ဟေဗြဲ

Old Testament

Chapter 4

ဟေဗြဲ

Judson Burmese Bible (18…
vs Chinese Union Vers…
Aa
Text size
Line width
Verse numbers

ဟေဗြဲ 4

Judson Burmese Bible (1840)
Chinese Union Version, punctuated (Traditional)
1ထို့ကြောင့် ၊ ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင် ရသောအခွင့်ကို ပေးသော ဂတိ တော်သည် ငါတို့၌ရှိ ရစ် လျက်နှင့်၊ သင် တို့တွင် အချို့ တို့သည် မ မှီဘဲနေမည်ကို စိုးရိမ် ကြကုန်အံ့
1我們既蒙留下,有進入他安息的應許,就當畏懼,免得我們中間或有人似乎是趕不上了。
2ငါတို့သည် ဝမ်းမြောက်စရာသိတင်း ကို ထိုသူ တို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူ တို့ကြား ရသော တရား စကားသည်၊ ကြား ရသောသူ တို့အထဲ၌ ယုံကြည် ခြင်းနှင့် မ ရောနှော သောကြောင့် အကျိုး ကိုမ ပေး
2因為有福音傳給我們,像傳給他們一樣;只是所聽見的道與他們無益,因為他們沒有信心與所聽見的道調和。
3ငါတို့မူကား ၊ ယုံကြည် သောသူ ဖြစ်၍ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင် ကြရ၏။ ထိုသို့နှင့်အညီဗျာဒိတ် တော်ကား၊ သူတို့သည် ငါ ၏ချမ်းသာ ထဲသို့ မဝင်ရ ကြဟု အမျက်ထွက် ၍ ငါ ကျိန်ဆို သည်ဟု လာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာ ဦး ကပင် အမှုအရာ တို့ကို ပြီးစီး ၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း
3但我們已經相信的人得以進入那安息,正如上帝所說:「我在怒中起誓說:『他們斷不可進入我的安息!』」其實造物之工,從創世以來已經成全了。
4ခုနစ် ရက်မြောက်သောနေ့ကို အကြောင်း ပြု၍ ကျမ်းစာတ ချက်၌ လာသည်ကား၊ ဘုရားသခင် သည် မိမိ အမှုအရာ အလုံးစုံ တို့ကို ပြီးစီး၍ ခုနစ် ရက်မြောက်သောနေ့ ၌ ငြိမ်ဝပ် စွာနေတော်မူ၏ဟု လာ သတည်း
4論到第七日,有一處說:「到第七日,上帝就歇了他一切的工。」
5ထို ကျမ်းစာ၌ တဖန် လာသည်ကား၊ သူတို့သည် ငါ ၏ ချမ်းသာ ထဲသို့ မ ဝင်ရ ကြဟုလာသတည်း
5又有一處說:「他們斷不可進入我的安息!」
6ထိုကြောင့် ၊ အချို့ တို့သည် ဝင် ရကြ၏။ ဝမ်းမြောက် စရာ သိတင်းကို ရှေ့ဦးစွာ ကြားရသော သူ တို့ သည် မယုံကြည် သောကြောင့် မ ဝင် ရကြပြီ
6既有必進安息的人,那先前聽見福音的,因為不信從,不得進去。
7တဖန်တုံ ၊ ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော်အသံ ကို ကြား လျက်ရှိသည်ဖြစ်၍ ခိုင်မာ စိတ် နှလုံး မ ရှိကြနှင့်ဟုဆို သည်ဖြစ်၍ ၊ ဤမျှလောက် ကာလ ကြာပြီးမှ ၊ ယနေ့ ဟု ဒါဝိဒ် ကျမ်းစာ၌ လာသောအခါ၊ တစ်စုံတစ်ခု သော နေ့ရက် ကို သေချာစွာမှတ်သား သတည်း
7所以過了多年,就在 大衛 的書上,又限定一日,如以上所引的說:「你們今日若聽他的話,就不可硬着心。」
8ယောရှု သည် ထိုသူ တို့ကို ချမ်းသာ ပေးသည် မှန် လျှင် ၊ ထိုနောက် အခြား သောနေ့ရက် ကို အဘယ် ဆို ဘွယ်ရှိသနည်း
8若是 約書亞 已叫他們享了安息,後來上帝就不再提別的日子了。
9ထိုကြောင့် ၊ ဘုရားသခင် ၏လူ တို့အဘို့အလိုငှာ ငြိမ်ဝပ် ခြင်း ချမ်းသာတမျိုးသည် ကျန်ရစ် သေး၏
9這樣看來,必另有一安息日的安息為上帝的子民存留。
10ဘုရားသခင် သည် မိမိ အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည် နည်းတူ ၊ ထိုချမ်းသာ ထဲသို့ ဝင် ရသောသူ သည်လည်း မိမိ အမှုအရာ တို့ကို ပြီးစီး၍ ငြိမ်ဝပ် စွာနေရ၏
10因為那進入安息的,乃是歇了自己的工,正如上帝歇了他的工一樣。
11ထို့ကြောင့်၊ ဣသရေလလူတို့သည် မယုံကြည် သော စိတ်ရှိသဖြင့် လဲ သကဲ့သို့ ငါတို့သည်မ လဲ၊ ထို ချမ်းသာ ထဲသို့ ဝင် ရမည် အကြောင်း ကြိုးစား အားထုတ်ကြကုန်အံ့
11所以,我們務必竭力進入那安息,免得有人學那不信從的樣子跌倒了。
12ဘုရားသခင် ၏နှုတ်ကပတ် တရားတော်သည် အသက် ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင် ခြင်း၊ သန်လျက် တကာ တို့ထက် ထက် ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ၊ အသက် နှင့် စိတ် ဝိညာဉ်ကို၎င်း၊ အရိုးဆစ် နှင့် ခြင်ဆီ ကို၎င်း ပိုင်းခြား ထုတ်ချင်းခွင်း တတ်၏။ စိတ် နှလုံးအကြံအစည် များကိုလည်း သိမြင် တတ်၏
12上帝的道是活潑的,是有功效的,比一切兩刃的劍更快,甚至魂與靈,骨節與骨髓,都能刺入、剖開,連心中的思念和主意都能辨明。
13ငါ တို့ကိုစစ်ကြော စီရင်တော်မူသော သူ ရှေ့ ၌ မ ထင်ရှားသော အရာ တစ်စုံတစ်ခု မျှမရှိ ၊ ခပ်သိမ်း သော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက် တော်၌ လှန် ထားလျက် ရှိကြ၏
13並且被造的沒有一樣在他面前不顯然的;原來萬物在那與我們有關係的主眼前,都是赤露敞開的。
14ယခုမူကား၊ ကောင်းကင် ဘုံထဲသို့ကြွဝင် တော်မူသော ယဇ်ပုရောဟိတ် မင်းအကြီး တည်းဟူသောဘုရားသခင် ၏ သား တော်ယေရှု သည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ် တော်မူသောကြောင့် ၊ ငါတို့သည် ဝန်ခံ ခဲ့ပြီးသောအရာ၌ တည်ကြည် ကြကုန်အံ့
14我們既然有一位已經升入高天尊榮的大祭司,就是上帝的兒子耶穌,便當持定所承認的道。
15ငါ တို့ယဇ်ပုရောဟိတ် မင်းသည် ငါတို့ခံရ သော ဆင်းရဲ ဒုက္ခများကြောင့် မ ကြင်နာ နိုင် သောသူမ ဟုတ်။ ငါတို့ခံရသည်နည်းတူ ၊ အမျိုးမျိုး သော စုံစမ်း နှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် ၊ ဒုစရိုက် အပြစ်နှင့် ကင်းလွတ် တော်မူ၏
15因我們的大祭司並非不能體恤我們的軟弱。他也曾凡事受過試探,與我們一樣,只是他沒有犯罪。
16ထို့ကြောင့် ၊ ငါတို့သည် သနား ခြင်းကရုဏာကို၎င်း ၊ တော်လျော် သောမစ ခြင်း ကျေးဇူး တော်ကို၎င်း ခံရ မည်အကြောင်း ၊ ရဲရင့် သောစိတ်နှင့် ကျေးဇူး ပလ္လင် တော်သို့ တိုးဝင် ချဉ်းကပ်ကြကုန်အံ့။
16所以,我們只管坦然無懼地來到施恩的寶座前,為要得憐恤,蒙恩惠,作隨時的幫助。

Tip: use the ← and → keys to turn chapters.