ဟေရှာယ

Old Testament

Chapter 19
Judson Burmese Bible (18…
vs Vietnamese Bible (…
Aa
Text size
Line width
Verse numbers

ဟေရှာယ 19

Judson Burmese Bible (1840)
Vietnamese Bible (1923 translation)
1အဲဂုတ္တု ပြည် နှင့် ဆိုင်သော ဗျာဒိတ် တော်ကား၊ ကြည့်ရှု လော့။ ထာဝရဘုရား သည် လျင်မြန် သော မိုဃ်းတိမ် ကို စီး ၍ အဲဂုတ္တု ပြည်သို့ ကြွ တော်မူ၏။ ရှေ့ တော်၌ အဲဂုတ္တု ပြည်၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား ၍ ၊ အဲဂုတ္တု ပြည်၏ နှလုံး သည် သူ ၏အထဲ မှာ အရည် ကျိုလျက် ရှိလိမ့်မည်။
1Gánh nặng về Ê-díp-tô. Nầy, Đức Giê-hô-va cỡi đám mây mau kíp đến Ê-díp-tô; các thần tượng của Ê-díp-tô đều run rẩy trước mặt Ngài, lòng Ê-díp-tô sẽ tan chảy giữa nó.
2အဲဂုတ္တု ပြည်သားတို့သည် အချင်းချင်းတ ယောက်နှင့် တယောက် ရန်ပြု စေခြင်းငှါ ငါနှိုးဆော် သဖြင့် ၊ သူတို့သည် ညီအစ်ကို ချင်း တယောက်နှင့် တ ယောက်၊ အိမ်နီးချင်း တယောက်နှင့်တယောက်၊ တမြို့ နှင့် တမြို့ ၊ တနိုင်ငံ နှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည်။
2Ta sẽ xui người Ê-díp-tô đánh người Ê-díp-tô: anh em nghịch cùng anh em, lân cận nghịch cùng lân cận, thành nghịch cùng thành, nước nghịch cùng nước.
3အဲဂုတ္တု ပြည်၏ စိတ် သည် သူ ၏အထဲ မှာ ပျက် လိမ့်မည်။ သူ ၏အကြံ ကိုလည်း ငါဖျက် မည်။ သူတို့သည် ရုပ်တု တို့၌၎င်း ၊ ပြုစား သောသူတို့၌ ၎င်း ၊ နတ်ဝင်နှင့် စုန်း တို့၌၎င်း ဆည်းကပ် ကြလိမ့်မည်။
3Tâm thần Ê-díp-tô sẽ lụn bại giữa nó, ta sẽ phá tan mưu chước nó. Bấy giờ chúng nó sẽ cầu hỏi các thần tượng cùng thuật sĩ, kẻ kêu hồn cùng thầy bói.
4အဲဂုတ္တု ပြည်သားတို့ကို ကြမ်းကြုတ် သော သခင် တို့ လက် သို့ ငါအပ် သဖြင့် ၊ ပြင်းထန် သော ရှင်ဘုရင် တပါးသည် အုပ်စိုး လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့် တော်မူ၏။
4Ta sẽ phó dân Ê-díp-tô trong tay chúa hung dữ, và một vua bạo ngược sẽ cai trị chúng nó; Chúa, là Đức Giê-hô-va vạn quân, phán vậy.
5ထိုအခါပင်လယ် ရေ ပြတ် လိမ့်မည်။ မြစ် ရေ လည်း လျော့ ၍ ခန်းခြောက် လိမ့်မည်။
5Nước biển sẽ tắt, sông cạn và khô.
6ချောင်း ရေများလည်း ပုပ် ကြလိမ့်မည်။ အဲဂုတ္တု မြစ် လက်ကြားတို့လည်း ရေ ပြတ်၍ ခန်းခြောက်သဖြင့်၊ ကျူပင် နှင့် ကိုင်း ပင်တို့သည် ညှိုးနွမ်း ကြလိမ့်မည်။
6Các sông sẽ trở nên hôi thối; ngòi rạch rặc xuống và khan đi; sậy lau đều chết héo.
7မြစ် လက်ကြားနားနှင့် ချောင်း ဝ နား မှာ ပေါက် သော မြက်ပင် အစရှိသော၊ မြစ် နားမှာ စိုက် သမျှ တို့သည် ညှိုးနွမ်း ပျက်စီး ပ ပျောက်ကြလိမ့်မည်။
7Các đồng cỏ ở bờ sông Ni-lơ cùng hết thảy đồng ruộng đã gieo của nó, đều héo khô, bị thổi đi, không còn nữa.
8တံငါ တို့သည် ညည်းတွား ကြလိမ့်မည်။ မြစ် ၌ ငါးမျှား ကို ချ သမျှ သောသူတို့သည် မြည်တမ်း ၍ ရေ ပေါ် မှာ ပိုက်ကွန် ကို ဖြန့် တတ်သောသူတို့ သည် စိတ်ပျက် ကြလိမ့်မည်။
8Những người đánh cá sẽ than vãn, mọi kẻ buông câu nơi sông Ni-lơ đều rên siết, và kẻ thả lưới trên các dòng nước đều âu sầu.
9ပိုက်ဆန် လုပ် သောသူနှင့် ဈာ မျိုးကို ရက် သောသူတို့ သည်လည်း အကျိုးနည်း ရှိကြလိမ့်မည်။
9Những kẻ làm vải gai mịn và những kẻ dệt vải trắng đều xấu hổ.
10အမှီ တကဲတို့သည် ပျက် ၍၊ အခ စား သောသူအပေါင်း တို့သည် ညှိုးငယ် သောစိတ် ရှိကြလိမ့်မည်။
10Các trụ của Ê-díp-tô đều bị gãy, hết thảy thợ thầy đều có lòng lo.
11အကယ်စင်စစ်ဇောန မင်း တို့သည် အရူး ဖြစ် ကြ၏။ ဖာရော ဘုရင်၏ တိုင်ပင် မှူးမတ် တို့သည် မိုက် သောအကြံ ကိုပေးကြ၏။ ကျွန်တော်သည် ပညာရှိ အမျိုး ၊ ရှေး ဘုရင် တို့ အနွှယ် ဖြစ်ပါသည်ဟု ဖာရော ဘုရင်အား အဘယ်ကြောင့် လျှောက် ကြသနည်း။
11Các quan trưởng ở Xô-an rất đần độn; mưu sĩ rất khôn ngoan của Pha-ra-ôn, chỉ bày ra những kế dại khờ. Sao các ngươi nói cùng Pha-ra-ôn rằng: Tôi là con các bậc hiền triết, con các vua đời xưa?
12သူ တို့သည် အဘယ်မှာ ရှိကြသနည်း။ သင် ၏ ပညာရှိ တို့သည် အဘယ်မှာရှိကြသနည်း။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည် တဘက် ၌ အဘယ်သို့ ကြံစည် တော်မူသည်ကို ယခု ပြော ကြပါစေ။ ဘော်ပြ ကြပါစေ။
12Vậy thì các bậc hiền triết ngươi ở đâu? Các bật ấy hãy cho ngươi biết đi; các bậc ấy nên biết Đức Giê-hô-va vạn quân đã định gì về Ê-díp-tô.
13ဇောန မင်း တို့သည် အရူး ဖြစ်ကြပြီ။ နောဗ မင်း တို့သည် မှားယွင်း ကြပြီ။ အဲဂုတ္တု ပြည်၏ အမျိုး အနွယ်များကိုအုပ်သော အကြီးအကဲ တို့ကိုလည်း မှားယွင်း စေ ကြပြီ။
13Các quan trưởng ở Xô-an đã nên dại dột; các quan trưởng ở Nốp bị lừa dối; những người làm hòn đá góc của các chi phái Ê-díp-tô đã làm cho nó lầm lạc.
14ထာဝရဘုရား သည် အဲဂုတ္တုပြည်၏ အလယ်၌ ယစ်မူး သော သဘော ကို ပြင်ဆင် တော်မူသဖြင့် ၊ ယစ်မူး သောသူသည် မိမိ အန်ဖတ် ၌ လဲ သကဲ့သို့ ၊ အဲဂုတ္တု ပြည် သားတို့သည် ပြု လေသမျှ တို့၌ မှားယွင်း ကြပြီ။
14Đức Giê-hô-va đã xen sự trái ngược vào giữa nó, nên chúng nó làm cho Ê-díp-tô sai lầm trong mọi việc, như người say vừa mửa vừa đi xiêu tó.
15အဲဂုတ္တု ပြည်၏ ဦးခေါင်း ဖြစ်စေ ၊ အမြီး ဖြစ်စေ၊ စွန်ပလွံ လက်ဖြစ်စေ ၊ ကိုင်း ပင်ဖြစ်စေ၊ ပြီးစီး နိုင်သော အမှု အလျှင်းမ ရှိရ။
15Chẳng có việc gì mà đầu và đuôi, cây kè và cây lau sẽ làm ra được cho Ê-díp-tô cả.
16ထို ကာလ ၌ အဲဂုတ္တု လူတို့သည် မိန်းမ ကဲ့သို့ ဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သူ တို့အပေါ် မှာ လက် တော်ကို လှုပ်ရှား တော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ် ကြလိမ့်မည်။
16Trong ngày đó, người Ê-díp-tô sẽ giống như đàn bà; thấy tay Đức Giê-hô-va vạn quân vung lên trên mình, thì run rẩy sợ hãi.
17ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အဲဂုတ္တု ပြည် တဘက် ၌ ကြံစည် တော်မူသောအကြံ အစည်ကြောင့် ၊ ယုဒ ပြည် သည်လည်း အဲဂုတ္တု ပြည်၌ ကြောက်မက် ဘွယ်ဖြစ်လိမ့်မည်။ ယုဒ ပြည်ဟူ၍ပြော ကာမျှ နှင့် လူတိုင်း ကြောက်ရွှံ့ ကြလိမ့်မည်။
17Bấy giờ đất Giu-đa sẽ nên sự kinh hoàng cho Ê-díp-tô; hễ khi người ta xưng tên ấy ra trước mặt ai thì nấy sợ khiếp, vì ý chỉ của Đức Giê-hô-va vạn quân đã định nghịch cùng nó.
18ထို ကာလ ၌ အဲဂုတ္တု ပြည် တွင် ၊ မြို့ ငါး မြို့တို့သည် ခါနာန် ဘာသာ စကားကို ပြော ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏ သစ္စာ တော်ကိုခံ ကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တ မြို့ကို သူရိယာ မြို့ ဟူ၍ခေါ်ဝေါ် ကြ လိမ့်မည်။
18Trong ngày đó, tại xứ Ê-díp-tô, sẽ có năm thành nói tiếng Ca-na-an, và chỉ Đức Giê-hô-va vạn quân mà thề. Trong đó có một thành gọi là thành hủy diệt.
19ထို ကာလ ၌ အဲဂုတ္တု ပြည် အလယ် တွင် ၊ ထာဝရဘုရား ကို ပူဇော်ရာယဇ် ပလ္လင် ရှိ လိမ့်မည်။ ပြည် စွန်း နား တွင် လည်း ထာဝရဘုရား အဘို့ မှတ်တိုင် ရှိလိမ့်မည်။
19Trong ngày đó, sẽ có một bàn thờ cho Đức Giê-hô-va ở giữa xứ Ê-díp-tô, và có một trụ cho Đức Giê-hô-va nơi bờ cõi nói.
20ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ် လက္ခဏာဖြစ် လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ သက်သေ လည်း ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ညှဉ်းဆဲ ခြင်းကို ခံရသောကြောင့် ၊ ထာဝရဘုရား ကို အော်ဟစ် ကြသည်ရှိ သော်၊ ကယ်တင် သောအရှင်၊ အမှုစောင့် သခင်ကို သူ တို့ရှိရာသို့ စေ လွှတ် တော်မူ၍ ၊ ထိုသခင်သည် ကယ်တင် တော်မူ၏။
20Aáy là dấu và chứng cho Đức Giê-hô-va vạn quân tại xứ Ê-díp-tô; bởi chưng chúng sẽ kêu đến Đức Giê-hô-va vì cớ kẻ bạo ngược, và Ngài sẽ sai một Đấng cứu và binh vực để giải thoát họ.
21အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြ သည်ဖြစ်၍၊ ထို ကာလ ၌ အဲဂုတ္တု လူတို့သည် ထာဝရဘုရား ကို သိ သောကြောင့်၊ ပူဇော် သက္ကာအလှု ဒါနကို ဆက်ကပ်၍ ဝတ်ပြု ကြလိမ့်မည်။ ထာဝရဘုရား ရှေ့ တော်၌ သစ္စာ ဂတိထား ၍ ၊ ထားသည့်အတိုင်း ပြု ကြလိမ့်မည်။
21Đức Giê-hô-va sẽ cho Ê-díp-tô biết Ngài; trong ngày đó người Ê-díp-tô sẽ biết Đức Giê-hô-va; ắt họ sẽ dâng hi sinh và của lễ mà thờ phượng Ngài, lại khấn nguyện cùng Đức Giê-hô-va, và hoàn nguyện.
22ထာဝရဘုရား သည်လည်း အဲဂုတ္တု ပြည်ကို ဒဏ်ခတ် ၍ ၊ ခတ် ပြီးသော ဒဏ်ရာကို ပျောက် စေတော်မူမည်။ သူတို့သည်လည်း၊ ထာဝရဘုရား ထံ တော်သို့ ပြောင်းလဲ ကြ သည့်ကာလ၊ သူ တို့တောင်းပန်ခြင်းကို နားထောင် ၍ ဒဏ်ရာကို ပျောက် စေတော်မူမည်။
22Đức Giê-hô-va sẽ đánh Ê-díp-tô, đánh rồi lại chữa lành; họ sẽ trở về cùng Đức Giê-hô-va, Ngài sẽ nghe lời họ cầu nguyện và chữa lành cho.
23ထို ကာလ ၌ အဲဂုတ္တု ပြည်မှ သည် အာရှုရိ ပြည် တိုင်အောင် ၊ လမ်း တွင် လိမ့်မည်။ အာရှုရိ လူသည် အဲဂုတ္တု ပြည်သို့ ၎င်း၊ အဲဂုတ္တု လူသည်၊ အာရှုရိ ပြည်သို့ ၎င်း သွားလာ ၍ အဲဂုတ္တု လူနှင့် အာရှုရိ လူတို့သည် တညီတညွတ်တည်း ဝတ်ပြု ကြလိမ့်မည်။
23Trong ngày đó, sẽ có con đường cái đi từ Ê-díp-tô đến A-si-ri; người A-si-ri sẽ đến Ê-díp-tô, người Ê-díp-tô sẽ đến A-si-ri; người Ê-díp-tô và người A-si-ri đều cùng nhau thờ phượng Đức Giê-hô-va.
24ထို ကာလ ၌ ဣသရေလ အမျိုးသည် အဲဂုတ္တု အမျိုးနှင့် ၎င်း ၊ အာရှုရိ အမျိုးနှင့် ၎င်း ပေါင်း၍၊ တတိယ အမျိုးတည်းဟူသောမြေကြီး အလယ် ၌ မင်္ဂလာ ပြုသော အမျိုး ဖြစ် လိမ့်မည်။
24Trong ngày đó, Y-sơ-ra-ên sẽ hiệp cùng Ê-díp-tô và A-si-ri làm ba, đặng làm nên nguồn phước giữa thiên hạ;
25ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကလည်း၊ ငါ ၏ လူ အဲဂုတ္တု အမျိုး၊ ငါ ပြုပြင် သော အာရှုရိ အမျိုး၊ ငါ ၏ အမွေ ဥစ္စာဖြစ်သော ဣသရေလ အမျိုးသည် မင်္ဂလာ ရှိစေသတည်းဟု ကောင်းကြီး ပေး တော်မူလိမ့်မည်။
25vì Đức Giê-hô-va vạn quân đã chúc phước cho họ, mà rằng Ê-díp-tô dân ta, A-si-ri công trình của tay ta, Y-sơ-ra-ên gia tài ta, đều hãy được phước!

Tip: use the ← and → keys to turn chapters.