, et impera nobis.
13စပျစ် ပင်က၊ ဘုရား ၏စိတ်နှင့် လူ ၏စိတ်ကို ရွှင်လန်း စေသော ငါ့ စပျစ်ရည် ကို ငါသည် စွန့် ၍ သစ်ပင် တို့ အပေါ် မှာ လွှမ်းမိုးရမည်လောဟု ဆို ၏။
13Quæ respondit eis: Numquid possum deserere vinum meum, quod lætificat Deum et homines, et inter ligna cetera promoveri?
14တဖန် ဆူးလေ ပင်အား ကိုယ်တော် ကြွ ၍ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သစ်ပင် အပေါင်း တို့သည် လျှောက် ကြလျှင်၊
14Dixeruntque omnia ligna ad rhamnum: Veni, et impera super nos.
15ဆူးလေ ပင်က၊ သင်တို့သည် ငါ့ ကို သင် တို့၏ ရှင်ဘုရင် ဖြစ်စေခြင်းငှါခန့်ထား၍ ဧကန်အမှန် ဘိသိက် ပေးလိုလျှင် ၊ လာ ကြ၊ ငါ့ အရိပ် ကို ခိုလှုံ ကြ။ သို့မဟုတ် ဆူးလေ ပင်ထဲက မီး ထွက် ၍ လေဗနုန် အာရစ် ပင်တို့ကို လောင် လိမ့်မည်ဟု သစ်ပင် တို့အား ပြန်ပြော ၏။
15Quæ respondit eis: Si vere me regem vobis constituitis, venite, et sub umbra mea requiescite: si autem non vultis, egrediatur ignis de rhamno, et devoret cedros Libani.
16ယခု မှာ သင်တို့သည် အဘိမလက် ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကို စောင့်၍၊ ယေရုဗ္ဗာလ နှင့် သူ ၏အမျိုးအနွယ် အား ကောင်းမွန် စွာ ပြု ကြပြီလော။ ယေရုဗ္ဗာလသည် ကျေးဇူးပြု၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော။
16Nunc igitur, si recte et absque peccato constituistis super vos regem Abimelech, et bene egistis cum Jerobaal, et cum domo ejus, et reddidistis vicem beneficiis ejus, qui pugnavit pro vobis,
17ငါ့ အဘ သည် သင် တို့အဘို့ စစ်တိုက် ၍ ကိုယ် အသက် ကို စွန့်စား လျက်၊ သင် တို့ကို မိဒျန် အမျိုးလက် မှ ကယ်နှုတ် လေပြီ။
17et animam suam dedit periculis, ut erueret vos de manu Madian,
18သင်တို့သည် ငါ့ အဘ ၏အဆွေအမျိုး တစ်ဘက်၌ ယနေ့ ထ ၍ သူ ၏သား ခုနစ်ဆယ် တို့ကို ကျောက် တခု ပေါ် မှာ သတ် ပြီးလျှင် ၊ သူ ၏ကျွန်မ တွင် မြင်သော သား အဘိမလက် သည် သင် တို့ညီအစ်ကို ဖြစ်သောကြောင့် ၊ သူ့ ကို ရှေခင် မြို့သား တို့၏ ရှင်ဘုရင် ခန့်ထားကြပြီတကား။
18qui nunc surrexistis contra domum patris mei, et interfecistis filios ejus septuaginta viros super unum lapidem, et constituistis regem Abimelech filium ancillæ ejus super habitatores Sichem, eo quod frater vester sit:
19ယခုမှာ သင်တို့သည် ယေရုဗ္ဗာလ နှင့် သူ ၏အမျိုးအနွယ် အား သစ္စာတရား အတိုင်း ယနေ့ ပြု ပြီးလျှင် ၊ အဘိမလက် ကို အမှီပြု ၍ ဝမ်းမြောက် ကြလော့။ အဘိမလက် သည်လည်း သင် တို့ကို အမှီပြု ၍ ဝမ်းမြောက် ပါစေ။
19si ergo recte et absque vitio egistis cum Jerobaal et domo ejus, hodie lætamini in Abimelech, et ille lætetur in vobis.
20သို့မဟုတ် လျှင် အဘိမလက် ထဲက မီး ထွက် ၍ ၊ ရှေခင် မြို့သား နှင့် မိလ္လော အဆွေအမျိုးကိုလောင် ပါစေ။ ရှေခင် မြို့သား နှင့် မိလ္လော အဆွေအမျိုးထဲက မီး ထွက် ၍ အဘိမလက် ကို လောင် ပါစေဟု ကြွေးကြော်ပြီးမှ၊
20Sin autem perverse: egrediatur ignis ex eo, et consumat habitatores Sichem, et oppidum Mello: egrediaturque ignis de viris Sichem, et de oppido Mello, et devoret Abimelech.
21အလျင်အမြန်ပြေး ၍ အစ်ကို အဘိမလက် ကို ကြောက်သောကြောင့် ဗေရ မြို့သို့ သွား ၍ နေ လေ၏။
21Quæ cum dixisset, fugit, et abiit in Bera: habitavitque ibi ob metum Abimelech fratris sui.
22အဘိမလက် သည် ဣသရေလ အမျိုးကို အုပ်စိုး ၍ သုံး နှစ် စေ့သောအခါ၊
22Regnavit itaque Abimelech super Israël tribus annis.
23ဘုရား သခင်သည် အဘိမလက် နှင့် ရှေခင် မြို့သား စပ်ကြား မှာ ဆိုး သောဝိညာဉ် ကို စေလွှတ် တော်မူ၍ ၊ ရှေခင် မြို့သား တို့သည် အဘိမလက် ၏သစ္စာကို ဖျက် ကြ၏။
23Misitque Dominus spiritum pessimum inter Abimelech et habitatores Sichem: qui cœperunt eum detestari,
24အကြောင်းမူကား၊ ယေရုဗ္ဗာလ ၏ သား ခုနစ်ဆယ် တို့၌ ကြမ်းတမ်းစွာပြု၍ သတ်မိသောအပြစ်သည် သူတို့ကိုသတ်သောသူ တို့ ညီအစ်ကို အဘိမလက် အပေါ် သို့၎င်း၊ ညီအစ်ကို များကိုသတ် သောအမှု၌ ဝိုင်း၍ လက်ခံသော ရှေခင် မြို့သား တို့အပေါ် သို့၎င်း ရောက် ရမည်အကြောင်းတည်း။
24et scelus interfectionis septuaginta filiorum Jerobaal, et effusionem sanguinis eorum conferre in Abimelech fratrem suum, et in ceteros Sichimorum principes, qui eum adjuverant.
25ရှေခင် မြို့သား တို့သည် အဘိမလက်ကို ချောင်းမြောင်း စေခြင်းငှါ၊ လူတို့ကို တောင် ထိပ် ပေါ် မှာထား ၍ ထိုသူတို့သည် ခရီး သွား သောသူ အပေါင်း တို့၏ ဥစ္စာကို လု ယူကြ၏။ ထိုသတင်းကိုလည်း၊ အဘိမလက် သည်ကြား ၏။
25Posueruntque insidias adversus eum in summitate montium: et dum illius præstolabantur adventum, exercebant latrocinia, agentes prædas de prætereuntibus: nuntiatumque est Abimelech.
26ဧဗက် ၏သား ဂါလ သည် မိမိ ညီအစ်ကို တို့နှင့်အတူ ရှေခင် မြို့ဘက်သို့ ဝင် ၍ ရှေခင် မြို့သား တို့သည် သူ့ ကို ကိုးစား ကြ၏။
26Venit autem Gaal filius Obed cum fratribus suis, et transivit in Sichimam. Ad cujus adventum erecti habitatores Sichem,
27ဥယျာဉ် ၌ လည် လျက် စပျစ်သီး ကို သိမ်း ယူလျက် ပျော်မွေ့ ခြင်းကို ပြု သဖြင့် ၊ မိမိ တို့ ဘုရား ၏ကျောင်း သို့သွား ၍ အဘိမလက် ကို ကျိန်ဆဲ ကြ၏။
27egressi sunt in agros, vastantes vineas, uvasque calcantes: et factis cantantium choris, ingressi sunt fanum dei sui, et inter epulas et pocula maledicebant Abimelech,
28ဧဗက် ၏သား ဂါလ ကလည်း ၊ ငါတို့သည် အဘိမလက် အမှု ကို စောင့်ရမည်အကြောင်း ၊ အဘိမလက် ကားအဘယ်သူ နည်း၊ ရှေခင် ကား အဘယ်သူ နည်း။ အဘိမလက်သည် ယေရုဗ္ဗာလ သား မဟုတ် လော။ ဇေဗုလ သည် သူ ၏အမှုထမ်း မဟုတ်လော။ ရှေခင် အဘ ဟာမော် လူ တို့၏ အမှု ကို ထမ်းကြလော့။ အဘိမလက် အမှု ကို အဘယ်ကြောင့် ထမ်းရမည်နည်း။
28clamante Gaal filio Obed: Quis est Abimelech, et quæ est Sichem, ut serviamus ei? numquid non est filius Jerobaal, et constituit principem Zebul servum suum super viros Emor patris Sichem? cur ergo serviemus ei?
29ဤ လူ တို့သည် ငါ့ လက် သို့ ရောက် ပါစေသော။ သို့ဖြစ်လျှင် အဘိမလက် ကို ငါပယ် မည်ဟူ၍၎င်း၊ အဘိမလက် အား သင် ၏ ဗိုလ်ခြေ တို့ကို ပြင်ဆင် ၍ လာ တော့ဟူ၍၎င်း ဆို ၏။
29utinam daret aliquis populum istum sub manu mea, ut auferrem de medio Abimelech. Dictumque est Abimelech: Congrega exercitus multitudinem, et veni.
30ဧဗက် ၏သား ဂါလ စကား ကို မြို့ အုပ် ဇေဗုလ ကြား သောအခါ အမျက် ထွက် ၍၊
30Zebul enim princeps civitatis, auditis sermonibus Gaal filii Obed, iratus est valde,
31ပရိယာယ်အားဖြင့်အဘိမလက် ထံ သို့စေလွှတ် လျက်၊ ဧဗက် ၏သား ဂါလ သည် မိမိ ညီအစ်ကို တို့နှင့်အတူ ရှေခင် မြို့သို့ လာ ၍ ကိုယ်တော် တစ်ဘက် ၌ မြို့ ကို ပြင်ဆင် ကြပါ၏။
31et misit clam ad Abimelech nuntios, dicens: Ecce Gaal filius Obed venit in Sichimam cum fratribus suis, et oppugnat adversum te civitatem.
32သို့ဖြစ်၍ ညဉ့် အခါ ကိုယ်တော် သည် ပါ သော သူ တို့နှင့်တကွ ထ ၍ ၊ တော ၌ ချောင်းမြောင်း လျက် နေတော်မူပါ။
32Surge itaque nocte cum populo qui tecum est, et latita in agro:
33နံနက် စောစောနေ ထွက်စကထ ၍ မြို့ ကို တိုက် တော်မူပါ။ ဂါလ သည် သူ ၌ ပါသော လူ တို့နှင့်တကွ ဆီး ၍ ကြိုသောအခါ ၊ အဆင်သင့်သည်အတိုင်း ပြု တော်မူပါဟု ကြား လျှောက်လေ၏။
33et primo mane, oriente sole, irrue super civitatem. Illo autem egrediente adversum te cum populo suo, fac ei quod potueris.
34အဘိမလက် သည် သူ ၌ ပါသမျှ သော လူ တို့နှင့်တကွ ညဉ့် အခါ ထ ၍ တပ် လေး တပ်ခွဲပြီးလျှင်၊ ရှေခင် မြို့ကို ချောင်းမြောင်း လျက်နေကြ၏။
34Surrexit itaque Abimelech cum omni exercitu suo nocte, et tetendit insidias juxta Sichimam in quatuor locis.
35ဧဗက် ၏သား ဂါလ သည် ထွက် ၍ မြို့ တံခါး ဝ ၌ ရပ် လျှင် ၊ အဘိမလက် သည် မိမိ ၌ ပါသော သူ တို့ နှင့်တကွ ချောင်းမြောင်း ရာမှ ထ ကြ၏။
35Egressusque est Gaal filius Obed, et stetit in introitu portæ civitatis. Surrexit autem Abimelech, et omnis exercitus cum eo, de insidiarum loco.
36ဂါလ သည် ထိုလူ တို့ကို မြင် လျှင် ၊ တောင် ပေါ်မှ လူ များ ဆင်း လာကြသည်ဟု ဇေဗုလ အား ဆို သော် ၊ ဇေဗုလ က တောင် အရိပ် သည် လူ ကဲ့သို့ ထင် သည်ဟု ပြန်ပြော ၏။
36Cumque vidisset populum Gaal, dixit ad Zebul: Ecce de montibus multitudo descendit. Cui ille respondit: Umbras montium vides quasi capita hominum, et hoc errore deciperis.
37တဖန် ဂါလ က၊ ကြည့် ပါ။ လူ အချို့တို့သည် တောင်ရိုးပေါ်မှ ဆင်း လာကြ၏။ အချို့တို့သည် မောနေနိမ် သပိတ် တောလမ်း ဖြင့် လာ ကြ၏ဟု ပြောဆို လျှင်၊
37Rursumque Gaal ait: Ecce populus de umbilico terræ descendit, et unus cuneus venit per viam quæ respicit quercum.
38ဇေဗုလ က၊ ငါတို့သည် အဘိမလက် အမှု ကို ထမ်းရမည်အကြောင်း ၊ အဘိမလက် သည် အဘယ်သူ နည်းဟု သင်ဆို သော နှုတ် သည် ယခု အဘယ်မှာ ရှိသနည်း။ ထို လူ တို့သည် သင်မထီမဲ့မြင် ပြုသောသူမဟုတ် လော။ ထွက် ၍ သူ တို့ကို စစ်တိုက် ပါလော့ဟု ဆို သော်၊
38Cui dixit Zebul: Ubi est nunc os tuum, quo loquebaris: Quis est Abimelech ut serviamus ei? nonne hic populus est, quem despiciebas? egredere, et pugna contra eum.
39ဂါလ သည် ရှေခင် မြို့သား တို့ရှေ့ မှာ ထွက် ၍ အဘိမလက် ကို တိုက် လေ၏။
39Abiit ergo Gaal, spectante Sichimorum populo, et pugnavit contra Abimelech,
40အဘိမလက် လိုက် ၍ ဂါလပြေး သဖြင့် များ သောသူတို့သည် မြို့တံခါး ဝ တိုင်အောင် အထိအခိုက် ခံလျက် လဲ ၍ သေကြ၏။
40qui persecutus est eum fugientem, et in urbem compulit: cecideruntque ex parte ejus plurimi, usque ad portam civitatis.
41အဘိမလက် သည် အရုမ မြို့မှာ နေ ၍ ဇေဗုလ သည် ဂါလ နှင့် သူ ၏ညီအစ်ကို တို့ကို ရှေခင် မြို့၌ မနေ စေခြင်းငှါနှင်ထုတ် လေ၏။
41Et Abimelech sedit in Ruma: Zebul autem Gaal et socios ejus expulit de urbe, nec in ea passus est commorari.
42နက်ဖြန် နေ့၌ လူ များတို့သည် မြို့ ပြင်သို့ ထွက် မည်အကြောင်း ကို အဘိမလက် သည် ကြား လျှင်၊
42Sequenti ergo die, egressus est populus in campum. Quod cum nuntiatum esset Abimelech,
43မိမိလူ တို့ကို သုံး စု ခွဲ ၍ တော ၌ ချောင်းမြောင်း လျက် နေသဖြင့် ၊ မြို့ သားတို့သည် ထွက် လာကြသောအခါ ထ ၍ လုပ်ကြံ လေ၏။
43tulit exercitum suum, et divisit in tres turmas, tendens insidias in agris. Vidensque quod egrederetur populus de civitate, surrexit, et irruit in eos
44အဘိမလက် သည် မိမိ လူတစု နှင့် မြို့ တံခါး ဝ သို့ ပြေး တက်၍ စောင့် နေ၏။ အခြားသော လူနှစ် စု တို့သည် တော ၌ ရှိသောလူတို့ဆီသို့ ပြေး ၍ သတ် ကြ၏။
44cum cuneo suo, oppugnans et obsidens civitatem: duæ autem turmæ palantes per campum adversarios persequebantur.
45အဘိမလက် သည် တနေ့လုံး မြို့ ကို တိုက် ၍ ရ သောအခါ ၊ မြို့ ၌ တွေ့သောသူ တို့ကိုသတ် ပြီးလျှင် မြို့ရိုး ကိုဖြိုဖျက် ၍ မြို့ ရာကို ဆား နှင့် ကြဲဖြန့် လေ၏။
45Porro Abimelech omni die illo oppugnabat urbem: quam cepit, interfectis habitatoribus ejus, ipsaque destructa, ita ut sal in ea dispergeret.
46ထိုသိတင်းကို ရှေခင်ရဲတိုက်သား အပေါင်း တို့သည် ကြား လျှင် ၊ ဗေရိတ်ဘုရား ၏ ကျောင်း ၌ ခိုင်ခံ့ သော အခန်းထဲမှာ စုဝေး ကြ၏။
46Quod cum audissent qui habitabant in turre Sichimorum, ingressi sunt fanum dei sui Berith, ubi fœdus cum eo pepigerant, et ex eo locus nomen acceperat: qui erat munitus valde.
47ရှေခင်ရဲတိုက်သား အပေါင်း တို့သည် စုဝေး ကြောင်း ကို အဘိမလက် သည် ကြား လတ်သော်၊
47Abimelech quoque audiens viros turris Sichimorum pariter conglobatos,
48ကိုယ်တိုင် မှစ၍ပါသော သူ အပေါင်း တို့သည် ဇလမုန် တောင် သို့ သွား ပြီးလျှင် ၊ အဘိမလက် သည် ပုဆိန် နှင့် သစ်ခက် ကို ခုတ် ၍ မိမိ ပုခုံး ပေါ် မှာ တင် ထမ်း လျက် ၊ ငါပြု သည်ကို သင်တို့မြင် သည်အတိုင်း အလျင်အမြန် ပြု ကြလော့ဟု လိုက်သောသူ တို့အား ဆို လျှင်၊
48ascendit in montem Selmon cum omni populo suo: et arrepta securi, præcidit arboris ramum, impositumque ferens humero, dixit ad socios: Quod me videtis facere, cito facite.
49သူ၏လူ အပေါင်း တို့သည် ထိုအတူ အသီးအသီး သစ်ခက် တို့ကို ခုတ် ၍ အဘိမလက် နောက် သို့ လိုက် လျက် ခိုင်ခံ့ သောအခန်းကို မီးရှို့ ကြ၏။ ထိုသို့ ရှေခင်ရဲတိုက်သား အပေါင်း တို့နှင့်အတူ တထောင် သော ယောက်ျား မိန်းမ တို့သည် သေ ကြကုန်၏။
49Igitur certatim ramos de arboribus præcidentes, sequebantur ducem. Qui circumdantes præsidium, succenderunt: atque ita factum est, ut fumo et igne mille homines necarentur, viri pariter et mulieres, habitatorum turris Sichem.
50ထိုနောက်မှ အဘိမလက် သည် သေဗက် မြို့သို့ သွား ၍ တပ်ချ ပြီးလျှင် တိုက် ယူလေ၏။
50Abimelech autem inde proficiscens venit ad oppidum Thebes, quod circumdans obsidebat exercitu.
51သို့ရာတွင် မြို့ ထဲမှာ ခိုင်ခံ့ သော ရဲတိုက် တခုရှိ ၍ ၊ မြို့ သား ယောက်ျား မိန်းမ အပေါင်း တို့သည် ထို ရဲတိုက်ထဲ သို့ ပြေး ဝင်ကြ၏။ တံခါးကိုလည်း ပိတ် ထား၍ ရဲတိုက် အပေါ် သို့ တက် ကြ၏။
51Erat autem turris excelsa in media civitate, ad quam confugerant simul viri ac mulieres, et omnes principes civitatis, clausa firmissime janua, et super turris tectum stantes per propugnacula.
52အဘိမလက် သည် ရဲတိုက် ကို လာ ၍ တိုက် လျက်၊ ရဲတိုက် တံခါး ကို မီး ရှို့ ခြင်းငှါ ချဉ်းကပ် သောအခါ၊
52Accedensque Abimelech juxta turrim, pugnabat fortiter: et appropinquans ostio, ignem supponere nitebatur:
53မိန်းမ တယောက် သည် ကြိတ်ဆုံ ကျောက်တဖဲ့ ကို အဘိမလက် ခေါင်း ပေါ် သို့ ပစ်ချ ၍ ဦးခေါင်းခွံ ပေါက် ကွဲလေ၏။
53et ecce una mulier fragmen molæ desuper jaciens, illisit capiti Abimelech, et confregit cerebrum ejus.
54သူသည် လက်နက် ကိုင် လုလင် ကို အလျင်အမြန် ခေါ် ၍ မိန်းမ သည် အဘိမလက် ကိုသတ် သည်ဟု ပြော စရာမ ရှိစေခြင်းငှါ၊ သင့် ထား ကို ထုတ် ၍ ငါ့ ကိုသတ် လော့ဟု ဆို သည်အတိုင်း ၊ လုလင် သည် ထိုး ၍ အဘိမလက် သေ လေ၏။
54Qui vocavit cito armigerum suum, et ait ad eum: Evagina gladium tuum, et percute me, ne forte dicatur quod a femina interfectus sim. Qui jussa perficiens, interfecit eum.
55အဘိမလက် သေ ကြောင်း ကို ဣသရေလ လူ တို့သည် သိမြင် လျှင် ၊ အသီးအသီး မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
55Illoque mortuo, omnes qui cum eo erant de Israël, reversi sunt in sedes suas:
56ထိုသို့ အဘိမလက် သည် မိမိ ညီအစ်ကို ခုနစ်ဆယ် တို့ကိုသတ် ၍ ပြု မိသော ဒုစရိုက် အပြစ်ကို ဘုရား သခင်ဆပ် ပေးတော်မူ၏။
56et reddidit Deus malum quod fecerat Abimelech contra patrem suum, interfectis septuaginta fratribus suis.
57ရှေခင် မြို့သား ပြုသောဒုစရိုက် အပြစ်ကိုလည်း သူ တို့ခေါင်း ပေါ် သို့ ဘုရား သခင်ရောက် စေတော်မူသဖြင့် ၊ ယေရုဗ္ဗာလ သား ယောသံ ကျိန် သော စကားအတိုင်း သူ တို့သည် ခံရ ကြ၏။
57Sichimitis quoque quod operati erant, retributum est, et venit super eos maledictio Joatham filii Jerobaal.
Tip: use the ← and → keys to turn chapters.